ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စမ်းချောင်းဗဟိုလမ်းတစ်ဝိုက်မှာ ၅ယောက် အဖမ်းခံရ

    no tag

    စမ်းချောင်းမြို့နယ်အတွင်း ဒီကနေ့ည ပိတ်ဆို့ဖမ်းဆီးမှုမှာ မိုးမခလမ်း ၊ဂန္ဓမာလမ်း တွေက လူ ၅ဦး အဖမ်းခံလိုက်ရတယ်လို့ ဗဟိုလမ်းမှာ နေထိုင်သူ မျက်မြင်သက်သေတစ်ဦးက အတည်ပြုပါတယ်။

    ဗဟိုလမ်း စမ်းချောင်း ဂွစျေးဖက်က ပစ်လိုက်တဲ့ ပစ်ခတ်မှုကြောင့်သံတံတားလမ်းထိပ်နားမှာရှိနေတဲ့ လူတစ်ယောက် ဒဏ်ရာရခဲ့တယ်ဆိုတာကိုလည်း သူကပြောပါတယ်။

    ပြီးတော့ ကျွန်းတောလမ်းဘက်မှာလည်း အစုလိုက်အပြုံလိုက် ၁၇ယောက် အဖမ်းခံရတယ်ဆိုတာ သိရပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်‌းမရှိသေးပါဘူး။

    စမ်းချောင်းကိုပိတ်ထားတဲ့ ရဲနဲ့ စစ်တပ်တွေဟာ အခုအခါမှာ ပြန်လည်ဆုတ်ခွာသွားပြီလို့လည်း သူကပြောပါတယ်။

  2. ထဘီတန်းနှင့် ယတြာများ၊ ကျိန်စာများ

  3. စမ်းချောင်းကို ရဲနဲ့စစ်တပ်က ဆက်ပြီးဝိုင်းထား

    No tag

    စမ်းချောင်းမြို့နယ်ကို ရဲနဲ့စစ်တပ်က ည ၁၁ နာရီ ကျော်လာတဲ့ အထိဆက်ပြီးဝိုင်းထားဆဲဖြစ်ပြီး လမ်းတွေထဲကို ရဲတွေက ဝင်ရောက်ပစ်ခတ်ပြီးဆဲဆိုနေတာကို ဒေသခံတွေရိုက်ကူးတဲ့ရုပ်သံတွေက ကနေတွေ့ရပါတယ်။

    ကျွန်းတောလမ်းမှာ တစ်တိုက်ဝင် တစ်တိုက်ထွက်စစ်နေတယ်လို့သိရပြီး အဖမ်းခံရသူ အချို့ရှိနေတယ်လို့သိရပါတယ်။

    စမ်းချောင်းကို ဝိုင်းထားတာ အာရုံလွှဲစေဖို့ ရန်ကုန်တစ်မြို့လုံး မြို့နယ်အသီးသီးကလူတွေ လမ်းပေါ်ထွက်အော်နေကြပါတယ်၊

  4. စမ်းချောင်းမှာည ၁၁ နာရီ အထိ ဆန္ဒပြနေ

    ညမထွက်ရအမိန့် ထုတ်ထားပေဲ့ဲ့ ညနက်တဲ့အထိ စမ်းချောင်းမှာ ဆန္ဒပြပွဲတွေဆက်ရှိ လုံထိန်းတွေရပ်ကွက်ထဲကမပြန်ဘဲ ဆန္ဒပြသူတွေကိုစောင့်ဖမ်းဖို့မပြန်တဲ့ကိစ္စကစလို့ ညနေကထဲက စမ်းချောင်းမှာဆန္ဒပြနေကြတာ အခု ၁၁ နာရီအချိန်အထိဖြစ်ပါတယ်။

    ဆန္ဒပြသူတွေကို လက်ခံထားတဲ့အိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီးဖမ်းမယ့်သတင်းတွေကြောင့် ညမထွက်ရအမိန့်ထုတ်ထားပေမယ့်လို့ စမ်းချောင်းမှာ ဆန္ဒပြနေကြတာပါ။

    လုံထိန်းတွေက အသံဗုံးတွေနဲ့ဆက်တိုက်ဖြိုခွင်းပေမယ့် အိမ်ပေါ်မတက်ဘဲဆန္ဒဆက်ပြနေကြတာဖြစ်ပါတယ်။

