မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ
BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ဝက်လက် တောင်ကုန်းရွာ မီးရှို့ခံရမှု လူတစ်ဦးသေဆုံး၊ ရွာလုံးကျွတ်နီးပါး လောင်ကျွမ်းတယ်လို့ဆို
ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် အင်းဘဲကြီး ကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာကို
စစ်ကောင်စီတပ်ဖွဲ့တွေ ၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ထောင်စု ၉၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသားကြီးတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါ ပြန်လည်ထူထောင်ရေးဆောင်ရွက်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီ တောင်ကုန်းကျေးရွာကို မတ် ၉ ရက်က စစ်ကောင်စီတပ်တွေ ၀င်ရောက်တပ်စွဲပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုက ထိခိုက်ဒဏ်ရာရမှု သတင်းတွေကို စစ်ကောင်စီဘက်က ထုတ်ဖော်မပြောသလို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
မတ် ၁၀ ရက်မှာ စစ်ကောင်စီတပ်သားတွေက တောင်ကုန်းကျေးရွာ လူနေအိမ် ၅လုံးကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနောက် မတ် ၁၇ ရက်နေ့မှာ တပ်မ ၃၃ နဲ့၀က်လက်မြို့နယ်က စစ်ကောင်စီတပ်တို့ဟာ အင်အား ၂၀၀ ကျော်နဲ့ ထပ်မံ၀င်ရောက်လာပြီး တောင်ကုန်းကျေးရွာကို ထပ်မံ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဆောက်အအုံ ၁၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ အသက် ၇၀ ကျော် အဘိုးတစ်ဦး ရွာထဲကျန်နေခဲ့လို့ မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က တောင်ကုန်းကျေးရွာကို မတ် ၁၀ နံနက်ပိုင်းမှာ တစ်ကြိမ်နဲ့ မတ် ၁၇ ညပိုင်းမှာ တစ်ကြိမ် ၊ နှစ်ကြိမ် ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး မီးမလောင်တဲ့ လူနေအိမ်တွေက ပစွည်းတွေကိုလည်း ယူဆောင်ပြီးမှ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
နောက်ရက် မတ် ၁၈ မနက်ပိုင်းမှသာ မီးငြှိမ်းသတ်ခဲ့ရလို့ ကျေးရွာ တခုလုံးနီးပါး မီးလောင်တဲ့ထဲပါသွားခဲ့ပြီး အခုအခါမှာ ကျေးရွာဒေသခံတွေအတွက် နေထိုင်စားသောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
မုန်တိုင်းဝင်ရောက်နိုင်တဲ့ ရခိုင်က လေကြောင်းနဲ့ ရေကြောင်းခရီးစဉ်တွေရပ်နားထား၊ ပင်လယ်နဲ့နီးတဲ့နေရာက လူတွေကိုဘေးလွတ်ရာသို့ပြောင်းရွှေ့
မုန်တိုင်းတိုက်ခတ်ဖို့ရှိနေတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေကိုပြေးဆွဲနေတဲ့ ကြောင်းခရီးစဉ်တွေကို ဒီကနေ့မှာ ယာယီရပ်နားထားပါတယ်။
အားကောင်းလာတဲ့ အာစနီမုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်လာနိုင်တဲ့အတွက် လေကြောင်းခရီးစဉ်တွေအပြင် ဒေသတွင်းပြေးဆွဲနေတဲ့ ရေကြောင်းခရီးစဉ်တွေကိုလည်း ရပ်နားထားတာ ဖြစ်ပါတယ်။
ရပ်နားထားတဲ့လေကြောင်းလိုင်းတွေကတော့ ရန်ကုန်-စစ်တွေခရီးစဉ်နဲ့ ရန်ကုန်-စစ်တွေ-ကျောက်ဖြူ-သံတွဲ ခရီးစဉ်တွေကို မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ညွန်ကြားချက်တွေအရ ယာယီရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။
အာစနီမုန်တိုင်းငယ်ဟာ ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည်နေတဲ့အတွက် သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ စစ်တွေ၊ မာန်အောင်၊ ရမ်းဗြဲမြို့နယ်တွေမှာ ပင်လယ်နဲ့နီးစပ်တဲ့နေရာတွေက ဒေသခံတွေကို အသက်အန္တရာယ်မထိခိုက်စေဖို့အတွက် မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆီ ပြောင်းရွှေ့ပေးနေပြီလို့ သိရပါတယ်။
