လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် စစ်ဆေးမှုများတင်းကျပ်

အုပ်ချုပ်ရေးမှူး ဦးလှဦးဟာ လှိုင်သာယာ ပင်လုံဈေးအနီးမှာ မှာ ရှိနေတုန်းမှာ ဦးခေါင်းကိုတေ့ပစ်ခံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကလည်း သူ့နေအိမ် ကို လက်လုပ်ဗုံးအပစ်ခံခဲ့ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြဝတီဖလူးတိုက်ပွဲကြောင့် စစ်ရှောင်တွေထပ်တိုး ၊ ထိုင်းဘက်ခြမ်းကိုလည်း ထွက်ပြေးရသူတွေရှိနေ

    ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ရာဂဏန်းထိ ထပ်တိုးရှိလာနေပြီး အဲဒီစစ်ရှောင်တွေဟာ အခုအခါမှာ လေကေကော်ငြိမ်းချမ်းရေးမြို့သစ်နဲ့ ထီးမယ်ဝါးခီးကျေးရွာဘက်ကို ပြောင်းရွှေ့ခိုလှုံလာကြပါတယ်။

    ဒါ့အပြင် ဖလူးတိုက်ပွဲကြောင့် ထိုင်းဘက်ကို စစ်ဘေးရှောင်နေရသူဦးရေ ထပ်တိုးလာပြီး လက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေရသူဦးရေ ၆၀၀ အထိရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KNU သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

    စစ်ဘေးရှောင်တွေဟာ မွန်းလွဲပိုင်းကစပြီး ဖလူးကျေးရွာကနေတစ်ဆင့် နယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ မဲဆောက်ဒေသ မဲ့ကော်ကေးကျေးရွာဘက်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။

    ဒါ့အပြင် မေလ ၃၁ရက်က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြဝတီမြို တောင်ဘက် ဖလူးကြီး ဖလူးလေး ကျေးရွာ ၂ ရွာ ဘက်မှာ စစ်ကောင်စီဘက်က ဇွန်လ၂ရက်မနက်ပိုင်း အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေ သခံ ကျေးရွာသားတွေဟာ ထိုင်းနိုင်ငံ ဘက်အခြမ်းနဲ့ မြန်မာ ဘက္ခြမ်း လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ဘက်နဲ့ ထီးမယ်ဝါးခီး ကျေးရွာ ဘက်သို့ ပြောင်းရွေ့ ခိုလှုံ လာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

    ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့စစ်ရှောင်တွေ ရှိနေပြီး အဲဒီစစ်ရှောင်တွေမှာ ဝမ်းရောဂါဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ခုလို ဖလူးဘက်က တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ထပ်တိုးလာတာဖြစ်ပါတယ်။

    မြဝတီဖလူးတိုက်ပွဲကြောင့် စစ်ရှောင်တွေထပ်တိုး ၊ ထိုင်းဘက်ခြမ်းကိုလည်း ထွက်ပြေးရသူတွေရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြဝတီဖလူးတိုက်ပွဲကြောင့် စစ်ရှောင်တွေထပ်တိုး ၊ ထိုင်းဘက်ခြမ်းကိုလည်း ထွက်ပြေးရသူတွေရှိနေ
    မြဝတီဖလူးတိုက်ပွဲကြောင့် စစ်ရှောင်တွေထပ်တိုး ၊ ထိုင်းဘက်ခြမ်းကိုလည်း ထွက်ပြေးရသူတွေရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြဝတီဖလူးတိုက်ပွဲကြောင့် စစ်ရှောင်တွေထပ်တိုး ၊ ထိုင်းဘက်ခြမ်းကိုလည်း ထွက်ပြေးရသူတွေရှိနေ
  2. ဒီးမောဆိုတိုက်ပွဲအတွင်းသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆို

    ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို လာရောက်သိမ်းယူခြင်းမရှိတာကြောင့် မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ဘက်က ထုတ်ပြန်လာခဲ့ပါတယ်။

    စစ်ကောင်စီနဲ့ မေ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆို ကုန်းသာကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလေကြောင်းကနေ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်တချို့ကို သိမ်းဆည်းရမိတယ်လို့ KPDF က ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးနေတဲ့ ဗီဒီယိုဖိုင်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာတွေရှိခဲ့ပါတယ်။ဒီလို ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကသေဆုံးထိခိုက်မှုစာရင်းတွေနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ ဇွန် ၂ ရက်မွန်းလွဲပိုင်းအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

    အခု KPDF ဘက်က ထုတ်ပြန်သလိုသေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရေအတွက်ဟုတ်မဟုတ်နဲ့ ရုပ်အလောင်းတွေ လာရောက်ကောက်ယူခြင်းမရှိဘူးဆိုတဲ့အချက်တွေကိုလည်း ဘီဘီစီက စစ်ကောင်စီပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    ဒီးမောဆိုတိုက်ပွဲအတွင်းသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီးမောဆိုတိုက်ပွဲအတွင်းသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆို
    ဒီးမောဆိုတိုက်ပွဲအတွင်းသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီးမောဆိုတိုက်ပွဲအတွင်းသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆို
  3. မိုးဗြဲမှာ စစ်ကောင်စီတပ်ကပစ်လို့ ဆိုင်ကယ်စီးနေတဲ့ အရပ်သားတစ်ဦး ကျည်ထိမှန်, ၊ မြို့ထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေလို့ဆို

