ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ညက အဖမ်းခံရပြီး မနက်မှာ အလောင်းပြန်ရလို့ နာရေးအခမ်းနားလုပ်

    No tag

    ဓာတ်ပုံ ရင်းမြစ်, Shweinnthar

    No tag

    ဓာတ်ပုံ ရင်းမြစ်, Shweinnthar

    No tag

    ဓာတ်ပုံ ရင်းမြစ်, Shweinnthar

    မတ်လ၆ရက်ညက စစ်ကောင်စီလုံခြုံရေးတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက် သေဆုံးသွားတဲ့ ပန်းဘဲတန်းမြို့နယ်က NLDအဖွဲ့ဝင် ဦးခင်မောင်လတ် စျာပနကို မတ်လရရက်နေ့က ရန်ကုန်မြို့ရေဝေးရှိ မွတ်ဆလင်သုသာန်မှာ နာရေးစျာပနကျင်းပခဲ့ပါတယ်။

    ဦးခင်မောင်လတ်ဟာ ဦးခေါင်းမှာ ဒဏ်ရာအများအပြားရှိထားတာ‌‌တွေ့ရတယ်တယ်လို့မိ သားစုဝင်တွေက ပြောပြီး စျာပနာမှာ ဦးခေါင်းကို မဖော်ဘဲပိတ်ဖြူနဲ့ပတ်ထားပြီး မျက်နှာကိုဘဲဖော်ထားတာတွေ့ရတယ်လို့ စျာပနာအခမ်းနားကိုတက်ရောက်ခဲ့သူတွေကပြောပါတယ်။

    သူရဲ့ ဆေးစစ်မှတ်တမ်းကို ရဲတပ်ဖွဲ့က အပြင်ကို ထုတ်မပြောဖို့ မိသားစုဝင်တွေကို မှာထားကြောင်းလည်း စျာပနာအခမ်းနားတက်ခဲ့တဲ့ မိသားစုနဲ့ ဝင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

  2. တက္ကသိုလ်ကျောင်းတွေထဲ စစ်ကောင်စီ တပ်တွေ ဝင်တပ်စွဲနေ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေး မုံရွာနဲ့ ပြည် မြို့တို့က တက္ကသိုလ်ကျောင်းဝင်းတွေထဲကို အာဏာသိမ်းစစ်ကောင်စီရဲ့လုံခြုံရေး တပ်တွေ ဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    မုံရွာတက္ကသိုလ် ဝင်းအတွင်း ကို စစ်ကောင်စီရဲ့ ရဲနဲ့ စစ်တပ်တွေ ဒီနေ့မနက်ပိုင်းက ဝင်ရောက်တပ်စွဲနေတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မုံရွာဒေသခံတွေက ပြောပါတယ်။

    မတ်လ ၇ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက စတင်ဝင်ရောက်ပြီး တပ်စွဲလာတာဖြစ်ပြီး ဒေသခံတွေက ဝိုင်းပြီးကန့်ကွက်ကြလို့ ပြန်ထွက်သွားချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်က ဝင်ရောက်တပ်စွဲလာခဲ့တာဖြစ်ပါတယ်။

    အခုအခါမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေဟာ မုံရွာတက္ကသိုလ် ဓမ္မာရုံထဲမှာ ဝင်ရောက်တပ်စွဲနေတယ်လို့ လည်းဒေသ ခံတွေက ပြောပါတယ်။

    ဒါ့အပြင်မုံရွာ တက္ကသိုလ်ကို သွားရာလမ်းတစ်လျှောက်ဖြစ်တဲ့ကျောက်က္ကာ လမ်းပေါ်မှာ စစ်ကား အစီး ၃၀ ခန့်ရောက်ရှိနေရာယူထားတယ်လို့လည်း သိရပါတယ်။

    မန္တလေး နည်းပညာတက္ကသိုလ် ကိုအခုလိုဝင်ရောက်တပ်စွဲတာ ရှိသလို ပြည်တက္ကသိုလ်မှာ လည်းဝင်ရောက်တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  3. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဖမ်းဆီးခံထားရတာ တစ်လနီးပါးရှိလာ၊ ရှမ်းကအဖွဲ့ခွဲဥက္ကဌတစ်ဦး ရောဂါအခံပြန်ထလို့သေဆုံး

    တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတွေနဲ့ အတွင်းရေးမှူးတွေ ဖမ်းဆီး ထိန်းသိမ်းခံထားရတာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။

    အထိန်းသိမ်းခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌြ ဖစ် သူ ဦးခွန်မောင်ဖြူမှာ အဖမ်းခံထားရစဉ် ရောဂါအခံတွေပြန်ထလာတဲ့အတွက် စစ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် မတ် ၄ ရက်နေ့မှာ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

    ' ' သူက နဂိုထဲက အစာမစားရင် အော့တာအန်တာ ရောဂါအခံတွေကလည်းရှိတယ်။ သူ့ကိုထိန်းထား တဲ့ နေရာမှာလည်း အစာမစားဘဲအရက်တွေပဲဖိသောက်တယ်လို့ ပြောတယ်။ ၁၅ ရက်နေ့ကစဗိုက်အောင့် တယ်ပြောတယ်။ ၂၅ရက်နေ့ လောက်မှာလည်း အန်တာတွေဘာတွေထပ်ဖြစ်လို့ အိမ်ကို ပြန်လာပို့တယ်။ အိမ်မှာ တစ်ရက်တစ်ည ထားပြီး ကုသေးတယ်။ မသက်သာတာနဲ့ စစ်ဆေးရုံကို ပို့ပြီးကုခဲ့တာ ၄ရက်နေ့မှာတော့ ဆုံးသွားပါတယ်''လို့ ကွယ်လွန်သူ ဦးခွန်မောင်ဖြူရဲ့ ဇနီးသည်က ဘီဘီစီကိုပြောပါတယ်။

    ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဋ္ တွေအတွင်းရေးမှူးတွေကို တပ်မတော်က အာဏာရယူပြီး ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး ညပိုင်းတွေမှာ နေအိမ်တွေကခေါ်ယူထိန်းသိမ်းထားခဲ့ပြီး အခုထိပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

    အလားတူ ရန်ကုန်တိုင်းအတွင်းကော်မရှင်ဥက္ကဋ္ဌတွေအတွင်းရေးမှူးတွေကိုလည်း ဘုရင့်နောင် စစ်ကြောရေး စခန်းမှာ ခေါ်ယူထိန်းသိမ်းထားပြီး တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ ပြန်လွတ်ပေးမယ့်နေ့ကိုလည်း မသိရဘူးလို့ အင်းစိန်မြို့နယ်ကေ်ာမရှင်ဥက္ကဋ္ဌဦးကျော်လင်းက ဘီဘီစီကိုပြောပါတယ်။

    Election

    ဓာတ်ပုံ ရင်းမြစ်, UEC

  4. ကချင်ပြည်နယ်၊ မိုးညှင်းထွေအုပ်ရုံးက ဝန်ထမ်း(၉)ယောက် CDMမှာ ပါဝင်လာ

    ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစိုးရဝန်ထမ်း(၉)ဦးဟာ ဒီကနေ့ မတ်(၇) ရက်နေ့ကစပြီး CDM မှာပါဝင်လာကြပြီလို့ ပါဝင်သူဝန်ထမ်းအချို့ထံက သိရပါတယ်။

    သူတို့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူကရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်အောက်မှာသာ တာဝန်ထမ်းဆောင်သွားမယ်လို့ ဌာန အကြီးအကဲထံ တရားဝင်စာတင်ပြီး CDM မှာပါဝင်လာခဲ့ကြတာလို့သိရပါတယ်။

    Kachin
  5. ပုဂံမှာ လူထုသပိတ်စစ်ကြောင်းကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး၊ ဒဏ်ရာရသူနဲ့အဖမ်းခံရသူတွေလည်းရှိ

    ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ ပုဂံဒေသမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က အာဏာရှင်ဆန့်ကျင်ရေးလှည့်လည်လာတဲ့လူထုသပိတ်စစ်ကြောင်းကို ပုဂံမြို့သစ်ဈေးအနီးဝန်းကျင်အရောက်မှာ ရဲကပစ်ခတ်ဖြိုခွင်းတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    '' လူငယ်တစ်ယောက်တော့ ပါးကို မှန်သွားတယ်။ ပစ်တာ အချက် ၅၀လောက်ရှိတယ်။ ကျည်အစစ်တွေပါပါတယ်။ ''လို့ ဒေသခံတစ်ဦးကဘီစီကိုပြောပါတယ်။

    ရဲရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား ၆ဦးအဖမ်းခံခဲ့ရပြီး တစ်ဦးကတော့ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။

    Bagan
    Bagan
    Bagan
  6. မတ် ၇ ရက်နေ့ မနက်အစောပိုင်းက မြောက်ဥက္ကလာပEPCဝန်ထမ်းလိုင်းခန်း မီးလောင်

    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်း၊ EPC ဝန်ထမ်းလိုင်းခန်းမှာ ဒီကနေ့မတ် ၇ ရက်နေ့မနက် ၂နာရီ ၁၅ မိနစ်ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က ကြေညာထားပါတယ်။

    အဆိုပါ မီးလောင်မှုကို ၁၀ မိနစ်ကျော်အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

    Yangon

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

  7. သာကေတသပိတ်စစ်ကြောင်းကို ရဲကဖြိုခွင်းမှုတွေရှိပေမယ့် လူစုကာဆန္ဒပြန်ပြ

    သာကေတမြို့နယ်မြင်တော်သာလမ်းမကြီးမှာ ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်းကဆန္ဒ ပြသပိတ် စစ်ကြောင်းကို ဒေါပုံနဲ့သုံးခွမြို့နယ်‌တွေကသပိတ်စစ်ကြောင်းတချို့လာရောက်ပူးပေါင်းတာတွေရှိခဲ့ပြီး မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာတော့ ရဲနဲ့စစ်တပ်က အသံဗုံးအသုံးပြုပြီး ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။

    ဒါပေမယ့်လည်း လူစုခွဲတိမ်းရှောင်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ သပိတ်စစ်ကြောင်းကို လူစုပြီး ဆန္ဒပြတာတွေကို ဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်။

    Yangon Strike
    Yangon Strike
  8. ရခိုင်ပြည်နယ် ဂွမြို့မှာလည်း စစ်ဆန့်ကျင်ရေးဆန္ဒပြ

    ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဒေသခံ ၂၀၀ နီးပါးကစုပေါင်းလှည့်လည်ဆန္ဒပြတာတွေပြုလုပ်ခဲ့ကြပါတယ်။

    နိုင်ငံနဲ့အဝှမ်းကမြို့ကြီးအများစုမှာ ဆန္ဒပြလူအုပ်ကို ပစ်ခတ်ဖြိုခွင်းတာတွေရှိနေပေမယ့် ဂွမြို့မှာတော့ ဖမ်းဆီးတာတွေမရှိခဲ့ဘဲ ပိတ်ဆို့တားဆီးမျိုးပဲ ကြုံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

    Rakhine Strike
    Rakhine Strike
    Rakhine Strike
    Rakhine Strike
  9. စစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာတွေ သံရုံးတွေနဲ့ ပါလီမန်မှာ ပရိုဂျက်တာနဲ့ပြသ

    အာဏာသိမ်းစစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြားက ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ မြန်မာပြည်တွင်းက ဆန္ဒပြတဲ့ သူတွေကိုထောက်ခံအားပေးတဲ့အနေနဲ့ Lockdown ကာလကြီးမှာ တရုတ်သံရုံး၊ UK parliment နဲ့ ယူကေ မြန်မာသံရုံးတွေမှာ UKရောက်မြန်မာတွေက ပရိုဂျက်တာထိုးပြသခဲ့ပါတယ်။

    မြန်မာ့ဒီမိုကရေစီရဲ့ လူသတ်သမားလို့ရေးထားတဲ့ မင်းအောင်လှိုင်ပိုစတာနဲ့ ခေါင်း သေနတ်မှန်သေဆုံး ခဲ့တဲ့ ကြယ်စင်ရဲ့ပိုစတာတွေကို ပါလီမန်မှာထိုးပြခဲ့ပြီး မြန်မာစစ်အာဏာရှင်စနစ်က တရုတ်အစိုးရရဲ့ ထုတ်ကုန်နဲ့ ရုံးတက်နေတုန်းလားဆိုတဲ့ ပိုစတာ၂ခုကိုတော့ မြန်မာသံရုံးမှာသွားရောက်ပြခဲ့ကြပါတယ်။

