ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Western News ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်စွဲဆိုထားတယ်လို့
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက
ပြောပါတယ်။
Western Newsသတင်းဌာနဟာ
ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်တပ်နဲ့သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို
အကြောင်းအရာမခိုင်လုံဘဲ ရေးသားဖော်ပြခဲ့တဲ့အတွက် အခုလိုအမှုဖွင့်ထားတာဖြစ်တယ်လို့သိရကြောင်း
ဦးလှသိန်းက ဇန်နါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
အမှုဖွင့်တယ်ဆိုတာကိုသာ သိထးရပြီး ဘယ်သူတွေက တရားလိုပြုပြီးတော့ ဘာပုဒ်မနဲ့ဘယ်တရားရုံးမှာ စွဲဆိုထားတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဦးလှသိန်းက ပြောပါတယ်။
“ယေဘုယျအားဖြင့် တပ်မတော်အပေါ်မှာ အားကိုမှု
ယုတ်လျော့အောင် ပလက်ဝဖက်ကသတင်းတစ်ပုဒ်ကိုတင်တယ်လို့ ပြောတယ် Western News က။”လို့ ဦးလှသိန်းက ပြောပါတယ်။
Western news သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်
ဒီဇင်ဘာ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှာ
အလံဖြူစိုက်ထူထားတယ်ဆိုတဲ့သတင်းကို ရေးသားဖော်ပြခဲ့ပြီး
မကြာခင်ရက်ပိုင်းအတွင်းမှာဘဲ အခုလို တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီသတင်းဌာနကို တရားစွဲဆိုတာဟာ စစ်တပ်ကနေတရားလိုလုပ်ပြီး ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၁၂၄-က နဲ့ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်စွဲဆိုထားတယ်လို့
လေ့လာသိရှိထားရကြောင်း Western news သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဝဏ္ဏခွာညိုက
ပြောပါတယ်။
သူတို့ကိုစွဲဆိုထားတဲ့
ပုဒ်မဟာ ပြစ်ဒဏ်တွေများလွန်းတဲ့ပုဒ်မဖြစ်တာကြောင့် သတင်းဌာနရုံးခန်းကိုလည်း
ယာယီပိတ်သိမ်း ထားရပြီး သတင်းထောက်တချို့လည်း ရှောင်တိမ်းနေကြရတယ်လို့ ဝဏ္ဏခွာညိုက
ပြောဆိုပါတယ်။
“၁၂၄ ပုဒ်မက အရမ်းကိုပြင်းထန်တဲ့ ပုဒ်မတစ်ခုဖြစ်တယ်။
ဒီပုဒ်မနဲ့ သတင်းဌာနကို တရားစွဲဆိုတယ်ဆိုတာလည်း မရှိသလောက်လို့ ပြောလို့ရတယ်။
ဒီပုဒ်မနဲ့စွဲဆိုလိုက်တာကတော့ အန္တရာယ်များတယ်။ ကျွန်တော်တို့ Western က သတင်းသမားတွေဆိုလည်း တိမ်းရှောင်နေရတယ်။ လက်ရှိမှာလည်း
သတင်းလုပ်ငန်းတွေကို ရပ်ဆိုင်းနေရတဲ့အခြေအနေရှိပါတယ်။”လို့ တည်ထောင်သူလည်းဖြစ် အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဝဏ္ဏခွာညိုက ပြောပါတယ်။
တရားစွဲဆိုမှုပြုလုပ်ရာမှာလည်း မီဒီယာကောင်စီကနေ တစ်ဆင့်ချင်းမသွားဘဲ
တိုက်ရိုက်လျှောက်ထားတာက မီဒီယာအချင်းချင်းချိတ်ဆက်နေတဲ့ သတင်းသမားတွေကိုလည်း
ခြိမ်းခြောက်ရာရောက်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အင်တာဗျူးဖြေပေးခဲ့တဲ့ ပလက်ဝမြို့ခံ
ကိုတင်ထွန်းအောင်ကိုလည်း ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅ (က) နဲ့
ပလက်ဝမြို့နယ်တရားရုံမှာ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ကိုတင်ထွန်းအောင်ကို ခလရ ၂၈၉ တပ်ရင်းကနေ
စစ်တွေမြို့ကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရကြောင်းသ မိသားစုဝင်တစ်ဦးက
ပြောပါတယ်။
ခလရ ၂၈၉ တပ်ရင်းဟာ ပလက်ဝမြို့နဲ့တစ်ဖက်ကမ်းမှာတည်ရှိတဲ့
စစ်တပ်ဖြစ်ပြီး အဲ့ဒီစစ်တပ်မှာ အလံဖြူတောင်ထားတာကို တွေ့မြင်ရကြောင်း
သတင်းဌာနနဲ့အင်တာဗျူးမှာ ဖြေပေးခဲ့တာတဲ့အတွက်
အခုလိုဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်တယ်လို့ သိရကြောင်း မိသားစုတွေက ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနကို လည်းပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေပြီးသတင်းထောက်တွေကို ခေါ်သွားခဲ့