    ရှမ်း ကယားနယ်စပ်က မိုးဗြဲမြို့မှာ ဒီကနေ့ ဇွန် ၂ ရက် မနက်ပိုင်းက တိုက်ပွဲတွေ အပြန် အလှန်ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လို့ ဆိုင်ကယ်စီးနေတဲ့ အရပ်သားတစ်ဦး ဝမ်းဗိုက်ကိုကျည်ထိမှန်ပြီး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    '' မိုးဗြဲမြို့က ပွဲကုန်း ၃ နဲ့ ၂ကြားမှာ လမ်းခွရှိတယ်။ အဲနားက ရဲစခန်းတွေက မနက် ကတည်းက သေနတ်တွေနဲ့ပစ်နေတာ။ မြို့ပြင်က အမြှောက်တပ်ကလည်း လက်နက် ကြီးတွေနဲ့ စောနကအထိပစ်နေတာ။ ဒီက PDFတွေနဲ့လည်း အပြန်အလှန်ပစ်တာ တွေရှိတာမဟုတ်ဘဲ မနက်ကတည်းက ပစ်နေတာ စစ်ကောင်စီဘက်က။ ဒဏ်ရာရ သွားသူက တော်တော်လေးပြင်းထန်တယ်''လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ကယားပြည်နယ်က ဒီမောဆိုမြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး KPDF တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

    မေ ၂၃ ရက်နေ့ လည်း လွိုင်ကော်နဲ့ မိုးဗြဲကြားမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့်  ဆိုင်ကယ် စီးလာသူတစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မေ ၂၃ ရက်နေ့ လည်း လွိုင်ကော်နဲ့ မိုးဗြဲကြားမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် စီးလာသူတစ်ဦး ကျည်ထိမှန်ခဲ့ပါတယ်။
  4. နိုင်ငံရေးပါတီတွေစိစစ်ပေးဖို့ဆိုပြီး ပြည်ထဲရေးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ပေးပို့စာ ထွက်ပေါ်လာ

    နိုင်ငံရေးပါတီတွေကို စိစစ်ပေးနိုင်ရန် ကိစ္စဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနကို မေလ ၂၄ ရက်နေ့ရက်စွဲနဲ့ လိပ်မူပေးပို့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပေးပို့တဲ့စာတစ်စောင်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။

    စာထဲမှာ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ခြင်းဥပဒေတွေအရ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်များ၊ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသောအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဆက်ခြင်း သို့မဟုတ်အားပေးကူညီခြင်း စတာတွေနဲ့ ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူးလို့ ပြဌာန်းထားကြောင်း ပါရှိပါတယ်။

    ဒါကြောင့် ပါတီတွေဟာ အဲဒီဥပဒေပြဌာန်းချက်ကို လိုက်နာမှုရှိမရှိ စိစစ်ပေးနိုင်ဖို့ ပါတီတွေအမည်စာရင်းနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အမည်စာရင်းကို ပေးပို့တယ်လို့လည်း စာမှာပါရှိပါတယ်။

    လက်ရှိမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရNLD ပါတီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး စုဖွဲ့ထားတဲ့ ပြည်ထောာင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်းအဖြစ် ကြေညာထားပြီး ဆက်သွယ်သူတွေကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေနဲ့တရားစွဲမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားတာဖြစ်ပါတယ်။ NLD ပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ ပြည်လုံးကျွတ်အနိုင်ရရှိထားတဲ့ နိုင်ငံရေးပါတီဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်တွေစတင်မယ့်အချိန်မှာပဲ မဲမသမာမှုရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

    နိုင်ငံရေးပါတီတွေစိစစ်ပေးဖို့ဆိုပြီး ပြည်ထဲရေးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ပေးပို့စာ ထွက်ပေါ်လာ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, နိုင်ငံရေးပါတီတွေစိစစ်ပေးဖို့ဆိုပြီး ပြည်ထဲရေးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ပေးပို့စာ ထွက်ပေါ်လာ
  5. တန့်ဆည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

    တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက်က စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးရဲထွန်းဟာ ဒီကနေ့ (ဇွန် ၂ )ရက် မနက်အစောပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရ တဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။သေဆုံးသူ ရုပ်အလောင်းကိုတော့ မုံရွာမြို့ရှိ စစ်ဆေးရုံကို သယ်ဆောင်သွားပြီလို့လည်း သိရပါတယ်။‘ ‘ မြို့ရဲ့တောင်ဘက်ခြမ်းက ပေါ်ဦးရပ်ကွက်၊ မြောက်ဘက်က ဗိုလ်မြရပ်ကွက် အခုက အဲဒီ၂ခုရဲ့ အလယ်နားက အရက်ဖြူဆိုင်နားလေးမှာ သေနတ်နဲ့လာပစ်သွားတာ။ အခုတော့ လမ်းတွေမှာတပ်က လုံခြုံရေး စစ်နေတာတွေတော့ရှိတယ်။''လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    တန့်ဆည်မှာ  စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, တန့်ဆည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
  6. တန့်ယန်းမြို့မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗုံးပေါက်

    ဒီနေ့ ဇွန်လ ၂ ရက် မနက် ၄ နာရီကျော်က တန့်ယန်းမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ အုတ်ခုံမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့အစောင့် ရှိနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာ တန့်ယန်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအနီးမှာရှိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိကြောင်း သိရပါတယ်။

    ဗုံးပေါက်ကွဲမှုအပြီးမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ

    ဓာတ်ပုံ ပုံစာ, ဗုံးပေါက်ကွဲမှုအပြီးမြင်ကွင်း
  7. ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာသတင်းထောက်သုံးဦးကို ဒဏ်ငွေနဲ့ ဆိုင်းငံ့ပြစ်ဒဏ်ချ

    ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ ဒီဗီဘီ သတင်းထောက်သုံးဦး ဒဏ်ငွေချမှတ်ခံရပြီး သူတို့ဟာ မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ်ရှိတယ်လို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က အဖွဲ့ဝင် တစ်ဦးက ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

    သူတို့ကို ထိုင်းနိုင်ငံထဲကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

    သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်လို့လည်း အဲဒီအဖွဲ့ဝင်က ပြောပါတယ်။

    သူတို့ဖမ်းဆီးခံရစဥ်က သူတို့နဲ့အတူ မြန်မာ တက်ကြွလှုပ်ရှားသူ နှစ်ဦးလည်း ဖမ်ဆီးခံရပြီး သူတိုကို ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာ မေလထဲမှာ ဖမ်းဆီးခဲ့တာပါ။

    သူတို့ကို သောကြာနေ့က တစ်နှစ် ဆိုင်းငံ့ပြစ်ဒဏ်နဲ့ ထိုင်းဘတ်ငွေ ၄၀၀၀ (၁၂၈ဒေါ်လာ ) စီ အသီးသီးချမှတ်ခဲ့တယ်လို့ Human Rights Development Foundation က ရှေ့နေ နတ်သာဆီရီဘာ့ဂျ်မန်က ပြောပါတယ်။

    သူတို့နောက်တစ်ကြိမ်ထပ်ပြီး အလားတူ ပြစ်မှုကျူးလွန်ရင် ထောင်ခုနစ်လ ပြစ်ဒဏ်ကျခံရမယ်လို့လည်း တရားရုံးက ပြောပါတယ်။

    ဥပဒေအရ သူတို့ကို ၇၂ နာရီအတွင်း ပြန်ပို့ရမှာ ဖြစ်ပေမဲ့ သူတို့ကို ပြန်မပို့ဖို့ အာဏာပိုင်တွေဆီ အယူခံလျှောက်ထားစာ တင်ထားတယ်လို့ ရှေ့နေက ပြောပါတယ်။

    သူတို့အတွက် တတိယနိုင်ငံတစ်ခုမှာ ခိုလှုံခွင့် တောင်းဖို့ လုပ်ငန်းစဥ်တွေကို စောင့်ဆိုင်းနေတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

    ထိုင်းနိုင်ငံဘက်ကတော့ လူသားချင်း ထောက်ထားမှု နည်းလမ်းနဲ့ ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

  8. ကိုဗစ်ကူးစက်သူ အသစ် တစ်ရက်တည်း ၁၂၂ ဦးထိရှိလာ

    မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကူးစက်သူအသစ် ၁၂၂ဦး ဒီကနေ့ ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ပြီးခဲ့ သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်သူ တစ်ရက်တည်း အမြင့်ဆုံးတွေ့ရှိမှု ၉၆ ဦး ထိ ရှိခဲ့ပြီးနောက် ဒါဟာ တစ်ရက်တည်း ကူးစက်သူ အများဆုံး နောက်ထပ်တွေ့ရှိမှု ဖြစ်ပါတယ်။ အဲဒါဟာ ကူးစက်မှုနှုန်းက စစ်ဆေးမှုနှုန်းရဲ့ ၅ ရာခိုင်နှုန်းကျော်အထိ ရှိလာတာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။ အရင်က ကူးစက်မှုနှုန်းက စစ်ဆေးမှုနှုန်းရဲ့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်သူပေါင်း ၁၄၃၇၅၁ ဦးနဲ့ သေဆုံးသူ ၃၂၁၇ ရှိပြီ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်ရက်တည်း ကူးစက်သူမြင့်တက်ခဲ့ပြီးနောက် တွန်းဇံနဲ့ တမူးတို့ကို Stay at home သတ်မှတ်ခဲ့ပြီးကူးစက်မှုနှုန်းမြင့်တက်နေတဲ့ မြို့နယ်တွေနဲ့ ပြည်တွင်းလေကြောင်းသွားလာရေးကို ကန့်သတ်ခဲ့ပါတယ်။