ဘယ်နေရာတွေမှာ ဘယ်လိုတွေဆောင်ရွက်နေလဲဆိုတာနဲ့ပတ်သက်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Rakhine Daily
သမ္မတဟောင်းဦးထင်ကျော်ဇနီးဒေါ်စုစုလွင် ကျန်းမာရေးအခြေအနေကြောင့် အာဆီယံအထူးသံနဲ့မတွေ့ဖြစ်
သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်နဲ့ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆော့ခွန်းတို့ မတ် ၂၁ ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ ဒေါ်စုစုလွင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် မတွေ့ဖြစ်ဘူးလို့ တပ်မတော်သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က မတ် ၂၁ ကနေ ၂၃ ရက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း မတ် ၂၁ ရက် မနေ့က တွေ့ဆုံမယ့်အစီအစဉ်မှာ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီက ဦးကိုကိုကြီးတို့နဲ့တွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီးကိုလည်း သွားရောက်ဖို့ရှိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခတွေနဲ့ ပတ်သက်လို့ အာဆီယံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သဘောတူညီမှု ငါးချက် ရရှိခဲ့တာပါ။
အဲ့ဒီသဘောတူညီချက် ငါးခုမှာ အာဆီယံအထူးသံတမန်ထားရှိပြီး နိုင်ငံအတွင်းတွေ့ဆုံဆွေးနွေးနိုင်ရေးနဲ့ ဒေသတွင်းက မြန်မာ့နိုင်ငံအရေးကို အာဆီယံအဖွဲ့အနေနဲ့ ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
အာစနီ မုန်တိုင်းအဓိက ဖြတ်သန်းမယ့် ရခိုင်မြို့နယ်အများစုမှာ တိမ်ထူပြီး မိုးရွာစပြု
အာစနီမုန်တိုင်း အားကောင်းလာတဲ့ မတ်လ ၂၂ ရက်နေ့မနက်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုတို့မှာ တိမ်ထူနေပြီး မိုးဖွဲတွေ စတင်ရွာသွန်းနေပြီဖြစ်ပါတယ်။
မုန်တိုင်းအဓိကဖြတ်သန်းနိုင်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နယ်မှာတော့ မနက်ပိုင်း ၇ နာရီလောက်က မိုးအနည်းငယ်ရွာသွားခဲ့ပြီး ကျေးလက်ဒေသတွေမှာ လေပြင်းတိုက်ခတ်မှုတွေလည်းရှိခဲ့ကာ လက်ရှိမှာတော့ ပြန်လည်ငြိမ်သက်နေတယ်လို့ ဂွမြို့ခံ ဦးကျော်မြင့်မောင်က ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်မှာတော့ လက်ရှိ မိုးခပ်ဖွဲဖွဲရွာနေပြီး လေငြိမ်နေတဲ့အခြေအနေဖြစ်နေကာ ကြက်ခြေနီအသင်းက မုန်တိုင်းသတိပေးမှုတွေကို မြို့ပေါ်မှာ လိုက်လံဆော်သြနေတယ်လို့ ကျောက်ဖြူဒေသခံ ဦးအောင်စောသိန်းက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း မိုးအုံ့ပြီး လေငြိမ်နေတဲ့အခြေအနေရှိနေပေမယ့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေအနေနဲ့ မုန်တိုင်းသတိပေးမှုတွေကို ပြုလုပ်တာတွေမတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောဆိုပါတယ်။
အာစနီမုန်တိုင်းဟာ မိုးလေဝသနဲ့ဇလဗေဒ ဌာနရဲ့ခန့်မှန်းချက်တွေအရ မတ်လ ၂၂ ရက် ဒီကနေ့မှာတိုက်ခတ်ဖို့ရှိနေပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ လူတွေသွားလာလှုပ်ရှားမှုတွေက ပုံမှန်အခြေအနေကိုတွေ့နေရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aung Saw Thein
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူမြို့ရဲ့လက်ရှိအခြေအနေကို မွန်းတည့် ၁၂ နာရီလောက်ကမြင်တွေ့ရတာဖြစ်ပါတယ်။ 
ဓာတ်ပုံ ရင်းမြစ်, Aung Saw Thein
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူမြို့ရဲ့လက်ရှိအခြေအနေကို မွန်းတည့် ၁၂ နာရီလောက်ကမြင်တွေ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA ဘက်သိမ်းအပြီး ဒီမနက်အထိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ, စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့လာရောက်ကင်းထောက်တာတွေရှိနေတယ်လို့ ဆို
KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဝေါလေဒေသ ၊ မော်ခီးကျေးရွာရှိ စစ်ကောင်စီ စခန်းကုန်းကို KNU /KNDO /KNLA တပ်ရင်း (၂၀၁) ပူးပေါင်းအဖွဲ့က မနေ့မတ် ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA ဘက်သိမ်းအပြီး ဒီမနက်အထိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ အဲဒီနောက် ဒီနေ့ မတ် ၂၂ ရက်နက်ပိုင်းအထိ ကနဲလေး စစ်ကောင်စီ ဗျူဟာ အမြောက်ကုန်းက တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA စစ်ရေးဆိုင်ရာသတင်းရင်းမြစ်တွေကပြောပါတယ်။ "မနေ့က ညနေပိုင်း မော်ခီးစခန်း သိမ်းနိုင်တယ်။ လက်နက်တွေ ရတယ်ပေါ့။ ညဘက်တည်းက ဝေါလေ၊ သေ့ဘောဘိုး၊ ကနဲလေး ဗျူဟာ ဘက်ကနေ တောက်လျှောက် လက်နက်ကြီး နဲ့ ဝိုင်းပစ်နေတယ်။ကရင် ဘက်ကလည်း ပူးပေါင်း အဖွဲ့ တွေ အကုန် ပေါင်းပြီး အခုမနက် ကနဲလေး ဗျူဟာ ဘက်ကို ဆက်တိုက်နေတယ်၊ လက်နက်ကြီးကျတာကို ရှောင်ပြီး တိုက်နေကြတယ်။ အခုထိတော့ နှစ်ဖက် အပြင်းအထန် ပါပဲ။ ရွာသားကတော့ ပြီးခဲ့ တဲ့ ရက်တွေတည်းက စစ်ဘေးရှောင် နေကြပြီ။ ထိုင်းဘက် မြန်မာဘက် နှစ်ဖက် စလုံး လက်နက်ကြီးလွတ်မယ့် နေရာတွေ ကို ရှောင် နေကြရတယ်" လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA ဘက်သိမ်းအပြီး ဒီမနက်အထိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA ဘက်သိမ်းအပြီး ဒီမနက်အထိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ တိုက်ပွဲကနေ ရှောင်လာတဲ့ကျေးရွာ ၁၀ ရွာခန့်က ဒေသခံတွေဟာ ထိုင်းနိုင်ငံ အုန်းဖျန်ဘက်နဲ့ မြန်မာနိူင်ငံ ဘက်အခြမ်း စုကလိ့ ၊ ကလော့ထှော် ကျေးရွာတွေဘက်ကို လူရာချီ စစ်ဘေးရှောင် နေထိုင် နေကြရကြောင်း ၊ လေးကေ့ကော် ၊ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီးဘက်မှာလည်း ဒီကနေ့မတ်လ ၂၂ ရက် မနက်ပိုင်း အထိ စစ်ကောင်စီတပ်တွေနဲ့ KNUတပ်မဟာ၆ KNLA တပ်တွေ ဆက်လက် တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာတဝိုက်ကို စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့လာရောက်ကင်းထောက်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA ဘက်သိမ်းအပြီး ဒီမနက်အထိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေ လူဆယ်နဲ့ချီစုဝေးနေတဲ့ Foodpanda သမားတွေကို စစ်ကောင်စီခေါ်ယူမေးမြန်း

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူဆယ်နဲ့ချီစုဝေးနေတဲ့ Foodpanda သမားတွေကို စစ်ကောင်စီခေါ်ယူမေးမြန်း Foodpanda စက်ဘီးသမားအယောက် (၆၀) ကျော်ခန့် ဒီကနေ့ မတ်လ (၂၁)ရက် မနက် (၁၁)နာရီဝန်းကျင်က ရန်ကုန်၊ တာမွေမြို့နယ်က ဗိုလ်စိန်မှန်ဘောလုံးကွင်းအတွင်း စုဝေးနေကြတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အရှေ့ရွှေဂုံတိုင်လမ်းမကြီးပေါ်၊ တာမွေ အိုးရှင်းမျက်နှာချင်းဆိုင်မှာရှိတဲ့ အဲ့ဒီဘောလုံးကွင်းကို စစ်ကောင်စီအင်အားနှစ်ဆယ်လောက်က ဝန်းရံ ပိတ်ဆို့ခဲ့ပြီး ကွင်းအတွင်းမှာစစ်ဆေးခဲ့တာလို့ မျက်မြင်တွေကပြောပါတယ်။
“စကစတွေရောက်လာတော့ စက်ဘီးတွေထားပြီးထွက်ပြေးသူကထွက်ပြေးကျတယ်၊ လွတ်တဲ့သူတွေလည်းရှိတယ်။ မလွတ်တဲ့သူတွေကိုငုတ်တုတ်ထိုင်ခိုင်းတယ်။ နောက်တယောက်ချင်းစီထပြီး စစ်သားတွေမေးတာကိုဖြေရတယ်၊ရဲက လိုက်မှတ်တယ်။ သေနတ်တွေထောင်၊ ဆဲဆိုနေတာတော့မရှိဘူး။ နောက်ထွေအုပ်တွေပါရောက်လာပြီးဘာတွေပြောကျလဲမသိဘူး၊ ခပ်ဝေးဝေးကမြင်ရတာဆိုတော့လေ။ ၁၂ထိုးခါနီးတော့ပြန်လွှတ်ပေးလိုက်တယ်။” လို့ မျက်မြင်တဦးက ဘီဘီစီကိုပြောပါတယ်။
