ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီး နှစ်ရက်ဆက်တိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ဘန့်ဘွေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်များကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)က ဇန်နဝါရီ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်တို့မှာ ဘန်ဘွေးရွာနယ်အနီးတဝိုက်သို့ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။
အဝေးပစ်လက်နက်တွေကို ဒေသအတွင်းကထုတ်လုပ်တာလို့ သူတို့ကပြောသလို အဲ့ဒီလက်နက်တွေ သုံးပြီးပစ်ခတ်နေတဲ့ ရုပ်သံဖိုင်ကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
ဒီတိုက်ပွဲထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော ဒေသကာကွယ်ရေးတပ်တွေဘက်ကပါထုတ်ပြန်တာ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်က နေ ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ဝင်စီးပြီး PDFခေါင်းဆောင် ဗိုလ်နဂါးကို ဒေသခံအချို့ကို ဖမ်းဆီးခဲ့ပါသေးတယ်။
အဲ့ဒီစစ်ကြောင်းနဲ့ အတူ ယင်းမာပင်နယ်ထဲက ဘန့်ဘွေးရွာကိုလည်း စစ်ကောင်စီ စစ်ကြောင်းတွေရောက်လာတာဖြစ်ပြီးတော့ ကနီနဲ့ ယင်းမာပင်နယ်က ဒေသအတွင်းPDF တပ်တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ လည်း သူတို့ကပြောပါတယ်။
စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်တာတွေလုပ်လာနိုင်လို့ ဒေသခံတွေ အနေနဲ့ အရေးပေါ်တိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်ကြဖို့ကိုထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင် PDF






