    ကိုဗစ်ကူးစက်သူ အသစ် တစ်ရက်တည်း ၁၂၂ ဦးထိရှိလာ

    ဓာတ်ပုံ ရင်းမြစ်, MPA

  9. ကယားမှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်သုံး တိုက်ခိုက်တယ်လို့ ဒေသခံတွေပြော

    ကယားပြည်နယ်မှာ လွိုင်ကော်ဘက်ကနေ ဒီးမော့ဆိုဘက်ခြမ်းကို ဒီကနေ့မနက်ကစပြီး လက်နက်ကြီးတွေနဲ့စစ် ကောင်စီဘက်က ဆက်တိုက်ဆိုသလို ပစ်ခတ်တာတွေလုပ်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်တွေ ထံက သိရပါတယ်။

    မနေ့ကအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နေရာတွေကို ဦးတည်ပြီး မနက်ပိုင်းက လက် နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် မနေ့က ညနေပိုင်းနဲ့ ညပိုင်းတို့မှာလည်း ပစ်ခတ်တာအပြင် ရဟတ်ယာဉ်ပါအသုံး ပြုပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံကသိရပါတယ်။

    မနေ့ကညပိုင်းရဟတ်ယာဉ်နဲ့ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

    လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုအပါအဝင် ဒီရက်ပိုင်းအတွင်း အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ကယား ပြည်နယ်အတွင်းမှာ ရွှေ့ပြောင်းနေထိုင်ရသူ သိန်းဂဏန်းအထိရောက်ရှိလာတယ်လို့ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။

    တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ
  10. ၁၉၆၂ အာဏာသိမ်းနဲ့ အကြံပေးမင်းဆရာများ

  11. ကျောင်းပြန်ဖွင့်မယ့်ကိစ္စ စိုးရိမ်မှုတွေရှိ

  12. ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ

    ကန်ပလက်မြို့ပေါ် အနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကန်ပက်လက်CDF အဖွဲ့တွေကြား မနေ့ ညနေ ၇ နာရီ ဝန်းကျင်က စပြီးပစ်ခတ်မှုတွေ ရှိခဲ့ရာက ဒီကနေ့မနက်မှာ သေနတ်ဖောက်သံ အနည်းငယ်ကြားရပြီး ကန်ပန်လက်မြို့ ပေါ်က ဒေသခံတွေဟာ တောတောင်တွေထဲ ပြောင်းပြေးနေရတယ်လို့ ကန်ပလက်ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ကန်ပက်လက် မြို့ပေါ်မှာ လူဦးရေ အနည်းငယ်ပဲကျန်တော့ပြီး တောရွာတွေကို ပြေးနေရတယ်လို့ ကန်ပက်လက်က ဒေသခံတွေကို ကူညီပေးသူနေသူတွေက ဆိုပါတယ်။

    လက်ရှိမှာတော့ ကန်ပက်လက်မြို့နယ်မှာ စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ဖို့ မြို့နယ်ကြက်ခြေနီအသင်းကနေ စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

    အရေအတွက် အတိအကျမသိရသေးပေမယ့် ယခုအချိန်ထိ ကနဦးရရှိထားတဲ့စာရင်းတွေအရ လူဦးရေ ၃၀၀၀ ထက်မနည်းဘူးလို့ သိထားရပါတယ်။

    မြို့ပေါ်လူဦးရေက ၄၀၀၀ ကျော်ဖြစ်ပြီး၊ တစ်မြို့နယ်လုံးရဲ့ လူဦးရေဟာ ၂၁၀၀၀ ကျော် ဖြစ်ပါတယ်။

    ဒါ့အပြင် ကန်ပလက်နဲ့ မင်းတပ်နယ်စပ် ခွဲလုံသာ၊ မကြား စတဲ့ ရွာတွေမှာ ထိုးစစ်ဆင်လာတဲ့အတွက် မင်းတပ် က CDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်တွေဟာ မင်းတပ်က ဧစခန်းရွာထဲက အလံဖြူထောင်ထားတဲ့ စစ်ရှောင်စခန်းကိုပါ ဆက်ပစ်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေဟာ နီးစပ်ရာရွာတွေကို ထပ်ပြီးရွှေ့ပြောင်းနေရတာဖြစ်တယ်လို့ မင်းတပ်မြို့ကူညီကယ်ဆယ်ရေး ကော်မတီက ကိုလောရင့်က ဘီဘီစီကို ပြောပါတယ်။

