အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ကွယ်လွန်သူမလုံမငြိမ်းချမ်းရဲ့ခင်ပွန်း ပုသိမ်အကျဉ်းထောင်မှာကျန်းကျန်းမာမာရှိနေတယ်လို့ မိသားစုပြော
ဧပြီ ၂ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မလုံမငြိမ်းချမ်းရဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်လှမိုးဟာအကျဉ်းထောင်ထဲ မိမိကိုယ်ကိုသတ်သေဖို့ကြိုးစားတယ်ဆိုပြီး ညနေပိုင်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ အဲ့ဒါဟာသတင်းအမှားသာဖြစ်တယ်လို့ မိသားစုဘက်ကတုံ့ပြန် ဖြေကြားပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရတဲ့ ကိုချက် (ခ) ကိုကျော်လှမိုးဟာ ထောင်ဆေးရုံတက်နေရတယ်ဆိုတာဟာလည်း မမှန်ကန်ဘူးလို့ ဆိုပါတယ်။
"စိတ်ထိခိုက်ကြေကွဲတာတော့ရှိတာပေါ့။ အဲဒီလို သတင်းထွက်နေသလိုတွေ မဟုတ်ဘူး။ ဖေဖေ ကျန်းကျန်းမာမာ ရှိနေပါတယ်။ အကျဉ်းထောင်ဆေးရုံလည်း မတက်ရပါဘူး။ ဒီလိုသတင်းတွေလည်းမ ဖြန့်စေချင်ဘူးဗျ"လို့ သားဖြစ်သူက ဘီဘီစီကို ပြောပါတယ်။
ကိုကျော်လှမိုးကို စစ်ပုန်ကန်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မ ၅၀၅ (က) ထောင်ဒဏ် ၂နှစ် ပုသိမ်အကျဉ်းထောင် အထူးတရားရုံးကနေ အမိန့်ချမှတ်ထားပြီးဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့ PDFတွေနဲ့ ဆက်သွယ်လို့ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂နဲ့ပါ ထပ်တိုးတရားစွဲဆိုထားတယ်လို့ မိသားစုထံကနေသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lon Ma Nyein Chan - Facebook
နိုင်ငံခြားသုံးငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ် ဗဟိုဘဏ်ပြော
မင်းတပ်-မတူပီလမ်းပိုင်းက စစ်ကောင်စီယာဉ်တန်းကိုတိုက်ခိုက်မှု စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်လို့ CDF မင်းတပ်ပြော

ဓာတ်ပုံ ရင်းမြစ်, screengrab
ဓာတ်ပုံ ပုံစာ, CDF မင်းတပ်က မင်းတပ်-မတူပီလမ်းပေါ်က စစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ် ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းပိုင်းမှာ သွားလာနေတဲ့စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)က နေ့စဉ် တိုက်ခိုက်နေပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ချီကျဆုံးနေပြီလို့ CDF မင်းတပ်ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကားအစီးရေ ၈၀ ခန့်ပါတဲ့ ယာဉ်တန်းဟာ မတ်လနှောင်းပိုင်းကတည်းက မင်းတပ်-မတူပီလမ်းတစ်လျှောက် မောင်းတက်လာတာဖြစ်ပြီး အဲဒီယာဉ်တန်းကို CDF မင်းတပ်က လမ်းမှာ ပြောက်ကျားတိုက်ခိုက်နေတာဖြစ်ပါတယ်။
CDF မင်းတပ်က အဲဒီယာဉ်တန်းကို ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ၂ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်း ဧပြီလ ၃ ရက်အထိ ရက်ခြားပြီး တိုက်ပွဲဖြစ်နေခဲ့တာပါ။
စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ပဒေသာမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်တာအပါအဝင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် သေဆုံးထားပြီး သေဆုံးမှု ဒီထက်များနိုင်တယ်လို့ CDF မင်းတပ်ဘက်က ပြောပါတယ်။
''အတည်ပြုနိုင်ခဲ့တာက ၂၂ ယောက်ပဲ။ နောက်ပြီး ပဒေသာမိုင်းနဲ့ ပြင်းပြင်းထန်ထန် ဖောက်ခွဲမှုမှာလည်း အကျအဆုံးတွေရှိတယ်။ အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သူတို့လာတဲ့အချိန်တိုင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ဘက်က သူတို့လာတိုင်းမှာ တနေ့ကို ၂ မိုင်၊ ၃ မိုင်လောက်ပဲ ခရီးဆက်နိုင်အောင် တိုက်လေ့ရှိပါတယ်။ တိုက်ပွဲက နေ့စဉ်ပြင်းထန်နေတယ်။ အကျအဆုံးမသေချာတာတွေကိုတော့ မထုတ်ပြန်တာပဲရှိတယ်''လို့ CDF မင်းတပ်ပြောခွင့်ရသူက ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီယာဉ်တန်းဟာ ပုံမှန်ဆို တစ်နေ့တာနဲ့ သွားနိုင်တဲ့ မင်းတပ်-မတူပီ ခရီးကို သွားလာနေတာ ၁၀ရက်နီးပါးအထိကြာမြင့်လာပြီ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မိုင် ၁၅၀ နီးပါးရှိတဲ့ မင်းတပ်-မတူပီလမ်းမကြီးတစ်လျှောက် ခရီးဆက်နေတာ မိုင် ၇၀ အထိရောက်နေပြီလို့ သိရပါတယ်။
ရွှေနဲ့ငွေကြေးဈေးကွက်တည်ငြိမ်မှုရှိဖို့ဆိုပြီး ကော်မတီဖွဲ့ကာစစ်ဆေးအရေးယူဖို့ စစ်ကောင်စီပြင်ဆင်
