မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်ခဲ့အပြီး ဗြိတိန်
ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို ထုတ်ပယ်ခဲ့ပြီးနောက် သံရုံးအကြီးအကဲသစ်တစ်ယောက်ကို မြန်မာဘက်က ခန့်အပ်လိုက်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
လန်ဒန်မြို့က မြန်မာသံရုံးအကြီးအကဲသစ် ခန့်အပ်မှုက အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး
Ambassador E and P (Ambassador Extraordinary and Plenipotentiary) အဖြစ်
Full-fledged ambassador အဆင့်ခန့်အပ်မှုမဟုတ်ဘဲ
Ambassador အဆင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အိမ်ရှင် ဗြိတိန်နိုင်ငံဘက်က သဘောတူအတည်ပြုမှု ရယူဖို့ မလိုပါဘူး။
သံအမတ်ကြီးအဆင့်
Ambassador E & P လို နိုင်ငံရေးရာထူးမျိုး ခန့်အပ်တဲ့အခါမှသာအိမ်ရှင်နိုင်ငံရဲ့ အတည်ပြုချက် လိုအပ်တာ ဖြစ်ပါတယ်။ သံအမတ်ကြီးအဆင့်ကလွဲလို့ သူ့လက်အောက်က သံတမန်တွေကို ခန့်ထားရာမှာ အတည်ပြုချက် တောင်းခံစရာ မလိုအပ်ပါဘူး။
အခု ခန့်အပ်ခံရသူဟာ အရင် လေတပ်
ဗိုလ်မှူးကြီးဟောင်း တယောက် ဖြစ်ပြီး တရုတ် နိုင်ငံမှာ သံအမတ်တာ၀န် ထမ်းဆောင်ခဲ့ဖူးသူ တယောက် ဖြစ်တယ်လို့ လန်ဒန် မြန်မာ သံရုံး
အသိုင်းအဝိုင်းက တဆင့် သိရပါတယ်။
ဒီလို ခန့်အပ်မှုနဲ့ ပတ်သက်လို့ သံတမန်ဆိုင်ရာ
ဗီယင်နာ သဘောတူညီချက်အရ မြန်မာဘက်က ဗြိတိန် အစိုးရရဲ့ သဘောတူချက် ရယူဖို့
မလိုဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ရိုက်တာ
သတင်းမှာလည်း ဖော်ပြထားပါတယ်။
မေလတုန်းကလည်း အမေရိကန်မှာ စီအီအမ် လုပ်ထားတဲ့ မြန်မာ
သံတမန်တွေ နေရာမှာ အစားထိုးခန့်အပ်စဥ်က သံအမတ်ကြီးလို နိုင်ငံရေးရာထူး
အဆင့်မဟုတ်ဘဲ အခြားအဆင့် သံတမန်တွေ ခန့်ထားတာဖြစ်လို့ အမေရိကန်အစိုးရဆီကို သီးခြား
ခွင့်တောင်းစရာမလိုဘဲ အစားထိုး သံတမန်တွေကို ခန့်ထားခဲ့ပါတယ်။
အခု အသစ် ခန့်အပ်ခံရတဲ့ သံအမတ် နာမည်ကို အဲဒီ ထုတ်ပြန်ချက်မှာ
ဖော်ပြ မထားပေမယ့် ယူကေ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့Myanmar
Accountability Project ကတော့
ဦးထွန်းအောင်ကျော် လို့ ဆိုပြီး လေတပ် တိုက်လေယာဥ်မှူးဟောင်း တယောက်လို့
ဖော်ပြပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၆
လတာ ကာလအတွင်း စစ်ကောင်စီ တပ်တွေရဲ့ လက်ချက်ကြောင့် အရပ်သား သေဆုံးမှု အယောက် ၉၀၀
ကျော် ရှိလာပြီလို့ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားသလို ကိုဗစ် ၁၉ တတိယလှိုင်း ကူးစက်မှုကို ဆိုးဆိုးရွားရွား
ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
နိုင်ငံတကာ တရား၀င် အစိုးရ အဖြစ် အသိအမှတ်ပြုခြင်း
မရှိတဲ့ စစ်ကောင်စီက ခန့်အပ်တဲ့ သံအမတ်ကို ဗြိတိန် အစိုးရ အနေနဲ့ လက်မခံ ဖို့နဲ့ ၊
ဒါကို လက်ခံလိုက်ရင် တပြေးညီ မဖြစ်တဲ့ အပြင် ၊ ကျင့်၀တ် သိက္ခာပိုင်းဆိုင်ရာ အရ
ဖောက်ဖျက်တဲ့ စိတ်မကောင်းစရာ ကိစ္စ ဖြစ်လာလိမ့်မယ်လို့Myanmar
Accountability Project က တိုက်တွန်း
ထားပါတယ်။
အရင် အရပ်သား အစိုးရ လက်ထက် က ခန့်အပ်ခဲ့တဲ့ ဗြိတိန်
ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက
သံရုံးအပြင်ကို ကိစ္စတခုနဲ့ သွားပြီး အပြန်မှာ ရုံးထဲ ပြန်၀င်ခွင့် မရတော့ဘဲ
အဲဒီနောက်မှာ မြန်မာ စစ်ကောင်စီက သူ့ကို ရာထူးက ထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့တာ
ဖြစ်ပါတယ်။
-
ပြည်ပက မြန်မာ သံရုံးဝန်ထမ်းတွေကို နေပြည်တော်ကို ပြန်လည်ခေါ်ယူ
အဲဒီလို ထုတ်ပယ်စဥ်ကလည်း
မြန်မာဘက်က သံရုံးယာယီတာဝန်ခံကို အစားထိုးခန့်အပ်ခဲ့ပြီး အဲဒါကို ယူကေ
နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကို အကြောင်းကြားခဲ့တဲ့နောက်
အဲဒီခန့်အပ်မှုအကြောင်းကြားစာကိုရရှိခဲ့တယ်လို့ ယူကေနိုင်ငံခြားရေးရုံးက
ပြောခဲ့ပါတယ်။မနေ့ကတော့ ဗြိတိန်ဘက်က လက်ရှိ
မြန်မာဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနေရာမှာ သံအမတ်ကြီး အသစ် မစ္စတာ ပိဗို့ဇ်ကို
အစားထိုး ခန့်အပ်ခဲ့ပြီး သြဂုတ်လမှာ စတင် တာဝန်ထမ်းဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images