    ကန်ပက်လက်နဲ့ မင်းတပ်မြို့တွေမှာ အခုလို စစ်ဘေးရှောင်တွေ ပြေးပုန်းနေရသလို ပလက်ဝမှာလည်း ၂၈ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲ အပြီးမှာ ဒေသခံ တွေကို စစ်ကောင်စီဘက်က လိုက်လံ ဖမ်းဆီးနေတာဟာ လူ ၂၀ နီးပါးရှိခဲ့ပြီး တစ်ချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်ရှိဒေသခံ ၆ ဦးကို ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

    ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ကန်ပက်လက် မြို့ပေါ်နေထိုင်သူတွေ တောထဲပြေးရှောင်နေရ
  13. အာဆီယံဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး မြန်မာကို ဒီသီတင်းပတ်ထဲလာဖို့ရှိ

    အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ မြန်မာနိုင်ငံကို ဒီသီတင်းပတ်ထဲသွားဖို့ စီစဥ်နေတယ်လို့ သံတမန် သတင်းရင်းမြစ် လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အာဆီယံအဖွဲ့ထဲမှာ သဘောထားကွဲလွဲနေတဲ့ကြားမှာပဲ အခုအစီအစဥ် ဖြစ်လာတာလို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး Erywan Yusof နဲ့ ဘရူနိုင်းကပဲ ခန့်ထားတဲ့ အာဆီယံ အတွင်းရေးမှူး Lim Jock Hoi တို့လာရောက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ စစ်ဗိုလ်ချုပ်တွေ၊ မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ အမည် မထုတ်ဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒါပေမဲ့ အနားကပ်မှ ပို့ဆောင်ဆက်သွယ်ရေးနဲ့ တခြား သံတမန်ရေး နှောင့်နှေးမှုတွေ ဖြစ်လာနိုင်တာမျိုးတွေကြောင့် ခရီးစဥ်နောက်ကျတာတွေ ပြောင်းသွားတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီခရီးစဥ်မှာ အများစု ဖမ်းဆီးခံထားရတဲ့ အတိုက်အခံတွေဘက်နဲ့ တွေ့မယ်မတွေ့ဘူးဆိုတာတော့ ရှင်ရှင်းလင်းလင်း မသိရသေးပါဘူး။

    အဲဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရရဲ့ ပြောခွင့်ရသူကလည်း တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

    ဘရူနိုင်းရဲ့ အာဆီယံသံတမန်တွေဘက်ကလည်း ဒါနဲ့ ပတ်သက်လို့ တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။

    ဒီခရီးစဥ်ဟာ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် ထွက်ပေါ်လာစေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ငါးပတ်မြောက်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    အဲဒီအချက်ငါးချက်က အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့၊ အကူအညီတွေ ပေးဖို့၊ အာဆီယံအထူးသံခန့်ဖိုနဲ့ မြန်မာနိုင်ငံက ဘက်အားလုံးနဲ့ တွေ့မယ့် အာဆီယံ သံကိုယ်စားလှယ်စေလွှတ်ဖို့ တို့ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားတက်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ထွက်ပေါ်လာခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားတက်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ထွက်ပေါ်လာခဲ့
  14. စစ်အုပ်ချုပ်ရေး လှိုင်သာယာမှာ မြို့နယ်ကောင်စီဝင် သေနတ်ပစ်ခံရပြီးသေဆုံး

    လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလင်းဇော် ဒီကနေ့ ဇွန် ၁ ရက် မနက်ပိုင်းက သေနတ်ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

    ဦးစိုင်းလင်းဇော်ဟာ အိမ်ကအထွက် ကားပေါ်မှာရှိနေခိုက် သေနတ်ပစ်ခံရတာဖြစ်ပြီး ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း သူ့နေအိမ်ကို လက်လုပ်ဗုံးနဲ့ အပစ်ခံခဲ့ရပါသေးတယ်။ ဦးစိုင်းလင်းဇော်ဟာ လှိုင်သာယာ၊အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး စည်ပင်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကိုယ်စားပြုပြီး ဝင်ပြိုင်ခဲ့ပါသေးတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လှိုင်သာယာ(အရှေ့ပိုင်း) တိုင်းအမတ်(၁)မဲဆန္ဒနယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ ကနေ ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

    စစ်အုပ်ချုပ်ရေး လှိုင်သာယာမှာ မြို့နယ်ကောင်စီဝင် သေနတ်ပစ်ခံရပြီးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်အုပ်ချုပ်ရေး လှိုင်သာယာမှာ မြို့နယ်ကောင်စီဝင် သေနတ်ပစ်ခံရပြီးသေဆုံး
  15. စစ်တွေမှာ ကျောင်းအပ်ထားတဲ့ကျောင်းသားအားလုံး ကျောင်းလာတက်ကြတယ်လို့ ပညာရေးဌာနပြော, ကျောင်းသား ၉၀၀၀ လောက် ကျောင်းအပ်နောက်ကျနေတယ်လို့ ဆို

    ဇွန်လ ၁ ရက် ဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့ ၂၀၂၁-၂၂ ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

