ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာမြိုတောင်ဘက်ရွာတွေအနီးက တောင်ယာတဲတွေကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေပြော, ဒေသခံ ရွာသားတချို့လည်း ဖမ်းဆီးခံရတယ်လို့ ဆို

    မုံရွာမြို့တောင်ဘက်၊ မအူရွာနဲ့လယ်ဇင်ကျေးရွာ၊ အောင်သာကျေးရွာတွေအနားက တောင်ယာတဲနဲ့ကွမ်းခြံတွေကို ဒီကနေ့ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီ တပ်တွေမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေဝင်ရောက်လာတာဖြစ်ပြီး တောင်ယာတဲ ၁၀ လုံးထက်မနည်းမီးရှို့ဖျက်ဆီးခံခဲ့ရသလို လမ်းမှာတွေ့တဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း လယ်ဇင်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက် ပစ်ခတ်တာကြောင့် ဒေသခံလူငယ် ၄ ဦးသေဆုံးခဲ့ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ဒေသခံတွေကပြောကြားထားပါတယ်

    ။ စစ်ကောင်စီတပ်တွေကတော့ လယ်ဇင်ရွာထဲဖြစ်စဉ်ကို PDF စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားခဲ့ပါတယ်။

    မုံရွာမြို့

    ဓာတ်ပုံ ရင်းမြစ်, မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

  2. ရေဦးနယ်ထဲမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်, နှစ်ဖက်အကျအဆုံးတွေရှိနေပြီး ဒေသခံရွာတွေမွှေနှောက်မီးရှို့ခံရတာဆက်ဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့နယ်တောင်ဘက်မှာရှိတဲ့ ရွာမိဿာရွာအနီးမှာ ဒီကနေ့ဇန်နဝါရီ ၂၁ မနက်ပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၇ ဦးကျဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ထိတွေ့ပစ်ခတ်မှုပြီးတဲ့နောက်စစ်ကောင်စီတပ်တွေက ရွာမိဿာရွာအတွင်းဝင်ရောက်လာတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ရွာအတွင်း ဆိုင်ကယ်နဲ့လူနေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    မနေ့ဇန်နဝါရီ ၂၀ရက်နေ့လယ်ပိုင်းမှာလည်းလည်း ရေဦးမြို့နယ် အနောက်ဘက်က ချမ်းသာရွာအနီးက မီးရထားသံလမ်းမှာ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်မှုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ၇ ဦးထက်မနည်းသေဆုံးတယ်လို့ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

    အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်တွေက ချမ်းသာရွာအတွင်းဝင်ရောက်ပြီး ရွာထဲက ဘုန်းတော်ကြီးကျောင်းနဲ့လူနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့တယ်လို့ဒေသတွင်း သတင်းတွေကဖော်ပြထားပါတယ်။

    ဒီကနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ ရေဦး၊ ခင်ဦး၊ စိုင်ပြင်၊ ဒီပဲယင်း ဘက်တွေမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးတာတွေနဲ့ရဟတ်ယာဉ်ပျံသန်းမှုတွေလည်း ရှိနေတာကြောင့် သတိထားသွားလာကြဖို့ကိုလည်း ဒေသတွင်းသတင်းတွေက သတိပေးဖော်ပြထားတာကိုတွေ့ရပါတယ်။

    စစ်ကိုင်းတိုင်းဒေသကြီး

    ဓာတ်ပုံ ရင်းမြစ်, Information Ye-U News

  3. ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှု ဒီနေ့ စတင်စစ်ဆေး, နှစ်ဦးလုံးကျန်းမာရေးကောင်းမွန်

    ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုငါးမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ဒီနေ့ရုံးချိန်းမှာရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

    ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ယခင် စစ်ဆေးလက်စ အဂတိမှု ငါးမှုထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့အမှု လေးမှုအတွက် တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်းကို စစ်ဆေးဖို့ရှိပေမယ့် သက်သေ ရောက်မလာခဲ့တာကြောင့် ဒီလေးမှုလုံးကို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

    အဲဒီနောက် သမ္မတ ဦးဝင်းမြင့်၊ လူကယ်ပြန်ဝန်ကြီးဟောင်းဒေါက်တာဝင်းမြတ်အေးတို့နဲ့အတူ စွဲဆိုခံထားရတဲ့ အဂတိမှု ငါးမှုကို ရုံးတော်က ခေါ်ယူခဲ့ပြီး အဲဒီအမှုငါးမှုလုံးအတွက် လိုက်ပါဆောင်ရွက်မယ့်ရှေ့နေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့တယ်လို့သိရပါတယ်။

