အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် လူတစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဒီရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချနိုင်အောင် အင်တိုက်အားတိုက် လုပ်သွားမယ်လို့လည်း ဒီကနေ့ မေလ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကလေးမြို့နယ် ကုက္ကိုလ်ရွာမီးရှို့ခံနေရ

    cj

    ဓာတ်ပုံ ရင်းမြစ်, cJ

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံခဲ့ရတဲ့ ကလေးမြို့နယ်တွင်းက ကျေးရွာတရွာရဲ့မြင်ကွင်း(ပုံဟောင်း)

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ထဲက ကုက္ကိုလ်ရွာကို ဒီကနေ့ မေလ ၁၈ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေက ဘီဘီစီကပြောပါတယ်။

    ဒီကနေ့မနက် ၇နာရီဝန်းကျင်လောက်ထဲက မီးရှို့နေတာဖြစ်ပြီး ဒီတပ်ဖွဲ့ဝင်တွေဟာ မနေ့ညက ကုက္ကိုလ်ရွာမှာ စခန်းချနေထိုင်ခဲ့တာလို့ သိရပါတယ်။

    "မီးခိုးလုံးတွေက မြင်နေရတယ်၊ အိမ်ဘယ်လောက်ပါပြီလဲမသိရသေးဘူး။ ရေရှင်ဘက်ကတပ်တွေ ဒီဘက်ကို ၁၆ရက်နေ့ထဲက ‌ရောက်လာပြီး ဆက်တိုက်မီးရှို့နေတာ။ အင်အား ၁၀၀နီးပါး ပါတယ်" လို့ ကုက္ကိုလ်ရွာခံတစ်ဦးက ပြောပါတယ်။

    မနက် ၁၀နာရီဝန်းကျင်အထိ မီးရှို့ခံနေရဆဲလို့ပြောပြီး နောက်ဆက်တွဲအခြေအနေအသေးစိတ်တော့မသိရပါ‌သေးပါဘူး။

    ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၁၇ရက်တုန်းက အိမ်ခြေ ၂၀၀နီးနီးရှိတဲ့ ရှားတောရွာကိုမီးရှို့ခဲ့ပြီး အိမ်ခြေ ၈၀ မီးထဲပါခဲ့ကာ မေလ ၁၆ရက်တုန်းကလည်း လယ်ခြားရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကလေးတောင်ပိုင်းဒေသတွေမှာ ဧပြီလကုန်ပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီဘက်က အကျအဆုံးများသလို ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းကိုလည်း စီးနင်းတဲ့အထိ ရှိနေပြီး နေ့စဉ်လိုလို ရွာမီးရှို့ခံနေရလို့လည်း ဒေသခံတွေက ဆိုပါတယ်။

  2. သန်လျင်မှာ ဆိုင်ကယ်မစီးရဆိုတဲ့သတင်းကြောင့် အသွားအလာခက်မှာကို မြို့ခံတွေ စိုးရိမ်နေကြ, ဒီနေ့မနက်ပိုင်းမှာလည်း ဆိုင်ကယ်အသွားအလာရှင်းနေတယ်လို့ဆို

    အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ မြင်တွေ့ရတဲ့ သန်လျင်မြို့တွင်း တစ်နေ့ရာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ မြင်တွေ့ရတဲ့ သန်လျင်မြို့တွင်း တစ်နေ့ရာ

    ရန်ကုန်တိုင်းထဲက ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ သန်လျင်မြို့နယ်ထဲမှာ ၅ ရက် ကြာ ဆိုင်ကယ်မစီးရဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာကြောင့် သွားရေးလာရေးခက်ခဲမှာကို ဆိုင်ကယ်ကို အဓိကထားအသုံးပြုတဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

    သန်လျင်မှာ ဒီနေ့မေလ ၁၈ ရက်နေ့ကစလို့ ဆိုင်ကယ်မစီးရဘူးဆိုပြီး စစ်တပ်က တပ်တွင်းမိသားစုတွေကို လိုက်လံ ဆော်သြနေတယ်ဆိုတဲ့သတင်းတွေ သန်လျင်အခြေစိုက်လူမှုကွန်ယက်သတင်းစာမျက်နှာတွေမှာ မနေ့ကတည်းက ထွက်ပေါ်နေတာပါ။