    ကျောင်းစဖွင့်တဲ့နေ့မှာပဲ စစ်တွေမြို့နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း ၁၁၈ ကျောင်းရှိရာမှာ ကျောင်းအားလုံးကို ဖွင့်လှစ်ပေးနိုင်ခဲ့သလို ကျောင်းအပ်နှံထားတဲ့ကျောင်းသားအားလုံးလည်း လာရောက်ကျောင်းတက်ခဲ့ကြတယ်လို့ မြို့နယ်ပညာရေးမှူး ဦးအေးသန်းကပြောပါတယ်။

    စစ်တွေမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၁၁၈ ကျောင်းရှိတဲ့အနက် ကိုယ်ပိုင်ကျောင်း ၁၃ ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ တို့လည်းပါဝင်ပြီး အဲ့ဒီကျောင်းတွေပါ ဒီကနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း တခြားမြို့နယ်တွေမှာလည်း အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်သလို စစ်တွေမြို့နယ်အတွင်းမှာတော့ ယခင်ပညာသင်နှစ်တွေကထက် ကျောင်းသား ၉,၀၀၀ လောက် ကျောင်းအပ်နှံခြင်းမရှိသေးဘဲ နောက်ကျနေတာရှိနေတယ်လို့ သိရပါတယ်။

    အခုလို လာရောက်ကျောင်းအပ်နှံမှုနောက်ကျနေတာဟာ ကျေးလက်တွေမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေဖြစ်ကြပြီး ကျောင်းဖွင့်တဲ့ရက်တွေမှာသာ အပ်နှံကြလေ့ရှိတဲ့အတွက် အခုလိုနောက်ကျနေတာဖြစ်နိုင်ကြောင်း ပညာရေးမှူးက ဆိုပါတယ်။

    ကျောင်းသား ၉၀၀၀ လောက် ကျောင်းအပ်နောက်ကျနေတယ်လို့ ဆို
    ဓာတ်ပုံ ပုံစာ, ကျောင်းသား ၉၀၀၀ လောက် ကျောင်းအပ်နောက်ကျနေတယ်လို့ ဆို
  16. မြဝတီထဲက ဖလူးမှာ နယ်ခြားစောင့်တပ်နဲ့ ခွဲထွက် DKBA တို့ တိုက်ပွဲဖြစ်, နယ်ခြားစောင့်တပ်နဲ့အတူပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဖလူးကျေးရွာမှာ စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ် (BGF-1022)နဲ့ DKBA (ခွဲထွက်) တပ်တို့ကြား ဒီနေ့ ဇွန်လ ၁ ရက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့နာရီပိုင်းက ဖြစ်ခဲ့တဲ့ဒီတိုက်ပွဲမှာ နယ်ခြားစောင့်တပ်(BGF) နဲ့ အတူပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတယ်လို့ KNU သတင်းထုတ်ပြန်ရေးဘက်က ပြောပါတယ်။

    ဒါ့အပြင် နောက်ထပ် ၄ ဦး ဒဏ်ရာရပြီး ဒဏ်ရာရရှိတဲ့သူတွေကို သင်္ဃန်းညီနောင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

    ဖလူးက ဒီတိုက်ပွဲကြောင့် ရွာသားတွေ စစ်ဘေးရှောင်နေရသလို ဖလူး-ကျောက်ခက်-ဝေါ်လေလမ်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

    DKBA (ခွဲထွက်) ကို ဗိုလ်ကျော်သက် ဦးဆောင်ပြီး နယ်ခြားစောင့်တပ် (BGF-1022) ကတော့ ဗိုလ်မုတ်သုန် တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

    နယ်ခြားစောင့်တပ်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ နယ်ခြားစောင့်တပ်(BGF- 1022)တပ်ရင်းက တပ်ဖွဲ့ဝင်အချို့ ဟာ ခွဲထွက် DKBA နဲ့ သွားရောက်ပူးပေါင်းမှုတွေ ရှိတယ်လို့လည်း KNU အာဘော် ThooleiNews က ပြောထားပါတယ်။

    ဒီတိုက်ပွဲ အကျအဆုံးစာရင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

    မြဝတီထဲက ဖလူးမှာ နယ်ခြားစောင့်တပ်နဲ့ ခွဲထွက် DKBA တို့ တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Thoolei News