    ယူကေ တရုတ်သံရုံးရှေ့မှာ ပိုစတာထိုးပြသခဲ့ပေမယ့် ရဲလိုက်တာကြုံရပြီး ခနပဲပြခွင့်ရကာ နေရာပြောင်းခဲ့ ရပါတယ်။

    သူတို့အဖွဲ့ကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို မီးမောင်းထိုးဆန့်ကျင်ဆန္ဒပြနေတဲ့ Extinction Rebellion အဖွဲ့က အကူအညီပေးခဲ့တာဖြစ်ပါတယ်။

    Myanmar Military
    Myanmar Military
  10. တပ်က ညပိုင်းလာရောက်ဖမ်းဆီးသွားတဲ့ ပန်းဘဲတန်းရပ်/ကျေးNLD ဥက္ကဋ္ဌဦးခင်မောင်လတ် သေဆုံး

    မနေ့က မတ် ၆ ရက် ည၁၀ နာရီဝန်းကျင်ခန့်က ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းရှိနေအိမ်မှာ ဦးခင်မောင်လတ်ကို ရဲနဲ့ စစ်တပ်က အင်အားသုံးအကြမ်းဖက်ဖမ်းဆီးသွားခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်း မှာ တော့ ဦးခင်မောင်လတ်သေဆုံးသွားပြီဖြစ်ကြောင့် ပန်းဘဲတန်းမြို့မစခန်းမှူးက မိသားစုဝင်တွေကို ဖုန်းဆက် အကြောင်းကြားလာခဲ့တယ်လို့ သိရပါတယ်။

    ‘ ‘ စခန်းမှူးက မိသားစုတွေကို ဦးခင်မောင်လတ်က မိုက်ခနဲလဲကျသွားလို့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ထားတာ ဆုံးသွားလို့ဆိုပြီး ရုပ်အလောင်းကို စစ်ဆေးရုံမှာလာထုတ်ဖို့အကြောင်းကြားတယ်။ မိသားစုဝင်တွေကလည်း စိုးရိမ်ကြတာတော့အခု ဦးခင်မောင်လတ်ရဲ့ မိတ်ဆွေတစ်ဦးနဲ့ နောက် ၂ဦး စုစုပေါင်း ၃ဦးက အခု စစ်ဆေးရုံ မှာ သွားထုတ်နေတယ်။ သူ့ကို ဖမ်းဆီးတုံးကလည်း ရိုက်နှက်အကြမ်းဖက်တာတွေရှိခဲ့တယ်။’’လို့ ဦးခင်မောင်လတ်သေဆုံးမှုနဲ့ပတ်သက်ပြီး လိုက်လံကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့မှ ဦးထွန်းကြည်က ဘီဘီစီကိုပြောပါတယ်။

    ဦးခင်မောင်လတ်ဟာ NLD ပါတီရဲ့ ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက်ရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ ကမ်ပိန်းမန်နေဂျာတစ်ဦးလည်းဖြစ်ပါတယ်။

    ကွယ်လွန်သူဟာ အစ္စလာမ်ဘာသာဝင် တစ်ဦး ဖြစ်တာကြောင့် အစ္စလာမ့်ထုံးတမ်းနဲ့အညီ မြုပ်နှံဈာပန ပြုလုပ်နိုင်ရေး ကြိုးစားနေတယ်လို့လည်း သိရပါတယ် ။

    မနေ့ကညပိုင်းက ပန်းဘဲတန်းမြို့နယ်အတွင်းက ဦးခင်မောင်လတ်အပြင် NLD ပါတီက EC အဖွဲ့ဝင်အချို့ရဲ့နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေခဲ့ပြီး ဦးခင်မောင်လတ်တစ်ဦးသာ ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, SI thu Maung