    ထပ်တိုးအမှုငါးမှုလုံးကို စစ်ဆေးဖို့ ဖေဖော်ဝါရီ ၄ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုနောက်ထပ်ထပ်တိုးတရားစွဲထားတဲ့ အဂတိမှုငါးမှုအနက် သုံးမှုဟာ ရဟတ်ယာဉ်တစ်စီးကို ငှားရမ်းသုံးစွဲမှုနဲ့ပတ်သက်ပြီး နှစ်မှုကတော့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာနဲ့ ပတ်သက်တယ်လို့လည်း သိရပါတယ်။

    အမှုမှာအတူစွဲဆိုခံထားရတဲ့ ဒေါက်တာဝင်းမြတ်အေးကတော့ လက်ရှိမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူကယ်ပြန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

    လက်ရှိမှာဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ၊ ရင်ဆိုင်လက်စ အဂတိမှု ငါးမှု ၊ တခါ စစ်ကောင်စီက အခုထပ်တိုးတရားစွဲလိုက်တဲ့အဂတိမှု ၅ မှုနဲ့ဆိုရင် စုစုပေါင်းအမှု၁၁ မှု ရင်ဆိုင်ရဖို့ရှိနေပါတယ်။

    ယခင်စွဲဆိုထားတဲ့အမှုတွေအနက် ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအမှု ၂ ခု၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးဥပဒေ အမှုတွေအတွက် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကိုချမှတ်ခံထားရပြီဖြစ်သလို သမတ ဦးဝင်းမြင့်ဟာလည်း ပုဒ်မ ၅၀၅(ခ) ၊ သဘာဝဘေးပုဒ်မ တို့နဲ့ စုစုပေါင်းထောင်ဒဏ် ၄ နှစ်ကျခံထားရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. ရေလယ်ကျွန်းအနီးက ရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်လို့ ဒေသခံတွေပြေးနေရ, အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အရှေ့ဘက်ပိုင်းက ရေလယ်ကျွန်းဒေသမှာရှိတဲ့ နေရင်းရွာ၊ ပေါက်ရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေရင်းရွာကဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မနေ့ဇန်နဝါရီ ၂၀ရက်နေ့ ဒီကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေလယ်ကျွန်းနယ်ထဲက မင်းရွာကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ဒီကနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ နေရင်းကျေးရွာထဲကို စစ်ကြောင်း ထိုးဝင်ရောက်ပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ ရွာသားတွေက သူတို့လာပြီဆိုတာနဲ့ ကြောက်လို့ထွက်ပြေးတာ၊ ပြေးလို့ဆိုပြီးပစ်တာ၊ ဦးစိန်ဝိုင်းဆိုတဲ့ အသက် ၆၀ အရွယ် တစ်ဦးကတော့ နေရာမှာပဲ သေနတ်ထိမှန်ပြီးဆုံးသွားတယ်။ ကျန်တဲ့အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာရထားတယ်။ ဒီရွာတွေကတော့ စစ်သားတွေရောက်လာရင် ပြေးကြရတာပဲ၊ သူတို့အင်နဲ့အားနဲ့အလုံးအရင်းနဲ့လာပြီဆိုရင် လာနိုင်တဲ့လမ်းတလျှောက်ကရွာတွေက ပြေးရတာပဲ။ အခုလည်းအကုန်ပြေးနေရတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်နေတဲ့ ရေလယ်ကျွန်းဒေသ နေရင်းရွာနဲ့မင်းရွာအနီးမှာတော့ မနေ့ဇန်နဝါရီ ၂၀ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေနဲ့ရေစကြိုဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဘက်ကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ မကွေးတိုင်းအတွင်းက ထိတွေ့တိုက်ပွဲတွေနဲ့ ဒေသခံတွေသေဆုံးမှုနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူး။

    မကွေးတိုင်းဒေသကြီး

    ဓာတ်ပုံ ရင်းမြစ်, Social Media

  5. ကယားပြည်နယ်တိုက်ပွဲကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရခဲ့တဲ့ တိုးတက်မှု ထိခိုက်တယ်လို့ပြော

    ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း ရရှိခဲ့တဲ့ တိုးတက်ဖြစ်ထွန်းမှုကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

    ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဥ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံဖြိုးတိုးတက်မှုကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ထောက်ပြပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဥ်ဟာ သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဖို့ သဘောတူညီမှုတခု မရဘဲ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေမှုတွေအပေါ် အင်မတန် စိုးရိမ်မိသလို နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်မယ့် အခြေအနေတွေကို ဖြစ်ထွန်းစေမယ့် တွေ့ဆုံဆွေးနွေးမှုတခု ပေါ်ပေါက်စေဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးက အပစ်အခတ်ရပ်စဲဖို့၊ အကြမ်းဖက်လုပ်ရပ်တွေအားလုံး ရပ်ဆိုင်းဖို့လိုတယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ကယားပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် စစ်ရှောင်ပြည်သူဦးရေလည်း တဖြည်းဖြည်း တိုးလာနေပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ချက်ချင်းဖြေရှင်းနိုင်မှာ မဟုတ်သလို ငြိမ်းချမ်းရေးရဖို့ မြန်မာနိုင်ငံက ဦးဆောင်လုပ်ရမယ်လို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကလည်း ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြောဆိုခဲ့ကြပါတယ်။

    ကယားပြည်နယ်တိုက်ပွဲကြောင့် ဝန်ကြီးချုပ် ဟွန်ဆန်ရခဲ့တဲ့ တိုးတက်မှု ထိခိုက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  6. ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာက အရေးယူမှု

  7. ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ်တွေနေအိမ်အချို့ ချိပ်ပိတ်ခံရ

    စစ်ကိုင်းတိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး ခေါ် ဒေါ်အေးအေးမူနဲ့ ဒေါ်သန့်ဝေကျော်တို့ရဲနေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒေါ်ရှားမီးရဲ့နေအိမ်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်မှာရှိပြီး၊ ဒေါ်သန့်ဝေကျော် အိမ်ကတော့ ကလေး ဂန့်ဂေါလမ်း က မြို့သာမှာဖြစ်ပြီးတော့ မနေ့က စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့လည်းပြောပါတယ်။

    ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့နေအိမ်တွေကနေ ရှောင်တိမ်းနေကြတာ ကြာပြီဖြစ်တယ်လို့ လည်းဘီဘီစီကို ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းတမူးနဲ့ ချင်းပြည်နယ် ဖလမ်းတို့မှာလည်း လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွေ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က ချိပ်ပိတ်ခံရပြီး တမူးမြို့မှာ အိမ် ၈ လုံးနဲ့ ဖလမ်းမြို့မှာ တစ်လုံး ပါဝင်တယ်လို့သိရပါတယ်။

    ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်က ချိပ်ပိတ်ခံရတဲ့နေအိမ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့ ဗိုလ်ချုပ်လမ်း စမ်းမြို့ ရပ်ကွက်က ချိပ်ပိတ်ခံရတဲ့နေအိမ်
  8. မြန်မာနိုင်ငံမှာ အိုမီခရွန် ၂၈ ဦးထပ်တွေ့

    ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေထဲက ၂၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ အိုမီခရွန် ပိုးကူးစက်ခံထားရတာထပ်တွေ့ ရတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    လေယာဥ်တွေနဲ့ ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာ မှာအခုလိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အဲ့ဒီလူတွေအားလုံးဟာမြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    အဲ့ဒီလို ပြန်ဝင်လာသူတွေကို စစ်ဆေးခဲ့ရာမှာ မလေးရှားကပြန်လာသူ ၁၈ ဦး၊ဖိလစ်ပိုင်က ၆ ဦး၊ ထိုင်းက ၃ ဦး၊ စင်ကာပူက ၄ ဦး၊ အိန္ဒိယက ၂ ဦးနဲ့ ယူအေအီးနဲ့ ရုရှနိုင်ငံတို့က တစ်ဦးစီဖြစ်တယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံမှာ (ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန် တွေ့ရှိခဲ့ပြီးနောက်ပိုင်း အိုမီခရွန်ကူးစက်ခံရတဲ့သတင်းတွေ ခပ်စိပ်စိပ် တွေ့လာရတာဖြစ်ပါတယ်။

    ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို လေကြောင်းက ပြန်၀င်လာသူ ၄၂ ဦး မှာတွေ့ရှိခဲ့ပါသေးတယ်၊

    ဇန်နဝါရီ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူ ၁၁၈ ဦးရှိလာပြီဖြစ်ပြီး အခုထပ်ပြီးတွေ့တဲ့ ၂၈ ဦးပါထည့်တွက်ရင် အိုမီခရွန်တွေ့သူ တစ်ရာ့လေးဆယ်ကျော်လာပြီဖြစ်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. မင်းကင်းနယ် မအူကုန်းမြောက်ရွာမှာ လူ ၅ ဦး အသတ်ခံရ