    စမ်းချောင်းသတင်းကြောင့် တခြားမြို့နယ်တွေမှာလည်း ညမထွက်ရအမိန့် ထုတ်ထားပေမယ့် လမ်းအလိုက်၊ရပ်ကွက်အလိုက် ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။

    no tag
    No tag
  5. ဗဟိုလမ်းဘေး ည ၁၀ နာရီခွဲကျော် အချိန်အထိ ပစ်ခတ်နေ

    စမ်းချောင်းဗဟိုလမ်းဘေး ည ၁၀ နာရီခွဲကျော် အချိန်အထိ ပစ်ခတ်ဖြိုခွင်းနေပြီး နေအိမ် တွေဘက်ကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေပါတယ်။

    လူတွေကတော နေအိမ်တွေထဲမှာရှိနေကြပါတယ်။

    ကျန်မြို့နယ်တွေက တော့ စမ်းချောင်းမှာလူတွေပိတ်မိနေတဲ့ အတွက် ညဘက် သပိတ်မှောက်နေကြပါတယ်။

    No Tag

    ဓာတ်ပုံ ရင်းမြစ်, BB

  6. စမ်းချောင်းမှာရဲတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ပြီးဖမ်းဆီး

    NO TAG

    စမ်းချောင်းက မြို့နယ်ကလမ်းတွေထဲမှာရဲတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ပြီးဖမ်းဆီးမှုတွေရှိနေတယ်လို့ ဘီဘီစီက ကနဦး သတင်းရပါတယ်။

    အချုပ်ကားတွေလည်းရောက်လာပြီး ရဲတွေက လမ်းထဲကို သေနတ်နဲ့ ပစ်ခတ်မှုတွေလည်းရှိနေပါတယ်။

    ရဲက ၃ ဦး ဖမ်းထားတယ်လို့ သိရပြီး သီးခြားအတည်ပြုနိုင်ရင်ဆက်လက်တင်ပြပေးပါမယ်။

  7. ရန်ကုန်ကမြို့နယ်အချို့မှာ ညအချိန်ဆန္ဒပြနေ

    No tag

    ဓာတ်ပုံ ရင်းမြစ်, Social Media

    no tag

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ရန်ကုန်တိုင်းအတွင်းက မြို့နယ် အတော်တော်များများမှာ စမ်းချောင်းမြို့နယ်မှာ လမ်းတွေကို ပိတ်ပြီး ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးဖို့ လုပ်နေတဲ့ အတွက် ညဘက် လမ်းမများပေါ်ထွက်ကာ ဆန္ဒပြနေကြပါတယ်။

    လတ်တလော ညဘက် လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ မြို့နယ်တွေထဲမှာ အလုံ ကြည့်မြင်တိုင် သင်္က္ကန်းကျွှန်း တောင်ဥက္ကလာပ သာကေတ ကမာရွတ် လှိုင် စတဲ့မြို့နယ်တွေ ပါဝင်တယ်လို့ ကနဦးသိရပါတယ်။

    ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ လမ်းအချို့ကိုပိတ်ထားပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖို့ ရဲနဲ့စစ်တပ်က ပြင်နေတယ်လို့စမ်းချောင်းဒေသခံတစ်ဦးကပြောပါတယ်။

    စမ်းချောင်းဘက်မှာပြီးခဲ့တဲ့ မိနစ်ပိုင်းကတော့ ပစ်ခတ်သံတွေကြားနေရပါတယ်။

  8. စမ်းချောင်း မြို့နယ်ထဲအိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေဖို့ ပြင်နေ

    no tag

    ဓာတ်ပုံ ရင်းမြစ်, Social Media

    no tag

    ဓာတ်ပုံ ရင်းမြစ်, Social media

    စမ်းချောင်း မြို့နယ်ထဲ ကလမ်းအချို့ကို အာဏာသိမ်းစစ်ကောင်စီ တပ်တွေက ပိတ်ထားပြီး အိမ်တွေကို ဝင်ရောက်စီးနင်းပြီးရှာဖွေဖို့ ပြင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    နေ့လယ် တစ်နာရီလောက်က စပြီး စမ်းချောင်းက ကျွန်းတောလမ်းနဲ့ ဗဟိုလမ်း အကြားလမ်းတွေအပါအဝင် လမ်းအချို့ကို ရဲက ပိတ်ထားခဲ့ပြီး ပြီးခဲ့တဲ့နာရီပိုင်းကတော့ လမ်းတွေပြန်ဖွင့်ပေးဖို့ ရပ်ကွက်နေလူထုက တောင်းဆိုခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့မိနစ်ပိုင်းက ဧည့်စာရင်း စစ်မယ်လို့ အသံချဲ့စက်နဲ့ ကြေညာသွားခဲ့ပါတယ်။