    ဒီနေ့မနက်မှာတော့ သန်လျင်မြို့ထဲ ဆိုင်ကယ်အသွားအလာမရှိသလောက်ဖြစ်နေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    ‘’ဒီနေ့ကနေ တနင်္ဂနွေနေ့အထိ ဆိုင်ကယ်မစီးရဘူးကြေညာတယ်ဆိုတဲ့သတင်းတွေ ထွက်နေလို့ ခါတိုင်း လူစည်ကားတဲ့ သန်လျင်စျေးဘက်မှာတောင် ဆိုင်ကယ်အသွားအလာမရှိဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲ လိုက် ကြေညာတာမျိုးတော့မရှိဘူး။ သန်လျင်က ဆိုင်ကယ်မြို့လိုဖြစ်နေချိန်မှာ အခုလိုသတင်းထွက်တော့ သွားရေးလာရေးအတော်ခက်ခဲသွားမှာ။ ဘတ်စ်ကားလိုင်းကလည်း ၂ လိုင်းပဲ ပြေးတာလေ’’လို့ သန်လျင်မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သန်လျင်မှာ အခုလိုဆိုင်ကယ်စီးနင်းမှု ကန့်သတ်တယ်ဆိုတဲ့သတင်း ဘာ့ကြောင့်ထွက်ပေါ်လာလဲဆိုတာ မသိရသေးပေမဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက စစ်ကောင်စီခန့် အုပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်မှုတွေရှိအပြီးမှာ အခုလိုကန့်သတ်တဲ့သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

  3. စစ်ကောင်စီပညာရေးကိုသပိတ်ဆက်မှောက်ကြဖို့ CDMပညာရေးအသိုင်းအဝိုင်းတိုက်တွန်း

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပညာရေးကိုသပိတ်ဆက်မှောက်ကြဖို့ CDMပညာရေးအသိုင်းအဝိုင်းတိုက်တွန်း

    မကြာမီရက်ပိုင်းအတွင်း အခြေခံပညာကျောင်းသားတွေအတွက် ကျောင်းအပ်ရာသီရောက်တော့မှာဖြစ်သလို၊ ဇွန်လ ၂ရက်နေ့မှာလည်း စစ်ကောင်စီဘက်ကနေ ကျောင်းတွေပြန်ဖွင့်ဖို့ရှိနေပါတယ်။

    CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံပညာ၊ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BGESC)ကတော့ ပြည်သူတွေအနေနဲ့ စစ်ကျွန်ပညာရေးကို ဆက်လက်သပိတ်မှောက်ကြဖို့ မေလ ၁၇ရက် ရက်စွဲနဲ့ ပန်ကြားလွှာထုတ်ပြန်လာပါတယ်။

    အချက် ၇ ချက်နဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ပညာရေးစနစ်ဟာ ရိုးဖြောင့်မှုမရှိဘဲ စစ်ရေး၊ နိုင်ငံရေးအရ အသုံးချတယ်လို့ ဆိုတဲ့အပြင် ကျောင်းများပြန်ဖွင့်ခဲ့ရင်ရရှိနိုင်မယ့် နိုင်ငံတကာရဲ့ပညာရေးဆိုင်ရာအထောက်အပံ့တွေကို စစ်ရေးအတွက်ပြန်အသုံးပြုကာ ပြည်သူတွေကို အခုထက်ပိုဖိနှိပ်နိုင်တယ်လို့ ပြောထားပါတယ်။

    ဒါ့အပြင် အားကောင်းနေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား CDM တွေရဲ့အင်အားကို သွေးခွဲဖြိုခွဲနိုင်ကြောင်း၊ လူမျိုးကြီး ဝါဒမှိုင်းတွေ သင်ခန်းစာကတဆင့်ရိုက်သွင်းပြီး စစ်ကျွန်ပညာရေးယန္တရားတည်ဆောက်လာနိုင်တဲ့အပြင် စစ်အခြေစိုက်စခန်းတွေအဖြစ် စာသင်ခန်းတွေကိုဖန်တီးကာ လူသားတံတိုင်းအဖြစ်လုပ်နိုင်သလို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုကိုပုံဖျက်ဖို့ စစ်ကောင်စီနဲ့ဆက်စပ်သူတွေကနေ စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်နိုင်တယ်လို့ BGESC ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီပညာရေးကိုသပိတ်ဆက်မှောက်ကြဖို့ CDMပညာရေးအသိုင်းအဝိုင်းတိုက်တွန်း