    မင်းကင်းမြို့နယ် မအူကုန်းမြောက်ရွာမှာ အမျိုသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဇန်နဝါရီလ ၁၉ ရက်နေ့ က ရွာထဲကို ဝင်ရောက်ဖမ်းဆီးပြီး အနောက်ဘက် သုသာန်မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    အသတ်ခံရသူတွေဟာ ကြံ့ခိုင်ရေးပါတီက စည်းရုံးရေးမှူးတစ်ဦးနဲ့ ရွာသူ ရွာသားတွေဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။

    ဒေသလက်နက်ကိုင်တွေဘက်ကတော့ စစ်ကောင်စီသတင်းပေး ၅ ဦးကို သုတ်သင်ခဲ့ပြီးတစ်ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ရေးပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ တူမီးသေနတ် ဓားတွေကိုင်ဆောင်ထားသူတွေက မအူကုန်းမြောက်ကျေးရွာနေ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ‌ဖမ်းပြီး သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း တစ်ဦးကတော့ ထွက်ပြေးစဥ်သေနတ်ထိမှန်ပြီးဆေးကုသ မှုခံနေရတယ်လို့လည်း သတင်းမီဒီယာတွေကို ပြန်လည်ပြောဆိုပါတယ်။

    မင်းကင်းမြို့နယ် တောင်တွင်းဒေသ တောင်စာရေးရွာမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က စစ်ကောင်စီ အင်အား ၂၀၀ ခန့်ဟာတောင်တွင်း PDF ရှိမည်ထင်တဲ့ နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ကူပေးပြီးနောက် PDF စခန်းရှိနိုင်တဲ့နေရာတွေကို ရှာဖို့လုပ်နေတယ်လို့လည်းသိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. မြောင်မှာ စစ်ကောင်စီက PDF စခန်းတွေလိုက်ရှာနေ

    မြောင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက မြို့နယ်အတွင်း အနိမ့်ပျံသန်း ပြီးနယ်မြေ ရှင်းလင်းရေးလုပ်နေကြောင်း မြောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ခန့်ကစပြီး အခုရက်ပိုင်းတွေ အထိနယ်မြေ ရှင်းလင်းရေးတွေပြုလုပ်လာတဲ့အတွက် ဒေသခံတွေဘက်ကတော့ စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။

    ရဟတ်ယာဥ်တွေသာမက မြေပြင်မှာလည်းစစ်ကြောင်းအထိုင်ချပြီး PDF သံသယနဲ့ ရှင်းလင်းရေးလုပ်ခံနေရတဲ့ နေရာတွေအပါအဝင် တစ်မြို့လုံး နီးပါးဖြစ်တာကြောင့် စစ်ရေးတင်းမာမှုတွေများလာမှာကိုလည်း ဒေသခံတွေဘက်ကစိုးရိမ်တာမျိုးရှိတယ်လို့ ဆိုကြပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ PDF စခန်း ရှင်းလင်းခံရပြီး ယာဉ်တစ်စီး၊ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်များ အပါအဝင် ဆန် (၉) အိတ် သိမ်းဆည်းခြင်းခံခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာ အချို့ကရေးပါတယ်။

    မြောင်မြို့နယ် ရွှေဘုံသာကျေးရွာအနီးမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် PDF စခန်း ရှင်းလင်းခံခဲ့ရတယ်လို့လည်း သိရပါတယ်။

    မြောင် PDF

    ဓာတ်ပုံ ရင်းမြစ်, မြောင် PDF

    ဓာတ်ပုံ ပုံစာ, မြောင် PDF
  11. ရန်ကုန်က မုံရွာကို တင်ပို့မယ့် ဖုန်း လက်ပတော့ အထည်အလိပ် လူသုံးကုန် စား‌သောက်ကုန်တွေကို ကန့်သတ်

    စစ်ကောင်စီက ရန်ကုန်မြို့ကနေ မုံရွာမြို့ကို တင်ပို့မယ့် တယ်လီဖုန်း လပ်ပတော့(laptop)အိမ်ဆောက်ပစ္စည်း အဝတ်အထည်နဲ့ အစားအသောက်တွေကို သယ်ဆောင်ခွင့်မပြုတော့ဘူးလို့ ရန်ကုန် မုံရွာ အဝေးပြေးယာဉ်လိုင်း တွေထံက သိရပါတယ်။