    စမ်းချောင်း ပုသိမ်လမ်း..မြောင်းမြလမ်း..မအူပင်လမ်းတွေထဲမှာ ပိတ်မိနေတဲ့ သူအချို့ရှိတယ်လို့လည်း သတင်းရပေမယ့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ရန်ကုန်မြို့က အမေရိကန်သံရုံးကတော့ လုံခြုံရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတာကြောင့် တင်းမာမှုတွေရှိနေပြီး လုံခြုံရေးတပ်ဖွဲ့တွေ ထိုနေရာဝန်းကျင်က ထွက်ခွာပေးဖို့ ပြည်သူတွေဘေးအန္တရာယ်ကင်းစွာပြန်ခွင့်ပြုဖို့မေတ္တာရပ်ခံကြောင်းစာထုတ်ပြန်ခဲ့ပါတယ်။

  9. အာဏာသိမ်းစစ်ကောင်စီက သတင်းဌာန ၅ ခုကို ထုတ်‌ဝေခွင့်ပိတ်လိုက်

    မြန်မာနိုင်ငံအတွင်းက Mizzima , Myanmar Now, DVB,7 Day, Khit ThitMedia သတင်းဌာန ၅ ခုကို မတ်လ ၈ ရက်နေ့က စပြီး ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြေညာစာထုတ်ကာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။

    ပြန်ကြား‌ရေးဝန်ကြီးဌာန ထုတ်ပြန်ချပ် ၁/၂၀၂၁ အရဆိုပြီး ထုတ်ပြန်ချက်မှာ မီဒီယာ အမျိုးအစား တစ်ခုခုကို အသုံးပြုပြီးဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြ ခြင်းမပြုရန် ဆိုပြီး ကြေညာသွားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  10. မြန်မာနောင်း ရုံးခန်းကို တပ်နဲ့ရဲတပ်ဖွဲ့က စီနင်းရှာဖွေ

    ရန်ကုန်မြို့လယ်က မြန်မာနောင်း ရုံးခန်းကို မတ်လ ၈ ရက်နေ့က တပ်နဲ့ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့တယ်လို့ မြန်မာနောင်း အယ်ဒီတာ တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    အဲဒီရုံးခန်းဟာ အနော်ရထာလမ်းနဲ့ ကုန်စျေးတန်းလမ်းတောင့် ကိုင်ရိုကွန်ဒို အပေါ်ဆုံးထပ်မှာရှိပြီး ပိတ်ထားတာကြာပြီဖြစ်တဲ့အတွက် ရုံးကို ဝင်ရောက်စီးနင်းတဲ့ အချိန်မှာ ဘယ်သူမှ ရှိမနေကြောင်းလည်း သူက ပြောပါတယ်။

    အင်တာနက်မှာ ပြန့်လာတဲ့ ဓာတ်ပုံတွေအရသာ သိရတာကြောင့် ဘာတွေ ရှာဖွေသွားတယ်၊ ရုံးကနေ ဘာတွေ ယူသွားတယ်ဆိုတာကို မသိကြောင်း သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ မြန်မာနောင်း သတင်းထောက်တစ်ဦးဟာလည်း စစ်တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

