စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သေဆုံးသူ ၁၈ ဦး ရုပ်အလောင်းတွေကိုလှိုင်သာယာ ဆေးရုံကို ပို့ထားပြီး လို့ အကူညီပေးနေသူတွေကပြော

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    လှိုင်သာယာ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး ရုပ်အလောင်းတွေကို ဆေးရုံကို ပို့ထားပြီး ဆေးရုံ မရောက်သေးတဲ့ အလောင်း ၄ ရှိသေးတယ်လို့ သေဆုံးသူတွေကို သူကိုယ်တိုင်မျက်မြင်တွေ့ရှိပြီး ရုပ်အလောင်းတွေကို ဆေးရုံကို‌ရောက်ဖို့ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးက မတ်လ ၁၄ ရက်နေ့ ညပိုင်းက ဘီဘီစီကို ပြောပါတယ်၊

    ရပ်ကွက်တွေထဲမှာ ဒဏ်ရာရသူ အများအပြားရှိပြီး သူကူညီဆောင်ရွက်ပေးနေတဲ့ ရပ်ကွက် အတွင်းမှာ အနည်းဆုံး ဒဏ်ရာရသူ ၂၀ ဦးကျော်ရှိနေတယ်လို့လည်း သူကပြောပါတယ်။

    ဒဏ်ရာရသူ သေဆုံးသူ အရေအတွက် ဒီထက်များလာနိုင်တယ်လို့လည်း လှိုင်သာယာ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

    လှိုင်သာယာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံတချို့ မီးလောင်ခဲ့ပြီးတော့ စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

    လှိုင်သာယာမြို့နယ်ကို မတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်အုပ်ချုပ်ရေး အပ်နှင်းလိုက်တယ်လို့ ဒီနေ့ မြန်မာရုပ်မြင်သံကြားကကြေညာသွားပါတယ်။

  2. စက်ရုံတွေ မီးရှို့ခံရမှုနဲ့ပတ်သက်ပြီး တရုတ်သံရုံးကသဘောထားထုတ်ပြန်

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မတ်လ ၁၄ ရက်နေ့ညနေပိုင်းကမြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့ မီးရှို့ခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိနေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်

  3. မြောက်ဒဂုံ ညသပိတ်ပစ်ခတ်ဖြိုခွင်းလို့တစ်ဦးသေဆုံး၊ ဒဏ်ရာရသူတွေရှိနေ

    မြောက်ဒဂုံ မဟာမြိုင်အိမ်ရာ အနီးက ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြောက်ဒဂုံ မဟာမြိုင်အိမ်ရာ အနီးက ညသပိတ်

    မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ မဝတလမ်းဆုံးမှာ ဒီကနေ့ မတ် ၁၄ရက်ညပိုင်းက ညသပိတ် ဆင်နွှဲနေတာကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူတစ်ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ အဲဒီနေရာမှာရောက်ရှိနေတဲ့မြောက်ဒဂုံအခြေစိုက် HSA လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    " ဆုံးသွားတဲ့တယောက်ကိုတော့ သွေးလူငယ်အသင်းကားနဲ့ အခုသယ်သွားပြီ။ ဆုံးတဲ့သူက လမ်းကြားထဲမှာမို့ လူနာကောက်လို့ရတယ်။ နောက်တယောက်လည်းထိတယ်။ လူတွေက မဆုတ်ကြဘူး။ အခုထိပစ်ခတ်နေကြတုံးပဲ။အခုက ဖုန်းတွေကိုလည်းစစ်လို့ အသင်းက သွားကူရင် ဖုန်းတွေထားပြီးသွားကြရတယ်။"လို့သူကပြောပြပါတယ်။

  4. မန္တလေးမှာ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မတ်လ ၁၄ ရက်နေ့က မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတို့ ပစ်ခတ်တာကြောင့် ၄၂ လမ်း နဲ့ ၈၅ လမ်းအနီးမှာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့သိရပါတယ်။

