မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ

BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကော့ကရိတ် - အာရှလမ်းမကြီးပေါ် အိမ်စီးကားတစီးပေါ်က အမျိုးသားတဦးသေနတ်ကျည်မှန်သေဆုံး, အာရှလမ်းပေါ် ကားတွေပိတ်မိနေ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကော့ကရိတ် - အာရှလမ်းမကြီးပေါ် အိမ်စီးကားတစီးပေါ်က အမျိုးသားတဦးသေနတ်ကျည်မှန်သေဆုံး

    ဒီကနေ့မတ်လ(၂၈)ရက်၊ မနက် (၈)နာရီဝန်းကျင်မှာ ကော့ကရိတ် - အာရှလမ်းမကြီးပေါ် သွားနေတဲ့ Probox အမျိုးအစား အိမ်စီးကားတစီး‌ သေနတ်ကျည်မှန်ခဲ့ပြီး ကားပေါ်မှာပါတဲ့ အမျိုးသား ၅ ဦးထဲက ၁ ဦးသေနတ်ကျည်မှန်သေဆုံးခဲ့ပါတယ်။

    အဲ့ဒီကားပေါ်ပါသူတွေဟာ မော်လမြိုင်မြို့နေပြည်သူတွေဖြစ်ပြီး မြဝတီကနေ မော်လမြိုင်အပြန် အခုလိုယာယီဘေလီတံတားအနီးမှာပစ်ခတ်ခံရတာဖြစ်ပြီး အခုတော့ ကော့ကရိတ်ဆေးရုံကိုပို့‌ဆောင်ထားတယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

    "ကျည်မှန်တဲ့သူက အလယ်မှာထိုင်ရင်းကားစီးလာတာပါ။ ‌ဘေးတယောက်က ကွမ်းတံတွေးငုံထွေး‌နေတုန်း ‌‌‌‌ဘေးကသူ့ကိုသေနတ်ကျည်မှန်သွားတာ။"လို့ ကူညီကယ်ဆယ်ပေးခဲ့သူတဦးက ‌‌ပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကော့ကရိတ် - အာရှလမ်းမကြီးပေါ် အိမ်စီးကားတစီးပေါ်က အမျိုးသားတဦးသေနတ်ကျည်မှန်သေဆုံး

    အဲ့ဒီ ကော့ကရိတ် - မြဝတီလမ်းမကြီးနဲ့ မြဝတီ - ဝေါ်လေလမ်းမကြီးတွေကို မတ်လ (၂၇)ရက်နေ့ကစပြီး ကားတွေဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNU ဒူးပလာယာခရိုင်ကနေ တရားဝင်စာထုတ်ပြန်ထားပါတယ်။

    မနေ့မတ်လ (၂၇)ရက်ကတော့ ကော့ကရိတ် - မြဝတီလမ်းမပေါ်မှာ ကားတွေသွားလာတာသိပ်မရှိပေမဲ့ ဒီကနေ့မနက်အစောပိုင်းမှာတော့ ကုန်တင်ယာဉ်ကားနဲ့ အိမ်စီးကားတချို့သွားလာရာမှာအခုလိုဖြစ်စဉ်ဖြစ်ခဲ့တာဖြစ်ပြီး ကုန်တင်ယာဉ်ကားတချို့လည်း သေနတ်ကျည်မှန်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

    "ဒီနေ့တော့ မနက်စောစောထွက်မယ်ဆိုပြီး ထွက်လာတာ၊ ဟိုတလောကဖောက်ခွဲခံရလို့ ပြင်ထားတဲ့ဘေလီတံတားနားရောက်တော့ ရှေ့မှာ probox က သေနတ်ကျည်မှန်တော့ ကားတွေအကုန်ပိတ်မိကုန်တာ။ မနက်(၉)နာရီကျော်လောက်အထိကို ပိတ်မိနေတာဗျ။ နောက်ကားလမ်းမဘက်ကို လက်နက်ကြီးတွေဆယ်ချက်ထပ်မနည်းပစ်တော့ ပြန်လှည့်လို့ရတဲ့ကားတွေက အကုန်ပြန်လှည့်လာပြီ။ တချို့ကားတွေကျန်နေခဲ့သေးတယ်။ ကျွန်တော့်ကားကတော့ ဘာပစ္စည်းမှမပါတော့၊ နောက်အဲ့လမ်းပေါ်ကားမထွက်ရဲတော့ဘူး။ အသက်ကအပိုမပါဘူးလေ။" ကုန်တင်ယာဉ်မောင်းတဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီလို ကော့ကရိတ် - မြဝတီလမ်းမကြီးပေါ် ဒီကနေ့မနက်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာကို မသိရသေးသလို တရားဝင်စာထုတ်ပြန်တာမျိုးလည်းမတွေ့ရသေးပါဘူး။ ဒီနှစ်ဆန်းပိုင်းမှာ ကော့ကရိတ်တဝိုက် စစ်ကောင်စီနဲ့ KNU ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး ကော့ကရိတ် - မြဝတီလမ်းမကြီးပေါ်မှာ ကားမောင်းသမားအနည်းဆုံး (၄)ဦးထက်မနည်း သေနတ်ကျည်ထိမှန်သေဆုံးထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာရှလမ်းပေါ် ကားတွေပိတ်မိနေ
  2. အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို ထောင်ဝင်စာပို့မရ, ကျန်းမာရေးအခြေအနေစိုးရိမ်ရတယ်လို့ သမဂ္ဂထုတ်ပြန်

    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်သလို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားအင်အားစုဝင်တဦးလည်းဖြစ်တဲ့ မဆုရည်လင်းကို လွန်ခဲ့တဲ့သုံးပတ်အတွင်း မိသားစုက ပေးပို့ထောင်ဝင်စာပါဆယ်ထုတ်တွေ သူ့မရောက်ဖြစ်နေတယ်လို့ သမဂ္ဂဘက်ကနေထုတ်ပြန်လာပါတယ်။

