အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အိုးအိမ်စွန့်ခွာပြေးရသူ ၉ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရပုဂ္ဂိုလ်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေ့ဆုံ, ဖွဲ့စည်းပုံမှာ ပြင်ဆင်လိုတဲ့အချက်တွေ အလွတ်သဘောဆွေး‌နွေးတယ်လို့ဆို

    စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်

    စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းကော်မတီနဲ့ နိုင်ငံရေးပါတီတွေအစုအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့က နေပြည်တော်မှာတွေ့ ဆုံခဲ့ကြတယ်လို့စစ်ကောင်စီလက်အောက် နိုင်ငံပိုင် သတင်းစာမှာဖော်ပြလာပါတယ်။

    အဲဒီတွေ့ ဆုံပွဲမှာ စစ်ကောင်စီအဖွဲ့ ဝင်လည်းဖြစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးလည်းဖြစ်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းကော်မတီ ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ အစုအဖွဲ့က အလုပ်အဖွဲ့ ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌက ဦးစိုင်းအိုက်ပေါင်းနဲ့ အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။

    အဲဒီတွေ့ ဆိုမှုမှာ နိုင်ငံရေးပါတီအစုအဖွဲ့က အဆိုပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေထဲက ပြင်ဆင်လိုတဲ့ အချက်တွေကို ဆွေး‌‌နွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

  2. ဝက်လက်က ရွာနန်းရွာထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်ဝင်ရောက်လာလို့ရွာလုံးကျွတ်ထွက်ပြေးနေရ, ဒေသခံနေအိမ်တွေ မီးရှို့ခံရတာလည်းရှိနေတယ်လို့ပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့တောင်ပိုင်းက ရွာနန်းရွာထဲကို ဒီကနေ့ဧပြီ ၇ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေပစ်ခတ်ဝင်ရောက်လာလို့ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    “ဘာတိုက်ပွဲမှကိုမရှိပါဘူး။ ဝင်လာကတည်းက ပစ်တာ၊ ရွာတောင်က စပစ်နေပြီဆိုတာနဲ့ရွာမြောက်ဘက်က ပြေးရတော့တာပဲ။ အခုအကုန် ဘေးလွတ်ရာပုန်းနေရတာ။ ရွာထဲ မီးရှို့နေပြီလည်းပြောကြတယ်။ အခုပုန်းနေတဲ့နေရာက မြင်နေရတာကို မီးက မနက်ကနေ အခုထိမငြိမ်းဘူး။ ကုန်ပြီထင်ပါတယ်” လို့ဘေးလွတ်ရာပြေးနေတဲ့ ဒေသခံတစ်ဦး ဘီဘီစီကိုပြောပါတယ်။

    လက်ရှိ ရွာထဲကနေအိမ်အများအပြားမီးလောင်ပျက်စီး သွားတာကို သိရပေမယ့် ဒေသခံတွေရွာထဲပြန်မဝင်ရဲသေးဘူးလို့ဆိုပါတယ်။

    လက်ရှိစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်နေတဲ့ ရွာနန်းရွာဟာဆိုရင် အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ကျေးရွာကြီးဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

    ဝက်လက်နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို ဝင်ရောက်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ပြေးရလေ့ရှိပြီး ရွာနန်းရွာထဲကိုတော့ ပထမဆုံးအကြိမ် ဝင်ရောက်ပစ်ခတ်တာလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်မှာလည်း ဝက်လက်မြို့နယ်ထဲက တောင်ကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဝက်လက်မြို့

    ဓာတ်ပုံ ရင်းမြစ်, Pauk Phaw

  3. လူ ၁၂ ဦးထိသေဆုံးခဲ့တဲ့ တာဟန်းပင်မသပိတ် ဖြိုခွင်းခံရတာ တနှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

    ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီ ၇ရက်နေ့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့ ဒေသခံ ၁၂ ဦးသေဆုံးခဲ့တဲ့ တနှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ဒီကနေ့မှာပြုလုပ်ခဲ့ပါတယ်။`

    အဲဒီ ဧပြီ ၇ ရက်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့အင်အားသုံးပစ်ခတ်မှုကြောင့် ကလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုအာကာသူအောင်အပါအဝင် ဒေသခံ ၁၁ ဦးဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ သပိတ်မှာပါဝင်သူတွေက ပြန်ပြောပြပါတယ်။

    “တာဟန်းပင်မခံတပ် အာရုဏ်ဦးတိုက်ပွဲအကြောင်းမပြောခင် ကျဆုံးခဲ့တဲ့ သူတွေကို အလေးနီပြုပြီး ဂုဏ်ပြုချင်ပါတယ်။ အဲဒီနေ့ကဖြိုခွင်းမှုမစခင် စစ်ကောင်စီက ဗျူဟာသုံးပြီး လက်နက်ကြီးနဲ့ဖြိုခွင်းခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြားကနေ ပြည်သူတွေရဲ့အကူအညီနဲ့ရှောင်တိမ်းနိုင်ခဲ့တာပါ” လို့တာဟန်းပင်မသပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

    အဲဒီနေ့မှာတော့ သပိတ်မှာပါဝင်သူ ၁၂ ဦးသေဆုံးခဲ့သလိုဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

    ဒီကနေ့ဧပြီ ၇ ရက်သပိတ်ဖြိုခွင်းခံရတာတနှစ်ပြည့်တဲ့နေ့မှာတော့ ကျဆုံးခဲ့သူတွေအတွက် လွမ်းသူ့ပန်းခွေချတာ၊ နှင်းဆီပန်း၊ ဖယောင်းတိုင်တွေနဲ့ဂုဏ်ပြုတာတွေလုပ်ခဲ့ကြတယ်လို့ကလေးမြို့သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