    နေ့လည်ပိုင်းက မြတောင်ဘုန်းကြီးတိုက်ကိုသပိတ်ခေါင်းဆောင်ကို စစ်နဲ့ရဲက ဝိုင်းကာ ကျောင်းထဲထိ‌ ဝင်‌စစ်‌ဆေးတာ‌တွေလုပ်လို့ ဒေသခံတချို့က ဆန္ဒပြတာတွေ ပြုလုပ်ပါတယ်။ ဒီနောက်ပိုင်းမှာ ပြည်သူနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ပြီး စစ်တပ်နဲ့ရဲဘက်က ပစ်ခတ်တာတွေ စတင်လာပါတယ်။

    " ရာဘာကျည်ထိတာ နှစ်ယောက်၊ ကျည်အစစ်ထိတာ တစ်ယောက်။ တစ်ခါတည်းရဲကားတွေနဲ့ ဆွဲခေါ်သွားတာ တွေ့လိုက်တယ်။ အဓိကမိန်းလမ်းတွေကို သူတို့က တပ်စွဲထားတာ

    ၃၅လမ်းကနေ ၄၁လမ်းတစ်လျှောက် ၈၃လမ်းကနေ ၈၇လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ပစ်နေကြတာ။အခု ခဏအပစ်ရပ်နေတာ"လို့ ညနေပိုင်း အခြေနေကို ပစ်ခတ်မှု ဖြစ်ပေါ်နေတဲ့ ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။

    လက်ရှိအချိန်မှာ ကျည်ထိမှန်ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ခန့်ရှိနိူင်တယ်လို့ သိရပါတယ်။

    မနေ့ ကလည်း မန္တလေးစိန်ပန်းရပ်ကွက်မှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ မန္တလေးတပ်ပေါင်းစု ထိုင်သပိတ်ကို ရဲနှင့်စစ်သားတွေ ပိတ်ဆို့ ဖြိုခွဲ ဖမ်းဆီးခဲ့တာကြောင့် ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပါတယ်။

  5. ရွှေပြည်သာမှာ စက်ရုံအချို့မီးလောင်နေ

    ည ရပ်ကွက် အနီးစက်ရုံတစ်ရုံ မီးလောင်နေစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ည ရပ်ကွက် အနီးစက်ရုံတစ်ရုံ မီးလောင်နေစဥ်

    ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က စက်ရုံတစ် ရုံမီးလောင်နေပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီ့ စက်ရုံဟာဝါးတစ်ရာစက်မှုဇုန်က ဖြစ်ပြီးတော့ စက်ရုံနာမည် ကိုတော့ တိတိကျကျမသိရသေးပါဘူ;၊ ရွေပြည်သာ ၈ ရပ်ကွက်က နေ ကြည့်ရင်မီးခိုးလုံးတွေ မြင်ရကြောင်းလည်းသူက ပြောပါတယ်။

    မီး‌လောင်ရတဲ့ အကြောင်း အရင်းကို တိတိကျကျ မသိရပေမဲ့ အဲ့ဒီစက်ရုံဟာ မတ်လ ၁၄ ၇က်နေ့ ညနေပိုင်းကတည်းက မီးလောင်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

    ‌ရွှေပြည်သာ အရံမီးသတ် တပ်ဖွဲ့ကလည်းမီးငြိမ်းအောင် ကြိုးစားနေကြောင်းတိုက်ရိုက် ရုပ်သံထုတ်လွှင့်နေပါတယ်။

    ဒါ့အပြင် ‌ရွှေပြည်သာ ၁၄ ရပ်ကွက် ည ရပ်ကွက် လမ်းဆုံမှာလည်း ညနေပိုင်းက စက်ရုံတစ်ရုံမီးလောင်နေတာကို တွေ့ရတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