    ဖမ်းဆီးခံရတဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၁၉)ရက်ကနေ ဒီကနေ့အထိ မဆုရည်လင်းဟာ မိသားစုဝင်တွေနဲ့ မတွေ့ဆုံရသေးဘဲ မိသားစုဘက်ကနေ ထောင်ထဲကို ပါဆယ်ထုတ်သီးသန့်သာ ပို့ပေးနေရတဲ့အခြေအနေဖြစ်ပါတယ်။

    ဒါ့အပြင် နှလုံးမကောင်းတဲ့အတွက် အကျဉ်းထောင်အတွင်း စနစ်တကျဆေးဝါးကုသခွင့်မရဘဲ နှလုံးဆေးတွေသာသောက်နေရတာကြောင့် မိသားစုဝင် တွေဘက်ကလည်း စိုးရိမ်နေကြတယ်လို့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဘက်ကနေ မနေ့မတ်လ (၂၇)ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာ မဆုရည်လင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ - ကနဲ့ တရားစွဲဆိုထားပြီး အခုလာမယ့် (၃၁)ရက်မှာ အပြီးသတ်အမိန့် ချမှာပါ။ ဒီအမှုအပြင် မှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့လည်းထပ်တိုးတရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    EYUSU

    ဓာတ်ပုံ ရင်းမြစ်, EYUSU

    ဓာတ်ပုံ ပုံစာ, အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို ထောင်ဝင်စာပို့မရ
  3. ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်း အီလက်ထရောနစ်ဥပဒေနဲ့ ထပ်တိုးတရားစွဲခံရ

    အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ဒီကနေ့ မတ်လ (၂၈)ရက်မှာပဲ ထပ်တိုးတရားစွဲဆိုခံရတယ်လို့ မိသားစုဝင်တဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာပါတယ်။

    ဒီလိုထပ်တိုးတရားစွဲဆိုခံရတာနဲ့ပတ်သက်ပြီး ရဲဘက်ကနေသိရပေမဲ့ တရားရုံးဘက်ကတော့ တရားဝင်ပြောဆိုတာမရှိသေးတာကြောင့် ဒီဥပဒေပုဒ်မနဲ့ဘာကြောင့်တရားစွဲဆိုတာလဲဆိုတာကို မပြောနိုင်သေးဘူးလို့ ကိုဟံသာညိန်းရဲ့ရှေ့နေဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    ကိုဟံသာညိန်းကို မတ်လ (၂၁)ရက်ကမှ စစ်ကောင်စီရဲ့အထူးတရားရုံးကနေ ပုဒ်မ ၅၀၅(က)အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်ထားတာပါ။ သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ မတ်လ (၉)ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်ခဲ့ပြီး အယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့ အယ်ဒီတာကိုဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံသားဖြစ်တဲ့ အယ်ဒီတာချုပ်ကိုနေသန်မောင်ကိုတော့ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းကပြန်လွှတ်ပေးခဲ့ပြီး အယ်ဒီတာကိုဟံသာညိန်းကတော့ ထပ်တိုးအမှုတွေနဲ့ပါ အင်းစိန်အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရပါတယ်။

    ပြန်လည်လွတ်မြောက်လာတဲ့ အယ်ဒီတာချုပ်ကိုနေသန်မောင်ဟာ ကိုဟံသာညိန်းတယောက် စစ်ကြောရေးမှာ စစ်ဆေးနှိပ်စက်ခံရတဲ့အကြောင်းတွေကို မီဒီယာတွေကတဆင့် ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ ကိုဟံသာညိန်းကို အခုလိုအမှုတွေ ထပ်တိုးနေတာလို့ ကိုနေသန်မောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာ သူ့အမြင်ကိုဖော်ပြထားပါတယ်။

    Kyi Thar (FB)

    ဓာတ်ပုံ ရင်းမြစ်, Kyi Thar (FB)

    ဓာတ်ပုံ ပုံစာ, ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်း အီလက်ထရောနစ်ဥပဒေနဲ့ ထပ်တိုးတရားစွဲခံရ
  4. အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းဦးသိန်းစိန်တက်ရောက်

    အငြိမ်းစားယူထားတဲ့ မူဝါဒဆိုင်ရာအဆင့်တာဝန်ယူခဲ့ဖူး​တဲ့စစ်အရာရှိဟောင်းတချို့ကို လက်ရှိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ တပ်မတော်နေ့မှာ ဂါရဝပြုတဲ့ အခမ်းအနားလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို သမ္မတဟောင်းဦးသိန်းစိန်တက်ရောက်တာတွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်း လူမြင်ကွင်းမှာတွေ့ရမှုမရှိတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ၊ သမ္မတဟောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုအခမ်းအနားမှာမြင်ရတာလည်းဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကတော့ ဒီကနေ့ မနက်ပိုင်းကလုပ်တဲ့ တပ်မတော်နေ့မိန့်ခွန်းမှာ ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးအင်အားစုတွေဟာ တပ်မတော်ကို ပြိုကွဲအောင်ဖြိုခွဲဖို့ ပြည်တွင်းပြည်ပကနေ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကြောင့် ကျစ်လစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွှတ်ရေးအမြဲရှိနေဖို့ လိုအပ်တယ်လို့ မှာကြာနေတာကိုတွေ့ရပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, NEW VISION MEDIA

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်
    စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, NEW VISION MEDIA

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်
    စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, NEW VISION MEDIA

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ဂါရဝပြုပွဲသမ္မတဟောင်းတက်ရောက်
  5. တနိုင်းမြို့ နယ်ထဲက တရုန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထိလို့ထိခိုက်ဒဏ်ရာရ, ရွာအတွင်း ဝင်ရောက်ပစ်ခတ်လာမှာကို ဒေသခံတွေစိုးရိမ်