ပြည်တွင်း၊ပြည်ပကုန်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ရွှေနဲ့ငွေကြေးဈေးကွက်တည်ငြိမ်မှုကအရေးပါတဲ့အတွက် ပြည်တွင်းရွှေ၊ ငွေကြေးဈေးနှုန်းတွေ တည်ငြိမ်အောင်ကြပ်မတ်ဖို့ဆိုပြီး စစ်ကောင်စီကကော်မတီဖွဲ့ပြီးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲ့ဒီအဖွဲ့အနေနဲ့ နိုင်ငံခြားငွေကြေးတွေကို တရားမဝင်ကိုင်ဆောင်တာ၊ အရောင်းအဝယ်ပြုလုပ်တာနဲ့ ဈေးကစားတာတွေ၊ ငွေသားရှိတဲ့လူ၊ ဘဏ်အကောင့်ရှိတဲ့သူက ရာခိုင်နှုန်းယူပြီး ပြင်ပမှာလဲလှယ်နေတာတွေနဲ့ အိမ်ခြံမြေကား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိန်း ၂၀၀ အထက်ဆိုရင် ဘဏ်နဲ့အရောင်းအဝယ်လုပ်ရမှာဖြစ်ပြီး အဲ့ဒီလိုမလုပ်ခဲ့ရင် အရေးယူသွားမယ်လို့ သိရပါတယ်။
"ကော်မတီသုံးရပ်ရှိပါတယ်။ ရွှေဈေးကွက်စောင့်ကြည့်ရေးအဖွဲ့၊ ငွေကြေးဈေးကွက်စောင့်ကြည့်ရေးအဖွဲ့နဲ့ ဘဏ်အခွန်အခပေးဆောင်တာရှိမရှိစိစစ်မယ့်အဖွဲ့ဆိုပြီးရှိပါတယ်။ ဒီအရေးယူနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတိုင်ကြားလာတယ်ဆိုရင် ဆပ်ကော်မတီတွေက ဆင်းပြီးစစ်ဆေးမယ်"လို့ ရွှေနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူတဦးက ဘီဘီစီကိုပြောပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးသွားမှာလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်ဖို့ရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ တိတိကျကျပြောကြားတာမရှိသေးဘဲ လာမယ့်ရက်တွေအတွင်းမှာ ကော်မတီကနေ ထုတ်ပြန်ချက်တွေဆက်ထုတ်ပြန်လာဖို့ရှိနေတယ်လို့ဆိုပါတယ်။
လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေကတော့ အခုလိုအဖွဲ့တွေဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့တာက အရင်စစ်အစိုးရလက်ထက်တွေမှာလည်း ရှိခဲ့ပေမယ့် ဈေးကွက်က လိုအပ်နေတဲ့ ဝယ်လိုအားတွေကို မဖြည့်တင်းနိုင်တာကြောင့် အမှန်တကယ်ဖြေရှင်းနိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း ဝေဖန်ပြောဆိုနေတာလည်းရှိပါတယ်။
မနေ့ဧပြီ (၄)ရက်ကစပြီး နိုင်ငံခြားငွေအသုံးပြုတာနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေကို စစ်ကောင်စီဘက်က စတင်လုပ်ဆောင်လာခဲ့သလို အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ကျပ်နဲ့ တရားဝင်သတ်မှတ်ကာလဲလှယ်ပေးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရွှေနဲ့ငွေကြေးဈေးကွက်တည်ငြိမ်မှုရှိဖို့ဆိုပြီး ကော်မတီဖွဲ့ကာစစ်ဆေးအရေးယူဖို့ စစ်ကောင်စီပြင်ဆင် ပြည်မက ပြည်သူတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်လို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၀ ပြည် ထူထောင်မှုနှစ်ပတ်လည်ပွဲတက်လာတဲ့ ရက္ခိုင့်တပ်တော်(အေအေ)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်(ညာ)နဲ့ ဒုဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ရက္ခိုင့်တပ်တော်(အေအေ)ဟာ ပြည်သူတွေနဲ့တသားတည်း ရပ်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်မက ပြည်သူတွေရဲ့နိုင်ငံရေးလှုပ်ရှားမှု အခြေအနေအရပ်ရပ်ကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(အေအေ)ကနေ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၅ ရက် ဒီကနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ရာ ဘီဘီစီရဲ့ မေးမြန်းမှုကိုအခုလိုထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြည်သူအများစုကတော့ အေအေဟာ စစ်ကောင်စီတပ်တွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ခဲ့ကြပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပူးပေါင်းခြင်းမရှိဘဲ သီးခြားရပ်တည်နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ အေအေအနေနဲ့ ပါဝင်ခြင်းမရှိတာဟာ သူတို့မှာ ရက္ခိတလမ်းစဉ်ရှိနေပြီးသားဖြစ်တဲ့ အတွက်ကြောင့်မပါဝင်ရခြင်းဖြစ်ပေမဲ့ အဲ့ဒီနိုင်ငံရေးနဲ့ လုံးဝအဆက်ဖြတ်ထားတာမျိုးမဟုတ်ဘူးလို့ သူကပြောကြားခဲ့ပါတယ်။
“နွေဦးတော်လှန်ရေးမှား အေအေအနေနဲ့ တရားဝင်ပါဝင်ခြင်းမပါဝင်ခြင်းဆိုတာထက် မကြာခင်အချိန်အတွင်းမှာ ဘယ်သူဘာလုပ်ခဲ့လဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးဖို့ကိစ္စဖြစ်ပါတယ်။ တချို့ကိစ္စတွေက ကျွန်တော်တို့ ပါးစပ်နဲ့ပြောဖို့ကိစ္စရှိသလို တချို့ကလဲ ပြောစရာမလိုဘဲ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဇောက်ချပြီးတော့ လုပ်ကိုင်နေဖို့လိုပါတယ် ”လို့ ဦးခိုင်သုခက ပြောပါတယ်။