  17. ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်

    ဒီနေ့ ဇွန် ၁ ရက်မှာ ရန်ကုန်မြို့က နေရာတချို့မှာ လမ်းလာလမ်းလာပြည်သူတွေကို အသွားအလာ စစ်ဆေးတင်းကျပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ လူသွားလူလာများတဲ့ မြေနီကုန်းမီးပွိုင့်လိုနေရာမျိုးမှာ ကားတွေကို နှစ်ဖက်ပိတ်တားပြီး အသေးစိတ်စစ်ဆေးမူတွေလည်းပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ် ။ " မြေနီကုန်းရှမ်းလမ်းနားမှာ အင်အား ၃၀ လောက်နဲ့နှစ်ဖက်ပိတ်စစ်နေတာ။ ကားတွေကို နောက်ဖုံးတွေဖွင့်ခိုင်းတယ် ။ ကျွန်မကိုကျတော့ မိန်းကလေးမို့ထင်တယ်။ ကားနောက်ဖုံးပဲကြည့်တယ် ။ အရှေ့ကကားတွေကိုတော့ အသေးစိတ် ရဲနှစ်ယောက်ကစစ်တယ် ။ လူတွေလည်းကားပေါ်ကနေဆင်းခိုင်းတယ်။ ဒီနေ့မှပြန်စစ်နေတာ " လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။ ဒါ့ပြင် ရန်ကုန်မြိုလှည်းတန်းလမ်းဆုမှာစစ်ဆေးမူတွေလုပ်ရင်း အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာပါတယ်။ အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေဟာ ဖုန်းဆိုင်တစ်ခုရဲ့ ဝန်ထမ်း ယူနီဖောင်းအနက်ရောင်ဆင်တူကိုဝတ်ထားတာဖြစ်တယ်လို့လည်း ပြောကြားမှုတွေရှိနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ရန်ကုန်မြိုကနေရာတချို့မှာ တပ်စွဲထားတာ၊ စောင့်ကျပ်တာမျိုးရှိပေမယ့် အသေးစိတ်စစ်ဆေးမူတွေကိုတော့ အခုရက်ပိုင်းမှာ ပြန်လည်လုပ်ဆောင်လာတာပါ ။ ဒါ့ပြင် ဒီနေ့ဇွန်လ ၁ရက်နေ့အခြေခံပညာကျောင်းတွေ စပြီးဖွင့်တဲ့ရက် ဖြစ်တာကြောင့် ရန်ကုန်မြို့ကကျောင်းတချိုမှာ လုံခြုံရေးတင်းကျပ်ပြီး စာင့်ကြည့်တာမျိုးတွေလည်းပြုလုပ်ထားပါတယ်။

    အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အကျီအနက်ရောင်ဝတ်ထားတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေလည်းလူမူကွန်ယက်ပေါ်မှာ ထွက်ပေါ်လာ
    ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီနေ့ ရန်ကုန်တချို့နေရာတွေမှာအစစ်အဆေးတွေတင်းကျပ်
  18. စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပြောင်းပွဲ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်းပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နဲ့မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို သံလွင်တံတား(ချောင်းဆုံ) အဖြစ် ဒီကနေ့ ဇွန်လ ၁ ရက်မနက်ပိုင်းမှာ အခမ်းအနားနဲ့ အမည်ပြောင်းခဲ့တာပါ။

    ဒီတံတားအမည်ပေးမှုနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်က NLD နဲ့ ‌ဒေသခံတွေအကြားတင်းမာမှုတွေရှိခဲ့ပြီး ပြည်သူ့လွှတ်တော်မှာပါ မဲခွဲရတဲ့အခြေစိုက်ခဲ့တာပါ။

    လွှတ်တော်မှာ မဲနိုင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)လို့ အမည်ပေးပြီး ၂၀၁၇ မေလ ၉ ရက် မှာဖွင့်လှစ်ခဲ့ပြီး အဲ့ဒီအချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တက်ရောက်ခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) လို့အမည်ပေးထားတဲ့ ရွှေရောင်ကဗ္ဗည်းကို အဲ့ဒီရက်စွဲအတိုင်းထားပြီး သံလွင်တံတား(ချောင်းဆုံ)လို့ ဗိုလ်ချုပ်မှူးကြီးက အမည်ပြန်ပြောင်းပစ်တာပါ။

    ဆိုင်းဘုတ်အရောင်ကိုပါ အနီကနေ အစိမ်းရောင်ပြောင်းခဲ့ပါတယ်။

    ဒီအမည်ပြောင်းပွဲကို စစ်ကောင်စီအဖွဲ့ဝင် မွန်နိုင်ငံရေးသမား ဗညားအောင်မိုးလည်း တက်ရောက်ခဲ့ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းအပြီးမှာတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ နာမည်ပြောင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးအဖြစ် နာမည်ပြောင်းခဲ့ပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို အဓိကဖော်ဆောင်ပေးနေတဲ့ အတိုင်ပင်ခံရုံးဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းထားပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား နာမည်ပြောင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, Thanlwin Times

  19. ဂန့်ဂေါမြို့မှာ ကားမီးလောင်ပြီး ကားပေါ်ပါ လူ ငါးဦးသေဆုံး, စစ်ဆေးတာကို လက်မခံဘဲ တိုက်ခိုက်တာကြောင့် ပြန်လည်ခုခံခဲ့တာလို့ ယောခုခံကာကွယ်ရေးထုတ်ပြန်

    မနေ့ မေလ (၃၁) ရက် ညနေ (၅) နာရီဝန်းကျင်မှာ ဂန့်ဂေါ-ကလေးကားလမ်းမကြီးတနေရာမှာ ကားတစ်စီးမီးလောင်ပြီး ကားပေါ်မှာရှိတဲ့လူ ငါးဦးလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကားပေါ်ပါသူတွေဟာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး၊ စာရေးတစ်ဦး၊ ကျောင်းဆရာမတစ်ဦးနဲ့ သူနာပြု ဆရာမတစ်ဦးဖြစ်ပါတယ်။