    ကချင်ပြည်နယ် ၊ တနိုင်းမြို့ နယ်ထဲက တရုန်ကျေးရွာနဲ့ သိပ်မဝေးတဲ့ တရုန်-ဒိုက်ဖာ လမ်း တနေရာမှာ မတ်လ ၂၆ရက်က စစ်ကောင်စီတပ်တွေ မိုင်းထိပြီးနောက်မှာ ပစ်ခတ်မှု‌တွေလုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီမိုင်းထိမှုမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ တရုန်ရွာ အနီးအနားမှာ မိုင်းကွဲတာ သေနတ်တွေနဲ့ပစ်ခတ်သံတွေဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေရွာထဲဝင်ပြီး ဝင်ရောက်ရှာဖွေတာ ပစ်ခတ်တာတွေလုပ်မှာကို ဒေသခံ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်တုန်းကလည်း ရွာအထိဝင်ပြီးပစ်တာတွေဖြစ်ဖူးတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးရတာမျိုးတွေဖြစ်ခဲ့ဖူးလို့ အခုလိုစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ '' ကျတော်တို့က အဆင့်သင့်နဲ့ သတိထားပြီးနေရတာပေါ့။ အခြေအနေက ဘယ်တော့ဖြစ်လာမလဲ၊ဖြစ်လာမလဲ ဆိုပြီးစိတ်ထဲမှာထည့်ထားပြီးတော့မှ အလုပ်တစ်ခုခု လုပ်ပြီးဆိုရင်လဲစိတ်ထဲမှာ မဖြောင့်ဘူးပေါ့။ တပ်နှစ်ဖက်လုံးက ဒီပတ်ဝန်းကျင်မှာရှိနေကြတာလေ။ အကုန်လုံးကစိုးရိမ်နေကြတယ်။အဓိကက ရွာထဲကိုပဲ ဝင်ပြီး ဟိုတခါလို ပစ်ခတ်တာလုပ်မှာကြောက်နေကြတာ " လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ကချင်ပြည်နယ်တနိုင်းမြို့နယ်မှာပါတဲ့ အောင်ရာ ကျေးရွာမှာလည်း မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့လဲဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

    တရုန်တံတားကိုတွေ့ရပုံ

    ဓာတ်ပုံ ရင်းမြစ်, Kachin News Group

    ဓာတ်ပုံ ပုံစာ, တရုန်တံတားကိုတွေ့ရပုံ
  6. ရန်ကုန်၊ ဗဟန်းမှာ ဗုံးနှစ်လုံးပေါက်ကွဲ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုပြီးနောက် ပိတ်ဆို့ထားတာကိုတွေ့ရစဉ်။

    ဒီကနေ့မတ်လ (၂၇)ရက်၊ နေ့လယ် (၁၂)နာရီခွဲဝန်းကျင်မှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အပိုင် ဆရာစံတောင်လမ်းဆုံ၊ ပန်းခြံအနီး ဗုံး(၂)လုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အဲဒီအနား‌‌ နေထိုင်သူတွေကပြောပါတယ်။

    အဲ့ဒီရတနာပန်းခြံအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတယ်လို့ သိရပြီး ဘယ်အဖွဲ့အစည်းကဆောင်ရွက်တယ်ဆိုတာတော့ တရားဝင်ကြေညာတာမရှိသေးပါဘူး။ ဒီလိုပေါက်ကွဲပြီးတဲ့နောက် ဗဟန်းဦးချစ်မောင်လမ်းကနေ ရန်ကင်းစျေးကွေ့ဘက်သွားတဲ့လမ်းကို ပိတ်ဆို့ခဲ့ပြီး နာရီပိုင်းအကြာမှာတော့ ပြန်ဖွင့်ပေးခဲ့ပါတယ်။

    "ရတနာပန်းခြံနားပဲဆက်တိုက်ပေါက်တာပါ။ အင်အားပြင်းတယ်။ ဒုတိယအလုံးကအင်အားပြင်းပိုကျယ်တယ်။ အဲ့ဒါပြီးတော့ အင်အား (၂၀)လောက်နဲ့ DC ရော ရဲ saloon ကားနဲ့ စုစုပေါင်းလေးစီးရောက်လာတာ"လို့ ဗဟန်းဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပေါက်ကွဲဖြစ်စဉ်အနီး ဦးချစ်မောင်လမ်းဆုံမှတ်တိုင်က လူငယ်(၃)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုပြီးနောက် ပိတ်ဆို့ထားတာကိုတွေ့ရစဉ်။
  7. ကန့်ဘလူ၊ ရွာသစ်ရွာမှာမီးရှို့ခံထားရတဲ့ရုပ်အလောင်း (၅)လောင်းတွေ့

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်ထဲက ရွာသစ်ရွာရဲ့ အ‌နောက်ဘက်၊ နေအိမ်တွေကြားမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း (၅)လောင်းတွေ့ရှိတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။ မတ်လ (၂၄)ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားရာနဲ့ချီ တောလမ်းကတဆင့် လက်နက်ကြီးတွေပစ်ဖောက်ကာ ရွာ‌သစ်ရွာထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။

    အဲ့ဒီအချိန်ဒေသခံတွေဟာ ထွက်ပြေးခဲ့ကြရာမှာ ရွာအနောက်ဘက်ပိုင်းကိုပါ ပိတ်ဆို့ ဖမ်းဆီးတာကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေး၊လူကြီးအရွယ်စုံ အယောက် (၈၀)နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲ့ဒီနောက် သုံးရက်ကြာတပ်စွဲခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်(၉)နာရီဝန်းကျင်လောက်မှာ ရွာကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကျမှသာ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီး၊ကလေးနဲ့အသက်ကြီးသူတွေပြန်လွတ်မြောက်လာပေမဲ့ ဖမ်းဆီးခံထားရတဲ့အမျိုးသားတွေကတော့ တဦးမှပြန်မလွတ်မြောက်လာခဲ့ပါဘူး။