    ဒီသတင်း မှန်ကန်မှုရှိတယ်လို့ မုံရွာ အခြေစိုက် အထည်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မိုဘိုင်းဖုန်း နဲ့ လပ်တော့ (laptop)ကို တစ်လုံးထက်ပိုပြီး သယ်ဆောင်လို့မရသလို လူသုံးကုန်ဖြစ်တဲ့ အဝတ်အထည် အမြောက်အများနဲ့ ရွှေထည်တွေ အပါအဝင် ကော်စတီးနဲ့ သံထည်ပစ္စည်း ၊ ဓာတ်မီး၊ ဘတ္တရီနဲ့ ဓာတ်ခဲတွေလည်း သယ်ဆောင်ခွင့်မရှိတဲ့ စာရင်းမှာ ပါဝင်တာကို‌ တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် မုံရွာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်လိုင်းတစ်လိုင်းမှာ ပြောက်ကျားဝတ်စုံတွေတွေ့အပြီးမှာ အခုလို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။

    ဒီလို ကန့်သတ်မှုကြောင့် ရန်ကုန် နဲ့ မုံရွာကြား ကုန်သွယ်မှုတွေ ထိခိုက်နစ်နာမှုတွေရှိနိုင်ကြောင်း မုံရွာ မိုဘိုင်း တယ်လီဖုန်းစျေးကွက်နဲ့ လူသုံးကုန် အဝတ်အထည် အစားအသောက်တင်ပို့တာတွေကို ထိခိုက်နိုင်တယ်လို့လည်း သူတို့ကပြောပါတယ်။

    မုံရွာ ရန်ကုန်အသွားပြန်ပြေးဆွဲနေတဲ့ အမြန်ယာဉ်လိုင်း ၁၁ လိုင်းခန့်ရှိပြီးတော့ အဲဒီထဲက ရွှေမန္တလာနဲ့ မန္တလာမင်းယာဉ်လိုင်းတွေကတော့ ယာယီရပ်နားထားလို့ အဝေးပြေးယာဥ်လိုင်းက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ရန်ကုန်အောင်မင်္ဂလာ အဝေးပြေး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်အောင်မင်္ဂလာ အဝေးပြေး
  12. အလင်္ကာပုလဲပန်း “စစ်” ဆိုတာဘာလဲ

  13. သထုံမြို့ သုဝဏ္ဏဝတီမြို့အနီး ပစ်ခတ်မှုဖြစ်, ၁ ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရတယ်လို့ ဆို

    သထုံမြို့ ကျိုက္ကော် ရွှေဘုံသာ ဘုရားအနီးမှာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပါတယ်။

    သုဏ္ဏဝတီမြို့၊ ရွှေဘုံသာ ဘုရားအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိနေတယ်လို့လည်း ဒေသတွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။

    ဖြစ်စဉ်နဲ့ပတ်သက်လို့ အနီးတဝိုက်က ဒေသခံတစ်ဦးပြောတာက "ပစ်ခတ်သံတွေတော့ကြားရတယ်။ မနက် ၁၀ နာရီကျော်လောက်ကပါ။ နေ့တိုင်း ဒီဘက်မှာက ကားတွေ စစ် ၊ ဆိုင်ကယ်တွေ စစ်နေတာ။ အခုလည်း ကားတွေ ဆိုင်ကယ်တွေ တားတားပြီး စစ်နေတော့ အနားသွားလို့မရဘူး" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသတွင်းဖော်ပြချက်တွေအရတော့ ဆိုင်ကယ်နဲ့ စစ်ကောင်စီဘက်ကို လာရောက်ပြီး ပစ်ခတ်တာလို့ သိရပြီး အပြန်အလှန် ပြန်ပစ်ကြရာက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သူနှစ်ဦးထဲက တစ်ဦးသေဆုံးသွားပြီး တစ်ဦးက ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ နှစ်ဦး ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။ အခုပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    သထုံမြို့