    ဒီအချက်တွေအပြင် Non CDM (စစ်ကောင်စီအောက်တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း) တွေဟာ ဖိနှိပ်ရေးဥာဥ်ရှိနေပြီး ဒီသင်ကြားမှုတွေဟာ အရည်အသွေးပြည့်ဝတဲ့ပညာရေးမရနိုင်ဘူးလို့ BGESC က ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်ကျွန်ပညာရေးစနစ်ကိုဆန့်ကျင်တဲ့ CDM ဆရာတွေအနေနဲ့ အရည်အသွေးပြည့်ဝတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်‌ပေါ်ပေါက်ရေး အတွက် ကြားကာလပညာရေးတွေကို အွန်လိုင်းရော ရပ်ရွာအခြေပြုမြေပြင်သင်ကြားရေးတွေကိုပါ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

    တဖက်စစ်ကောင်စီကတော့ ဒီရက်ပိုင်းအတွင်း CDM ပါဝင်ထားတဲ့ အခြေခံပညာ‌ဆရာ၊ဆရာမတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြောလာပြန်ပါတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ အာဏာသိမ်းစချိန်ကတည်းက အခုချိန်ထိ ပညာရေးဝန်ထမ်းတွေဖမ်းဆီးခံနေရဆဲဖြစ်သလို BGESCရဲ့စာရင်းအရ ၉၅ဦး အဖမ်းခံခဲ့ရပြီး ဒီထက်အရေအတွက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကျောင်းသားမိဘတွေအနေနဲ့ ပညာရေးနှောင့်နှေးမှာစိုးရိမ်တဲ့အတွက် ငွေကြေးတတ်နိုင်သူတွေဟာ ပုဂ္ဂလိကကျောင်းနဲ့နိုင်ငံတကာသင်ရိုးတွေကို ပြောင်းရွှေ့သင်လာကြပေမဲ့ အလယ်အလတ်နဲ့ အခြေခံလူထုအတွက်ကတော့ ရွေးချယ်ဖို့အခက်အခဲတွေရှိနေကြဆဲပါ။

    စစ်ကောင်စီကျောင်းမှာတက်ဖို့ ပညာရေးအရည်အသွေးမပြည့်ဝမှာ လုံခြုံရေးမရှိမှာစိုးရိမ်ကြပြီး ကြားကာလပညာရေးအစီအစဉ်တွေမှာတော့ အွန်လိုင်းအခြေပြုဖြစ်တာကြောင့် လျှပ်စစ်မီးမမှန်၊ အင်တာနက်ခစျေးကြီးမြင့်တာအပြင် တဖက်စစ်ကောင်စီဘက်ကနေ တစုံတရာဖိနှိပ်မှုလုပ်လာမှာကို ကျောင်းသား‌မိဘတွေစိုးရိမ်နေကြပါတယ်။

  4. အမေရိကန်အထက်လွှတ်တော် ရီပတ်ပလင်ကန်ပါတီခေါင်းဆောင်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ

    အမေရိကန်အထက်လွတ်တော်က ရီပတ်ပလင်ကန်ပါတီရဲ့ခေါင်းဆောင် အထက်လွတ်တော်အမတ် မစ်ချ် မက်ကော်နဲက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့တွေ့ဆုံထားတယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြောလာပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    ဒေါ်ဇင်မာအောင်နဲ့ မေလ ၁၇ ရက်မှာ အမေရိကန်လွှတ်တော်အဆောက်အအုံအတွင်းမှာ တွေ့ဆုံဆွေးနွေး ခဲ့တာလို့လည်း သူက ပြောပါတယ်။