အေအေဟာ လူထုကိုဦးစားပေးထားတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် လူထုဆန္ဒနဲ့တစ်ထပ်တည်းကျအောင် ရပ်တည်နေရတာဖြစ်တယ်လို့ သူကပြောဆိုသွားခဲ့ပါတယ်။
ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အလွတ်သဘောတွေ့ဆုံမှု ကမ်းလှမ်းချက်ကိုကြိုဆိုပြီး ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားပြီးမှာ ဗဟိုကော်မတီအစည်းအဝေးထိုင်ပြီး တွေ့ဆုံနိုင်ရေးကို ဆုံးဖြတ်မယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကျောင်းသားကိုခန့်သူအောင်ထောင်တွင်းရိုက်နှက်ခံရတာကြောင့် ကျန်းမာရေးစိုးရိမ်ရတယ်လို့ပြော
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)ကျောင်းသားများသမဂ္ဂ၊ ဥက္ကဋ္ဌ ကိုခန့်သူအောင်ကို မတ်လကုန်ကစပြီး ရာဇဝတ်သားတွေအဆောင်လို့သိရတဲ့ အဆောင် (၅)ကိုပြောင်းရွှေ့လိုက်သလို ပုံစံထိုင်ခိုင်းတာကိုငြင်းဆန်တာကြောင့် ထောင်အာဏာပိုင်တွေကနေ ထိုးကြိတ်ရိုက်နှက်တာခံခဲ့ရတယ်လို့ ကျောင်းသားသမဂ္ဂဘက်ကနေ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထောင်ဝင်စာပို့ခွင့်လည်းအပိတ်ခံထားရတယ်လို့ဆိုပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားတဦးကို ရာဇဝတ်သားတွေနဲ့အတူထားရှိတာဟာ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးကို ချိုးဖောက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီလိုရိုက်နှက်ခံရပြီးထောင်ဝင်စာအပိတ်ခံထားရတာကြောင့် အချိန်မှီဆေးကုသခွင့်ရဖို့ ကျန်းမာရေးစိုးရိမ်နေရသလို လာမယ့်သင်္ကြန်ပိတ်ရက်တွေကြောင့် ထောင်ဝင်စာအချိန်မှီပိုခွင့်မရမှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
ကိုခန့်သူအောင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလထဲက စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး အခုနှစ်မတ်လ (၃၁)ရက်တုန်းက အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ - ကနဲ့ ထောင်ဒဏ် (၃)နှစ်အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ကျောင်းသားသမဂ္ဂ
ဓာတ်ပုံ ပုံစာ, ကျောင်းသားကိုခန့်သူအောင်ထောင်တွင်းရိုက်နှက်ခံရတာကြောင့် ကျန်းမာရေးစိုးရိမ်ရတယ်လို့ပြော ပခုက္ကူမြို့နယ် ပညာရေးမှူး ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က မြို့နယ်ပညာရေးမှူးဟာ ဒီနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီဟာ ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်နဲ့ ၁၅ ရပ်ကွက်ကြားက ရိပ်သာလမ်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်တင်တင်ရီဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM)မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ ဖိအားပေးမှုရှိခဲ့တယ်လို့ ခုက္ကူပညာရေးအသိုင်းအဝိုင်းဘက်က ပြောပါတယ်။
အခုပစ်ခတ်မှုကို ဘယ်သူလုပ်တယ်တယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ စစ်ကောင်စီသတင်းတွေကို ပုံမှန်ဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်(telegram)ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ်ခတ်တာဆိုပြီး ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
မဲဆောက်မြို့တောင်ဘက်မှာ မြန်မာ ၁၈ ဦးလိုက်ပါလာတဲ့ကားတစ်စင်း တိမ်းမှောက်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်ထဲမှာ စာရွက်စာတမ်းအထောက်အထားမဲ့ မြန်မာ ၁၈ ဦးကို တင်ဆောင်လာတဲ့ကားတစ်စီးဟာ ဒီနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းမှာ တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ ထိုင်းရောက်မြန်မာ့အရေးကူညီနေသူတွေက ပြောပါတယ်။
ကားတိမ်းမှောက်မှုဟာ မဲဆောက်မြို့တောင်ဘက် နုတ်ကလီကျေးရွာအနီးမှာ ဖြစ်ခဲ့တာပါ။
အဲဒီကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာတွေရခဲ့တဲ့ မြန်မာ ၁၈ ဦးစလုံးကို ဒေသလူမှုကူညီရေးအသင်းက ကူညီပြီး ဖော့ဖရာဆေးရုံကို ပို့ပေးနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာတွေပါတဲ့ ယာဉ်တိမ်းမှောက်မှုမှာ အခုဖြစ်ရပ်က ပထမဆုံးလည်းဖြစ်ပါတယ်။