  6. ချောက်မြို့ ပစ်ခတ်မှု‌ကြောင့်သေဆုံးခဲ့သူကို နာရေးအခမ်းအနားလုပ်

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ချောက် ရေနံမြေမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဖြိုခွင်းမှုမှာ သေဆုံးခဲ့တဲ့ ကိုဝင်းဖြိုးအောင်(ခ)ကြောင်လေး ကို မတ်လ ၁၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်မှာ သူ့ရဲ့ နေအိမ်ကနေ မြေနီကုန်းသုသာန်ကို ဈာပနအခမ်းအနားပြုလုပ်ပြီး မြေမြှပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

    ထောင်နဲ့ချီတဲ့ ပြည်သူတွေက လက်သုံးချောင်းထောင်ပြီး ဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

    သူဟာ မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကချောက်မြို့ အမှတ် ၁၅၊ ရတနာအိုင့်ရပ်မှာ စစ်တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲစဥ် ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

    မတ်လ ၁၃ ရက်နေ့က လည်းစစ်တပ်က ချောက်မြို့က အဓိက လမ်းမတွေနဲ့ ရပ်ကွက်အချို့အတွင်းက လမ်းတွေထဲ ဝင်ရောက်ကာ မျက်ရည်ယို ‌‌ဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး လူ ၂၃ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကိုဝင်းဖြိုးအောင်(ခ)ကြောင်လေးဟာ ကျည်အစစ်ထိမှန် လို့ ဆေးကုသမှုခံယူဖို့ ညောင်ဦးမြို့ သွားစဉ် လမ်းမှာ သေဆုံးခဲ့တာလို့ လူမှုကူညီရေးအသင်းကပြောပါတယ်။

  7. ‌ရွှေပြည်သာမှာ ပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ ဦး ကျည်ထိ

    ‌ကျည်ထိမှန် ထားတဲ့သူ ၂ ဦးကို ပြန်လွှတ်ပေဖို့ ရွှေပြည်သာ အထက (၁) ကျောင်းအနီး စုဝေးတောင်းဆိုနေတဲ့လူထုကို ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ စစ်တပ်က သေနတ်နဲ့ ထပ်ပစ်လို့ အနည်းဆုံး ၇ ဦး ထပ်မံ ကျည်ထိမှန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MTAN

    no tag

    ဓာတ်ပုံ ရင်းမြစ်, MTAN

    No tag

    ဓာတ်ပုံ ရင်းမြစ်, MTAN

  8. ရွှေပြည်သာအထက အနီး စစ်တပ်က ပစ်လို့ တစ်ဦးသေ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရွှေပြည်သာ ကားကြီးဂိတ်အနီးဘုရင့်နောင်လမ်းမပေါ်က အထက (၁) ကျောင်းမှာ စစ်တပ်က တပ်စွဲထားတာကို မကျေနပ်လို့ မြို့ခံလူထုက ဖယ်ပေးဖို့တောင်းဆိုရာကလူစုခွဲခံရမှုဖြစ်ပွား ခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

    နှစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာ ရတယ်လို့ သတင်းတွေရပေမဲ့ လူတစ်ဦးသေဆုံးတာကိုပဲ ဘီဘီစီက အတည်ပြုနိုင်ပါသေးတယ်။

    လတ်တလော ရွှေပြည်သာ အထက ၁ ကျောင်းကို လူတွေက ဝိုင်းထားဆဲဖြစ်ပြီး ပစ်ခတ်မှုများလည်းဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

    လှိုင်သာယာမြို့နယ်ကို စစ်တပ်နှင့် ရဲက အကြမ်းဖက်ဖြိုခွင်းနေတာကြောင့် ရွှေပြည်သာ လူထုက လမ်းပေါ်ထွက်ပြီး တပ်ကို ပိတ်ဆို့ခဲ့ရာမှာ တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ် ။