    မြန်မာနောင်း သတင်းထောက်ကို ဖမ်းဆီးသွား

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မြန်မာနောင်း သတင်းထောက်ကို ဖမ်းဆီးသွားခဲ့
  11. ရှမ်းပြည်နယ်မှာ သပိတ်စခန်းကို ဖြိုခွင်းဖမ်းဆီးမှုတွေရှိနေ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရှမ်းပြည်နယ်ထဲက တောင်ကြီး၊ လာရှိုး ၊လွိုင်လင် စတဲ့မြို့နယ်တွေက သပိတ်စခန်းတွေကို မတ်လ ၈ ရက်နေ့က ဖြိုခွင်းခဲ့ပြီး သတင်းထောက်တွေ အပါအဝင် လူအချို့ကို ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေကို အကူအညီပေးနေသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ မတ်လ ၈ရက် နေ့မှာ လားရှိုးမြို့က ရှမ်းလူငယ် အချို့ မန်ဆူရပ် အဝေရာလမ်းထဲမှာ အဖမ်းခံခဲ့ရပါတယ်။ သူ့တို့ကို လားရှိုးပြည်နယ် ရဲစခန်းထဲမှ ာထိမ်းသိန်းထားတယ်လို့ သိရပါတယ်။

    ဒါအပြင် ဒီနေ့ မနက်ပိုင်း တောင်ကြီးမြို့ သပိတ်စခန်းကို ဖြိုခွင်းချိန် Eastern Review သတင်းဌာနရဲ့ အယ်ဒီတာ စိုင်းဇင်ဒီဒီဇုံ ကိုဖမ်းဆီးသွားခဲ့ပြီး အဖမ်းခံရပြီးနာရီပိုင်းအတွင်းမှာ ရှေ့နေအဖွဲ့က စာတင်လို့ ပြန်လွတ်ပေးလိုက်တယ်လို့ တောင်ကြီးမြို့ ကိုစိုင်းအောင်မြင့်ဦးက အတည်ပြုပါတယ်။

    လွိုင်လင်မြို့မှာလည်း ခွန်သန်းငွေ ၊ စိုင်းဆိုင်နွံ ၊ စိုင်းဆေးလင်းတို့ လူငယ် ၃ဦး စစ်အာဏာသိမ်းဆန့်ကျင်မှုနဲ့ပတ်သက်ပြီး ဒီနေ့ အဖမ်းခံခဲ့ရတယ်လို့ လည်း ဖမ်းဆီးခံရသူတွေကို အကူအညီပေးနေသူ တစ်ဦးကပြောပါတယ်။

  12. စမ်းချောင်းမြို့နယ်ထဲက လမ်းအချို့ကို စစ်ကောင်စီတပ်တွေ ပိတ်ထား

    စမ်းချောင်းက သပိတ်စခန်းတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, စမ်းချောင်းက သပိတ်စခန်းတစ်ခု

    စမ်းချောင်းမြို့နယ်ထဲက လမ်းအချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက အဝင်အထွက် တွေကို ပိတ်ဆို့ထားကြောင်း ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေက ဘီဘီစီ ကိုပြောပါတယ်။

    "ဘယ်ကိုမှ ထွက်လို့်မရတော့ဘူး ရေသန့်ပို့တဲ့သူတောင် အပြင်ထွက်လို့ မရဘူးတော့ဘူးလို့"လည်း ပိတ်မိနေသူတွေကပြောပါတယ်။

    ကျွန်းတောလမ်း နဲ့ ဗဟိုလမ်း အပြိုင်ကြားထဲက လမ်းတွေကိုပိတ်ထားသလို စမ်းချောင်း ဂွစျေးအနီးလမ်းတွေကိုလည်း တစ်လမ်းကို ရဲ ၃ ယောက်စီ ချပြီးပိတ်ထားတယ်လို့လည်း ဘီဘီစီကိုပြောကြပါတယ်။

    အလုပ်က ပြန်လာတဲ့သူတော့ စစ်ပြီး အဝင်ခံတယ်၊ လမ်းထဲက လူတွေအပြင်လုံးဝထွက်မရလို့လည်း သူတို့ကပြောပါတယ်။

    မတ်လ ၈ ရက်နေ့က ကျွန်းတောလမ်းနဲ့ ဖျာပုံလမ်း ကသပိတ်စခန်းတွေကို ဖြိုခွင်းအပြီး နေ့လယ် တစ်နာရီလောက်မှာ ရဲတွေက လမ်းထိပ်မှာ တစ်လမ်းကို ၃ ဦးစီ လုံခြုံရေးယူပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။