    ကလေးမြို့မှာဆိုရင် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေ တရက်မပျက်ထွက်ခဲ့ပြီးဒီကနေ့ ၂၀၂၂ခုနှစ်၊ ဧပြီလ ၇ရက်နေ့ဆိုရင် သပိတ်စစ်ကြောင်းတွေထွက်လာတာ ၄၂၄ ရက်အထိရှိနေပြီလို့ ကလေးမြို့ပင်မသပိတ်အင်အားစုကထုတ်ပြန်ထားပါတယ်။

    တာဟန်းပင်မသပိတ်

    ဓာတ်ပုံ ရင်းမြစ်, ကလေးမြို့သပိတ်အင်အားစု

  4. စစ်တပ်မှာ အလံဖြူထောင်တဲ့ကိစ္စ အင်တာဗျူး ဖြေခဲ့သူ အလုပ်နဲ့ထောင် ၃နှစ်ချခံရ

    ချင်းပြည်နယ် ပလက်ဝမြို့ပေါ်က ကျန်းမာရေးဝန်ထမ်း ဦးတင်ထွန်းအောင်ဟာ စစ်တပ်မှာအလံဖြူထောင်တဲ့ကိစ္စ သတင်းဌာနကို အင်တာဗျူးဖြေပေးခဲ့တာကြောင့် ဧပြီလ ၅ရက်နေ့မှာ ပလက်ဝမြို့နယ် တရားရုံးက၊ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

    ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းအနီးတောင်ကုန်ပေါ်မှာ အလံဖြူထောင်ထားတာကို တွေ့မြင်နေရတယ် ဆိုတဲ့အကြောင်း ရခိုင်အခြေစိုက် Western News သတင်းဌာနရဲ့မေးမြန်းချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

    အဲ့ဒီသတင်းဌာကို အင်တာဗျူးဖြေကြားမှုနဲ့ပတ်သက်လို့ ဦးတင်ထွန်းအောင်နဲ့ နောက်ထပ်တစ်ဦးဖြစ်တဲ့ ပလက်ဝမြို့ခံ ဦးတင်ဦးတို့ကို အဲ့ဒီနေ့မှာပဲ စစ်ကောင်စီတပ်တွေနဲ့ ရဲတပ်ဖွဲ့တို့က နေအိမ်ကိုလာရောက်ရှာဖွယ်ခဲ့ကြပြီး မတွေ့ရှိတဲ့အတွက် ညနေပိုင်းမှာ ပလက်ဝမြို့ပေါ်ကနေ ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

    ဖမ်းဆီးခံလိုက်ရပြီးနောက်တစ်နေ့မှာတော့ ဦးတင်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးတင်ထွန်းအောင်ကို တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီအရာရှိတစ်ဦးက တရားလိုအဖြစ်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    အခုလို သတင်းဌာနရဲ့မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့မှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်ခံလိုက်ရတဲ့အပေါ် မိသားစုတွေဘက်ကတော့ လုံးမကျေနပ်နိုင်ဘူးလို့ အစ်ကိုဖြစ်သူ ဦးမင်းအောင်က ပြောပါတယ်။

    “ကျွန်တော့်ညီက အဲ့ဒီသတင်းဌာနကို သွားပြီးတော့ သတင်းပေးတာလည်းမဟုတ်ဘူး။ သတင်းဌာနက ဖုန်းဆက်မေးလို့ မြို့မှာပြောနေကြတာကို ပြန်ပြောလိုက်တာပဲ၊ ဒါကိုအပြစ်ရှိတယ်လို့ သတ်မှတ်ပြီးတော့ ထောင်သုံးနှစ်ထိချလိုက်တာဆိုတော့ လုံးဝမကျေနပ်နိုင်ဘူး။”လို့ ဦးမင်းအောင်က ပြောပါတယ်။

    ဦးတင်ထွန်းအောင်ဟာ နေပြည်တော်မှာ တာဝန်ကျနေတဲ့ ကျမ်းမာရေးဝန်ထမ်း တစ်ဦးဖြစ်ကာ မိခင်ကျန်းမာရေးမကောင်းတဲ့ အတွက် ပလက်ဝကိုရောက်ရှိနေချိန်မှာ အခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

    မတရားဖမ်းဆီးပြီး စွပ်စွဲတရားစွဲဆိုခံလိုက်ရတာဖြစ်သလို အခုလို ပြစ်ဒဏ်တွေချမှတ်ခံလိုက်ရတာဟာ စစ်ကောင်စီရဲ့သဘော အတိုင်း လုပ်ဆောင်နေရတဲ့ တရားစီရင်ရေးဟာလည်း ပျက်ယွင်းနေပြီဖြစ်တယ်လို့ မိသားစုတွေဘက်က ပြောဆိုကြပါတယ်။

    ဖမ်းဆီးခံလိုက်ရပြီး ဒီဇင်လာ ၂၉ ရက်နေ့မှာပဲ ဦးတင်ထွန်းအောင်ကို မိသားစုတွေနဲ့အဆက်အသွယ်ဖြတ်ကာ မြို့မရဲစခန်းကနေ ပလက်ဝမြို့တစ်ဘက်ကမ်းမှာရှိတဲ့ ခလရ ၂၈၉ တပ်ရင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ နေ့မှာ အဲ့ဒီကနေတစ်ဆင့် စစ်တွေမြို့တပ်နယ်ထဲကို ရဟတ်ယာဉ်နဲ့ပြောင်းရွှေ့ခဲ့ပြီး ၁၂ ရက်အကြာ စစ်ကြောရေးထဲ စစ်ဆေးမှုတွေခံခဲ့ရကာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပလက်ဝမြို့မရဲစခန်းအချုပ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ လို့ ပြောပါတယ်။