    ရွာခံတချို့ အခုနေ့လယ်ခင်း‌ရွာထဲဝင်ကြည့်ချိန်မှာတော့ ရွာအနောက်ဘက်မှာ မီးရှို့ခံရပြီးသေဆုံးရုပ်အလောင်းတွေ တွေ့ရပေမဲ့ ဘယ်သူတွေလည်းဆိုတာကို အခုအချိန်အထိ အတည်ပြုလို့ရကြသေးပါဘူး။ အခုလိုလူသေဆုံးတာအပြင် ‌ရွာအတွင်းကနေအိမ် (၃၀)ဝန်းကျင်လောက်ဖျက်ဆီးခံခဲ့ရပါတယ်။

    "မိန်းကလေး၊ကလေးတွေနဲ့လူကြီးတွေကိုကျ စာသင်ကျောင်းထဲမှာခေါ်ထားပြီး မှောက်ခိုင်းထားပြီးရိုက်တယ်။ အမျိုးသားတွေကိုကျတော့ PDF သိလားမေးတယ်၊ မသိဘူးပြောရင်ကိုသူတို့ပိုနှိပ်စက်တာ နားရွက်တွေဆိုအကုန်ဓားမွှန်းခံထားရတယ်။ အဲ့ဒီက ကျွန်တော်တို့ဆန့်ကျင်ရေးလုပ်ကျတယ်ဆိုပြီး ရွာခံ ပျူစောထီးနှစ်ယောက်နဲ့ကို တန်းလာတာဗျ၊ အခုရွာကယော်ားလေးတွေဆိုလည်း မလွတ်တဲ့သူတွေက သူတို့စစ်ကြောင်းနဲ့အထုပ်ထမ်းဖို့ပါသွားတာနဲ့ နောက် ရွာနားက တပ်ထဲကိုလည်းခေါ်သွားတာရှိသေးတယ်ဗျ။"လို့ ရွာသစ်ရွာဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    အိမ်ခြေ (၁၅၀)ဝန်းကျင်သာရှိတဲ့ ရွာသစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တာအခုတကြိမ်နဲ့ဆို သုံးကြိမ်တိတိရှိပြီဖြစ်ပါတယ်။ အရင်ဝင်ရောက် ချိန်တွေတုန်းက စားနပ်ရိက္ခာတွေကိုသာ ယူဆောင်သွားတတ်ကြပေမဲ့ အခုဒီဖြစ်စဉ်မှာတော့ ပစ္စည်းယူဆောင်၊လူသေဆုံးတာတွေအပြင် နေအိမ်တွေကိုလည်း လူနေထိုင်လို့မရနိုင်အောင်ဖျက်ဆီးသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

    အခုတော့ ရွာလုံးကျွတ်ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်မှာစိုးတာကြောင့် အနီးအနားကမကူညီတဲ့ရွာတွေလည်းရှိတာကြောင့် လူအများစုဟာ တောတွေထဲတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကန့်ဘလူ၊ ရွာသစ်ရွာမှာမီးရှို့ခံထားရတဲ့ရုပ်အလောင်း (၅)လောင်းတွေ့
  8. အပစ်ရပ် DKBA က တပ်မှူး ၃ ဦး ရာထူး က အပြီးအပိုင်ထုတ်ပယ်ခံရ

    KNUတပ်မဟာ ၆ ဒေါန အရှေ့ခြမ်း မြဝတီ- ဝေါ်လေ စစ်ရေးနယ်မြေ အတွင်း၊ ဆုံဆည်းမြိုင် ရှိ NCAအပစ်ရပ် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗဟို လုံခြုံရေးနှင့် ကွပ်ကဲရေး တပ်မှူး ၁ ဦး အပါအဝင် ဗဟို လုံခြုံရေး တပ်ရင်း ၂ခု က တပ်မှူး ၂ ဦး စုစုပေါင်း ၃ဦး ဟာ ရာထူး က အပြီးအပိုင်ထုတ်ပယ်ခံရတယ်လို့ DKBA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    အဲဒီအရာရှိ ၃ ဦးကို စစ်စည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး စစ်ဥပဒေနဲ့ တာဝန်က အပြီးအပိုင် ရပ်စဲထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က စစ်ကောင်စီ ရဲ့ မောခီး စစ်စခန်း ကို KNCJLA /KNDO တပ်ဖွဲ့ တွေက တိုက်ခိုက် သိမ်းပိုက်တဲ့ တိုက်ပွဲမှာအခုထုတ်ပယ်ခံရတဲ့ DKBA အရာရှိ ၃ဦးက KNLA /KNDO နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တဲ့နောက် မြဝတီနယ်မြေခံ စစ်ကောင်စီတပ်က DKBA ဗဟို ကို ဖိအားပေးလို့အခုလို ထုတ်ပယ်ခံရတာလို့ သတင်းရင်းမြစ်ကရှင်းပြပါတယ်။

    '' မောခီးစစ်ကောင်စီစခန်း ကျပြီး နောက်ရက် မှာ ဆက်ဆံရေးရုံးအဖွဲ့ တွေ ကို မြဝတီ ရှေ့တန်းရုံးကို ခေါ်ကြိမ်း တယ်။ KNUနဲ့ ပြန်ပေါင်းတိုက်နေတဲ့ DKBA အဖွဲ့ကလူတွေ ကို အရေးယူပါ ပြီးရင် စာထုတ်ပြန်ပါ။ ခင်ဗျားတို့ NCA ထိုးထားတဲ့ အဖွဲ့ တွေ အခု လုပ်နေတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ နဲ့ ပူးပေါင်း ဆောင်ရွက် ပေးပါ။ အဲဒီလိုမှ မလုပ်ရင် ခင်ဗျားတို့ အဖွဲ့ရဲ့ ကင်းစခန်းတွေ တိုက်ခိုက်မှုဖြစ် လာခဲ့ ရင် တာဝန်မယူဘူး။ နောက်ပြီး ခင်ဗျားတို့ မြို့ပေါ် စီးပွားရေး လုပ်ငန်း တွေ လည်း တာဝန်မယူနိုင်ဘူးဖြစ်သွားမယ်လို့ စစ်ကောင်စီရှေ့တန်းရုံး က ၂၇၅ တပ်ရင်းမှူးက ပြောတယ်။ အဲဒီနောက် ဗဟိုက လက်ရှိ ဗဟို က စစ်ဦးချုပ် စောစတီးက စစ်ရုံး စစ်စည်းကမ်း ဥပဒေ အပိုဒ် ၁၃ ကို ချိုးဖောက် တဲ့ အတွက် ရာထူးကအပြီးအပိုင်ထုတ်ပယ်ကြောင်း စာထုတ် ခိုင်းတယ်။အခု ဖလူးတိုက်ပွဲ မှာပိတ်မိနေတဲ့ စစ်ကောင်စီစစ်ကြောင်း တွေ ကို DKBA နယ်မြေ ဝေါ်လေ- ကျောက်ခက်- ဆုံဆည်းမြိုင် နေရာတွေ အားလုံး က DKBA ကင်းစခန်း တွေ ဆုတ်ပေး ထားပြီး ပြန်မတိုက်ကြဖို့ အမိန့်ပေး မှာထားတယ် '' လို့ DKBA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