    "သူတို့ဟာ ဒီအနီးအနားမှာ လေ့ကျင့်ရေးဆင်းနေတဲ့ ပျူစောထီးတွေကို ထောက်ပံ့ရေးလုပ်ပြီးပြန်လာကြတယ်။ ကားပေါ်မှာလည်း ဖောက်ခွဲရေးပစ္စည်းတွေပါတယ်။ ဒါကို ယော PDF က သတင်းအတိအကျရထားလို့ လမ်းမှာကားကိုစစ်မလို့တားတာကို မရပ်ပေးဘဲကားမောင်းပြေးတာ။ အဲဒီမယ် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကားမီးလောင်တယ်၊ ကားပေါ်ပါ အကုန်သေဆုံးသွားတယ်။ အခုချိန်ထိ အဲ့ မီးလောင်တဲ့ကားရှိသေးတယ်ကြားတယ်" လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    တားဆီးစစ်ဆေးရာမှာ စစ်ဆေးမခံဘဲ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတာကြောင့် ပြန်လည်ခုခံခဲ့တာလို့ ယောခုခံကာကွယ်ရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။ နောက်မှာလည်း အဲဒီလို စစ်ဆေးမှုတွေလက်မခံရင် အခုလိုအဖြစ်ဆိုးနဲ့ ကြုံရမယ်လို့လည်း အသိပေးချက်ပါ ပါရှိပါတယ်။

    အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့လည်း ကြိုးစားနေပါတယ်။

    ဒီဖြစ်စဉ်ဖြစ်တာကြောင့် အနီးအနားကရွာတွေထဲ စစ်ကောင်စီဘက်ကနေ လာရောက်ရှာဖွေမှာစိုးရိမ်တာကြောင့် တိမ်းရှောင်နေကြတာပါ။ ဒါ့အပြင် မေလ (၂၈) ရက်မှာလည်း စစ်ကောင်စီဘက်ကနေ ရွာတွေထဲဝင်ပြီး ပစ်ခတ်တာကြောင့် လူသုံးဦးသေဆုံးတဲ့ ဖြစ်ရပ်လည်းရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဂန့်ဂေါမြို့မှာ ကားမီးလောင်ပြီး ကားပေါ်ပါ လူ ငါးဦးသေဆုံး
  20. စစ်တွေမြို့မှာလည်း အခြေခံပညာကျောင်းတွေပြန်ဖွင့်

    စစ်တွေမြို့မှာလည်း အခြေခံပညာကျောင်းတွေပြန်ဖွင့်

    ရခိုင်ပြည်နယ်ထဲမှာလည်း ၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဒီနေ့ ဇွန်လ ၁ ရက်မှာ စဖွင့်ပြီဖြစ်ပါတယ်။

    စစ်တွေမြို့ပေါ်ကကျောင်းတွေမှာတော့ ဒီကနေ့ကစပြီး ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားနေကြပြီဖြစ်ပါတယ်။

    စစ်တွေမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူတွေလည်းရှိနေပေမဲ့ ကျောင်းတွေကို ပြန်ဖွင့်နေတာပါ။

    ဒါပေမဲ့ စစ်တွေက ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီ တစ်ယောက်နဲ့တစ်ယောက် ၄ ပေ အကွာထားပြီး မျက်နှာဖုံးတွေအပြည့်အစုံဝတ်ဆင်ပြီးမှ ကျောင်းသူကျောင်းသားတွေ ကျောင်းတက် စာသင်နေကြတာကို မြင်တွေ့ရပါတယ်။

    ရခိုင်ပြည်နယ်ထဲ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ တပ်မတော်တို့ကြားက ပြီးခဲ့တဲ့ ၂ နှစ် တိုက်ပွဲတွေကြောင့် ဒေသခံကလေးငယ်တွေ အခြေခံပညာမသင်ကြားနိုင်ဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ်နားတဲ့အခါ ကျောင်းမတက်နိုင်ဖြစ်ခဲ့ရတာပါ။

    ဒီအခြေအနေတွေကြောင့် ရခိုင်မှာ ဒေသခံတွေက ကိုယ့်ရင်သွေးတွေကို ကျောင်းပြန်တက်စေချင်တဲ့စိတ်ဆန္ဒရှိတဲ့အကြောင်း ဘီဘီစီကို အစောပိုင်းက ပြောထားပါတယ်။

    မြန်မာနိုင်ငံနေရာတော်တော်များများမှာ စစ်ကောင်စီက ဖွင့်တဲ့စာသင်ကျောင်းတွေမှာ ကျောင်းမအပ်၊ ကျောင်းမတက်တဲ့လှုပ်ရှားမှုတွေရှိနေပေမဲ့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေ အပါအဝင်နေရာအတော်များများမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နေပါတယ်။