    အင်တာဗျူးဖြေကြားခဲ့တဲ့ ပလက်ဝမြို့ခံ ဦးတင်ထွန်းအောင်ကို ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သလို အင်တာဗျူးမေးပြီး သတင်းထုတ်လွှင့်ခဲ့တဲ့ ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနကိုလည်း စစ်တပ်ကိုအကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၁၂၄ (က) နဲ့ စစ်ကောင်စီအရာရှိတစ်ဦးက တရားလိုလုပ်ပြီး စစ်တွေခရိုင်တရာရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

    သတင်းဌာနရဲ့မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့မှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်ခံလိုက်ရတဲ့အပေါ် မိသားစုတွေဘက်ကတော့ လုံးမကျေနပ်နိုင်ဘူးလို့ အစ်ကိုဖြစ်သူ ဦးမင်းအောင်က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သတင်းဌာနရဲ့မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့မှုမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်ခံလိုက်ရတဲ့အပေါ် မိသားစုတွေဘက်ကတော့ လုံးမကျေနပ်နိုင်ဘူးလို့ အစ်ကိုဖြစ်သူ ဦးမင်းအောင်က ပြောပါတယ်။
  5. အရှေ့အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ

    အရှေ့အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, Aung Myo Min

    အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံထားပါတယ်။

    ဒီလိုတွေ့ဆုံခဲ့တာကို ဝန်ကြီးက သူ့ရဲ့လူမှုကွန်ယက်ကနေ ဒီနေ့ ဧပြီလ ၇ ရက်မှာသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    အမေရိကန်အစိုးရနဲ့ရော ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေကပါ မြန်မာလူထုကို လက်တွေ့ကျကျ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

    ၀န်ကြီးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုနှင့်တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့လည်း မနေ့က တွေ့ဆုံထားပါတယ်။

    ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်းကို အမေရိကန်အစိုးရက လက်ခံကြေညာခဲ့တာကြောင့် တရားမျှတမှု ဖော်ဆောင်နိုင်ရေးမှာ NUG က ပူးပေါင်းလုပ်ဆောင်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးက ပြောထားပါတယ်။

    ၂၀၂၂ ခုနှစ်အတွက် အမေရိကန်ဘဏ္ဍာရေးအသုံးစရိတ်မှာ NUG ကို ထောက်ပံ့ကူညီမယ့်အပိုင်းလည်း ပါဝင်တာကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ NUG ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

    ကိုယ်စားလှယ်အဖွဲ့ကို လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်လာတာဖြစ်ပြီး အဖွဲ့ဝင်အဖြစ် NUG ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးလည်း ပါဝင်ပါတယ်။

  6. သင်္ကြန်အားလပ်ရက်အတွက် ကမ်းခြေအပါအဝင် ဟိုတယ်အားလုံး ဘိုကင်ပြည့်နေ, လေကြောင်းလိုင်းတွေပြန်ဖွင့်ရင် ပြည်ပခရီးသွားတွေလည်း ဝင်လာဖို့ရှိတယ်လို့ဆို

    လာမယ့် သင်္ကြန်ကာလအားလပ်ရက်တွေအတွက် ကမ်းခြေတွေအပါအဝင် ပုဂံ၊ အင်းလေး၊ကလောတို့မှာ ဟိုတယ်အားလုံးနီးပါး ဘိုကင်တွေပြည့်နေတယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကပြောပါတယ်။

    သင်္ကြန်ပိတ်ရက်တွေအတွက်ချောင်းသာ၊ ငွေဆောင်နဲ့ ငပလီစတဲ့ ကမ်းခြေဧရိယာမှာရှိတဲ့ ဟိုတယ်တွေအားလုံး လူပြည့်နေတာဖြစ်သလို ကလောဘက်မှာဆိုရင်လည်း ဟိုတယ်တွေအပါအဝင်လုံးချင်းအိမ်ဌားရမ်းနေထိုင်ပြီးလည်ပတ်မှုတွေရှိနေတာပါ။

    "ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားတာတွေရှိသလို ပက်ကေ့တွေနဲ့သွားတာတွေရှိတယ်။ ငွေဆောင်ချောင်းသာလည်း လူအပြည့်ပဲ၊ ငပလီလည်း လေယာဉ်တိုက်ရိုက်ဆိုတော့ လူအပြည့်ပဲ။ တတ်နိုင်တဲ့လူတွေက မြိတ်ကျွန်းစုဘက်သွားတာလည်းရှိတယ်။ ၂ နှစ်လောက် သင်္ကြန်နဲ့ဝေးခဲ့တော့လည်းသွားကြတာပေါ့။ အများစုကတော့ ပုဂံ၊ မန္တလေး၊ မေမြို့၊ အင်းလေး၊ ကလော တို့မှာရှိတဲ့ဟိုတယ်တွေလည်း အပြည့်ပါပဲ" လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးသက်လွင်တိုးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် လာမယ့် ဧပြီ၁၇ (မြန်မာနှစ်ဆန်းတရက်)နေ့ မှာ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေကိုပြန်လည် ပြေးဆွဲခွင့်ပြုပြီးနောက်ပိုင်းမှာဆိုရင်လည်း ပြည်ပ ခရီးသွားတွေပြန်လည်ဝင်ရောက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