    ထုတ်ပယ်ခံရတဲ့ DKBA ဗဟို အဆင့် တပ်မှူး ၃ ဦးဟာ လက်ရှိ ဝေါ်လေ- ကနဲလေး- မော်ခီး ဒေသ မှာ စစ်ကောင်စီ တပ်စခန်းတွေကို KNLA /KNDO တပ်တွေနဲ့ ပူးပေါင်း ပြီး ဆက်လက်တိုက်ခိုက် နေတယ်လို့သိရပါတယ်။

    စစ်ရေး နယ်မြေ အတွင်း မြေပြင် တိုက်ပွဲနဲ့ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ဗုံးကြဲတာရှိလာနိုင်လို့ ဒေသခံ ကျေးရွာတွေဟာ ကြိုတင်နေရာပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

    DKBA တပ်ရင်းတစ်ခုကစစ်ရေးပြနေတဲ့မြင်ကွင်း ( ပုံဟောင်း )

    ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

    ဓာတ်ပုံ ပုံစာ, DKBA တပ်ရင်းတစ်ခုကစစ်ရေးပြနေတဲ့မြင်ကွင်း ( ပုံဟောင်း )
  9. တပ်မတော်နေ့အတွက် အမေရိကန်အပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံက ကြေညာချက်ထုတ်, မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ဖို့ဆိုပြီး မြန်မာစစ်တပ်ကို တောင်းဆို

    ဒီကနေ့ ကျရောက်တဲ့ ၂၀၂၂ ခုနှစ် ၇၇နှစ်မြောက် တပ်မတော်နေ့မှာ ပြီးခဲ့တဲ့နှစ် မတ်လ၂၇ ရက်နေ့က အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရတာအပါအဝင် ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်း သတ်ဖြတ်ခံရသူတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို အမှတ်ရနေကြောင်း အမေရိကန်သံရုံးကထုတ်ပြန်ပါတယ်။

    ကြေညာချက်ထဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းချထောက်ပံ့နေတဲ့ နိုင်ငံအချို့အနေနဲ့ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းတွေကို ရပ်တန့်ပေးဖို့ နဲ့ မြန်မာပြည်သူတွေ အားပေးထောက်ခံကြဖို့ တိုက်တွန်းထားပါတယ်။

    အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ဖို့ဆိုပြီး မြန်မာစစ်တပ်ကို တောင်းဆိုတာလည်းပါရှိပါတယ်။

    ဒီကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေကမြန်မာနိုင်ငံ တပ်မတော်နေ့ အတွက် ပူးတွဲကြေညာထားတာလို့ဆိုပါတယ်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တေ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ခံပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းမယ်လို့ ဒီကနေ့ တပ်မတော်နေ့မှာပြောလိုက်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ၂၇ ရက်နေ့က ရန်ကုန်မြို့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ၂၇ ရက်နေ့က ရန်ကုန်မြို့ မြင်ကွင်း
  10. စစ်ကောင်စီက အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုတွေ ချီးမြှင့်

    ဒီကနေ့ ကျရောက်တဲ့ ၇၇နှစ်မြောက်တပ်မတော်နေ့မှာ အနုပညာရှင်တွေထဲ ရန်အောင် ၊ နေတိုး၊လွင်မိုး၊ရဲအောင်၊ကျော်ရဲအောင်၊ခန့်စည်သူ၊ ယုန်လေး၊ ချိုပြူံး ၊မို့မို့မြင့်အောင်၊ခိုင်သင်းကြည်၊စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊ထွန်းအိန္ဒြာဗိုတို့အပါအဝင်ဝါရင့်အနုပညာရှင်အချို့ကို စစ်ကောင်စီက လူမှုထူးချွန် ပထမ၊ဒုတိယနဲ့ တတိယအဆင့်တွေချီးမြှင့်တယ်လို့ စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေကဖော်ပြပါတယ်။ဒီအထဲ ကွယ်လွန်ပြီးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းလည်းပါဝင်ပါတယ်။

    ချီးမြှင့်တဲ့အထဲ ဝါရင့်တေးသံရှင်အချို့ဖြစ်တဲ့ နွဲ့ယဉ်ဝင်း ၊ ရီရီသန့် နဲ့ ဝါးခယ်မရဲမောင်အပါအဝင် တေးသံရှင်အချို့ နဲ့ စာရေးဆရာ၊ လယ်တွင်းသားစောချစ်၊ ကိုလေး (အင်းဝဂုဏ်ရည်) ၊ မစန္ဒာ နဲ့ စာရေးဆရာအချို့ပါဝင်ပါတယ်။