ဒီငါးရက်အတွင်းမှာတင် အထောက်အထားမဲ့ မြန်မာ ၂၅၁ ဦးအထိ ဝင်ရောက်လာပြီး ဖမ်းဆီးခံထားရတာတွေလည်းရှိတယ်လို့ ကူညီရေးအသင်းတွေထံကသိရပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကနေ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းတဲ့အပေါ် စစ်ကောင်စီကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့အထည်ချုပ်စက်ရုံကအလုပ်သမားတွေကိုတွေ့ရစဉ်(ပုံဟောင်း) ပြီးခဲ့တဲ့ မတ်လ (၁၄)ရက်ကနေ (၂၆)ရက်အတွင်း ဆွဇ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ အစည်းအဝေးအရ မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းတဲ့အပေါ် စစ်ကောင်စီက ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ဒီကနေ့ ဧပြီ (၅)ရက်ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ပြည်တွင်းမှာလွတ်လပ်စွာအသင်းအပင်းဖွဲ့တာနဲ့ဖွဲ့စည်းခွင့်ကို အသိအမှတ်ပြုရေးဆိုင်ရာပြဋ္ဌာန်းချက် နဲ့ အလုပ်သမားတွေကို အတင်းအကြပ်မလုပ်မနေရ အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်တွေကို လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုပြီး စုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့စည်းခဲ့ကြတာပါ။
ဒီလိုစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့စည်းဖို့ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအရ ချမှတ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲ့ဒီအစီရင်ခံစာဟာ နိုင်ငံရေးသွတ်သွင်းမဟုတ်မမှန်တဲ့စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစီရင်ပိုင်ခွင့်အတွင်း ရောက်ရှိနေတဲ့ ကိစ္စရပ်တွေပါဝင်တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာမှာဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တဦးအသက်သေဆုံးညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့ဖော်ပြချက်ကိုလည်း အဲ့ဒီသူဟာ တရားမဝင်လှုပ်ရှားမှုတွေကို ထောက်ခံပြီး ရန်ပုံငွေထောက်ပံ့ခဲ့တဲ့အတွက် ထိန်းသိမ်းခံထားရသူလို့ စစ်ကောင်စီကတုံ့ပြန်ပါတယ်။
ရွှေ့ပြောင်းသွားလာသူတွေအရေးဆောင်ရွက်သူတွေလို့ အစီရင်ခံစာမှာဖော်ပြထားတာကိုလည်း စစ်ကောင်စီကတော့ အဲ့ဒီသူတွေဟာ လက်နက်ခဲယမ်းတွေ လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးခံရသူတွေလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Mirror Newspaper
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတုံ့ပြန်ချက်။ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ILO ရဲ့ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတိုင်းကို မြန်မာနိုင်ငံပါဝင်တက် ရောက်ခွင့်ကို ငြင်းပယ်ခဲ့တာကြောင့် ဒါဟာတဖက်သတ်ဆုံးဖြတ်ချက်ချမှတ်တာဖြစ်ပြီး ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ စစ်ကောင်စီက သူတို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ ပြည်တွင်းမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ အလုပ်သမားအခွင့်အရေးလုပ်ဆောင်သူတွေက ထောက်ပြပါတယ်။
ဒီကော်မရှင် စုံစမ်းစစ်ဆေးဖို့ အချက်အလက်လိုအပ်တာတွေကိုလည်း ပြည်တွင်းအလုပ်သမားအခွင့်အရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေကနေ ကူညီဆောင်ရွက်ပေး သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဘီဘီစီကို ပြောထားပါတယ်။
ILO က ဖွဲ့စည်းလိုက်တဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ILO သမိုင်းတလျှောက်မှာ (၁၄)ကြိမ်ပဲဖွဲ့စည်းခဲ့ဖူးပြီး အလုပ်သမားအခွင့်အရေးဆက်တိုက် ချိုးဖောက်ကျူးလွန်မှုတွေရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံအပေါ်မှာ အဆင့်အမြင့်ဆုံးလုပ်ထုံးလုပ်နည်းတွေနဲ့ စုံစမ်းစစ်ဆေးမယ့်အဖွဲ့လည်းဖြစ်ပါတယ်။
မတ်လအတွင်း KNU နဲ့ စစ်တပ်အကြား တိုက်ပွဲ ၅၀၀ ကျော်ဖြစ်ခဲ့, အရပ်သားနဲ့ နှစ်ဘက်သေဆုံး၊ ဒဏ်ရာရတာတွေရှိခဲ့တယ်လို KNU ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNU
ဓာတ်ပုံ ပုံစာ, ကေအဲန်ယူနယ်မြေထဲက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရတဲ့ဒေသခံ တစ်သိန်းနီးပါးထိရှိနေပါတယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ မတ်လအတွင်းဖြစ်တဲ့တိုက်ပွဲပေါင်း ၅၀၀ ကျော်အတွင်း စစ်ကောင်စီတပ်ဘက်က ၄၂၉ ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ဧပြီလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တွေနဲ့စစ်ကောင်စီတပ်၊ နောက် စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ် (BGF)တို့ကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ သူ့လက်အောက် နယ်ခြားစောင့်တပ်တို့ဘက်က ၄၂၉ ဦး သေဆုံးပြီး နောက်ထပ် အယောက် ၂၆၀ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း အဲဒီတိုက်ပွဲတွေကြောင့် KNLA နဲ့ KNDO တို့ဘက်မှာ ၂၂ ဦးသေဆုံပြီး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ KNU တပ်တွေဘက်က စစ်ကောင်စီရဲ့ကား ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ပစ်ခတ်လို့ အရပ်သား အရပ်သား ၂၅ ဦးသေဆုံပြီး ၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။
အဲဒီလိုပစ်ခတ်တာတွေအပြင် ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ၊ မူတြော်ခရိုင်နဲ့ဒူးပလာယာခရိုင်တွေထဲ လေယာဥ်နဲ့ဗုံးကြဲတာတွေကြောင့် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့သလို ဒေသခံတစ်သိန်းကျော်လည်း နေရပ်စွန့်ခွါပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
လနဲ့ချီ ကြာနေတဲ့ စစ်ကိုင်းတိုင်းတွင်းက နိုင်ငံရေး အမှုတွေ အခုတပတ်အတွင်း စစစ်မယ်
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့က ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံထားရပြီး လုံခြုံရေး အကြောင်းပြ ကြားနာစစ်ဆေးခြင်း မလုပ်နိုင်သူတွေရဲ့ အမှုကို ရွှေဘိုမြို့ပေါ်က တရားသူကြီးတွေကပဲ ရွှေဘိုထောင်အတွင်း အထူး တရားရုံးတွေမှာ ကြားနာ စစ်ဆေး ကြတော့မှာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် စစ်ကိုင်းတိုင်း ရေဦး၊ ဒီပဲယင်းနဲ့ တန့်ဆည် စတဲ့ သုံးမြို့နယ်အတွင်းမှာ ဖမ်းဆီးခံထားကြရပြီး ကြားနာစစ်ဆေးမှု မလုပ်နိုင်တဲ့သူပေါင်း ၈၀ လောက်ရှိရာမှာ တန့်ဆည်မြို့နယ်က လူ ၄၀ နီးပါး၊ ဒီပဲယင်းက ၂၀ နီးပါးနဲ့ ရေဦးမြို့နယ်က ၂၀ နီးပါးလောက် ရှိတယ်လို့ သိရပါတယ်။
အဲဒီ သုံးမြို့နယ်တွေက တရားသူကြီးတွေက ရွှေဘို ထောင်ကို သွားရောက် စစ်ဆေးကြရမှာ ဖြစ်ပေမဲ့ တိုက်ပွဲတွေ၊ တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး အရ သွားရောက်နိုင်ခြင်းမရှိလို့ ရွှေဘိုမြို့ပေါ်က တရားသူကြီးတွေကို စစ်ဆေးခွင့် လွှဲပြောင်း ပေးလိုက်တာလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။
ရွှေဘိုထောင်ထဲမှာ ဖမ်ဆီးခံထားရပြီး ၇ လ ၈ လ ကြာတဲ့အထိ ကြားနာစစ်ဆေးမှု မလုပ်ရသေးတဲ့သူတွေကို တရားသူကြီး လွှဲပြောင်းစစ်ဆေးဖို့ ခွင့်ပြုလိုက်တဲ့အတွက် အခု သီတင်းပတ် အတွင်း စတင်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ နဲ့ စွဲဆိုခံထားရသူတွေကို မြို့နယ် အဆင့် တရားရုံးတွေမှာ စစ်ဆေးပြီး အကြမ်းဖက်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရသူတွေရဲ့ အမှုတွေကိုတော့ ခရိုင်တရားရုံးတွေက စစ်ဆေးပါတယ်။
စစ်ကိုင်းတိုင်း အတွင်းမှာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံထားရသူတွေထဲမှာလည်း စစ်ဆေးခွင့်မကျသေးလို့ဆိုပြီး မစစ်ရသေးသူ တွေအတော်များများ ရှိနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရွှေဘိုအကျဉ်းထောင် ဗဟိုဘဏ်က နိုင်ငံခြားငွေတွေလဲရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် စျေးကွက်မှာ အခက်ဖြစ်
ဒေါက်တာအောင်မိုးညို ရွေးကောက်ပွဲ ဆိုင်ရာအမှု ဧပြီ ၈ ရက်နေ့ အမိန့်ချမယ်
ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို ပုဒ်မ ၁၇၁-စနဲ့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတဲ့အမှုအတွက် ဧပြီလ ၄ ရက်နေ့က နှစ်ဘက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
နောက်ရုံးချိန်ကို လာမယ့် ဧပြီလ ၈ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာ အပြစ်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ဒေါက်တာအောင်မိုးညိုရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က အဲဒီအမှုအတွက်ဒေါက်တာအောင်မိုးညိုကိုစွဲချက်တင်တဲ့အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မတ်လ၂၁ ရက်နေ့ ရုံးချိန်းတုန်းက တရားစွဲဆိုခံရသူ ဒေါက်တာအောင်မိုးညိုကိုယ်တိုင် သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံတဝန်း ချိပ်ပိတ်ခံရတဲ့နေအိမ်နဲ့အဆောက်အအုံ ၅၅၀ နီးပါးအထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, social media
ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုကို လူသိရှင်ထားထုတ်ဖော်ဝေဖန်တဲ့ အဆိုတော်ချမ်းချမ်းရဲ့နေအိမ်လည်း ဖေဖော်ဝါရီလအတွင်းမှာ ချိပ်ပိတ်ခံခဲ့ရပါတယ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်ကောင်စီဘက်က ချိပ်ပိတ်တဲ့နေအိမ်နဲ့ အဆောက်အအုံ ၅၅၀ နီးပါးအထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ထုတ်ပြန်ပါတယ်။
နေအိမ်ချိပ်ပိတ်ခံရသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) တွေနဲ့ ဆက်စပ်သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ဆိုပါတယ်။
နေအိမ်နဲ့ အဆောက်အအုံ ချိပ်ပိတ်ခံရမှုတွေဟာ စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ ဒုတိယအများဆုံးဖြစ်ပါတယ်။
ချိပ်ပိတ်ခံရတဲ့အဆောက်အဦပိုင်ရှင်အများစုဟာ ဖမ်းဝရမ်းအထုတ်ခံထားရသူတွေ ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပေမဲ့ အမှုကိစ္စနဲ့သက်ဆိုင်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ချိပ်ပိတ်သိမ်းဆည်းတာတွေလည်းရှိနေတယ်လို့ AAPP က ပြောပါတယ်။
ဒီအခြေအနေကြောင့် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရမှုဟာ သက်ဆိုင်ရာ ကာကယံရှင်တစ်ဦးတည်းတင်သာမက မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ကြီးမားတဲ့နစ်နာမှုတွေ ဖြစ်စေတယ်လို့ AAPP ဘက်က ထောက်ပြပြောဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အာဏာသိမ်းမှုဖြစ်ကတည်းက ဆိုရင် ပြည်သူ ၁၃၀၄၀ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ အမြင့်ဆုံးဒေသအထိ ချမှတ်ခံနေရတယ်လို့လည်း AAPP က ပြောထားပါတယ်။
ဆန္ဒပြမှုဖြိုခွင်းခံရတဲ့ မုံရွာအကျဉ်းထောင်ထဲ စစ်တပ်လုံခြုံရေးယူနေ

ဓာတ်ပုံ ရင်းမြစ်, ဳKhant Wai Phyo
ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့တဲ့ မုံရွာအကျဉ်းထောင်ထဲမှာ အကျဉ်းထောင်ရဲအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ ဝင်ရောက်လုံခြုံရေးယူထားတယ်လို့ သိရှိပါတယ်။
မုံရွာအကျဉ်းထောင်မှာ မနေ့ ဧပြီလ ၃ ရက်ညပိုင်းက ထောင်တွင်းကြွေးကြော်မှုကို ထောင်အာဏာပိုင်တွေက ပစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့် အကျဉ်းသား ၁ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
‘‘မနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်ပြီးကတည်းက စစ်တပ်က ထောင်ထဲမှာ လုံခြုံရေးယူနေတယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း ပြည့်သူ့ဆေးရုံမှာ မဟုတ်ဘဲ စစ်တပ်ဆေးရုံကို ခေါ်သွားတယ်လို့ကြားပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာ ဒီနေ့မနက်ပိုင်း ထောင်ဝင်စာတွေ့ခွင့်မပေးသေးဘူး။ ညနေ ၂ နာရီ၊ ၃ နာရီမှ လာဖို့ပြောတယ်’’ လို့ ဒီဖြစ်စဉ်ကိုသိတဲ့မြို့ခံတစ်ဦးက ပြောပါတယ်။
ထောင်တွင်းဖိနှိပ်မှုတွေကြောင့် ကြွေးကြော်သံတွေကို တိုင်ပင်အော်နေကြချိန်မှာ သေနတ် ၄ ချက်ပစ်ဖောက်ပြီး လူစုခွဲခံရပေမဲ့ ဆက်ကြွေးကြော်နေကြချိန် အကျဉ်းထောင်လုံခြုံရေးဘက်က ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကြွေးကြော်သံတွေ ဆက်ပြီး ကျယ်လောင်လာတာကြောင့် ၁၅ မိနစ်ခန့်အကြာမှာ မုံရွာ အကျဉ်းထောင်ထဲကို စစ်ကား ၂ စီး၊ မီးသတ်ကား ၂ စီးနဲ့ အိမ်စီးကား ၂ စီး ဝင်ရောက်ခဲ့အပြီးမှာ သေနတ်ပစ်ခတ်မှု အချက်ရေ ၃၀ ခန့် ဖြစ်ပွားခဲ့တာလို့ ဒီဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့က ထောင်တွင်းပစ်ခတ်မှုမှာ သေဆုံးတဲ့အကျဉ်းသား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကတော့ မနေ့က မုံရွာအကျဉ်းထောင်ဖြစ်စဉ်မှာ ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးနေပြီး ဌာနအင်အား၊ မီးသတ်တပ်ဖွဲ့အင်အားနဲ့ လုံခြုံရေးယူထားတယ်လို့ပြောပေမဲ့ စစ်တပ်ရှိနေမနေကိုတော့ အတည်ပြုပြောဆိုတာမျိုးမရှိပါဘူး။