    ပြည်ပခရီးသွားဝင်ရောက်မှုနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ၂၀၂၁နဲ့ လက်ရှိ ၂၀၂၂ ခုနှစ်အခုလတွေအထိ နိုင်ငံခြားသားအလည်အပတ်လာရောက်မှု ဇီးရိုးပြခဲ့ပြီး မရှိခဲ့ဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေကောက်ယူထားတဲ့ စာရင်းအချက်အလက်တွေကဆိုပါတယ်။

    ကိုဗစ်နဲ့အာဏာသိမ်းမှုဖြစ်စဉ်ကြားမှာ ပြည်ပခရီးသွားဝင်ရောက်မှု ညွှန်းကိန်းတွေ ကျဆင်းခဲ့ပေမယ့် အခုလေကြောင်းလိုင်းတွေပြန်ခွင့်ပြုပြီးရင်တော့ မြန်မာပြည်တွင်းကို လာရောက်ချင်တဲ့ ခရီးသွားဧည့်သည်တွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။

    "အခု ၂၀၂၂ ဧပြီ ၁၇မှာ နိုင်ငံတကာလေယာဉ်တွေပြန်ဆင်းခွင့်ပြုပြီဆိုတော့ဝင်လာကြနိုင်တယ်။စိန်ခေါ်မှုကတော့ဧည်သည်တွေရဲ့လုံခြုံရေးပဲ။ သူတို့နိုင်ငံတွေမှာလည်း လုယက်မှုတွေ၊ဖောက်ခွဲမှုတွေရှိတယ်။ တချို့တွေကျတော့အဲလိုသွားတာကို စိတ်လှုပ်ရှားပြီး အတွေ့အကြုံတစ်ခုအနေနဲ့လာချင်ကြတယ်။ မြန်မာပြည်ကို အရမ်းခရေဇီဖြစ်ပြီးလာချင်တာတွေရှိတယ်။ ဒီဘက်ကခွင့်ပြုချက်တွေနဲ့လုပ်ရ ကိုင်ရတာတွေရှိပါတယ်” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးသက်လွင်တိုးကဆက်ပြောပြပါတယ်။

    ဒါကြောင့် ပြည်ပခရီးသွားတွေဝင်ရောက်လာဖို့အတွက် လုံခြုံမှုပေးနိုင်မယ့်အာမခံချက်တွေအပြင်ဗီဇာနဲ့ကွာရတင်း စတဲ့ဖြေလျော့မှုတွေလည်းလိုတယ်လို့ဆိုပါတယ်။

    လက်ရှိ အာဏာသိမ်းကာလမှာတော့ မြို့ကြီးတွေအပါအဝင်နိုင်ငံတဝန်းမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေနဲ့ပေါက်ကွဲမှုတွေလည်းရှိနေသလိုအရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။

    တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေနဲ့လုံခြုံမှုအာမခံချက်မပေးနိုင်တဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ကိုလည်း ဒေသကာကွယ်ရေးတပ်တွေက သတိပေးစာတွေလည်းထုတ်ပြန်နေပါတယ်။

    ဒီအချိန်မှာပဲ ပြည်တွင်းခရီးသွားလာမှုတွေမြင့်တက်လာတာရှိနေသလိုစစ်ကောင်စီကလည်း နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ခွင့်ပြုပြီး ပြည်ပခရီးသွားတွေဝင်ရောက်နိုင်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။

    ကမ်းခြေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ငွေဆောင်ကမ်းခြေ(ပုံဟောင်း)
  7. အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင် မိန်းကလေးတဦး သတ်ဖြတ်ခံရ

  8. အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ကော်မရှင်ဖွဲ့ စစ်ဆေးမယ့် ILO ဆုံးဖြတ်ချက် စစ်ကောင်စီ ကန့်ကွက်

  9. မဲမသမာမှုပြစ်ဒဏ် ဦးညီပုနဲ့ဦးမင်းအောင်အတွက် ပါတီဝင်တစ်ဦးက ဒဏ်ငွေဆောင်

  10. မုန်းထဒေသထိတွေ့တိုက်ပွဲမှာ RCSS ရှမ်းတပ်ဘက်က ၅ ဦးသေဆုံးတယ်လို့ ဝတပ်ပြော

    RCSS ဘက်ကနေ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်အချို့

    ဓာတ်ပုံ ရင်းမြစ်, ညီရန်း

    ဓာတ်ပုံ ပုံစာ, RCSS ဘက်ကနေ သိမ်းဆည်းမိတယ်ဆိုတဲ့ လက်နက်အချို့

    ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ရှမ်းပြည်နယ် (အရှေ့)၊ မိုင်းဆတ်ခရိုင်၊ မုန်းထဒေသကို ဝင်ရောက်လာတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တောင်ပိုင်းတပ် (RCSS/SSA) နဲ့ မနေ့ ဧပြီလ ၅ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး ဝ တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီတိုက်ပွဲမှာ ဝ ဘက်က ၁ ဦးသေဆုံးပြီး RCSS ရှမ်းတပ်ဖွဲ့က ၅ ဦးသေဆုံးတယ်လို့ ဝ တပ်ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ သတင်းထုတ်ပြန်လာတာပါ။

    မုန်းထဒေသမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ဝတပ်ဖွဲ့ဝင် ၁၈ ဦး စခန်းချတဲ့နေရာကို RCSS တပ်ဖွဲ့ဘက်က ဝင်ရောက်လာတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ငန်း အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းတုန်းကလည်း လွယ်မန်ထုံကြားခံနယ်မြေထဲမှာ RCSS ဘက်က ပစ်တ်လို့ ဝတပ်ဖွဲ့စ်ဦးသေဆုံးခဲ့ရာကနေ ထိတွေ့တိုက်ပွဲ ခဏဖြစ်ခဲ့သေးတယ်လို့လည်း သူက ပြောထားပါတယ်။

