မြန်မာ တရုတ် နယ်စပ်မြို့ ၅ မြို့ အတွက် ကိုဗစ်ကာကွယ်ဆေး တစ်သန်းလှူ
တရုတ်အစိုးရက မြန်မာနိုင်ငံရှိ မြန်မာ-တရုတ်နယ်စပ်မြို့(၅)မြို့ကို ဆိုင်နိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး(၁)သန်း လွှဲပြောင်းပေးအပ်လှူဒါန်းတဲ့ အခမ်းအနားကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာမှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါတယ်။
ကူမင်းမြို့အခြေစိုက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထူးကော်မရှင်နာရုံးက ဒုတိယကော်မရှင်နာ Mr. Xiao Fenghuai က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ကောင်စီဘက်က ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲ့ဒီ ကာကွယ်ဆေး(၁)သန်းကို မြန်မာနိုင်ငံကို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စတင်ပို့ဆောင်မယ်လို့ လည်းပြောပါတယ်။
ဒီကာကွယ်ဆေး(၁)သန်းကို မနက်ဖြန်ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဖြန့်ဝေပေးသွားမယ်လို့ ပြောပါတယ်။
ဖြန့်ဝေပေးသွားမ့ မြန်မာ တရုတ် နယ်စပ်မြို့ငါးမြို့ဟာ ဘယ်မြို့တွေဖြစ်တယ်ဆိုတာကို အမည်နဲ့တကွ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MOFA
မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကိုဒီနေရာမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။