    ဖိနှိပ်နေတဲ့မြန်မာစစ်ခေါင်းဆောင်တွေကို အန်တုတွန်းလှန်တဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှုနဲ့ အမေရိကန်ရဲ့ထောက်ခံမှု ဆက်ရှိနေဖို့အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

    အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နဲဟာ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်တစိုက် အားပေးထောက်ခံလာခဲ့သူတစ်ဦးဖြစ်ပြီး ဆက်ပြီးအားထုတ်သွားမယ့်အကြောင်းကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့တွေ့ဆုံချိန်တုန်း က ပြောထားဖူးပါတယ်။

  5. ရွှေစျေးကွက်ကို စစ်ကောင်စီက ထိန်းချုပ် လာ

  6. ရခိုင် စစ်ရှောင် လူငယ် ၃ ဦး ကို စစ်တပ်က ဖမ်း

  7. သြစတေးလျက စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးလျှော့ချဖို့ ရှိနေ

    သြစတေးလျသံအမတ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing

    ဓာတ်ပုံ ပုံစာ, သြစတေးလျသံအမတ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    သြစတေးလျနိုင်ငံဟာ လစ်လပ်သွားတဲ့မြန်မာနိုင်ငံဆိုင်ရာသံအမတ်နေရာမှာ သံအမတ်အသစ်ကို မခန့်အပ်တော့ဘဲ သံရုံးယာယီတာဝန်ခံကိုသာ ထားပြီး စစ်‌ကောင်စီနဲ့ သံတမန်ဆက်ဆံရေးလျှော့ချဖို့ စီစဥ်နေတယ်လို့ သြစတေးလျကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

    ဧပြီလမှာ ရာထူးသက်တမ်းကုန်သွားတဲ့ သံအမတ် Andrea Faulkner နေရာမှာ သံရုံးယာယီတာဝန်ခံအဖြစ် နိုင်ငံခြားရေးရာနဲ့ကုန်သွယ်ရေးဌာနက အကြီးတန်းအရာရှိတစ်ယောက်ကို ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း အေဘီစီသတင်းဌာနက သတင်းဖော်ပြပါတယ်။

    တဖက်မှာလည်း သြစတေးလျဟာ သံရုံးယာယီတာဝန်ခံကိုပဲ ခန့်အပ်မယ်ဆိုရင် သံအမတ်အသစ် ခန့်အပ်သလို ခန့်အပ်လွှာကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ဖို့ မလိုအပ်တာကြောင့် စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးလျှော့ချမှုတစ်ခုအဖြစ် ဘီဘီစီက နားလည်ရပါတယ်။

    တဖက်မှာလည်း သြစတေးလျဟာ မြန်မာပြည်တွင်းမှာ ထိန်းသိမ်းခံထားရတဲ့ သြစတေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို လွတ်မြောက်ရေးကြိုးပမ်းနိုင်ဖို့ စစ်ကောင်စီနဲ့ အခုလို သံခင်းတမန်ခင်း ဆက်ဆံရေးဆက်ထားတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြပါတယ်။

    လက်ရှိမှာ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့အနေနဲ့ အိန္ဒိယနဲ့ ဆော်ဒီအာရေးဗျသံအမတ်တို့ဟာ သူတို့ရဲ့ ခ့အပ်လွှာတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြီးခဲ့တဲ့ဧပြီလမှာ ပေးအပ်ထားပါတယ်။

    ဗြိတိန်ကတော့ စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးစရာမလိုဘဲ သံရုံးအလုပ်တွေ ဆက်လုပ်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ်ခန့်ထားတဲ့ မစ္စတာပိထ် ဗောင်းစ်ကို သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲခန့်အပ်တယ်လို့ ပြောထားပါတယ်။

  8. သမိုင်းလမ်းဆုံမှာ အသစ်ဆောက်ထားတဲ့ စစ်ကောင်စီလုံခြုံရေးဘန်ကာမှာ ပေါက်ကွဲမှုဖြစ်, စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

    သမိုင်းလမ်းဆုံမှာ အသစ်ဆောက်ထားတဲ့ စစ်ကောင်စီလုံခြုံရေးဘန်ကာမှာ ပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, social media