  11. လောင်းလုံးမြို့နယ်တွင်းကျေးရွာတွေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်နုတ်ထွက်လာ

    မတ်လကုန်ပိုင်းကစပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးနဲ့ အရပ်အခေါ်ပျူစောထီး၊ စစ်ကောင်စီအပြော ပြည်သူ့စစ် တပ်ဖွဲ့ဝင်တချို့သေဆုံးပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်နုတ်ထွက်လာတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ မတ်လ (၂၈)ရက်မှာ ပန်းဒလဲကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်ကိုမင်းဇော်အသတ်ခံခဲ့ရသလို (၃၁)ရက်မှာတော့ နောက်ထပ်အဖွဲ့ဝင် ကိုအောင်ကျော်သက်ပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် ဧပြီ (၁)ရက်မှာတော့ သာဂရမြို့ဟောင်းရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်ဆိုသူပါ သေနတ်ပစ်ခတ်ခံရပြီး ထပ်မံသေဆုံးခဲ့ပါတယ်။

    "ဧပြီ (၁)ရက် သာဂရမြို့ဟောင်းအုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက်ပိုင်းဆက်တိုက်နုတ်ထွက်လာကြတာ။ အဲ့အနီးအနားရွာက ခမောင်းတောင်တို့ ရွာနားနီးစပ်က ငါးရွာကအုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ပြီးတော့ ရွာကရှောင်သွားကြပြီ။ ဒီလိုမျိုးတပြိုင်နက်နုတ်ထွက်တာက လောင်းလုံးမှာမရှိခဲ့ဖူးဘူး။"လို့ လောင်းလုံး ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ဒီလိုပစ်ခတ်မှုတွေအပြင် ဆန္ဒပြပွဲသပိတ်တွေလည်း ဒီရက်ပိုင်းမှာ ဆက်တိုက်ရှိနေပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လောင်းလုံးမြို့နယ်တွင်းကျေးရွာတွေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေဆက်တိုက်နှုတ်ထွက်လာ
  12. အာရှလမ်းမှာ ကျွဲနွားတင် ၆ ဘီးကား တိမ်းမှောက်လို့ လူ ၂ ဦးသေဆုံး

    အာရှလမ်းမှာ ကျွဲနွားတင် ၆ ဘီးကားတိမ်းမှောက်လို့ လူ ၂ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူကူညီကယ်ဆယ်ရေးအဖွဲ့

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက အာရှလမ်းပေါ်မှာ ကျွဲနွားတွေကို တင်လာတဲ့ ၆ ဘီးယာဉ် တစ်စီး မြောင်းထဲ ထိုးကျခဲ့တာကြောင့် အမျိုးသား၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဒီယာဉ်မတော်တဆမှုဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်က ကော့နွဲတံတားအလွန်မှာ ဒီနေ့ ဧပြီလ ၆ ရက် မနက်ပိုင်းတုန်းကဖြစ်ခဲ့တာပါ။

    မြောင်းထဲထိုးကျခဲ့တဲ့ကားထဲမှာ ပိတ်မိနေသူ ၂ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ထုတ်ယူပေမဲ့ အသက်သေဆုံးလျက်သာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံအကူအညီအပေးရေးအဖွဲ့တွေက ပြောပါတယ်။

    သေဆုံးသူအမျိုးသား ၂ ဦးထဲက တစ်ဦးဟာ ယာဉ်ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပြီး ဖားအံမြို့၊ ကျော့ရွာ ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

  13. အိန္ဒိယနိုင်ငံရဲ့သံအမတ်ခန့်အပ်လွှာ စစ်‌ကောင်စီထံပေးအပ်

    မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့ သဘောတူထားတဲ့ H.E. Mr. Vinay Kumar ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒီကနေ့ ဧပြီ (၆)ရက်မနက်ပိုင်းမှာ နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။

    သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ပေးအပ်ခဲ့ပါတယ်။

    ဒါကြောင့် အိန္ဒိယနိုင်ငံဟာ အာဏာသိမ်းပြီးတနှစ်ကျော်အတွင်း စစ်ကောင်စီထံ သံအမတ်ခန့်အပ်လွှာပေးအပ်တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

    ပထမဆုံးအဖြစ် ဆော်ဒီအာရေဗျနိုင်ငံက ပြီးခဲ့တဲ့ မတ်လ (၁၇)ရက်တုန်းက သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီထံပေးခဲ့ပါသေးတယ်။

    ဒါဟာ နိုင်ငံတကာမှာစစ်ကောင်စီအသိအမှတ်ပြုခံရဖို့နီးစပ်လာပြီလားဆိုပြီး ပြည်သူတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တရားဝင်သွားရောက်ခွင့်ရခဲ့သလို ပြည်တွင်းဒီမိုကရေစီလမ်းကြောင်းအတွက် တရုတ်ကကူညီမယ်လို့လည်း ပြောဆိုမှုတွေရှိခဲ့ပါတယ်။

    MRTV

    ဓာတ်ပုံ ရင်းမြစ်, MRTV

    ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံရဲ့သံအမတ်ခန့်အပ်လွှာ စစ်‌ကောင်စီထံပေးအပ်
  14. သုံးလအတွင်း ထယ်ဘွေးရွာခံ (၁၃)ဦးမိုင်းနင်းမိ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုင်းနင်းမိသူတွေဆေးကုသခွင့်ရဖို့ အဆင့်ဆင့်သွားရစဉ်။