မုံရွာအကျဉ်းထောင်ဟာ NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ဒေါက်တာမြင့်နိုင်နဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုကို ဦးဆောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုဝေမိုးနိုင်တို့အပြင် အာဏာသိမ်းဆန့်ကျင်မှုမှာပါဝင်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ရှိနေတဲ့အကျဉ်းထောင်လည်းဖြစ်ပါတယ်။
တိုက်ပွဲမရှိတဲ့ဒီးမောဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးကျတာကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီး, လွိုင်ကော်၊ဒေါဥခူမှာလည်း ကလေးငယ်နှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, KNDF B10
ဓာတ်ပုံ ပုံစာ, တိုက်ပွဲမရှိတဲ့ဒီးမောဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးကျတာကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီး ဒီကနေ့ဧပြီလ (၄)ရက်၊ မနက်အစောပိုင်းမှာ စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာရှိတဲ့ ထီးသဲကလိုးကျေးရွာက နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ကရင်နီကာကွယ်ရေးတပ် KNDF B-10 က ထုတ်ပြန်ပါတယ်။အခုလက်နက်ကြီးကျတဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေလို့ ဆိုပါတယ်။
"ဒီနေ့ဆိုမနက်ကတည်းက လက်နက်ကြီးတွေတဝုန်းဝုန်းပစ်နေတာ။ လွိုင်ကော်အမြှောက်တပ်ဘက်ကရော၊ ကုန်းသာဘက်ကရောပစ်ကြတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက သူတို့ထိုးစစ်မဆင်ရင် ပုံမှန်တိုက်ပွဲရှိလေ့မရှိတဲ့နေရာတွေပါ။ ပြီးခဲ့တဲ့တစ်ရက်နေ့ကလည်း ကွိုင်ငံရွာထဲကိုလက်နက်ကြီးကျလို့ အမျိုးသားတဦးပေါင်မှာဒဏ်ရာပြင်းပြင်းရခဲ့သေးတယ်"လို့ ဒီးမော့ဆိုဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဆက်စပ်နေတဲ့ လွိုင်ကော်မြို့တော်က ဒေါဥခူရပ်ကွက်မှာလည်း ဒီကနေ့မနက် (၁၀)နာရီဝန်းကျင်လောက် ပေါက်ကွဲမှုရှိခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဒေါဥခူရပ်ကွက်ဘက်မှာ တိုက်ပွဲမရှိတော့တာကြောင့် ဒီရက်ပိုင်းဒေသခံတချို့နေအိမ်တွေပြန်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထောင်ထားခဲ့ရာကနေ အခုလိုပေါက်ကွဲမှုတွေဖြစ်တာလို့ ဒေသခံတွေကပြောကြပါတယ်။
ဒီထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်နှစ်ဦးရဲ့လက်ရှိကျန်းမာရေးအခြေအနေအသေးစိတ်ကိုတော့ ဘီဘီစီကဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF B10
ဓာတ်ပုံ ပုံစာ, တိုက်ပွဲမရှိတဲ့ဒီးမောဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးကျတာကြောင့် နေအိမ်တချို့ထိခိုက်ပျက်စီး အွန်လိုင်းကျောက်မျက်ရောင်းဝယ်လုပ်ရင်း ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူတွေရဲ့ယာဉ်တွေနဲ့ဖုန်းတွေကို ပြန်ထုတ်ပေးမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း WeChat အရောင်းဝယ်နေမှုမြင်ကွင်း (ပုံဟောင်း) မန္တလေးမြို့က မြို့နယ်နှစ်ခုမှာ အွန်လိုင်းကတဆင့် ကျောက်မျက်အရောင်းအဝယ်လုပ်ရင်း ဖမ်းဆီခံရသူတွေရဲ့ ယာဉ်တွေနဲ့ဖုန်းတွေကို လာမယ့် ဧပြီလ ၅ ရက်မှာ ပြန်လည်ထုတ်ပေးဖို့ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အွန်လိုင်းကတဆင့် Wechat နဲ့ ကျောက်အရောင်းဝယ်လုပ်ကိုင်လို့ဆိုကာ မဟာအောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်နှစ်ခုက တရုတ်လူမျိုးအပါဝင် လူပေါင်း ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ကျောက်လက်ဝယ်မရှိသူ ၁၉၄ ဦးဟာ အခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူတွေ ဖမ်းဆီးခံရစဉ်က ကျောက်စိမ်း၊ ပယင်း၊ ငွေသား၊ ကား၊ ဆိုင်ကယ်နဲ့ ဖုန်းတွေ ပါ သိမ်းဆည်းခံခဲ့ရတာပါ။
"ဖမ်းဆီးစဉ်ကပါသွားတဲ့ ဖုန်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ ထုတ်ပေးမယ်ပေါ့။ ကိုယ့်ပစ္စည်းကို ထုတ်ချင်တယ်ဆို ကာယကံရှင်ကိုယ်တိုင် လက်မှတ်ထိုးပြီး တင်ရတာ။ မိသားစုဝင်တွေကလည်း ထုတ်ဖို့ လက်မှတ်ထိုးတင်ရတယ်။ ခွင့်ပြုတယ်၊ ထုတ်ဆို အဲ့နေ့ထုတ်ခွင့်ရမယ်" လို့ ကျောက်မျက်အမှုကို လိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော် ရှေ့နေတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ကျောက်လုပ်ငန်းလုပ်ကိုင်သူ တရုတ်လူမျိုးအပါဝင် နှစ်ရာကျော်ဟာ သုံးလကျော်တဲ့အထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