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်က သမိုင်းလမ်းဆုံ လမ်းလယ်ကျွန်းပေါ်မှာ မကြာသေးခင်တုန်းကမှ ဆောက်ထားတဲ့စစ်ကောင်စီရဲ့လုံခြုံရေးဘန်ကာမှာ ဒီနေ့ မေလ ၁၇ ရက် နေ့လည်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ‘‘ဒီနေ့ မနက်နှောင်းပိုင်း ၁၁ နာရီကျော်လောက်မှာ ဖြစ်သွားတာ။ ပေါက်ကွဲအပြီးမှာ အဲဒီမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တာလည်းဖြစ်ခဲ့တယ်။ အဲဒီမှာစောင့်နေတဲ့ ရဲနဲ့ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်’’လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒဏ်ရာရသွားတဲ့ ရဲထဲက ၂ ဦးဟာ သေဆုံးသွားပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အဲဒီဖြစ်ရပ်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနေ့လည် ၁ နာရီခန့်အထိ လမ်းကို ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

    သမိုင်းလမ်းဆုံ လမ်းဘေးစင်္ကြန်တစ်ဖက်မှာရှိတဲ့ ယာဥ်ထိန်းရဲကင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို မြို့ပြပြောက်ကျားအဖွဲ့တွေဘက်က ၃ ကြိမ်ထက်မနည်း ဗုံးခွဲ တိုက်ခိုက်မှုလုပ်ခဲ့အပြီးမှာ စစ်ကောင်စီဟာ အခုပေါက်ကွဲမှုဖြစ်တဲ့ လုံခြုံရေး ဘန်ကာကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ပစ်မှတ်ဖြစ်လာနိုင်ချေရှိတဲ့ ရန်ကုန်မြို့က လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးဘန်ကာအဆောက်အအုံငယ်တွေကို ဆောက်လုပ်လာနေပါတယ်။

  9. ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်

    ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ကယား(ကရင်နီ)ပြည်နယ်ထဲက ဒီးမော့ဆိုမြို့၊ မြို့မစျေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီနေ့ မေလ ၁၇ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်နဲ့ ၃ ရီခွဲကြာဖြစ်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့လည်း KNDF ဒီးမော့ဆိုတပ်ရင်းဘက်က ပြောပါတယ်။

    ဒီးမော့ဆို မြို့မရဲစခန်းကို ကင်းထောက်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒီထိတွေ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစ်စုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

    ဒါပေမဲ့ မနေ့တုန်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှမ်း၊ ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ ဆောင်နန်းခဲကျေးရွာကို မီးရှို့ခဲ့တယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

    ဖယ်ခုံဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အဲဒီကျေးရွာအနီးမှာ မေလ ၁၃ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲ အတွင်းထိနာတဲ့စစ်ကောင်စီတပ်ဟာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မေလ ၁၅ ရက်မှာ အဲဒီကနေ ဆုတ်ခွာခဲ့ရအပြီးမှာ စစ်ကောင်စီဘက်က ရွာကို မီးရှို့ခဲ့တာဆိုပြီး ပြောထားပါတယ်။

  10. ရွှေဆိုင်တွေနဲ့ ရွှေအတုံးအခဲရောင်းချသူတွေကို လိုင်စင်လုပ်ဖို့ ရွှေလုပ်ငန်းရှင်အသင်း ပြောလာ

    ရွှေဆိုင်တွေနဲ့ ရွှေအတုံးအခဲရောင်းချသူတွေကို လိုင်စင်လုပ်ဖို့ ရွှေလုပ်ငန်းရှင်အသင်း ပြောလာ

    ဓာတ်ပုံ ရင်းမြစ်, YGEA

    လိုင်စင်မဲ့မီးလင်းရွှေအတုံးအခဲရောင်းဝယ်သူနေကြသူတွေ၊ ရွှေဆိုင်တွေအနေနဲ့ ရွှေအတုံးအခဲနဲ့ ရွှေရောင်းဝယ်ခွင့်လိုင်စင်တွေပြုလုပ်ကြဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဘက်က ဒီနေ့ မေလ ၁၇ ရက်မှာ ပြောလာပါတယ်။