    ၂၀၂၂ခုနှစ် ပထမသုံးလတာကာလအတွင်း ချင်းပြည်နယ်၊ မတူပီမြို့နယ်က ထယ်ဘွေးရွာခံ (၁၃)ဦးဟာ ရွာပတ်ဝန်းကျင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့မိုင်းတွေနင်းမိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အမျိုးသား (၁၂)ဦးနဲ့ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

    ဒီလိုမိုင်းနင်းမိတာကြောင့် တဖက်အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်၊ အိုင်းဇောလ်မြို့က ဆေးရုံတွေမှာ ကိုယ်ထူကိုယ်ထသွားရောက်ဆေးကုသနေရပြီး ငွေကြေးအခက်အခဲတွေပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    "အမျိုးသား (၇)ဦးကခြေထောက်ပြတ်သွားကြတယ်။ နောက် (၅)ဦးခြေထောက်ရောမျက်လုံးပါထိတယ်။ အသက် (၅၀)ကျော်အမျိုးသမီးက စပါးရုံမှာ စပါးသွားယူတာအဆင်းမှာမိုင်းနင်းမိပြီး ဖြစ်တာပဲ။ လျှောက်သွားနေတဲ့နွားနောက်တွေ၊ ဝက်တွေကတော့ မိုင်းမိပြီးသေကြတာမနည်းဘူး။ ထယ်ဘွေးရွာနားတပ်စိတ်က တောပတ်ပတ်လည်ပါ မိုင်းထောင်ထားတာလေ၊ ဒါမကောင်းဘူး"လို့ သားဖြစ်သူပါ မိုင်းထိခဲ့ရတဲ့ ထယ်ဘွေးဒေသခံတဦးက ဘီဘီစီကို‌ ပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုင်းနင်းမိခဲ့တဲ့ ထယ်ဘွေးရွာခံတွေကိုတွေ့ရစဉ်။

    မိုင်းထိဒဏ်ရာရကြသူတွေကို တဘက်နိုင်ငံမှာဆေးကုသခွင့်ရဖို့ ထယ်ဘွေးရွာကနေ ရက်သတ္တပတ်ချီ ကားရောလှည်းပါအသုံးပြုကာ အဆင့်ဆင့်သွားကြရတာဖြစ်ပါတယ်။

    အခုလိုမတ်လ (၂)ရက် တရက်ထဲမှာပဲ အမျိုးသားနှစ်ဦးမိုင်းထိပြီးတဲ့နောက်တော့ ထယ်ဘွေးရွာသားတွေအကုန်လုံး ရွာအနီးတဝိုက် ထင်းခုတ်တာ၊ စပါးရုံတွေဘက်သွားလာတာတွေမလုပ်ရဲတော့ဘဲ အနီးအနားရွာတွေဘက်ပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဆိုပါတယ်။

    အဲ့ဒီမတူပီမြို့နယ်၊ ထယ်ဘွေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့စခန်းချတဲ့နေရာရှိပြီး အဲ့ဒီစခန်းကိုပြီးခဲ့တဲ့နှစ် စက်တင်ဘာလဝန်းကျင်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် အင်အားပြန်ဖြည့်တင်းကာ အနီးပတ်ဝန်းကျင်က အရပ်သားပြည်သူတွေသွားလာတဲ့နေရာတွေမှာပါ မြေမြှုပ်မိုင်းတွေထောင်ထား‌တယ်လို့ ဒေသခံတွေကပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုင်းနင်းမိခဲ့တဲ့ ထယ်ဘွေးရွာခံတွေကိုတွေ့ရစဉ်။
  15. မင်းကင်းနယ်ထဲ အရပ်သားအိမ်စီးကား မိုင်းထိလို့ ၆ ဦးသေဆုံး

    မင်းကင်းနယ်ထဲ အရပ်သားအိမ်စီးကား မိုင်းထိလို့ ၆ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ထဲမှာ အိမ်စီးကားတစ်စီးဟာ မိုးထိခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာသူ အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာက ဒေသခံတွေ လိုက်ပါလာတဲ့ ဟွန်ဒါဖစ်အမျိုးအစားကားဟာ မင်းကင်း-ကလေးဝလမ်းပေါ်က စခန်းကြီးကျေးရွာအနီးမှာ ဧပြီလ ၅ ရက်တုန်းက မိုင်းထိခဲ့တာဖြစ်ပါတယ်။

    မိုင်းထိချိန်တုန်းက ကားပေါ်လိုက်ပါလာသူ အမျိုးသမီးတစ်ဦးလည်း ပျောက်ဆုံးခဲ့ပေမဲ့ နောက်ဆုံးရရှိတဲ့သတင်းအရ အဲဒီအမျိုးသမီးဟာ သူ့ရဲ့မိသားစုထံ ဘေးကင်းစွာပြန်ရောက်နေပြီလို့ သိရပါတယ်။

    အဲဒီလမ်းပေါ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားအပြီး ၂ ရက်အကြာမှာ အခုဖြစ်ရပ်ဖြစ်ပေါ်လာတာဖြစ်ကြောင့် ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းမိခဲ့တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ မိုင်းပေါက်ကွဲခဲ့တဲ့လမ်းကြော ဟာ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ဖြစ်နေတာ၊ နောက် ဒေသကာကွယ်ရေးအဖွဲ့အသီးသီးရှိနေတဲ့နေရာဖြစ်နေတာကြောင့် ဘယ်အဖွဲ့ ထောင်ထားတဲ့မိုင်း ပေါက်ကွဲခဲ့တာလည်းဆိုတာ စုံစမ်းနေပြီလို့ ဆိုပါတယ်။