  9. တပ်ကူလာတဲ့ ကားတွေကို တားဆီးလို့ ကျန်စစ်သားအိမ်ရာ အနီးမှာ ပစ်ခတ်မှုဖြစ်

    no tag

    ဓာတ်ပုံ ရင်းမြစ်, HTY

    လှိုင်သာယာကို တပ်ကူလာတဲ့ စစ်ကောင်စီက စစ်ကားနဲ့ ရဲကားတွေကို လှိုင်သာယာ FMI အိမ်ရာနဲ့ ကျန်စစ်သား အိမ်ရာတို့အနီးမှာ ဒေသခံတွေက ပိတ်ဆို့တားဆီးနေကြပြီးတော့ ထိပ်တိုက်တွေ့နေကြပါတယ်။

    လှိုင်သာယာ FMI အိမ်ရာ ဘက်မှာတော့ စစ်ကူလာတဲ့ ကားတွေကို မဝင်နိုင်အောင်လို ကားတွေနဲ့ပိတ်ရပ်ထားကြပြီး စစ်ကောင်စီ တပ်တွေက တော့ ဘူဒိုဇာနဲ့ ထိုးပြီးဆက်ထွက်လာကြရာမှာကျန်စစ်သားအိမ်ရာ မှာတားဆီးမှုတွေရှိခဲ့ပြီးတော့ စစ်ကောင်စီ တပ်တွေက သေနတ်နဲ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

    ကျန်စစ်သားအိမ်ရာကနေ ပစ်ခတ်မှုတွေပြီးသွားတဲ့နောက်ပိုင်းမှာ လူတွေဟာ တုတ်တွေ ဓားတွေကိုင်ပြီး အပြင်ကိုထွက်သွားခဲ့ကြ တယ်လို့ လည်း ကျန်စစ်သားအိမ်ရာ နေထိုင်သူတစ်ဦးကပြောပါတယ်။

  10. လှိုင်သာယာမှာ အထည်ချုပ်စက်ရုံ အချို့မီးလောင်

    No tag

    ဓာတ်ပုံ ရင်းမြစ်, ရှားစစ်သွေး၊ စည်သူထွန်း

    No tag

    ဓာတ်ပုံ ရင်းမြစ်, ရှားစစ်သွေး၊ စည်သူထွန်း

    လှိုင်သာယာမှာ သပိတ်စခန်းဖြိုခွင်းမှုတွေအပြီး စက်ရုံအချို့ မီးလောင်နေပြီးတော့ စက်ရုံ ၃ ရုံခန့် မီးလောင်နေတဲ့ အကြောင်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

    ဘီဘီစီက ဒေသခံတွေနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်တဲ့ မီးလောင်နေတဲ့ စက်ရုံတွေဟာ ရွှေလင်ပန်းစက်မှုဇုန်ကဖြစ်တယ်လို့ သိရပါတယ်။

    မီးလောင်နေတာ အတည်ပြုနိုင်တဲ့ စက်ရုံ နှစ်ရုံကတော့ ငွေကြယ်အထည်ချုပ်စက်ရုံနဲ့ ‌ရွှေနဂါး စက်ရုံတို့ဖြစ်ပြီးတော့ ကျန်စက်ရုံကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    လှိုင်သာယာ ဘီအိုစီ အနီး စနေမ မှတ်တိုင်မှာ ရှိတဲ့ တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံအနီးကို လုံခြရေးယးဖို့ အတွက်စစ်ကားတွေရောက်လာကြတယ်လို့ လည်း လှိုင်သာယာဒေသခံတွေက ပြောပါတယ်။

  11. လှိုင်သာယာသပိတ် ဖြိုခွဲခံရမှု လူသေဆုံးမှုရှိ

    No tag

    ဓာတ်ပုံ ရင်းမြစ်, HTY

    No tag

    ဓာတ်ပုံ ရင်းမြစ်, HTY

    အောင်ဇေယျတံတားအဆင်းက လှိုင်သာယာသပိတ်စခန်းဟာ မတ်လ ၁၄ ရက်နေ့လယ်ပိုင်းက စတင်ဖြိုခွင်းခံရပြီး လမ်းအတွင်းကို ဝင်ပြေးသူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း လှိုင်သာယာ သပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူဟာ လှိုင်သာယာ ၁ ရပ်ကွက် ဆရာစံလမ်း နေထိုင်သူ ကိုရှမ်းကြီးဆိုသူဖြစ်ပြီး သူအပါအဝင် အနည်းဆုံး ၃ ဦးခန့်သေဆုံးခဲ့တယ်လို့လည်း သူကပြောပါတယ်။