Foodpanda စက်ဘီးစီးသမားတွေကို လူစုလူဝေးမလုပ်ဖို့၊ နောက်ထပ်လုပ်ခဲ့ရင်ဖမ်းမယ်လို့ စစ်ကောင်စီ ဘက်ကဖမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် ဘီဘီစီကတော့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။
ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာအစားအသောက်အိမ်အရောက်ပို့ဆောင်ပေးနေတဲ့ ပြည်တွင်း Foodpanda လုပ်ငန်းမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ပို့ဆောင်ခတွေထက်ဝက်ကျော်လျော့ချလိုက်တာ ကြောင့် ပြီးခဲ့တဲ့မတ်လ (၁၆)ရက်ကစပြီး ဝန်ထမ်းအများအလုပ်ကနေရပ်ဆိုင်းကာ သပိတ်မှောက်တောင်းဆိုနေကြတာပါ။
ကနဦးမှာတော့ Foodpanda ကုမ္ပဏီကနေ ဒါဟာနည်းပညာချို့ယွင်းမှုကြောင့်လုပ်ခလစာမှားယွင်းတာလို့ ကြေညာခဲ့ပြီး မတ်လ (၁၉)ရက်မှာတော့ အော်ဒါတိုးမြှင့်ပေးမယ့်အစီအစဉ်၊ဓာတ်ဆီသုံးစွဲခ အကွာအဝေး အပိုကြေးပေးမယ့်အစီအစဉ်တွေကို ကြေညာခဲ့ပေမယ့် အလုပ်သမားတွေနဲ့ ညှိနှိုင်းအဆင်မပြေသေးတဲ့ အခြေအနေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူဆယ်နဲ့ချီစုဝေးနေတဲ့ Foodpanda သမားတွေကို စစ်ကောင်စီခေါ်ယူမေးမြန်း ကမာရွတ်မီဒီယာ ရဲ့ အယ်ဒီတာ ကိုဟံသာညိန်း အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချခံရ
အာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲကတစ်ဦးဖြစ်တဲ့ ကမာရွတ်မီဒီယာက အယ်ဒီတာကိုဟံသာညိန်းကိုဒီကနေ့မတ်လ ၂၁ရက်ကစစ်ကောင်စီရဲ့ အထူးတရားရုံးကနေအလုပ်ကြမ်းနဲ့ထောင်ဒဏ်၂နှစ်ချမှတ်လိုက်တယ်လို့မိသားစုတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရန်ကုန်မြို့၊ကမာရွတ်မြို့နယ်မှာရှိတဲ့ကမာရွတ်မီဒီယာရုံးခန်းကိုဝင်ရောက်ခဲ့ပြီးကမာရွတ်မီဒီယာအယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့အယ်ဒီတာကိုဟံသာညိန်းတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားဖြစ်တဲ့အယ်ဒီတာချုပ်ကိုနေသန်မောင်ကိုတော့ ပြီးခဲ့တဲ့ နှစ် ဇွန်လထဲမှာပြန်လွှတ်ပေးခဲ့ပြီး ဟိုဟံသာညိန်းကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုပြီးထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်မှာတော့ ကိုဟံသာညိန်းဟာ စစ်ကြောရေးမှာအပြင်းအထန်ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့အကြောင်းကိုလည်း ပြန်လွှတ်မြောက်လာတဲ့အယ်ဒီတာချုပ်ကိုနေသန်မောင်က ပြောပြထားခဲ့ပါတယ်။
လက်ရှိမှာတော့ ကိုဟံသာညိန်းရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ မိသားစုတွေကပြောပါတယ်။ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသတင်းထောက် ၅၀ ဝန်းကျင် လောက်ဖမ်းဆီးခံခဲ့ရပြီးစစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ် မြောက်လာသူတွေလည်းရှိပါတယ်။
လက်ရှိအချိန်ထိတော့ သတင်းသမား ၄၀ ဝန်းကျင်လောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပြီး သတင်းသမားတွေကိုဖမ်းဆီးမှုတွေလည်းဆက်ရှိနေတုန်းဖြစ်တယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှတ်တမ်းတင် နေတဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
အမ်းမြို့ပေါ် နေအိမ် ၁၉ လုံးမီးလောင်ကျွမ်း ၊ စစ်ဘေးရှောင်နေအိမ်တွေလည်းပါဝင်