  13. မြစ်ကြီးနား ပစ်ခတ်မှု နောက်ထပ်တစ်ဦးသေဆုံး၊ သေဆုံးသူ ၂ ဦးထိရှိလာ

    no tag
    no tag

    မြစ်ကြီးနားမြို့မှာ မတ်လ ၈ ရက်နေ့က ဆန္ဒပြနေတဲ့ လူအုပ်ကို ရဲက ပစ်ခတ်ဖြိုခွင်းရာမှာ လူ ၂ ဦးခေါင်းကို ထိမှန်ခဲ့ပြီး တစ်ဦး နေရာမှာတင် သေဆုံးခဲ့ရသလို ဒဏ်ရာသူတွေထဲက နောက်တစ်ဦးဟာလည်း ဆေးရုံရောက်ပြီးမှ သေဆုံးသွားတယ်လို့ မြစ်ကြီးနားဆေးရုံမှာ မျက်မြင်တွေ့ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့သူ နှစ်ဦးကတော့ ဦးကိုကိုလေး (ခ) ဦချိုတား ၆၂ နှစ်နဲ့ ကိုဇင်မင်းထက် ၂၃ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

    ဒဏ်ရာရရှိသူ လောလောဆယ် ၅ ဦးရှိပြီး ရင်ဘတ် အထက်ပိုင်း ဒဏ်ရာသူ တစ်ဦးကိုလည်း တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။

  14. ၈၈ ရုံးခန်းကို တပ်ကအင်အားသုံးဝင်ရောက်ရှာဖွေ

    သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမပေါ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းကို ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကားကြီး ဆယ်စီးကျော်နဲ့ ရုံးခန်းသော့တွေကို ဖျက်ဆီးပြီး ဝင်ရောက် ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

    ရုံးခန်းမှာ လူမရှိတဲ့အတွက် မီးခံသေတ္တာ၊ ကွန်ပြူတာနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေ၊ ပန်းချီကားတွေကို ယူဆောင်သွားခဲ့တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကအသိပေး ထုတ်ပြန်ထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, The 88 Generation Peace and Open Society

    Yangon

    ဓာတ်ပုံ ရင်းမြစ်, The 88 Generation Peace and Open Society

  15. ထားဝယ်က ဆန္ဒပြသူတွေကို KNU ကလုံခြုံရေးယူပေး

    No Tag

    ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH

    No tag

    ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH

    အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ထားဝယ်မြို့မှာ မတ်လ ၈ရက်နေ့ကတော့ ဆန္ဒပြသူတွေကို ကရင်အမျိုးသား အစည်းအရုံး KNU က တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူပေးခဲ့ပါတယ်။

    ကရင်အမျိုးသား အစည်းအရုံး KNU က လုံခြုံရေး ယူပေးထားတဲ့ သပိတ်စစ်ကြောင်း တစ်ခု ထားဝယ်မြို့နယ် အရှေ့ဘက်ပိုင်းမှာ အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။

    ကရင်အမျိုးသား အစည်းအရုံး KNU ဟာ သူရဲ့ တပ်မဟာ ၅ နယ်မြေ ကော့ကရိတ် ကျုံဒိုးတို့ဘက်မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက လုံခြုံရေးယူပေးခဲ့ပါတယ်။

    ထားဝယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း ဆန္ဒပြသူ လူ ၄ဦးထက်မနည်း သေဆုံးခဲ့ပြီး အခု ကရင်အမျိုးသား အစည်းအရုံး KNU က တနင်္သာရီတိုင်း မြို့တော်မှာ ထားဝယ်မှာ ပထမဆုံး လုံခြုံရေး ယူပေးခဲ့တာ ဖြစ်ပါတယ်။

  16. ရခိုင်ပြည်နယ် ဂွမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

    ရခိုင်ပြည်နယ် ဂွမြို့မှာ မတ်လ ၈ ရက် ဒီကနေ့မနက်ပိုင်း ၁၀ နာရီလောက်ကစတင်ပြီးတော့ ကျေးရွာ တွေစုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ယခင်ရက်တွေက ဂွမြို့ပေါ်နဲ့ ကျိန္တလီမြို့တွေမှာပဲ ပြုလုပ်ခဲ့ကြပေမယ့် ဒီကနေ့မှာတော့ ကမ်းသာယာကနေ ဆပ်သွားထိ လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ ကိုကျော်မြင့်မောင်ကပြောပါတယ်။