    ရွှေကို လူတွေ့လက်ငင်းအရောင်းအဝယ်မလုပ်ဘဲ လေပတ်ကားရောင်းချတဲ့သူအချို့ မနေ့ မေလ ၁၆ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရအပြီးမှာ အသင်းဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

    ‘‘မနေ့က ဖမ်းဆီးခံရသူတွေက ရွှေကုန်သည်တွေမဟုတ်ဘဲ လမ်းပေါ်က လေပတ်ကားရောင်းချတဲ့သူတွေပါ။ ရုံးချိန်ပြင်ပ အပြင်မှာ အရောင်းအဝယ်လုပ်တဲ့သူတွေ။ နယ်စပ်ကိုသွားနေတာတွေကို စုံစမ်းနေချိန်မှာ အခုလို အဖမ်းခံရတာပါ’’လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက ပြောပါတယ်။

    လိုင်စင်လုပ်ဖို့အပြင် ရွှေအရောင်းအဝယ်လိုင်စင်မလုပ်ထားဘဲ လူမှုကွန်ရက်နဲ့ အွန်လိုင်းကနေ ရောင်းဝယ် တာတွေ မရှိအောင်၊ မီးလင်းရွှေအတုံးအခဲရောင်းဝယ်နေတဲ့ရွှေဆိုင်တွေအနေနဲ့ ရွှေအတုံးအခဲတွေကို စာရင်းပြုစုပြီး ရွှေအရောင်းအဝယ် စာရင်းဇယားတွေကို တိတိကျကျဖြည့်ဖို့၊ ရွှေမှောင်ခိုစျေးကွက် ပျောက်ဖို့နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ အရောင်းအဝယ်ကို အသင်းရုံးခန်းမှာပဲ ပြုလုပ်ဖို့၊ လက်ငင်းအရောင်း အဝယ်ပြုလုပ်ဖို့၊ စာရင်းပေး သတင်းပေးခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ် ပြုလုပ်တာတွေ မလုပ်ဖို့ အသင်းဘက်က တိုက်တွန်းထားပါတယ်။

    ဒီနေ့မှာတော့ မီးလင်းရွှေစျေးဟာ တစ်ကျပ်သားကို ငွေကျပ် သိန်း ၂၀ နဲ့ ၄ သောင်းနဲ့ စျေးဖွင့်ထားတာတွေ့ရပါတယ်။

    ရွှေလုပ်ငန်းရှင်အသင်းဘက်ကတော့ လက်ရှိမှာ အထည်ပျက်တွေနဲ့ မော်လမြိုင် ရွှေတွင်းတွေဘက်ကနေ နေ့စဥ် ရွှေပိသာချိန် ၂၀ နီးပါးအထိ ဝင်ရောက်နေတာကြောင့် ရွှေပြတ်သွားနိုင်ချေမရှိဘူးလို့လည်း ဆိုပါတယ်။

  11. အာဏာသိမ်းဆန့်ကျင်ရေး LGBT သပိတ်

    စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ ဒီနေ့ပြုလုပ်သွားတဲ့ LGBT သပိတ်

    ဓာတ်ပုံ ရင်းမြစ်, LGBT- Mandalay

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက LGBT သပိတ်

    ဒီနေ့ မေလ ၁၇ ရက်ဟာ “အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများကို ကန့်ကွက် ဆန့်ကျင်ရေးနေ့” ဖြစ်ပါတယ်။

    မြန်မာ့လူမှုအဖွဲ့အစည်းက အမျိုးသမီးချင်းစုံမက်သူ၊ အမျိုးသားချင်းစုံမက်သူ၊ အမျိုးသားကော အမျိုးသမီးပါစုံမက်သူတွေနဲ့ ဆန့်ကျင်ဘက်လိင်အဖြစ်ပြောင်းလဲခံယူ နေထိုင်သူကြတဲ့ LGBT အသိုက်အဝန်းဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးတွေမှာလည်း ပါဝင်နေကြသူတွေဖြစ်ပါတယ်။