    လှိုင်သာယာ ၁ ထိပ် ၃ ထိပ် မှာရှိတဲ့ သပိတ်စခန်းတွေ ဒီနေ့နေ့လယ်ပိုင်းက စတင်ဖြိုခွင်းခဲ့တာဖြစ်ပြီးတော့

    သပိတ်စခန်းဖြိုခွင်းမှုတွေ ဖြစ်ပွားပြီးနောက်မှာတော့ ရွှေပြည်သာတံတား အနီးက ရွှေလင်ပန်းစက်မှုဇုန်အနီးက အထည်ချုပ်စက်ရုံအချို့ မီးလောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

  12. လှိုင်သာယာသပိတ်ကို ဖြိုခွင်းနေလို့ အင်းစိန်ဘက်ခြမ်းမှာ ဆန္ဒပြ

    လှိုင်ယာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်ကို ဆက်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်း အင်းစိန်မြို့နယ်ဘက်ခြမ်းက လှိုင်မြစ်လမ်းပေါ်မှ ဒေသခံပြည်သူတွေက ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ်မှာ ဆန္ဒပြနေကြပါတယ်။ တံတားအဆင်း လှိုင်သာယာဘက်ခြမ်းမှာ ဆန္ဒနေကြသူတွေကို စစ်သားနဲ့ ရဲတွေက အင်အားသုံးဖြိုခွင်းမှုတွေကြောင့် အင်းစိန် ဘက်ကနေ ဆန္ဒပြနေကြတာပါ။

    လှိုင်သာယာဘက်ကိုတက်မယ့် ရဲကားတချို့ကို လူထုက ဆန္ဒပြလို့ ပေါက်တော၀ လမ်းဆုံမှာ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင်င့ ဆန္ဒပြသူ တစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တံတားပေါ်ကို တက်တဲ့ လှိုင်မြစ်လမ်းပေါ်က အဟန့်အတားတွေလည်း မီးရှို့ခံခဲ့ရပါတယ်။

    Hlaing Tharyar

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. စစ်အာဏာမှုသိမ်းဆန့်ကျင်တဲ့ ဒီနေ့ မြိုင်သပိတ် မြင်ကွင်း

    မြိုင်မြို့ဟာ ပခုက္ကူအနီးက မြိုဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် မြိုင်မြို့မှာ လူ ၆ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တာပါ။

    ဒါပေမဲ့ ဒီနေ့မတ်လ ၁၄ ရက်မှာတော့ မြိုင်မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်းထွက်ခဲ့တာတွေ့ရပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့၊ အာဏာသိမ်းစစ်အုပ်စုကျဆုံးရေး ပြည်သူ့အားနဲ့ ဝိုင်းဝန်းတိုက်ထုတ်ကြဖို့ ဆိုတဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    Myaing

    ဓာတ်ပုံ ရင်းမြစ်, Naung Naung

  14. စိန်ပန်းသပိတ်မှာသေဆုံးခဲ့ရသူ ကိုမင်းမင်းထွန်း နာရေး ပြုလုပ်

    မန္တလေးမြို့ စိန်ပန်းရပ်သပိတ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်နှိမ်နင်းဖြိုခွဲခဲ့တာကြောင့် သေနတ်ကျည်ဆန်ထိသေဆုံးခဲ့တဲ့ ကိုမင်းမင်းထွန်း ( ခ ) မျိုးမင်းထက် (၃၅) နှစ်ရဲ့ နာရေးကို မတ်လ ၁၄ရက်နေ့ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, MPA