  11. မိတ္ထီလာနဲ့ မန္တလေးမြို့က တက္ကသိုလ်၊ ဆေးရုံတွေမှာ တပ်ကဝင်ရောက်တပ်စွဲ၊ ဒေသခံတွေကလက်မခံဘဲ ဆန္ဒပြနေ

    မိတ္ထီလာ၊ မန္တလေးနဲ့ ပုသိမ်မြို့တွေက တက္ကသိုလ်နဲ့ ဆေးရုံတွေမှာ တပ်ကဝင်ရောက်တပ်စွဲလို့ ဒေသခံတွေ ဘက်ကမကျေလည်မှုတွေရှိနေပြီး တပ်မတော်သားတွေပြန်ထွက်ပေးဖို့ ဒေသခံတွေလာရောက်တောင်းဆို မှုတွေရှိနေတယ်လို့သိရပါတယ်။

    ‘ ‘ မနက် ၄နာရီလောက်ထဲက မိတ္ထီလာ GTC ဝန်းနဲ့ ဆေးရုံဝန်းတွေထဲကို တပ်ကဝင်နေတာ။ လူတွေက မနက် ၅နာရီလောက်မှ သိကြတာ။ အခုတော့ ဆေးရုံဝင်းရှေ့မှာ တပ်ကိုပြန်ထွက်ပေးဖို့ လူတွေက တောင်း ဆိုနေကြတယ်။ တောင်းဆိုနေတဲ့လူတွေကတော့ရာနဲ့ချီရှိလာပြီ။ ဆရာဝန်တွေနဲ့ လူနာတချို့ကတော့ မနက်ပိုင်းထဲက ထွက်လာကြသူတွေလည်းရှိတယ်။ လူနာတချို့တော့ ဆေးရုံဝန်းထဲမှာရှိနေတုံးပဲ’’လို့ မိတ္ထီလာမြို့အခြေစိုက်ဝန်ဇင်းလူငယ်ပရဟိတအဖွဲ့ကတာဝန်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဆေးရုံရှေ့မှာ ရောက်ရှိနေတဲ့လူအုပ်ကို မနက် ၉နာရီကျော်ကျော်မှာ မီးသတ်ကရေကားတွေနဲ့ လူအုပ်ကို ဖြန်းတာတွေလည်းရှိခဲ့တယ်လို့ မိတ္ထီလာမြို့ခံကိုသက်နိုင်ဦးကပြောပြပါတယ်။

    လက်ရှိမှာတော့ လာရောက်တောင်းဆိုတဲ ဒေသခံတွေက ဆေးရုံအနီးမှာ ထိုင်သပိတ်ပြုလုပ်တောင်းဆို နေကြပါတယ်။

    အလားတူ မန္တလေးမြို့မှာလည်း မန္တလးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အပါအဝင်တက္ကသိုလ်ဝန်းတွေထဲ ဒီကနေ့ မနက်အစောပိုင်းမှာ တပ်ကဝင်ရောက်တပ်စွဲတာတွေရှိနေပြီး ဒေသခံတွေက လက်မခံနိုင်ကြောင်း ကန့်ကွက်တာတွေလည်းရှိနေပါတယ်။

    Maikhtila

    ဓာတ်ပုံ ရင်းမြစ်, Daw Mi Mi'Facebook

  12. NLD အလုပ်အမှုဆောင်တချို့ရဲ့ အိမ်တွေ ညပိုင်း ဝင်ရောက်ရှာဖွေခံရ

    ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်လမ်းထဲက မြို့နယ် NLD အလုပ်အမှုဆောင်တချို့ရဲ့ နေအိမ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရှာတာရှိတယ်လို့ ရွေးကောက်ပွဲ အနိုင်ရ NLD ပန်းဘဲတန်း ကိုယ်စားလှယ် ဦးစည်သူမောင်က သူ့ရဲ့ ဖေ့်ဘွတ်ခ်မှာ ရေးထားပါတယ်။ တံခါးတွေကို ထုရိုက်ဖျက်ဆီးတာနဲ့ တခြားနေအိမ်တွေက ထွက်ကြည့်လို့မရအောင် သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မြို့နယ်ပါတီ ဒုက္ကဋ္ဌ ဦးမောင်မောင်ရဲ့ နေအိမ်ကို ရှာဖွေခဲ့ပေမဲ့ လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။