    ဒါရိုက်တာတွေထဲ မောင်ဝဏ္ဏ၊ မောင်တင်ဦးတို့ ပါဝင်သလို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဗိုလ်ကလေးတင့်အောင် ၊ ဝင်းဦး၊ ညွန့်ဝင်း ၊ကောလိပ်ဂျင်နေဝင်းနဲ့ ဂီတလုလင်မောင်ကိုကိုတို့ကိုလည်း အင်္လကာကျော်စွာဘွဲ့ပေးအပ်တာတွေ့ရပါတယ်။

    အာဏာသိမ်းတာကိုဆန့်ကျင့်တဲ့ ဝါရင့်အနုပညာရှင်အချို့ကတော့ စစ်ကောင်စီက အခုလိုပေးအပ်တာဟာ ၈၈လွန် ကာလတွေကလို ပြည်သူကို အနုပညာရှင်တွေနဲ့ ပြန်စည်းရုံးဖို့ဖြစ်သလို အနုပညာရှင်တွေကြားမှာလည်း သဘောထားကွဲလွဲမှုတွေဖြစ်အောင်လုပ်တာလို့ ဝေဖန်နေကြပါတယ်။

    '' ဆုလက်ခံတဲ့သူတွေလည်း ပြည်သူက မှတ်ထားမှာပဲ။ တချို့ကလည်း သူတို့ဘာသာနေတာကို ဆုစာရင်းထဲထည့်တာလည်းပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အနုပညာရှင်ဆိုတာပြည်သူအားပေးထောက်ခံမှ ရပ်တည်လို့ရတယ်ဆိုတာငြင်းမရပါဘူး '' လို့ ဝါရင့်ဒါရိုက်တာတစ်ဦးက ‌သူ့အမြင်ကိုပြောပါတယ်။

    စစ်ကောင်စီ ဒီကနေ့ ချီးမြှင့်တဲ့အထဲ အာဏာသိမ်းပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်တဲ့ ဌာနဆိုင်ရာအလိုက် အဆင့်မြင့်ဝန်ထမ်းတွေနဲ့ ရာအိမ်မှူးတွေအထိ ဆုချီးမြှင့်တာတွေ့ရပါတယ်။

    အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုတွေ ချီးမြှင့်

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုတွေ ချီးမြှင့်
    အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုတွေ ချီးမြှင့်

    ဓာတ်ပုံ ရင်းမြစ်, Screen Grab

    ဓာတ်ပုံ ပုံစာ, အနုပညာရှင်အချို့ကို လူမှုထူးချွန်ဆုတွေ ချီးမြှင့်
  11. ကချင်နဲ့ ရှမ်းမြောက်မှာ မူးယစ်ဆေးတွေ ပေါ်တင်သုံးစွဲ

  12. စစ်တပ်မှာ အလံဖြူထောင်တဲ့အကြောင်း အင်တာဗျူးပေးခဲ့လို့ တရားစွဲဆိုခံနေရတဲ့ ပလက်ဝက ကျန်းမာရေးဝန်ထမ်းအမှု အပြီးသတ်လျှောက်လဲချက်ပေးဖို့ရှိ

    ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီရဲ့တရားစွဲဆိုခြင်းခံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ခံ ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်ရဲ့အမှု လာမယ့် ဧပြီလ ၁ ရက်နေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် ပေးဖို့ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။

    အမှုရင်ဆိုင်နေရသူ ဦးတင်ထွန်းအောင်ဟာ နေပြည်တော်မှာ တာဝန်ကျနေတဲ့ ဓာတ်မှန်ကျွမ်းကျင် (၃) ဖြစ်ပြီး ပလက်ဝကို ရောက်ရှိနေစဉ် ရခိုင်အခြေစိုက် Western News သတင်းဌာနရဲ့မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတစ်ဆင့် ဖြေကြား ပေးခဲ့တာကြောင့် အခုလို တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

    ဦးတင်ထွန်းအောင်ကို စစ်ကောင်စီကတရားစွဲဆိုတာဟာ စစ်တပ်မှာအလံဖြူထောင်ထားတဲ့အကြောင်း သူကိုယ်တိုင်ဖုန်းဆက်ပြီး သတင်းပေးပို့တာဟာ တပ်မတော်ကိုအကြည်ညိုပျက်အောင် ဖန်တီးတာဖြစ်တယ်လို့ စွဲဆိုထားတာဖြစ်ကြောင်း သိရပါတယ်။

    အဲ့ဒီအင်တာဗျူးမှာ ဦးတင်ထွန်းအောင်က ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းအနီးတောင်ကုန်းပေါ်မှာ အလံဖြူထောင် ထားတာ တွေ့မြင်နေရတဲ့အကြောင်း သတင်းဌာနကဆက်သွယ်မေးမြန်းလာလို့ ပလက်ဝဒေသခံနောက်တစ်ဦးနဲ့အတူ ပြောဆိုခဲ့တာဖြစ်တယ်လို့ တရားခွင့်မှာပြီးခဲ့တဲ့ရုံးချိန်းက သူကိုယ်တိုင်ချေပထွက်ဆိုခဲ့တယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။

    “သူ့ကို ၂၃ ရက်နေ့ကတစ်ကြိမ် စစ်တယ်။ ၂၄ ရက်နေ့မှာတော့ တင်ထွန်းအောင်ကို စစ်တယ်။ နောက်ထပ်ကတော့ ဧပြီ ၁ ရက်နေ့မှာ လျှောက်လဲချက် ပေးဖို့ရှိတယ်။ အလံဖြူထောင်တဲ့ကိစ္စ သတင်းဌာနကို သတင်းပေးတာဟာ စစ်တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတာ သိလားလို့ တရားရုံးကမေးတော့ ကျွန်တော့်ညီက မသိဘူး။ ဒါက သတင်းဌာနကမေးတာကိုဖြေခဲ့တာလို့ ချေပပြောဆိုထားတယ်”လို့ အစ်ကိုဖြစ်သူ ဦးမင်းအောင် ပြောပါတယ်။

    အမှုမှာ ခလရ ၂၈၉ တပ်ရင်းက ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်ပြီး တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုကာ ပုဒ်မ ၅၀၅ (ခ) နဲ့ ပလက်ဝမြို့နယ်တရားရုံးမှာ စွဲဆိုထားတာ ဖြစ်ပါတယ်။