တချို့က တရားလိုပြသက်သေတွေ စစ်ဆေးပြီးဖြစ်ပြီး နောက်ထပ်ရုံးချိန်းကို မဟာအောင်မြေမြို့နယ်မှာ သင်္ကြန်အပြီးနဲ့ အောင်မြေသာစံမြို့နယ်မှာ မနက်ဖြန် ဧပြီလ ၅ရက်မှာ ထပ်မံပြီး စစ်ဆေးမှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ကျောက်မျက်လုပ်ငန်းလုပ်သူတွေဟာ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေထဲက ကျောက်မျက်ရတနာ အရိုင်း/အချောထည်/လက်ဝတ်ရတနာ ရောင်းဝယ်လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ကိုင်လို့ဆိုတဲ့ ပုဒ်မနဲ့ တရားဆွဲဆို ခံထားရတာပါ။
မြဝတီ- အာရှလမ်းသစ်တိုက်ပွဲအတွင်း ဒီကနေ့မနက်ပိုင်း ကား ၃စီး မီးလောင်ထား
ကော့ကရိတ် - မြဝတီ အာရှ လမ်းသစ်လမ်းပိုင်းဆိပ်ဖူးတောင် တောင်ကြောနေရာမှာစစ်ကောင်စီတပ် နဲ့ KNU တပ်မဟာ၆ KNLA ပူးပေါင်း တပ်တွေကြား ဒီကနေ့ ဧပြီလ ၄ ရက် မနက်ပိုင်း က တိုက်ပွဲ အတွင်း ခရီးသည်တင်မှန်လုံအမြန်ယာဥ် လိုင်းကားတစ်စီး အပါအဝင် ကား၃စီး မီးလောင်ခံထားရတယ်လို့ အဲဒီမှာရှိနေတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
အဲဒီလို မီးလောင်နေလို့မြဝတီဘက် နဲ့ ကော့ကရိတ် မြို့ဘက် ကို သွားတဲ့ ခရီးသွားကားတွေနဲ့ ကုန်ကားတွေလည်းနောက်ပြန်ဆုတ်ထားကြရတယ်လို့ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောပြပါတယ်။
ကား ၃ စီးမီးလောင်တာဟာ မီးရှို့ခံရတာလို့ ပြောကြပေမဲ့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတိတိကျကျသိရတာမရှိပါဘူး။
'' ဒီနေ့မနက်ပိုင်းကတည်းကတိုက်ပွဲ ဖြစ်နေတယ်၊ တော်နောတောင်ကြောအထက် ဆိပ်ဖူးတောင်ကြော မှာ ပစ်နေတယ်။ ၃ စီး လောက်မီးရှို့ ခံရတယ်ကြားရလို့ ကော့ကရိတ် ဘက် ပြန် ဆုတ် လာရတယ် ၊ကားကြီး တွေ မြဝတီ ဘက် တက်လာကြတာလည်းတိုက်ပွဲ ကြားထဲ ပိတ်မိနေတယ်။တိုက်ပွဲ ကတော့ ပစ်လိုက် ရပ်လိုက်ပဲ။ကော့ကရိတ် ၉၇ တပ်ကလက်နက်ကြီးတွေပစ်ထုတ်နေတယ်။ တချို့ ကားတွေကတော့ ထို့ကော်ကိုးလမ်း ဘက်ကနေ ဘားအံ ဘက် တောင်ကျော် လမ်းကိုသုံးပြီးသွားနေကြတယ်''လို့ ဘားအံ လိုင်းကား ယာဉ်မောင်းတစ်ဦးကပြောပြပါတယ်။
အာရှလမ်းပိုင်း ကို မတ်လ ၂၆ ရက်က KNU တပ်မဟာ၆ ဘက်က ယာယီပိတ်ထား ကြောင်းစာထုတ်ပြန်ပြီး နောက်ပိုင်း မြဝတီ အာရှလမ်းသစ်မှာ နေ့စဥ် နီးပါး ၂ဖက် ပစ်ခတ် တိုက်ခိုက်မှုရှိနေပြီး လမ်းအသုံး ပြု သွားလာကြတဲ့ ခရီးသွားကားတွေနဲ့ကုန်ကားတွေတိုက်ပွဲ အတွင်းပိတ်မိကာပစ်ခတ်ခံရ မှုကြောင့် ကား ၁၀ အထက်မနည်း မီးရှို့ ဖျက်ဆီး ခံ ထားရပြီး အရပ်သား လူ ၂ဦး သေဆုံး ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကား ၃စီးမီးရှို့ ခံထားရ တဲ့ အခြေအနေ ရေလယ်ကျွန်းဒေသထဲကရွာတွေကို စစ်ကောင်စီတပ်ဝင်ချိန် အရပ်သား ၂ ဦးသေဆုံး, နေအိမ် ၁၀၀ နီးပါးမီးရှို့ဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းသတင်း
ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့နေအိမ်ပေါင်း ၁၀၀ နီးပါးအထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေဝင်ရောက်နေချိန် အရပ်သား ၂ ဦးသေဆုံးပြီး နေအိမ်အလုံး ၁၀၀ နီးပါး ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဧပြီလ ၂ ရက်ကတည်းက ဝင်ရောက်နေတာဖြစ်ပါတယ်။
မနေ့ ဧပြီလ ၃ ရက် တစ်နေ့တည်းမှာတင် ရေလယ်ကျွန်းဒေသတောင်ပိုင်းက ကျေးရွာတချို့ကို ဝင်ရောက်ချိန် ဖြုံဘူးရွာက နေအိမ် ၈၀ ကျော် မီးရှို့ခံခဲ့ရပြီး အဲဒီထဲက နေအိမ် ၅၀ ကျော်ဟာ ပြာကျတဲ့အထိ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေလယ်ကျွန်းတောင်ပိုင်းကို စစ်ကောင်စီတပ်ဝင်ချိန် ဖြုံဘူးရွာနဲ့ မီးလောင်ကျွန်းကျေးရွာတို့မှာ အရပ်သား အမျိုးသမီးနဲ့ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီဒေသထဲက ကျေးရွာပေါင်း ၈ ရွာထက်မနည်းကို စစ်ကောင်စီတက် ဝင်ရောက်ချိန်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နေအိမ်ပေါင်း ၁၀၀ ကျော်အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အဲဒီဒေသကို စစ်ကောင်စီတပ်ဝင်ရောက်ချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒီနေ့ ပြီလ ၄ ရက်မနက်မှာလည်း ရေလယ်ကျွန်းဒေသဘက်မှာ ရွာစဉ်လှည့်ဝင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြိုင်မြို့နယ်ထဲက ပန်းညိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။