  15. စစ်အာဏာသိမ်း ၄၂ ရက်မြောက်နေ့ သာကေတသပိတ် မြင်ကွင်း

    စစ်အာဏာသိမ်းထားတာ ဒီနေ့ မတ်လ ၁၄ ရက်ဆိုရင် ၄၂ ရက်မြောက်ရှိပါပြီ။

    ဒီနေ့ မတ်လ ၁၄ ရက်မှာလည်း သာကေတမြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကို ငြိမ်းချမ်းစွာ ပြုလုပ်နေကြတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၉ ရက်နောက်ပိုင်းကစလို့ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းပစ်ခတ်ဖြိုခွင်းတာကြောင့် နိုင်ငံတဝန်း သေဆုံးမှုက ၇၀ ကျော်ရှိလာနေပါတယ်။ အတည်မပြုနိုင်သေးတဲ့စာရင်းဇယားတွေကိုပါ ထည့်ရေတွက်မယ်ဆိုရင် သေဆုံးစာရင်းဟာ ဒီထက် ပိုများနိုင်ပါတယ်။

    ဒီလို ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေရှိနေတဲ့ကြားက၊ သပိတ်ဦးဆောင်သူလို့ စွပ်စွဲခံရသူတွေကို ညအချိန် လူနေရပ်ကွက်တွေထဲအထိ လိုက်လံဖမ်းဆီးပစ်ခတ်နေတဲ့ကြားကပဲ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေက ရပ်တန့်မသွားဘဲ အခုအခါညသပိတ်တွေကိုပါ ပြုလုပ်လာနေကြပါတယ်။

    Tharkayta, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Tharkayta, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ညောင်တုန်းက လူမဲ့သပိတ်

    ဧရာဝတီကရင်လူငယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ်ကို ဒီနေ့ မတ် ၁၄ ရက်မှာ ညောင်တုန်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

    အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ မတရားဖမ်းဆီးခံရသူများ ပြန်လွှတ်ရေး ကြွေးကြော်သံလေးချက်ကိုလည်း လူမဲ့သပိတ်မှာ စာတမ်းတွေနဲ့ ထုတ်ဖော်တောင်းဆိုထားပါတယ်။

    Strike

    ဓာတ်ပုံ ရင်းမြစ်, MPA

  17. စိန်ပန်းရပ်သပိတ် သေဆုံးသူ တစ်ဦးထပ်တိုး

    မန္တလေးမြို့မှာ မနေ့ မတလ ၁၃ ရက်က စိန်ပန်းရပ်အနီး သပိတ်ပေါင်းစုံအထိုင်သပိတ်ကိုတပ်နဲ့ ရဲက အင်အားသုံးပစ်ခတ်ဖြိုခွင်းတာကြောင့် သေဆုံးသူ တွေထဲမှာ ကိုရဲဆွေဦး အသက် (၂၉ နှစ်) လည်း ပါဝင်ပါတယ်။ သူဟာ အထက၂၄ ကျောင်းရှေ့မှ ာဘယ်ဘက်ရင်အုံကို ထုတ်ချင်းပေါက်ကျည်မှန်တာလို့ မိသားစုဝင်ကပြောပါတယ်။

    "ကိုယ့်သားဆုံးရှုံးရတာ နှမြောတာပေါ့။ ဒါပေမယ့်လည်း ဂုဏ်ယူပါတယ်"လို့ သေဆုံးသူမိခင် ဒေါ်သန်းအေးကပြောပါတယ်။ သေဆုံးသူမှာ ဇနီးနဲ့ ၅နှစ် အရွယ်ကလေး ကျန်ရှိခဲ့ပါတယ်။ ကိုရဲဆွေဦးရဲ့နာရေးကို မွန်းတည့် ၁၂ နာရီ‌မှာ အေးရိပ်ငြိမ်သုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