    တရားလိုပြသက်သေ နှစ်ဦးရှိပြီး အဲ့ဒီသက်သေတွေကတော့ စစ်တပ်ရှိတဲ့ တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆီးဖလောင်းကျေးရွာဆယ်အိမ်မှူးတို့ဖြစ်ပြီး ဦးတင်ထွန်းအောင်ဘက်ကလည်း တရားခံပြသက်သေအဖြစ် နှစ်ဦးကို ထည့်သွင်းထားရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ အားလုံးကို စစ်ဆေးမှုတွေ ပြီးစီးနေပြီဖြစ်ကာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ဦးတင်ထွန်းအောင်ဘက်ကလည်း အပြစ်မရှိကြောင်းထွက်ဆိုထားတဲ့အတွက် ပြန်လွတ်လာမယ်လို့မျှော်လင့်ကြောင်းနဲ့ လွှတ်ပေးဖို့မပေးဖို့ကတော့ စစ်တပ်အပေါ်မှာ မူတည်နေတယ်လို့ မိသားစုတွေဘက်က ပြောဆိုပါတယ်။

    ပလက်ဝမြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. အမေရိကန်သမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့ တွေ့ဆုံစဥ် မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်

    အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကို အိမ်ဖြူတော်မှာ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိရာမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး ယန်ဆာကီးက ထုတ်ပြန်ပြောဆိုမှု အရ သိရပါတယ်။

    ဒီတွေ့ဆုံမှုမှာ အင်ဒို-ပစိဖိတ်ဒေသ အရေးနဲ့ရာသီဥတုပြောင်းလဲမှု စတာတွေနဲ့အတူ မြန်မာ့ပဋိပက္ခအရေးပါဝင်မယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဒီအလုပ်သဘော ခရီးစဥ်ဟာ စနေနေ့မှာ စတင်ပြီး နောက်တစ်ပတ် စနေ ဧပြီ ၂ ရက် အထိ တစ်ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

    ဘိုင်ဒန်က အာဆီယံ ခေါင်းဆောင်တွေနဲ့ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ရှိနေပေမဲ့ ရွှေ့ဆိုင်းထားခဲ့ပြီး ကျင်းပမယ့်ရက်ကို ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားပါတယ်။

    ဝါရှင်တန်ဒီစီ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၁၆ ခုနှစ်က တွေ့ဆုံခဲ့စဥ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၁၆ ခုနှစ်က တွေ့ဆုံခဲ့စဥ်
  14. ကျွန်းလှအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်, ရေနံမှော်အနီးက ကျေးရွာဒေသခံတွေ ဘေးလွတ်ရာပြေးနေရ

    စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဘက်ခြမ်းမှာ ဒီကနေ့မတ်လ ၂၆ ရက်နေ့က စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒီတိုက်ပွဲကြောင့် ကျွန်းလှ PDF အဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ရေနံမှော်အနီးကကျေးရွာပေါင်း ၁၀ရွာထက်မနည်းဘေးလွတ်ရာ ပြေးနေရတယ်လို့သိရပါတယ်။

    "သူတို့ဘက်က စစ်ကြောင်းထိုးနေတာကြာပြီ။ ဒီကနေ့မနက် ၁၁ နာရီလောက်ကတော့ အဂါၤရေနံမှော် နားမှာထိတွေ့တိုက်ပွဲကဖြစ်တာ၊ PDF ထဲက တစ်ယောက်ကျတယ်။ ပစ်ရင်းဆုတ်ရင်းပဲ ဖြစ်ကြတာ တိုက်ပွဲကတော့ သိပ်မကြာလိုက်ပါဘူး။ ရေနံမှော်နားက ရွာတွေကတော့အကုန် ပြေးရပြီ "လို့ဒေသခံကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေနဲ့စစ်ကောင်စီတပ်တွေ ကျေးရွာတွေအတွင်း ဝင်ရောက်တာကြောင့် ကျွန်းလှအနောက်ခြမ်းက ဒေသခံတွေရဲ့ရေနံမှော်အများစုလည်း အလုပ်တွေရပ်ဆိုင်းထားရတယ်လို့ဒေသခံတွေကပြောပါတယ်။

    social media

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ကျွန်းလှအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်
  15. စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတိုက်ပွဲပေါင်း ၃၀၀၀ကျော်ဖြစ်ထား

    ပြည်တွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်းပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ လက်ရှိ ၂၀၂၂ မတ်လအထိ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပေါင်း ၃၀၀၀ ကျော်ဖြစ်ခဲ့တယ်လို့ မြန်မာ့နိုင်ငံရေးနဲ့ပြည်တွင်းက အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်သုတေသနလုပ်နေတဲ့ ISP Myanmar ရဲ့ မတ်လ ၂၅ရက်ထုတ်ပြန်ချက်အရသိရပါတယ်။

    အဲဒီတိုက်ပွဲတွေထဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ကရင်၊ကချင်၊ကယားနဲ့ချင်းပြည်နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြားကြားဖြစ်တဲ့တိုက်ပွဲအရေအတွက်ပိုများနေပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လကနေ ၂၀၂၂ မတ်လအထိ ၈ လအတွင်းတိုက်ပွဲပေါင်း ၂၀၀၀ ကျော်ခဲ့တယ်လို့ထုတ်ပြန်တဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။

    ဒီကနေ့ မတ်လ ၂၆ ရက်မှာဆိုရင်လည်း KNU တပ်မဟာ ၆ နယ်မြေအတွင်းက လေးကေ့ကော်-ဖလူး- ဝေါ်လေလမ်းပိုင်းကိုစစ်ကောင်စီဘက်က အင်အားတိုးချဲ့လာပြီး နယ်မြေခံ KNLA အဖွဲ့နဲ့ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။