    ဓာတ်ပုံ ရင်းမြစ်, Than Lwin Times

  14. စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာလို့ ထားဝယ်အရှေ့ခြမ်းကရွာတွေပြေးနေရ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့ဘက်ခြမ်းက ကျေးရွာတွေ မနေ့ဇန်နဝါရီ ၁၉ရက်နေ့ကစပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    မနေ့နေ့လယ်ပိုင်းစလို့စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာကြောင့် ထားဝယ်အရှေ့ခြမ်းမှာရှိတဲ့ မြင်းမတ်တပ်၊ ခေါင်တိုင်ပင်၊ ဟာမြင်းကြီး၊ ပိန္နဲချောင်း၊ မြေးခန္တီ စတဲ့ရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင် ခဲ့ကြရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    “သူတို့ကစစ်ကြောင်းထိုးလာပြီဆိုရမ်းသမ်းပစ်ခတ်တာ၊ ဒါကြောင့်ရွာသားတွေကပြေးတာ နှစ်ဖက်တိုက်ပွဲဖြစ်တာတော့ မကြားရဘူး တဖက်တည်းရမ်းသမ်းပစ်နေတာ။ ရွာသားတွေကတော့ စစ်ကြောင်းလာထိုးကတည်းက ပြေးကြတာ။ အနားမှာ စစ်ကားမိုင်းဆွဲခံရတာလည်းရှိတယ်လို့ကြားရပေမယ့် သေချာမသိရသေးဘူး။ အခုထိတော့မြင်းမတ်တပ်ရွာထဲ တပ်စွဲထားတုန်းပဲလို့” ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ထားဝယ်အရှေ့ခြမ်းမှာ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာပေါင်း ၅ ရွာထက်မနည်းရှိနေပြီး စစ်ဘေးရှောင်ရတဲ့ ရွာသားတွေရာချီရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ထားဝယ်ခရိုင်အတွင်းက ကျေးရွာတွေကိုတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတပ်စွဲတာတွေမကြာခဏလုပ်လေ့ရှိပြီ ရွာတွေအတွင်းဝင်ရောက်လာတဲ့အခါ ရမ်းသမ်းပစ်ခတ်တာတွေ ဖမ်းဆီးတာတွေလုပ်လေ့ရှိတာကြောင့် ဒေသခံတွေကတော့ စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာရင် ဘေးလွတ်ရာပြေးရတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ထားဝယ်မြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ-Cj

    ဓာတ်ပုံ ပုံစာ, ပုံစာ-ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်းကစစ်ဘေးရှောင်ပြည်သူတွေ (ပုံဟောင်း)
  15. Dewai Watch သတင်းထောက် ၂ ဦးအပါအဝင် ၃ ဦးကို ဘယ်မှာထိန်းသိမ်းဖမ်းဆီးထားတယ်ဆိုတာမသိရသေး

    မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၂နာရီဝန်းကျင်မှာ Dawei Watch သတင်းဌာနက သတင်းထောက်ကိုဇော်နဲ့ မမိုးမြင့် အပါအဝင်ရုံးပိုင်းဆိုင်ရာလုပ်တဲ့ ကိုသားကြီး ဆိုသူ သုံးဦးတို့ကို နေအိမ်တွေမှာ အသီးသီးလာရောက်ဖမ်းဆီးခံခဲ့ရပါတယ်။

    “အာဏာပိုင်တွေက ထုံးစံအတိုင်းပဲ သတင်းသမားတွေကို ကြိုက်လေ့မရှိဘူး။ ဘာလို့လဲဆိုတော့ သတင်းသမားတွေက အာဏာပိုင် မကြိုက်တဲ့အကြောင်းအရာတွေကို ဖော်ထုတ်လေ့ရှိတယ်။ သတင်းသမားနဲ့ အာဏာပိုင်ဆိုတဲ့သူတွေနဲ့က တည့်လေ့တော့မရှိဘူး။ ဒါထုံးစံပဲ။ အခုချိန်ဆို ၂၄ နာရီကျော် နာရီ၃၀ ရှိပြီ။ ဘယ်မှာရှိလဲဆိုတာ စုံစမ်းနေတုန်းပဲ။ မိသားစုတွေကိုသော်လည်းကောင်း၊ ရုံးကိုသော်လည်းကောင်း တရားဝင်သတင်းပေးလာတာမရှိဘူ။ မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ ဘယ်မှာရှိနိုင်တယ်ဆိုတာမျိုး စုံစမ်းနေတာမျိုးရှိတယ်။ ဒါပေမဲ့ တိတိကျကျတော့ သတင်းသိရတာမျိုး မရှိသေးဘူး။ ဒါတော့ စိတ်ပူရတဲ့အချက်ပေါ့လေ။ဒီဟာက သတင်းထောက်တွေကို ခုချိန်ထိ ညသန်းခေါင်မှာဖမ်းဆီးသွားပြီး ဘယ်နေရာမှာရှိမှန်းလည်း မသိတဲ့အခါကျတော့ ဒီမိုကရေစီကိုသွားချင်တဲ့ပုံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောချင်တယ်။ ပြီးတော့ သတင်းသမားတွေနဲ့ ကျွန်တော်တို့ဆီကသတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ပြောချင်တယ်။ ဒါမှ ဒီမိုကရေစီကိုသွားနေတယ်ဆိုတာ သက်သေပြရာကျမယ်” လို့ Dawei Watch သတင်းဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ သတင်းဌာနရဲ့ ရုံးခန်းကိုလည်း ဝင်ရောက်ရှာဖွေခံထားရပြီး စာရွက်စာတမ်းတချို့နဲ့ ပစ္စည်းတချို့ကို သိမ်းယူသွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