    ဒီကနေ့ဆန္ဒပြပွဲကို ဂွမြို့ပေါ်ကသွားရောက်ပူးပေါင်းခဲ့ကြသလို လမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေ အားလုံးကလည်းပူးပေါင်းခဲ့ကြကာ အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ဂွမြို့နဲ့ဆယ်မိုင်ကျော်ခရီးကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဂွမြို့ပေါ်ကနေလိုက်ပါလာပြီး ဆန္ဒပြလူအုပ်ကို တားဆီးပိတ်ဆို့မှုတွေပြုလုပ်တာ တွေရှိပေမယ့် ပိတ်ဆို့မှုမလုပ်တဲ့လမ်းတွေကနေ ရှောင်ကွင်းပြီး ရှေ့ဆက်ချီတက်ခဲ့ကြတယ်လို့လည်း ဆန္ဒပြရာမှာပါဝင် သူတစ်ဦးက ပြောပါတယ်။

    Rakhine strike
    Rakhine strike
  17. ရန်ကုန်တက္ကသိုလ်ဝင်းထဲ ရဲနဲ့စစ်သားဝင်ရောက်နေရာယူ၊ လုံခြုံရေးအတွက်သာဖြစ် အခြားကဏ္ဍတွေ မနှောင့်ယှက်ဘူးလို့ တိုင်းမှူးပြော

    ဒီကနေ့ မတ်လ ၈ ရက် နေ့လည် ၁၁နာရီခွဲတုန်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် အနောက်ဂိတ်ကနေ စစ်ကား (၄) စီး ဝင်ရောက်လာခဲ့ပါတယ်။

    ကျောင်းဝန်းအတွင်းဝင်ရောက်ရာမှာ အကြောင်းမကြားဘဲ ဝင်လာခဲ့တာကြောင့် ဒုပါမောက္ခချုပ် ဒေါ်နီလာ အောင်နဲ့ ရန်ကုန်တိုင်းမှူးတို့ ဖုန်းနဲ့ဆက်သွယ်ညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။

    "အနောက်ဂိတ်ကို အတင်းဖွင့်ခိုင်းပြီး ဝင်လာတာ။ တိုင်းမှူးပြောချက်အရကတော့ လုံခြုံရေးအတွက်ပါပဲ။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ အခြားကဏ္ဍတွေမှာလည်း ဝင်မစွက်ဖက်ဘူးလို့ပြောတယ်။ သူတို့တပ်စွဲ ထားတဲ့နေရာကို ဒီဘက်ကလူတွေကလည်း သွားလို့မရဘူး။ သူတို့ကလည်း မလာဘူး။" လို့ ညှိနှိုင်းခဲ့ကြောင်း အဲ့ဒီနေရာမှာရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    ဒုပါမောက္ခချုပ်နဲ့ တိုင်းမှူး ညှိနှိုင်းပြီးနောက် ရဲနဲ့စစ်အင်အား ၃၀ နီးပါးကျောင်းထဲ ရှိနေပြီး မဝေကန်တင်း နားကအဆောင်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

    တက္ကသိုလ်ဝန်းအတွင်း လုံခြုံရေးအရဆိုပြီး ဝင်ရောက်တာဟာ မနေ့ညကလည်း ဖြစ်ပွားခဲ့ပြီး ဒီနေ့ မနက်မှာတော့ အခုလိုအင်အားအလုံးအရင်းနဲ့ ဝင်လာတာဖြစ်ပါတယ်။

    Yangon
  18. ဖျာပုံမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ လူအုပ်ကို ရဲကပစ်ခတ်ဖြိုခွင်းရာက လူ ၁ဦးသေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ

    ဖျာပုံမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုတဲ့ လူအုပ်ကို ရဲကပစ်ခတ်ဖြိုခွင်းရာက လူ ၁ဦးသေဆုံး၊ ပြင်းထန်ဒဏ်ရာရသူအချို့လည်းရှိနေတယ်လို့ သိရပါတယ်။