    တိုက်ပွဲအခြေအနေတွေကြောင့် ကော့ကရိတ်-မြဝတီလမ်းမကြီးနဲ့မြဝတီ-ဝေါ်လေလမ်းမကြီးကို ပြည်သူတွေအသုံးမပြုကြဖို့KNU ဘက်လည်း ဒီကနေ့ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    အလားတူပဲ ကယားပြည်နယ်ထဲမှာဆိုရင်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၁ မေလကနေ အခု ၂၀၂၂ မတ်လအထိ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပေါင်း ၂၀၀ကျော်ဖြစ်ခဲ့ပြီး အခုမတ်လထဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ကထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ပွဲတွေကြောင့် ပြည်နယ်လူဦးရေ ၃သိန်းလောက်ရှိတဲ့ ကယားပြည်နယ်ထဲမှာလည်း ဒေသခံ ၂သိန်းကျော်လောက်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်နေသလို ဒီတိုက်ပွဲတွေကြား အရပ်သားသေဆုံးမှု ရာချီရှိခဲ့တယ်လို့စစ်တမ်းကောက်ယူတဲ့အဖွဲ့တွေနဲ့ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Zalen

  16. တံတားပေါ်မှာလွှင့်တင်ထားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အလံ စစ်ကောင်စီပြန်ဖြုတ်ချ, CNDF တပ်သား (၂)ဦးနဲ့ အရပ်သား (၂)ဦး ကိုဖမ်းဆီး

    ဒီကနေ့ မတ်လ (၂၆)ရက် မနက် (၅)နာရီကျော်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တံတား‌ (ရိခေါ်ဒါရ်နယ်စပ်တံတား)အနီးက ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းခဲ့ပါတယ်။

    စခန်းချထားတဲ့နေရာကို စားဖိုဆောင်က တဆင့်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ကာ CNDF ဘက်ကဆုတ်ခွာခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

    "သူတို့ကနယ်မြေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ကို ဝင်ရောက်လာတယ်။ လက်ဦးမှုယူပြီးစားဖိုဆောင်ကတပ်သားနှစ်ဦးကိုအရင်ဖမ်းလိုက်တယ်။ CNDF ကတော့ ဆုတ်ခွာလိုက်ရတယ်။ သူတို့ရဲ့ခေါင်းဆောင်ပိုင်းတယောက်တော့လက်နဲ့နောက်ကျောကျည်ထိမှန်တယ်။ကျန်တာကတော့ အထိအခိုက်မရှိဘူး"လို့ CDF သတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။

    အဲ့ဒီနောက် စခန်းအနီးအနားကဆိုင်ကယ်တွေကို စစ်ကောင်စီဘက်ကမီးရှို့ခဲ့သလို ရိခေါ်ဒါရ်နယ်စပ်တံတားပေါ်မှာလွှင့်ထူထားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲ့ အလံကိုဖြုတ်သိမ်းကာ နိုင်ငံအလံကိုပြောင်းလဲခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ဒီဖြစ်စဉ်ပြီးတဲ့နောက် စားဖိုဆောင်က CNDF တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားနှစ်ဦးဖမ်းဆီးခံခဲ့ရပြီး ညနေ ပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားတာမရှိဘူးလို့သိရပါတယ်။

    အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးတံတားပေါ်မှာ CNDF အလံကိုမနေ့က ပြောင်းလဲလွှင့်ထူခဲ့တာကို လူမှုကွန်ယက်ပေါ်မှာ သတင်းပြန့်နှံ့ပြီးနောက် ဒီကနေ့မနက်အစောပိုင်းမှာ အခုလိုစခန်းဝင်ရောက်စီးနင်းကာ အလံပြောင်းလဲတာတွေလုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကသုံးသပ်နေကြပါတယ်။

    Chin World

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ရိခေါ်ဒါရ်တံတားပေါ်မှာ CNDF အလံလွှင့်ထူထားတာကိုတွေ့ရစဉ်။
  17. ရုရှားဒုဝန်ကြီး မြန်မာနိုင်ငံရောက်နေချိန်ယူကရိန်းအလံကိုင်ဆောင်ပြီး ရန်ကုန်က တော်လှန်ရေးအင်အားစုတွေ ဆန္ဒထုတ်ဖော်

    လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ၇၇ မြောက်တပ်မတော်နေ့အခမ်းအနားကိုတက်ဖို့ရုရှားနိုင်ငံရဲ့ ဒုဝန်ကြီးမြန်မာနိုင်ငံကို ရောက်နေချိန်မှာ ရန်ကုန်မှာရှိတဲ့တော်လှန်ရေးအင်အားစုကလူငယ်တွေက ယူကရိန်းအလံကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    ဒီကနေ့မတ်လ ၂၆ ရက်နေ့လယ်ပိုင်းကလုပ်တဲ့ အဲဒီဆန္ဒပြပွဲမှာလူငယ်တွေက အဖိနှိပ်ခံလူတန်းစားတွေနဲ့တသားတည်းရှိကြောင်းထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။

    ရုရှားနိုင်ငံရဲ့ ဒုဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, YRF

    ါ့အပြင် ဒီကနေ့မှာကျရောက်တဲ့ စစ်ကောင်စီကသေဒဏ်ချမှတ်ထားတဲ့ ကိုဖြိုးဇေယျာသော်ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ်သူ့သီချင်းစာသားပါ စာတမ်းကိုလည်း ကိုင်စွဲပြီးဆန္ဒထုတ်ဖော်လာတာတွေ့ရပါတယ်။

    စစ်အာဏာသိမ်းလာတာတနှစ်ကျော်အထိရှိလာပြီဖြစ်ပေမယ့်ရန်ကုန်အပါအဝင်မြို့ကြီးနဲ့ကျေးလက်ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံပြည်သူတွေရဲ့စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်တွေနေ့စဉ် မပျက်ဆက်ရှိနေခဲ့တာကိုတွေ့ရပါတယ်။

    ရုရှားနိုင်ငံရဲ့ ဒုဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, YRF