BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
လိင်ပိုင်းစော်ကားတဲ့ကျောင်းအုပ်ကြီးအကြောင်း ဖွင့်ချရင်း ဖူးစာဆုံတဲ့မောင်နှံ
တစ်ချိန်က အစ္စလာမ္မစ် ဘော်ဒါကျောင်းသားဟောင်းတွေဖြစ်ကြတဲ့ သူတို့ ဇနီးမောင်နှံဟာ သူတို့ ကျောင်းအုပ်ဆရာကြီးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဖွင့်ချဖို့ကြိုးစားရင်း မေတ္တာသက်၀င်ခဲ့ကြတာဖြစ်ပါတယ်။
မလေးရှားမှာ တရားမဝင် မြန်မာတွေကိုပြစ်ဒဏ်တိုးမြှင့်ချမှတ်
ထိုင်းမှာ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် စစ်ဆေးအရေးယူမှုတွေ တိုးလာပြီး မလေးရှားမှာလည်း ပြစ်ဒဏ်တွေ ပိုမိုတင်းကျပ်လာတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ဖမ်းဆီးခံရမှု၊ နေရပ်ပြန်ပို့ခံရမှုနဲ့ အလုပ်အကိုင်မတည်ငြိမ်မှုတွေကြားမှာ စိုးရိမ်ရုန်းကန်နေကြရပါတယ်။
စမ်းချောင်းက အုပ်စုဖွဲ့ဓားထိုးမှုမှာ လူငယ် ၈ ဦးကို ရဲဖမ်း
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကဖြစ်ခဲ့တဲ့အုပ်စုဖွဲ့ ဓားထိုးမှုမှာ မသင်္ကာသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ထိုင်းအစိုးရနဲ့ စစ်တပ်တို့ရဲ့မြန်မာ့အရေးအပေါ် သဘောထား
မြန်မာ့အရေးကျွမ်းကျင်သူ ထိုင်းအမျိုးသမီး ပညာရှင် လာလီတာ ဟန်းဝမ်နဲ့ ဘီဘီစီ မေးမြန်းခန်း
ဘုန်းကြီးကျောင်းတွေ ဆက်တိုက် ဗုံးကြဲခံရ
ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေ လေကြောင်းတိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ဝါတွင်းတရားစခန်းတွေနဲ့ ဘာသာရေးလှုပ်ရှားမှုတချို့ကိုပါ ရပ်နားထားရတယ်လို့ ပြောကြပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးကစားပွဲ
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အဓိကအဆုံးအဖြတ်ပေးမယ့် ဦးမင်းအောင်လှိုင်က မြန်မာစစ်တပ်ကို တပ်ချုပ်အဖြစ် ၁၅ နှစ်အထိ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူက သူ့ရန်သူတွေအကြောင်းကိုသိသလို သူ့ရန်သူတွေကလည်း သူ့အကြောင်းကို သိနေကြပါတယ်။
ပဋိပက္ခကြားမှာ စာသင်ခန်းတွေ မပျောက်သွားအောင် ရုန်းကန်နေရတဲ့ဆရာတွေ
လေယာဉ်သံကြားက စာသင်ခန်းတွေ၊ သစ်ပင်ရိပ်အောက်က ယာယီကျောင်းတွေထဲမှာ မြန်မာနိုင်ငံက ကြားကာလဆရာ၊ ဆရာမတွေဟာ ပညာရေးကို အသက်ဆက်ပေးနေကြပါတယ်။ စစ်ပွဲ၊ ဆင်းရဲမှုနဲ့ မရေရာတဲ့ အနာဂတ်တွေကြားမှာပဲ နောက်မျိုးဆက်ရဲ့ ပညာရေး မပြတ်တောက်စေဖို့ ရုန်းကန်နေကြတဲ့ သူတို့ရဲ့ ဘဝနဲ့ ခံယူချက်တွေကို ဒီဆောင်းပါးက တင်ပြထားပါတယ်။
"ဝန်ထမ်းလို့နာမည်တပ်ပေမဲ့ ကျွန်သာသာပဲ" – ကျားဖြန့်လုပ်ငန်းထဲပိတ်မိနေသူတွေ
ကျားဖြန့်ဖြိုခွင်းမှုတွေထပ်လုပ်ရင် ပိတ်မိနေတဲ့သားကောင်တွေ အမှန်တကယ်လွတ်လာမလား ဒါမှမဟုတ် ကျားဖြန့် Boss တွေနဲ့အတူ နောက်ထပ်နေရာတွေ ရွှေ့ပြောင်းကြရမလားဆိုတာကို သားကောင်တွေ ကိုယ်တိုင်ရော အရပ်ဘက်အဖွဲ့တွေပါ စောင့်ကြည့်နေကြပါတယ်။
အခွန်စည်းကြပ်မှုနဲ့ အိမ်ခြံမြေဈေးကွက် အလှုပ်အခတ်
ဒီအခွန်စည်းကြပ်မှုကြောင့် အိမ်ခြံမြေဝယ်ယူသူတစ်ဦးက သူ့အမည်ဖောက်လို့ရအောင် ရောင်းသူကို အမြတ်ခွန် ၁၀ ရာခိုင်နှုန်းဆောင်ထားတဲ့ပြေစာပါ တောင်းလာတော့မယ့် သက်ရောက်မှုတွေ ရှိလာတော့မှာပါ။
LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား
ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူအချစ် BL (Boys' Love) ၊ GL (Girls' Love) စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီဘူးဆိုပြီး စာအုပ်ထုတ်ဝေနေတဲ့ Facebook စာမျက်နှာ ၉ ခုကို တရားမဝင်အဖြစ်ကြေညာခဲ့ပါတယ်။ ဒီပြဿနာဟာ ဘယ်လို စတင်ခဲ့ပါသလဲ။ လိင်တူအချစ်စာအုပ်တွေဟာ LGBT အသိုင်းအဝိုင်းကြားမှာ ဘယ်လောက်ထိ ခေတ်စားနေပြီလဲ။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်





























