ရခိုင်ပြည်နယ် အမ်းမြို့ပေါ် အမှတ် ၃ ရပ်ကွက် အောက်ကျင်းပိုင်းမှာ မတ်လ ၂၀ ရက် မနေ့ကနေ့လယ် ၂ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၉လုံးမီးလောင်ကျွမ်းသွားခဲ့တယ်လို့အမ်းဒေသခံတွေကပြောပါတယ်။ မီးဖိုးရဲ့မီးကြွင်းမီးကျန်ကနေ ဝါးထရံကိုစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့နေအိမ် ၉ လုံးနဲ့ အမ်းမြို့ခံတွေရဲ့နေအိမ် ၉ လုံးကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးလောင်ကျွမ်းသွားခဲ့တဲ့နေအိမ် ၁၉လုံးထဲမှာစစ်ဘေးရှောင်တွေနေထိုင်ကြတဲ့နေအိမ် ၉ လုံးမှာ ဝါးအိမ်လေးတွေဖြစ်ပြီး အဲ့ဒီစစ်ဘေးရှောင်တွေရဲ့နေအိမ်တစ်လုံးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့အမ်းဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အမှတ် ၃ ရပ်ကွက်နဲ့ မီးသတ်စခန်းဟာ ၃ ဖာလုံခန့်သာကွာဝေးပြီး မီးလောင်ကျွမ်းနေတယ်ဆိုတာကို နေ့လယ့် ၂ နာရီ ၂၀ မိနစ်မှာ မြို့နယ်မီးသတ်တပ်ဖွဲ့ကို လူတစ်ဦးဆိုင်ကယ်နဲ့ လာရောက်သတင်းပေးပို့လာတဲ့အတွက် သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
“မီးက မွန့်တည့် ၂ နာရီလောက်မှာစလောင်တာ နေအိမ် ၁၈ လုံးပါသွားတယ်။ မီးငြိမ်းသွားတာက ၃ နာရီဝန်းကျင်လောက်မှာ ငြိမ်းသွားတယ်။ မီးသတ်ကားက တစ်စီးတည်းဆိုတော့ မီးငြိမ်းသတ်ရတာ မနိုင်မနင်းပေါ့။ ဒါကြောင့် အများအပြားလောင်ကျွမ်းသွားတာ။”လို့ အမ်းမြို့ခံ ဦးမျိုးလွင်က ပြောပါတယ်။
၂၀၂၀ ခုနှစ်မှာ ဒါးလက်ချောင်းဘက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တချို့တို့ဟာ အစိုးရရဲ့စခန်းတွေမှာမနေထိုင်ကြဘဲ မြို့ပေါ်မှာ မြေကွက်တွေငှားရမ်းက ကိုယ်ထူကိုယ်ထနေအိမ်တွေဆောက်လုပ်ပြီး နေထိုင်နေကြတာဖြစ်တယ်လို့ ဦးမျိုးလွင်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူတိရိစ္ဆာန်သေဆုံးမှုမရှိခဲကြောင်းနဲ့ မီးဘေးဒုက္ခသည် ၈၅ ဦးတို့ကို အမ်းမြို့ ရတနာမုနိဆုတောင်းပြည့် ဘုရားသိမ်မှာ ယာယီနေရာချထားမှုတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ - Ko Myo Lwin
ဓာတ်ပုံ ပုံစာ, အမ်းမြို့ပေါ် နေအိမ် ၁၉ လုံးမီးလောင်ကျွမ်း အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်စတင်, တော်လှန်ရေးအင်အားစုတွေကန့်ကွက်
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဒီကနေ့ မတ်လ ၂၁ရက်မှာစတင် ပြီဖြစ်ပါတယ်။ ၃ရက်ကြာ သူ့ရဲ့ ခရီးစဉ်အတွင်း ဒီနေ့ မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ၊ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဖို့ရှိသလို သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး လည်းဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စုစုလွင်တို့နဲ့ ဒီကနေ့ ညနေပိုင်း တွေ့ဖို့ရှိတယ်လို့ နေပြည်တော်ကလာတဲ့သတင်းတွေအရသိရပါတယ်။
ဒေါ်စုစုလွင် အနေနဲ့အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ရှိ ၊မရှိ ဘီဘီစီအနေနဲ့ မေးမြန်းဖို့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရသေးလို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ဒေါ်စုစုလွင်အနေနဲ့ ဘယ်လိုပုံစံနဲ့တွေ့မယ်ဆိုတာကို တိတိကျကျမသိရှိရတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်ပြုဖို့မရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ ပတ်သက်လို့ ကိုယ်စားပြုမှုကတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာဖြစ်တယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်မတိုင်ခင်တည်းက စစ်ကောင်စီဟာ အာဆီယံအထူးသံကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပြုဘူးလို့ ပြောကြားထားပြီး NLD ပါတီကိုယ်စားလှယ်တွေနဲ့သာတွေ့ဆုံ ခွင့်ပြုမယ်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့ မူလကတွေ့ဖို့အစီအစဉ်ကိုပါအချိန်မလုံလောက်ဘူးဆိုတဲ့အချက်နဲ့ တွေ့ဆုံပွဲမဖြစ် မြောက်ကြောင်းစစ်ကောင်စီဘက်က အကြောင်းကြားခဲ့ပါတယ်။