    ဒီကနေ့ မတ် ၈ ရက် မနက်ပိုင်းကမြို့တောင်ပိုင်းမှာပြုလုပ်တဲ့ဆန္ဒပြပွဲကို ရဲကလာရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ ၁၀၀ နီးပါး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဖမ်းဆီးခံထားရသူတွေအားလုံး ဖျာပုံမြို့မရဲစခန်းထဲမှာရှိနေပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ သွားရောက်တောင်း ဆိုရာမှာ အစောပိုင်းမှာ ရဲတွေဘက်က အချိန်ခဏစောင့်ဖို့ ပြန်လည်ပြောဆိုခဲ့ပေမယ့် နေ့လယ် ၂နာရီကျော်မှာ တော့ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပါတယ် ။

    Phyarpone
  19. မြစ်ကြီးနားမှာ ဆန္ဒပြလူအုပ်ကို ရဲက ပစ်ခတ်ဖြိုခွဲလို့ သေဆုံးဒဏ်ရာရသူတွေရှိလာ

    မြစ်ကြီးနားမြို့ စိန်ကိုလဘန် ကျာင်းအနီးတဝိုက်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကို ရဲက ပစ်ခတ်ဖြိုခွင်းရာမှာ လူ ၂ဦး ခေါင်းကို ထိမှန်လို့ တစ်ဦးနေရာမှာတင်သေဆုံးခဲ့ရသလို ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံအချို့ကပြောပါတယ်။

    ' ' မနက်ကတည်းက လူစုလို့ မရအောင် ရဲက ဘတ်ခွနဲ့ပစ် လိုက်ဖမ်းတာတွေလုပ်လို့ လူတွေက စိန်ကိုလဘန်ကျောင်းထဲကို ဝင်ပြေးနေကြတာ။ အဲထဲမှာ ပြန်ထွက်မရဘဲပိတ်မိနေတော့ လူငယ်တွေကနေ ဘေးဘက်ကလမ်းတွေမှာ ဆန္ဒတွေထပ်ပြကြတာ။ အဲ့မှာ ရဲကမီးခိုးဗုံးတွေရော အသံဗုံးတွေရော ပစ်ရင်းကနေ နေ့လယ် ၁နာရီလောက်ကျတော့ သေနတ်တွေနဲ့ပစ်တော့တာပဲ။ အောက်ကနေ ပစ်တာပါသလို အပေါ်အမြင့်နေရာကနေ ပစ်တာလည်းပါတယ်။''လို့ အခင်းဖြစ်ပွားရာအနီးမှာ ပိတ်မိနေခဲ့သူတစ်ဦးက ပြောပြပါတယ်။

    မြစ်ကြီးနားမှာ ရဲက ဆန္ဒပြလူအုပ်ကို ပစ်ခတ်တာဖြိုခွင်းတာတွေရှိခဲ့ပေမယ့်လည်း ဒီကနေ့မှာ ပထမဆုံးအနေနဲ့ လူသေဆုံးမှုရှိလာတာလည်းဖြစ်ပါတယ်။

    Myintkyina strike
  20. စစ်ကိုင်းကလူထုသပိတ် ပိတ်ဆို့ထားတဲ့ ရဲနဲ့စစ်တပ်ကိုရှောင်ပြီးဆန္ဒပြ

    စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူထုအ‌ထွေထွေ သပိတ်ကို စစ်တပ်နဲ့ရဲ‌တွေရဲ့ ပိတ်ဆို့တာကို‌ ရှောင်ပြီး ဆန္ဒပြကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "တပ်နဲ့ရဲက ငါးထပ်ကြီးမှာ သွားစောင့်နေတာ။ အရင်ကအဲ့နေရာ သပိတ်ပေါင်းစုံတာ။ ထိုင်သပိတ်တွေ လုပ်ခဲ့တာ။ ဒီနေ့ရှောင်ပြီး မျက်လှည့်ပြလိုက်တာ "လို့ ဆန္ဒပြစစ်ကြောင်းနဲ့ စစ်ရဲ လမ်းပိတ်ထားတဲ့ အခြေအနေ တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးကပြောပါတယ်။

    ဒီကနေ့ စစ်ကိုင်းမြို့စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲကို ဘာသာပေါင်းစုံအဖွဲ့နဲ့ ကျောင်းသားလူငယ်တွေ အများဆုံးပါဝင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

    Sagaing Strike
    Sagaing Strike
    Sagaing Strike