    '' မိုင်းထိတဲ့နေရာက အသွားအလာမလုပ်ဖို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးထားတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက်မှာ အင်တာနက်ဖြတ်တောက်ခံထားရတော့ စာတွေ ဘာတွေ ထုတ်ပေမဲ့ ဒေသခံတွေကြား မပေါက်တာရှိတယ်။ ဘာပဲဖြစ်ဖြစ် ခရီးထွက်မယ်ဆိုရင်တော့ အရင်ဆုံး ဒေသတွင်းအခြေအနေ လေ့လာပါလို့ ပြည်သူတွေကို တိုက်တွန်းချင်ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ခဲ့တာလည်း ဝမ်းနည်းစရာကိစ္စပါ'' လို့ မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ ဘက်က ပြောပါတယ်။

    အလားတူ ဒီလိုဖြစ်ရပ်တွေထပ်မဖြစ်လာအောင် ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဆွေးနွေးကြဖို့လည်း ရှိပါတယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ က သိရပါတယ်။

  16. မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို ဖမ်းမိတယ်လို့ တမူး PDF ပြော

    တမူး- ခမ်းပတ်ကားလမ်းနဲ့ တမူး-အောင်ဇေယျကားလမ်းကိုပါ မပြတ်စောင့်ကြည့်နေတယ်လို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, တမူး PDF

    ဓာတ်ပုံ ပုံစာ, တမူး- ခမ်းပတ်ကားလမ်းနဲ့ တမူး-အောင်ဇေယျကားလမ်းကိုပါ မပြတ်စောင့်ကြည့်နေတယ်လို့ ဆို

    စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူ ၁၃ ဦးကို ဧပြီလ ၃ ရက်မှာ ဖမ်းမိခဲ့တယ်ဆိုပြီး တမူးဒေသကာကွယ်ရေးတပ် (PDF) တပ်ရင်း ၂ ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    တမူး-ခမ်းပတ်ကားလမ်းပေါ်မှာ နယ်မြေရှင်းလင်းနေချိန် ခမ်းပတ်ကနေ တမူးကို မောင်းလာတဲ့ ဆိုင်ကယ် တစ်စင်းကို စစ်ဆေးတုန်း ဘိန်းဖြူတွေ တွေ့ခဲ့လို့ ဆက်စပ်စုံစမ်းရာကနေ အဲဒီရောင်းဝယ်သုံးစွဲသူတွေကို နေအိမ်တစ်လုံးတည်းမှာ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

    သိမ်းမိတဲ့မူးယစ်ဆေးတွေနဲ့ ဆေးသုံးရာမှာ ဆက်စပ်သုံးစွဲတဲ့ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပြီး ဖမ်းမိသူတွေကိုတော့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    တမူး PDF ဘက်ကတော့ တမူး-ကလေး ကားလမ်းပေါ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ ရောင်းဝယ်တာမလုပ်ဖို့ ကြေညာချက်ထုတ်ထားပါတယ်။

  17. လွိုင်ကော်မှာ တိုက်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နေရပ်ပြန် စစ်ရှောင်ကလေးငယ်တွေ ဒဏ်ရာရ

    တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒေသခံတွေရဲ့တောင်ယာတွေထဲမှာ ထောင်ထားခဲ့တဲ့မိုင်းတွေကို ရှင်းလင်းနေရဆဲလို့ ကရင်နီအင်အားစုတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒေသခံတွေရဲ့တောင်ယာတွေထဲမှာ ထောင်ထားခဲ့တဲ့မိုင်းတွေကို ရှင်းလင်းနေရဆဲလို့ ကရင်နီအင်အားစုတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

    ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နေရပ်ပြန်လာတဲ့ စစ်ရှောင်တွေထဲက ကလေးငယ် ၂ ဦးဟာ တိုက်ပွဲကျန်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအင်အားစုတပ်တွေ တိုက်ပွဲဖြစ်ချိန် ကျန်ခဲ့တဲ့ ဗုံး ၂ နှစ်လုံးဟာ ဧပြီလ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးဟာ ညာလက်မှာ ပြင်းထန်ဒဏ်ရာရခဲ့တာလို့ မြို့ခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ''တကယ်တော့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဒေါဥခူရပ်ကွက်ဟောင်း၊ မိုင်းလုံးရပ်ကွက်တွေမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေ ရှိနေသေးတယ်။ အဲဒါတွေက စစ်ကောင်စီတပ်ထွက်သွားချိန် မရှင်းလင်းရသေးတဲ့လက်ကျန်ဗုံးတွေ။ သူတို့က ပြန်ထွက်သွားရင် မိုင်းတွေဘာတွေ ထောင်ခဲ့တာမျိုး ရှိတတ်တော့ အခု ဒေသခံတွေ ပြန်ဝင်လာချိန်မှာ စိုးရိမ်စရာအခြေအနေပါပဲ''လို့ လွိုင်ကော်မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    တိုက်ပွဲလက်ကျန် ဗုံးပေါက်ကွဲခဲ့တဲ့ရပ်ကွက်ဟာ ဇန်နဝါရီလဆန်းပိုင်းမှာ ကရင်နီအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့ရပ်ကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။

    အဲဒီအချိန်တုန်းကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တဲ့ရပ်ကွက်တွေထဲကို တိုက်လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအင်အားစု တပ်ဖွဲ့တွေက အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