အာဆီယံအထူးသံနဲ့ ဘက်အသီးသီးက သူတွေ တွေ့ဆုံရေး အာဆီယံဘုံသဘောထားငါးရပ်မှာပါဝင်ပေမယ့်အခုအာဆီယံအထူးကိုယ်စားလှယ်ရဲ့ပထမဆုံးမြန်မာခရီးစဉ်မှာ အဓိကကျတဲ့သူတွေနဲ့တွေ့ဆုံဖို့အစီအစဉ်တွေ မပါဝင်တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ရာအနှစ်သာရရှိတဲ့ခရီးစဉ်မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဘီဘီစီကိုပြောကြားပါတယ်။
မနက်ဖြန်မတ်လ ၂၂ရက်မှာတော့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့လည်းတွေ့ဖို့ရှိတယ်လို့ သိရပါတယ်။ အကန့်အသတ်တွေနဲ့ မပြေလည်မှုတွေကြား စတင်တဲ့ ပရတ်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေရှိနေသလို တော်လှန်ရေးအင်အားစုတွေနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB ကလည်း နိုင်ငံရေးအရကန့်ကွက်ကြောင်းထုတ်ပြန်ထားပါတယ်။
GSCB ရဲ့ ထုတ်ပြန်ချက်အရ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီက ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး Retreat မှာ တိုက်တွန်းချက်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council)၊ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government)တို့နဲ့ တွေ့ဆုံဖို့ဆိုတာကို အကောင်အထည် မဖော်သလို ၊ ပြည်တွင်းကစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်မှာလည်းတားမြစ်တောင်းဆိုဖို့ပျက်ကွက်တယ်လို့ ဆိုပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မတိုင်မီကပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ အွန်လိုင်းက တွေ့ဆုံထားပြီး အာဆီယံဒေသတွင်းအရေးတွေဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားဘက်က အစောပိုင်းမှာထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cambodia Media
ဓာတ်ပုံ ပုံစာ, ပရတ်ဆော့ခွန်းရဲ့ မြန်မာပြည်ခရီးစဉ်စတင် မွန်ညီညွတ်ရေးပါတီဗဟိုအလုပ်အမှုဆောင်အသစ်ရွေးချယ်
မွန်ညီညွတ်ရေးပါတီရဲ့ ပထမညီလာခံ မတ်လ (၁၈)ရက်ကနေ မတ်လ(၂၀)ရက်အထိ ကျင်းပခဲ့ပြီး အဲ့ဒီကနေ ပါတီဗဟိုအလုပ်အမှုဆောင်အသစ်ရွေးချယ်ခဲ့ပါတယ်။ ဥက္ကဋ္ဌအဖြစ် မွန်ပြည်သစ်မှာလည်း ပါခဲ့ဖူးပြီး ပြည်နယ်အစိုးရမှာလည်း ဝန်ကြီးအဖြစ်လုပ်ဖူးသူ နိုင်လဝီအောင် (ခ)ဦးမြင့်ဆွေက ရွေးချယ်ခံရပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေထဲ လူငယ်တွေရော၊ အမျိုးသမီးတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီညီလာခံကနေ ပါတီရဲ့ မူဝါဒရေးရာတချို့ကို ပြန်လည်သုံးသပ်ခဲ့သလို ပြင်ဆင်မှုတချို့လည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ရှေ့လုပ်ငန်းစဉ်တွေကတော့ CEC တွေအစည်းအဝေးလုပ်ပြီးထုတ်ပြန်မှာပါ။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုကို အေးချမ်းစေချင်တယ်။ ဒီပုံစံမျိုးမကြိုက်ဘူး။ အကြမ်းဖက်မှုမလိုချင်ဘူး။ လက်နက်ကိုင် ဖြေရှင်းတာထက် နောက်ဆုံးကျရင် နိုင်ငံရေးစကားဝိုင်းပေါ်မှာပဲအဖြေရှာကြရမှာဖြစ်ပါတယ်။”လို့ ရှေ့ဆက်လုပ်မယ့်အခြေအနေနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး နိုင်စံတင်က ဘီဘီစီကိုပြောပါတယ်။