    Dawei Watch သတင်းဌာနက သတင်းထောက်ကိုဇော်

    ဓာတ်ပုံ ရင်းမြစ်, Socail Media

    ဓာတ်ပုံ ပုံစာ, Dawei Watch သတင်းဌာနက သတင်းထောက်ကိုဇော်
    Dawei Watch သတင်းဌာနက မမိုးမြင့်

    ဓာတ်ပုံ ရင်းမြစ်, Socail Media

    ဓာတ်ပုံ ပုံစာ, Dawei Watch သတင်းဌာနက မမိုးမြင့်
  16. ဒုရဲအုပ် ချယ်ရီထက် ရဲ့ အမှုကို စွဲချက်တင်ပြီးနောက် ဒီကနေ့မှာတော့အမှုစစ်ရဲအရာရှိကိုစစ်ဆေးဖို့ရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အပေါ် စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုကို ဒီကနေ့ ဇန်နဝါရီ၂၀ရက်မှာတော့ ပြန်ခေါ်သက်သေဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ်ကျော်နိုင်ဦးကို စစ်ဆေးဖို့ရှိနေပါတယ်။

    ပြီးခဲ့တဲ့အပတ်က အဲဒီအမှုကို စွဲချက်တင်ကြောင်းနေပြည်တော်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ထားတာပါ။ တရားရုံးရဲ့ စွဲချက်တင်မှုအပေါ်မှာ စွပ်စွဲခံရသူမချယ်ရီထက်ကတော့ သူ့မှာအပြစ်မရှိကြောင်းထွက်ဆိုထားပါတယ်။

    အဲဒီလို တရားရုံးက စွဲချက်တင်ကြောင်းအမိန့်ချတဲ့အတွက် စွပ်စွဲခံရသူရဲ့ရှေ့နေတွေဘက်က ပြန်ခေါ်သက်သေတွေကို စစ်ဆေးရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာတော့ မချယ်ရီထက်ကိုထိန်းသိမ်းတဲ့နေ့က သက်သေအဖြစ်သိမ်းယူခဲ့တဲ့ မချယ်ရီထက်ရဲ့မိုဘိုင်းဖုန်းက အွန်လိုင်းသုံးစွဲထားတဲ့မှတ်တမ်းကို စီအိုင်ဒီကနည်းပညာပါရဂူရဲ့ စစ်ဆေးချက်အပေါ် အမှုစစ်ရဲအရာရှိအနေနဲ့ဘယ်လောက်သိရှိထားလဲဆိုတာကို စွပ်စွဲခံရသူ မချယ်ရီထက်ရဲ့ ရှေ့နေတွေဘက်က ပြန်ခေါ်စစ်ဆေးမှာဖြစ်ပါတယ်။

    အဲဒီအမှုမှာ တရားလိုဘက်က ရဲတပ်ဖွဲ့ဝင်အများစုပါတဲ့ တရားလိုပြသက်သေ ၆ ဦးအထိ တင်ထားတာဖြစ်တာပါ။ ဒုရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

    မချယ်ရီထက်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည်ကို သတိရကြောင်း ရေးသားခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာကတောတွင်းစခန်းချနေတာတွေ၊ လက်နက်ကိုင်ဆောင်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေကို မချယ်ရီထက်ကိုအွန်လိုင်းကတဆင့်ပေးပို့ခဲ့တာ ( ပေးပို့မှုအပေါ်မချယ်ရီထက်က တုံ့ပြန်မှုမရှိခဲ့) တွေကိုလက်ခံထားတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့တရားစွဲဆိုခံထားရတာပါ။

    လက်ရှိမှာတော့ မချယ်ရီထက်ဟာ ရဲတရားရုံးကနေ ချမှတ်ထားတဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေနဲ့လည်း ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိချယ်ရီထက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိချယ်ရီထက်
  17. စစ်ကောင်စီက အဝေးသင်တက္ကသိုလ်တွေ ပြန်ဖွင့်မယ်လို့ ပြော

    စစ်ကောင်စီက အဝေးသင်တက္ကသိုလ်တွေကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်‌‌ကြေညာပါတယ်။

    အဲ့ဒီလိုဖွင့်လှစ်ရာမှာ အဝေးသင်တက္ကသိုလ်နောက်ဆုံးနှစ် သိပ္ပံဘာသာရပ်တွေရဲ့ လက်တွေနဲ့ သင်ကြားပို့ချခြင်းသင်တန်းများကို စတင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အဝေးသင်တက္ကသိုလ်တွေ ဖွင့်တဲ့အတွက် လက်ရှိ တက္ကသိုလ်က ဆရာ ဆရာမတွေဟာ တစ်ပတ်ကို ၆ ရက်ခန့် ကျောင်းမှာ အလုပ်လုပ်ရဖို့ရှိတယ်လို့လည်း တက္ကသိုလ်ဆရာမတစ်ဦးက ပြောပါတယ်။