    မနေ့က စိန်ပန်းရပ်သပိတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူဟာ စုစုပေါင်း ၆ ဦးထိရှိပြီလို့ မတ် ၁၄ ရက်မနက်ပိုင်းအထိ ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။

    Mandalay
    Mandalay
  18. ထိန်းသိမ်းခံထားရတဲ့ NLD အစိုးရဟိုတယ်ခရီးဝန်ကြီးဦးအုန်းမောင်အိမ်ကိုဝင်ရှာ

    ညောင်ရွှေမြို့နယ် မင်္ဂလာရပ်ကွက်မှာရှိတဲ့ NLD အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ရဲ့ နေအိမ်နဲ့ အင်းလေးမှာ ရှိတဲ့ lnle Princess Hotel တို့ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ကား ၁၀ စီးကျော်၊ လူအင်အား ၆၀ လောက်နဲ့ ည ၉ နာရီ ကျော်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပါတယ်။

    နေအိမ်က အိမ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ မရှိပေမဲ့ lnle Princess Hotel တာဝန်ခံတွေဖြစ်ကြတဲ့ ကိုမင်းနိုင်စိုးနဲ့ မကြေးမုံတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဝန်ကြီးရဲ့ နေအိမ် အနီးနားက နေအိမ်စျေးဆိုင်ကိုလည်း ကန်ကျောက်တာ၊ လေးခွတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။

    ဝန်ကြီးဦးအုန်းမောင်က လောလောဆယ် နေပြည်တော်မှာ ထိန်းသိမ်းခံထားရပြီး မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့ မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

    ထိန်းသိမ်းခံထားရတဲ့ NLD အစိုးရဟိုတယ်ခရီးဝန်ကြီးဦးအုန်းမောင်အိမ်ကိုဝင်ရှာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. အကြမ်းဖက်မှုကို ကုလသမဂ္ဂ လက်မခံဘူးလို့ဆို

  20. အင်းစိန် မီးရထားဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖိအားပေး

    CDM လုပ်ကြတဲ့ မီးရထားဝန်ထမ်းတွေကို လုပ်ငန်းခွင်ဝင်ရေး ဖိအားပေးလုပ်ဆောင်မှုတွေကို လုပ်ဆောင်နေရာမှာ ဒီကနေ့ မနက်ပိုင်းမှာ အင်းစိန် မီးရထား စက်ခေါင်းစက်ရုံနဲ့ ကြို့ကုန်းမီးရထားဝန်းတို့ကို စစ်ဘက်ကနေ အရပ်ဘက်ကိုပြောင်းထားတဲ့ မီးရထားတာဝန်ရှိသူနဲ့ အတူ ရဲနဲ့စစ်တပ်တို့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

    CDM အောင်မြင်ရေး ဦးဆောင်ပေးနေသူတွေက တိမ်းရှောင်နိုင်ခဲ့တာကြောင် ဖမ်းမိခဲ့တာမျိုးမရှိဘူးလို့ မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

    ဒါပေမယ့်လည်း မီးရထားဝန်ထမ်းတွေကို ၁၅ရက်နေ့နောက်ဆုံး ထားပြီး ရုံး မဖြစ်မနေ ပြန်တက်ရမယ်လို့ ဖိအားပေးခဲ့တယ်လို့လည်း မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

    မီးရထားဝန်ထမ်းအများစုကတော့ အချင်းချင်းကူညီပြီး နေထိုင်ရေးအဆင်ပြေအောင် လုပ်ဆောင်ကာ CDM မှာ ဆက်လက်ပါဝင်ဖို့ အားတင်း လုပ်ဆောင်နေကြတယ်လို့လည်း CDM ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီမတိုင်ခင်တုန်းကတော့ မင်္ဂလာတောင်ညွန့်က မီးရထားရပ်ကွက်၊ မလွှကုန်း မီးရထားရပ်ကွက် စတာတွေကို ဝင်ရောက်ရှာဖွေတာတွေကို ပြုလုပ်ပြီး ရုံးပြန်တက်ရေး ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။