  13. ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ကို ICC ကတစ်ဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါက်တာဆာဆာ ပြော

    သောကြာနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအတွက် CRPH ဘက်က တင်ပြတောင်းဆိုထားပေမယ့် လုံခြုံရေးကောင်စီက အားလုံးသဘောတူကြေညာချက် ထုတ်ပြန်နိုင်မှု မရှိခဲ့တာနဲ့ ပတ်သက်လို့ CRPH ရဲ့ ကုလသမဂ္ဂ အထူးသံတမန် ဒေါက်တာဆာဆာကတော့ R2P - Responsibility to Protect ကုလတပ်တွေ ဝင်ရောက်ကာကွယ်ခွင့်အပြင် တခြားသံတမန်နည်းလမ်းတွေ၊ နောက်ပြီး ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး) လမ်းကြောင်းကနေပါ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

  14. မိတ်ဆွေနိုင်ငံ အနည်းငယ်နဲ့ ရှေ့ဆက်မယ်ဆိုတဲ့ စစ်ကောင်စီနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း

  15. မန္တလေးက မကြယ်စင်ကို ထိမှန်တာ ရဲတပ်ဖွဲ့ကျည်မဟုတ်ဘူးလို့ဆို

    မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးခေါင်းကို ကျည်ထိ သေဆုံးခဲ့တဲ့ မကြယ်စင်ရဲ့ ဦးခေါင်းမှာ တွေ့ရတဲ့ ခဲသတ္တုဟာ ရဲတပ်ဖွဲ့ အသုံးပြုတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ကျည်မဟုတ်ဘူးလို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

    အဲဒါဟာ ဒသမ ၃၈ ကျည်နဲ့ ပစ်ခတ်နိုင်တဲ့ ပွိုင့်တာသေနတ်နဲ့ ပစ်ခတ်တဲ့ ခဲယမ်းဖြစ်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    အဲဒီလို စစ်ဆေးနိုင်ဖို့ မကြယ်စင်ရဲ့ ဖခင်ဆီမှာ ခွင့်တောင်းပြီး မတ်လ ၅ ရက်က တရားသူကြီး ခွင့်ပြုမိန့်နဲ့ အုတ်ဂူကို ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ပါပါတယ်။

    မတ်လ ၃ ရက် မန္တလေးမြို့ ပစ်ခတ်ဖြိုခွင်းမှုမှာ အမျိုးသား တစ်ဦးလည်း သေဆုံးခဲ့ပြီး အဲဒါနဲ့ ပတ်သက်လို့ သီးခြား ထုတ်ပြန်တာကိုတော့ မတွေ့ရပါဘူး။

    ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း နေပြည်တော် ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းခံရပြီး သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာတွေ့ရတဲ့ အရာဟာလည်း ရဲတပ်ဖွဲ့ရဲ့ ကျည်မဟုတ်ဘဲ တခြား ပြင်ပက အသုံးပြုတဲ့ လက်နက်ရဲ့ ကျည်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

    မန္တလေးက မကြယ်စင်ကို ထိမှန်တာ ရဲတပ်ဖွဲ့ကျည်မဟုတ်ဘူးလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Social Medai

  16. မြန်မာဘက်က ရဲတပ်ဖွဲ့ဝင်တွေ ပြန်ပို့ဖို့ အိန္ဒိယဘက်ကို တောင်းဆို

    မြန်မာဘက်နေအိန္ဒိယဘက်ကိုပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပြေးခိုလှုံသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုပြန်လွှဲပေးဖို့မြန်မာအဏာပိုင်တွေက တောင်းဆိုထားတယ်လို့ အိန္ဒိယဘက်က တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မြန်မာဘက်က ရဲတပ်ဖွဲ့တချို့နဲ့ သူတို့မိသားစုဝင် စုစုပေါင်း ၃၀ လောက် နယ်စပ်ဖြတ်ကျော်ပြီး ခိုလှုံသွားခဲ့တာပါ။

    နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းထားဖို့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာဘက်က ဖလမ်းခရိုင် တာဝန်ရှိသူ တစ်ဦးက ပေးပို့ထားတဲ့စာကို ရထားတယ်လို့ အိန္ဒိယ မီဇိုရမ် ပြည်နယ်ထဲက ခရိုင်အုပ်ချုပ်ရေး အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။ မြန်မာဘက်က ပို့ထားတဲ့ စာရင်းထဲမှာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါပါတယ်။

    မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေ CDM လှုပ်ရှားမှုတွေလုပ်တာတွေရှိပေမဲ့ဒါကအိန္ဒိယဘက်ကိုပထမဆုံးထွက်ပြေးခဲ့တာဖြစ်ပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်နေတယ်လို့လည်း သူက ပြောပါတယ်။

    မြန်မာဘက်က ရဲတပ်ဖွဲ့ဝင်တွေ ပြန်ပို့ဖို့ အိန္ဒိယဘက်ကို တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Khin Si Thu

  17. ရန်ကုန်မှာ ကိုကိုကျွန်းမှအပ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ပြီးပြီလို့ ကြေညာ

    ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲလို့ မြို့နယ်အားလုံးမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးပြီလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRYH က ဒီကနေ့ ကြေညာလိုက်ပါတယ်။

    အဲဒါနဲ့အတူ တခြားပြည်နယ်နဲ့ တိုင်းတချို့မှာ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတဲ့ သတင်းတွေကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာနေပါတယ်။

    ရန်ကုန်မှာ ကိုကိုကျွန်းမှအပ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ပြီးပြီလို့ ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့ တောင်ကိုရီးယားပြော

    မြန်မာပြည်သူတွေကို အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့နဲ့ ပြည်သူတွေနဲ့အတူ ရှိနေတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ဆိုရှယ်မီဒီယာတွေမှာ အခုလို ရေးသားခဲ့ပါတယ်။

    “မြန်မာပြည်သူတွေကိုအကြမ်းဖက်တာတွေအခုရပ်ပေးရမယ်။နောက်ထပ်အသက်တွေမဆုံးရှုံးသင့်တော့ဘူး။ဆန္ဒပြမှုတွေကိုစစ်နဲ့ ရဲ တပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းတာကိုကျွန်တော်တို့ ရှုတ်ချတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ အလေးအနက် တောင်းဆိုပါတယ်။ ဒီမိုကရေစီ မြန်မြန်ဆန်ဆန် ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်တည်ဆောက်ရေး မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။”

  19. အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက ဝန်ထမ်း ၈၀ ကျော် CDM မှာပါဝင်

    ဒီမိုကရေစီနည်းကျ ဆန္ဒမဲပေးခဲ့ကြတဲ့ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဦးဆောင်တဲ့စစ်ကောင်စီလက်အောက်မှာဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် CDM လှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၈ ရက်တည်းက ပါဝင်နေတာဖြစ်တယ်လို့ ကော်မရှင်ဝန်ထမ်း ၈၅ ဦးက မတ်လ ၅ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဲဒီလို CDM လုပ်နေသူတွေကို ရုံးပြန်တက်ဖို့အပါအဝင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ အရေးယူမယ်လို့ အကြောင်းကြားလာတယ်လို့ဆိုပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်အောက်တွင်သာ တာဝန်ပြန်လည်ထမ်းဆောင်သွားမှာဖြစ်ပြီး ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မည်သည့်ထွက်ဆိုချက်မှပေးမှာမဟုတ်ဘူးလို့လည်းဖော်ပြထားပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, Social Media

    CDM

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် အင်းတော်ကြီးဘုရားမှာ ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲပြုလုပ်

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကို ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်၊ အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

    ဆုတောင်းပွဲမှာ မိုးညင်းမြို့နယ်လုံးဆိုင်ရာလူငယ် သပိတ်စစ်ကြောင်းအဖွဲ့နဲ့ ရှမ်းနီလူငယ် အဖွဲ့အစည်းတွေ၊ ကချင်လူငယ်တွေ၊ မိုးညင်းမြို့နယ်ရှိကျောင်းသားသမဂ္ဂအဖွဲ့တို့က စုပေါင်းပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