  18. နှစ်ပတ်အတွင်း စစ်ကိုင်း၊ခင်ဦးမှာ နေအိမ်အလုံး (၆၀၀)ကျော်မီးရှို့ခံရ

    မတ်လ (၂၄)ရက်ကနေ မနေ့ဧပြီလ (၅)ရက်အထိ ခင်ဦးနယ်တဝိုက်ကျေးရွာတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေ၊ တပ်စွဲတာတွေပြုလုပ်ခဲ့ကာ ရွာပေါင်း (၁၁)ရွာက နေအိမ်အလုံးပေါင်း (၆၄၆)အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေစုဆောင်းထားတဲ့စာရင်းတွေအရသိရပါတယ်။

    စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ကို မတ်လ (၂၄)ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတစ်ရာနီးပါးစတင်ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီထဲ ရှားလွင်၊ ကုလားလူး၊ ငါးတင်းကြီးရွာတွေမှာ တရွာကိုနေအိမ် (၁၀၀)ကျော်အထိ မီးရှို့ခံခဲ့ရတယ်လို့ဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခင်ဦးနယ်ကိုစတင်ဝင်ရောက်လာတဲ့ မတ်လ (၂၄)ရက်နေ့၊ ယာတော်ရွာအဝင်မှာ ဒေသကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရတာကစပြီး မတ်လ (၃)ရက်နေ့မှာ ရွှေလူးအိုင်ကျေးရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် (၃)ဦး သေဆုံးခဲ့ရတာအပါအဝင် ၁၁ ရက်အတွင်း ကာကွယ်ရေးအဖွဲ့ဝင် (၉)ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    "ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ကုလားလူး၊ ထနောင်းကိုင်းကြီး၊ အုန်းပင်ကုန်းနဲ့ ဆိုင်ဂေါင်းကြားတွေမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အလာတုန်းကသူတို့အင်အားက စကစ ၉၁ယောက်နဲ့ ပျူစောထီး ၈ဦးပါ တယ်လို့ သိထားတာ၊ မနေ့က ခင်ဦးနယ်ပြန်အထွက်မှာတော့ စုစုပေါင်း ၈၀ကျော်ပဲ ကန့်ဘလူဘက် ထွက်သွားတယ်။"လို့ ခင်ဦးဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ဧပြီ (၅)ရက်မနက်ပိုင်းမှာ အုန်းပင်ကုန်းနဲ့ ဆိုင်ဂေါင်းရွာတွေမှာ တပ်စွဲရာကနေပြန်လည်ထွက်ခွာသွားပြီး ကန့်ဘလူ၊ စကျင်ကျေးရွာဘက်ကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ကျေးရွာ (၁၅)ရွာက ပြည်သူ သုံးသောင်းခုနစ်ထောင်ကျော် စစ်ဘေးရှောင်နေကြရပြီး နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးခက်ခဲမှုတွေပါ ရင်ဆိုင်နေရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီဧပြီလဆန်းအတွင်းမီးရှို့ခံခဲ့ရတဲ့ ရှားလွင်ရွာ (ပုံဟောင်း)
  19. မင်းတပ်-မတူပီ ကားလမ်းမှာ စစ်ကောင်စီနဲ့ ဒေသခံတွေကြား တိုက်ပွဲ ပြင်းထန်

  20. မြောက်ဦး ကမ္ဘာ့အမွေအနှစ်ဝင်ရေး နေအိမ်တွေဖယ်ရှားခံရဖွယ်ရှိ

    ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဝင်ရေးအတွက် ရှေးဟောင်းအမွေအနှစ်တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ တည်ရှိနေတဲ့ နေအိမ်တွေကို ဖယ်ရှားရမယ့် အခြေအနေ ရှိနေတယ်လို့ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ဒေသ ထိန်းသိမ်းရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးသန်းမြင့်က ပြောပါတယ်။

    ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် ကြိုးစားနေကြတဲ့အချိန်မှာ စီမံခန့်ခွဲရေးအားနည်းချက်တွေကြောင့် အခုလို သတ်မှတ်စံနှုန်းတွေနဲ့ မကိုက်ညီဘဲ လွဲချော်မှုတွေ ဖြစ်လာနေတာလို့ သူက ဆိုပါတယ်။

    ဒါ့အပြင် မြောက်ဦးမြို့ဟာ ယခင်ရှေးဘုရင်တွေ လက်ထက်က ရှိခဲ့တဲ့မြို့ပျက်သုဉ်းခဲ့ပြီးနောက် ဗြိတိသျှလက်ထက်မှာ ပြန်လည်တည်ဆောက်ခဲ့တဲ့မြို့ဖြစ်ပေမယ့် ယခင်က ကျူးကျော်တွေမရှိခဲ့ဘဲ အခု ယူနက်စ်ကိုအသိအမှတ်ပြုနိုင်ရေးအတွက် သုတေသနလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာခဲ့ရတဲ့အချိန်မှာ သမိုင်းဝင်အမွေအနှစ်တွေ ပိုမိုတွေ့ရှိလာခဲ့ရပြီး ယခင်ကတည်းက ရှိနေတဲ့လူနေအိမ်တချို့တို့မှာလည်း ကျူးကျော်တွေအဖြစ် သတ်မှတ်ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လိုက် ရှေးဟောင်းသုတေသနဌာန ညွန်ကြားရေးမှူးချုပ်ရောက်ရှိလာခဲ့ပြီး ဧပြီ ၄ ရက် မနေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြရာမှာ အမှိုက်စွန့်ပစ်မှုထိန်းသိမ်းရေးနဲ့ ကျူးကျော်နေအိမ် ဖယ်ရှားရေးကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    မြောက်ဦး ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