    တက္ကသိုလ်တွေမှာ ဆရာ ဆရာမတွေ စုံလင်ပါက မကြာမီ မဟာသင်တန်းများကိုပါဖွင့်လှစ်ဖို့ကို လည်းစစ်ကောင်စီ ပညာရေးဝန်ကြီးက နေပြည်တော် အစည်းအဝေးမှာပြောကြားခဲ့တယ်လို့ သိရပါတယ်။

    စစ်ကိုင်းတိုင်းကလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေဟာ ကလေးတက္ကသိုလ်ထဲကနေ ချင်းတောင်ပေါ်ကို ပစ်ခတ်မှုတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, edge.com.mm

  18. လွိုင်ကော်မှာ ဒီကနေ့ တိုက်ပွဲတွေ ဆက်ဖြစ်၊

    ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လွိုင်ကော်မြို့ ဒေါဥခူ ရပ်ကွက်ဖြစ်ပြီး သေနတ်ပစ်သံတွေ အခြားရပ်ကွက်တွေက ကြားရကြောင်း၊အဲ့ဒီရပ်ကွက်တွေက လူတွေအများစုဟာ ပြောင်းရွှေ့သွားကြပြီဖြစ်လို့နေထိုင်သူ မရှိတော့ကြောင်းလည်း သူတို့ကပြောပါတယ်။

    မနေ့ညကလည်း လွိုင်ကော်မြို့ပတ်လည်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ ည တစ်နာရီကျော်လောက်အထိ တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    မနေ့ညက တိုက်ပွဲသတင်းကို ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်က ၁၅ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ဖော်ပြပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒေါဥခူ ရပ်ကွက်ရိ ခရိုင်အထွေထွေအုပ်ချုပ်ရေးစုပေါင်းရုံးကို KDF၊ GZ-21(Loikaw)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(JPDF)တို့ သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်း ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Social Meida

  19. KNDO ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြ တာဝန်ကနေ ရပ်ဆိုင်းခံရ

  20. မန္တလေးမှာ ကျူးကျော်နေထိုင်သူတွေကို စစ်ကောင်စီက ဖယ်ရှားနေ

    စစ်ကောင်စီခန့် မန္တလေး စည်ပင်ကော်မတီက မန္တလေးခရိုင်အတွင်း ပုသိမ်ကြီးမြို့နယ်က လွဲပြီး မြို့နယ်ခြောက်ခုအတွင်းက အစိုးရဌာနဆိုင်ရာမြေ၊ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေနဲ့ ပုဂ္ဂလိကပိုင်မြေနေရာတွေမှာ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ တရားမဝင် ကျူးကျော်နေထိုင်နေတာကို စိစစ်တွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲ့ဒီကျူးကျော်နေရတွေလို့ စည်ပင်ကော်မတီက သတ်မှတ်ထားတဲ့ မြို့နယ်တွေက နေအိမ်တွေကို ရက်ပိုင်းအလိုက် ဖယ်ရှားပေးဖို့ တချို့မြို့နယ်တွေမှာ စာထုတ်ပြန် အကြောင်းကြားတာတွေ ရှိခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ်နဲ့ ပြည်ကြီးတံခွန် ဒေသခံတချို့က ပြောပါတယ်။

    မန္တလေးမြို့ မန္တလေး မတ္တရာ ရထားလမ်းရဲ့ အရှေ့ဘက် ပေ ၅၀ နဲ့အနောက်ဘက် ပေ၅၀ အကွာအတွင်း ရှိတဲ့နေအိမ်တွေနဲ့ ပုဂ္ဂလိကပိုင်အဆောက်အဦးတစ်ချို့ကို စီမံကိန်းကြောင့်လို့ ပြောပြီး နေအိမ်တွေဖျက်ခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

    နေအိမ်အဖျက်ခံရတဲ့အထဲမှာ ပါတဲ့ မန္တလေးမြောက်ပြင် သံလမ်းဘေး ဒေသခံတစ်ဦးက အိမ်အတော်များများ ဖျက်ခံရပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ အပြီးဖျက်ဖို့ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြောင်းကြားထားကြောင်းနဲ့ ကိုယ့်အစီအစဥ်နဲ့ ပစ္စည်းတွေပြောင်းသူ၊အိမ်တွေ ဖျက်သူတွေရှိတယ်လို့လည်း ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