မွန်ညီညွတ်ရေးပါတီအနေနဲ့က လာမယ့် ၂၀၂၃မှာ စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ရှိပြီး နိုင်ငံအေးချမ်းတဲ့အခြေအနေမျိုးမှာမှ ရွေးကောက်ပွဲပြုလုပ်နိုင်လိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ နိုင်အောင်တင်ဟာ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှာ ကွယ်လွန်တာကြောင့် ဥက္ကဋ္ဌနေရာပြန်ရွေးချယ်တာဖြစ်သလို ပါတီတွေပေါင်းစည်းချိန်ကတည်းက ညီလာခံ ပြုလုပ်မယ်ဆိုတဲ့ ကတိကဝတ်အတိုင်း အများရွေးချယ်တဲ့ ဗဟိုအလုပ်အမှုဆောင်ပြန်ရွေးချယ်တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် မွန်ညီညွတ်ရေးပါတီကဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး နဲ့နိုင်လယိတမဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေမှာပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်မတ်လထဲမှာ ပါတီဝင် (၆၀)ကျော်အစုလိုက်နှုတ်ထွက်မှုတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MUP
ဓာတ်ပုံ ပုံစာ, မွန်ညီညွတ်ရေးပါတီအလုပ်အမှုဆောင်အသစ်အဖွဲ့ဝင်သစ်များ မုန်တိုင်းအာစနီအရှိန်ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်တချို့မှာ မိုးသည်း, တချို့မြစ်တွေမှာ မြစ်ရေတက်မှုသိသိသာသာရှိ
ဒီကနေ့မနက်အစောပိုင်းအချိန်အထိ မြန်မာနိုင်ငံကိုဦးတည်နေတဲ့မုန်တိုင်းအာစနီဟာ နောက် (၁၂)နာရီ အတွင်း အားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပြီး နောက် (၂၄)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်ကို ရောက်ရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။
အဲ့ဒီမုန်တိုင်းဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ကိုကိုးကျွန်းအနီး၊ မနက်ဖြန် မတ်လ (၂၂)ရက်မနက်မှာတော့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးနဲ့ မတ်လ (၂၃)ရက်မနက်မှာတော့ ရခိုင်ကမ်းရိုးအနီးကိုရောက်ရှိ မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတောင်ပိုင်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးထစ်ချုန်း ရွာနိုင်သလို ဒေသအလိုက် နေရာကွက်မိုးကြီးနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မကြာခဏ မိုးသက်လေပြင်းကျရောက် နိုင်ပြီး ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် (၄၀)ကနေ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ (၉)ပေကနေ (၁၃) ပေအထိ ရှိနိုင်တယ်လို့ပြောထားပါတယ်။
ဒီကနေ့မနက် မိုးဇလရဲ့ထုတ်ပြန်ချက်အရ တချို့မြစ်တွေမှာ ရေတက်နေပါတယ်။ သောင်ရင်းမြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ လေးမြို့မြစ်နဲ့ ဘီးလင်းမြစ်ရေဟာ (၂၄)နာရီအတွင်း ရေမျက်နှာပြင်ပြောင်းလဲမှုသိသိသာသာ မြင့်တက်ခဲ့သလို ဧရာဝတီမြစ်ရေအနည်းငယ်တက်လာတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။
မနေ့ညနေပိုင်းကစကာ မြန်မာနိုင်ငံတောင်ပိုင်းကဒေသတချို့မှာလေပြင်းတိုက်ကာ မိုးရွာသွန်းမှုရှိခဲ့ပြီး ကရင် ပြည်နယ်၊ လေးကေ့ကော်ဒေသမှာတော့ စစ်ရှောင်တွေရဲ့ အမိုးအကာတွေ ပျက်ဆီးခဲ့ပါတယ်။ တနင်္သာရီ ကမ်းရိုးတန်းဒေသမှာတော့ ငါးဖမ်းသင်္ဘောတချို့ကမ်းပြန်ကပ်နေပြီဖြစ်သလို စစ်ကောင်စီဘက်ကနေလည်း ငါးလုပ်ငန်းရှင်တွေဆီ မုန်တိုင်းသတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မုန်တိုင်းဟာရခိုင်ကမ်းရိုးတမ်းကို ဦးတည်နေပေမယ့် မုန်တိုင်းကပ်ဖြတ်မယ့် မြစ်ဝကျွန်းပေါ်ဒေသတွေဟာ ပိုပြီးသတိထားသင့်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဓာတ်ပုံ ပုံစာ, မုန်တိုင်းအာစနီလမ်းကြောင်းအခြေအနေ ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှု ဂျီနိုဆိုက်ဒ် အဖြစ် အမေရိကန် သတ်မှတ်မယ်, ၂၀၁၇တုန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်
မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ အစိုးရက သတ်မှတ်မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ဒီကနေ့ မတ်လ ၂၁ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဒီဆုံးဖြတ်ချက်ကို ဝါရှင်တန်မှာ ရှိတဲ့ ဟိုလိုကော့စ် အမှတ်တရ ပြတိုက်မှာ ကြေညာသွားဖို့ ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ဂျိုးဘိုင်ဒန် သမ္မတ အဖြစ်တာ၀န်ယူပြီး ၁၄ လ နီးပါး ကြာမြင့်ခဲ့ပြီးနောက် ရိုဟင်ဂျာတွေ အကြမ်းဖက် ခံရမှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်မှု လုပ်မယ်လို့ ကတိပေး ပြောဆို ခဲ့ပြီးနောက်မှာ ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
ဒီဆုံးဖြတ်ချက်ကြောင့် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေမှာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန် ခဲ့တာကြောင့် ရိုဟင်ဂျာ ၇သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၁ ရက်နေ့မှာ မြန်မာ စစ်တပ်ဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိခဲ့တယ်လို့ အကြောင်းပြပြီး အာဏာသိမ်းယူ ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ မန္တလေး -မြစ်ကြီးနား - ဖားကန့် လမ်းပိုင်းတွေက ဂိတ်အချို့မှာ စစ်ဆေးမှုရှိ, စစ်ကိုင်းဒေသ ၅မျဉ်းစောင်းမှတ်ပုံတင်တွေကို စစ်ဆေးမှုပိုမိုတင်းကျပ်
မန္တလေး -ဖားကန့် နဲ့ မြစ်ကြီးနား- ဖားကန့် သွားတဲ့ နန့်စီးအောင်ဂိတ် ၊ မရမ်ကထောင်ဂိတ်ဒေသအခေါ်(၈မိုင်လမ်းခွဲ) တွေမှာ ခရီးသည်တွေကို မှတ်ပုံတင်စစ်ဆေးမှုတွေရှိတယ်လို့ ခရီးသွားလာသူတွေကပြောပါတယ်။
အခုရက်ပိုင်း ပစ်ခတ်မှုတွေ ရှိလို့ လမ်းမှာရှိတဲ့ ဂိတ်တွေကတော့ စစ်ကိုင်းဒေသ ၅ မျဉ်းစောင်း မှတ်ပုံတင်ဆိုရင် သေချာစစ်ဆေးမေးမြန်းတာတွေလုပ်တယ်လို့ပြောကြပါတယ်။
“မှတ်ပုံတင်ကတော့ ၅/ ဆိုရင်ကတော့ တော်တော်စစ်တယ် ၅/ ဆိုရင်အဝင်မခံဘူး မရမ်ကထောင်မှာစပြီးစစ်တယ် နန့်စီးအောင်တို့ မရမ်ကထောင်ဆိုတာကတော့ ကျတော်တို့၈မိုင်လမ်းခွဲလို့ခေါ်တာပေါ့။တနိုင်းနဲ့ နမ္မတီးနဲ့ကြားထဲမှာ လဝါးနဲ့နမ္မတီးကြားထဲက ၅/ကိုင်ဆောင်သူတွေကိုတော့ ဖားကန့်ဘာသွားလုပ်မှာလဲ။ PDF ထဲဝင်မှာလား အလုပ်သွားလုပ်မှာလား မဟုတ်တာတော့မလုပ်ကြနဲ့ ဆိုပြီးအကုန်လုံး ရှိသမျှခရီးသည်အိတ်ကိုလှန်လှောရှာတယ် “ လို့ ဖားကန့်လမ်းမှာ တွေ့ကြုံမြင်တွေ့ခဲ့တာကို ပြောပြတာပါ။
ဒ့ါအပြင် မန္တလေး-ရွှေဘို- ဖားကန့် ကို တက်လာတဲ့အချိန်မှာ မှတ်ပုံတင်စစ်ဆေးတာတွေမရှိပေမဲ့ လမ်းမှာလဲလုံခြုံရေး မကောင်းသလို အန္တရာယ်လည်းများတယ်လို့ ပြောပါတယ်။ “မှတ်ပုံတင်တော့မစစ်ဘူးလမ်းကတော့လမ်းကြောကတော့ ကျတော်တို့ တက်တဲ့ နေ့ကတော့ ရွှေဘိုအထွက်ရွာမှာ စစ်ဆေးရေးဂိတ်အကျော်မှာ မီးရှို့တယ်။နေ့ရောညရော ၁၁ပေါက်ရွာမှာ က Express ကားနှစ်စီး အိမ်စီးကား၁စီး ဆိုင်ကယ်၃စီးပစ်ခတ်ရတယ်။သေနတ်ပစ်ခံရတယ် ၁၁ပေါက်ရွာမှာလုံခြုံရေးအခြေအနေကတော့ အခက်အခဲကြားထဲကနေသွားနေရတာ အန္တရာယ်ကြားကနေ ခရီးသည်ကားဆိုလဲ ယာဉ်မောင်း ခရီးသည် ယာဉ်အကူတွေလည်းပစ်ခံရတယ် အန္တရာယ်ကြားကနေသွားနေရတာ” လို့ သူကဆက်ပြောပါတယ်။
ဖားကန့်ကို သွားတဲ့ ခရီးသည်တွေကတော့ တချို့ ဂိတ်တွေမှာ မှတ်ပုံတင်ပြ စစ်ဆေးခံရသလို မစစ်တဲ့အခါလည်းရှိတယ်လို့ဆိုပါတယ်။ ကချင်ပြည်နယ် မှာတော့ ဖားကန့်မြို့နယ်ဟာ ပြည်တွင်းရွှေ့ပြောင်းသွားလာသူတွေအများဆုံးအလုပ်လုပ်ကိုင်ကြတဲ့ဒေသဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မရမ်ကထောင်ဂိတ် မှာစစ်ဆေးနေမှု ( ပုံဟောင်း )