    လက်ရှိမှာလည်း မိသားစု၊ ချစ်ရသူတွေနဲ့ ပိုင်ဆိုင်ရာတွေကို စွန့်လွှတ်ပြီး အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ လမ်းပေါ်တက် ဆန္ဒပြသူပြ၊ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းသူတက်ပြီး ဆက်လက်ပါဝင်နေကြဆဲဖြစ်ပါတယ်။

    ကျားမတန်းတူမညီမျှမှုတွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ LGBT အသိုင်းအဝိုင်းပေါ် နှိမ့်ချဆက်ဆံမှုတွေလို ရှေးရိုးစွဲအမြင်တွေပျောက်ဖို့ တက်ကြွလှုပ်ရှားသူတွေက အစိုးရအဆက်ဆက် ကြိုးပမ်း‌‌‌နေကြရဆဲဖြစ်ပါတယ်။

  12. မင်းတပ်က တစ်နှစ်အတွင်းတိုက်ပွဲတွေမှာ ကျဆုံးတဲ့ ချင်းတပ်သား ၅၀ နီးပါးရှိတယ်လို့ CDF ပြော

    ကျဆုံးတပ်သားတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျဆုံးတပ်သားတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြ

    ချင်းပြည်နယ်၊ မင်းတပ်နယ်ထဲမှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း စစ်တပ်နဲ့ဖြစ်တဲ့တိုက်ပွဲတွေအတွင်း ကျဆုံးတဲ့ ချင်းတပ်သား ၅၀ နီးပါးအထိရှိတယ်ဆိုပြီး ချင်းကာကွယ်ရေးတပ်(CDF-မင်းတပ်)ဘက်က ပြောပါတယ်။

    အဲဒီအရေအတွက်ဟာ မင်းတပ်မြို့ပေါ်ကနေ CDF တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာတဲ့ ပြီးခဲ့တဲ့နှစ် ၅ လပိုင်းကနေ အခုနှစ် ၅ လပိုင်းအတွင်း ကျဆုံးစာရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

    မင်းတပ်နယ်ထဲက ကျေးရွာတွေနဲ့ မင်းတပ်-မတူပီလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေ မှာ ကျဆုံးခဲ့သူတွေလည်းဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့အပြီးမှာ စစ်ကောင်စီက မင်းတပ်မြို့ကို မေလ ၁၃ ရက်မှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်သွားပြီးဖြစ်ပါတယ်။

    အဲဒီလိုကြေညာပြီးရက်တွေမှာ မင်းတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီတပ်တွေကြားက မြို့တွင်းတိုက်ပွဲတွေကြောင့် မြို့ခံထောင်ချီဟာ လုံခြုံရေးစိုးရိမ်ပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

    လက်ရှိအချိန်အထိလည်း အဲဒီစိုးရိမ်စိတ်တွေကြောင့် နေရပ်မပြန်ကြသေးတဲ့ ဒေသခံတွေလည်း ရှိနေပါသေးတယ်။

  13. အထက်မြတ်လေး စစ်ရှောင်စခန်းမှာ UNHCR အကူညီနဲ့ နေအိမ်တွေပြန်ဆောက်နေ

    အထက်မြတ်လေး စစ်ရှောင်စခန်းမှာ UNHCR အကူညီနဲ့ နေအိမ်တွေပြန်ဆောက်နေ

    ဓာတ်ပုံ ရင်းမြစ်, ဖြူသာထွန်း

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ အထက်မြတ်လေး ဒုက္ခသည်စခန်းက နေအိမ်တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ရဲ့အကူအညီနဲ့ ပြန်လည်ဆောက်လုပ်နေကြပြီလို့ စခန်းတာဝန်ခံ ဦးဖြူသာထွန်းက ပြောပါတယ်။

    အထက်မြတ်လေးစခန်းမှာ စစ်ဘေးရှောင်နေအိမ်ပေါင်း ၁၁၆ အိမ်ရှိတဲ့အနက် ဒီကနေ့အထိတော့ ၅၀ ကျောက်လောက် ဆောက်လုပ်ပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။

    အဲဒီစခန်းက နေအိမ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နွေရာသီကတည်းက ယာယီဆောက်လုပ်ခဲ့ကြတဲ့နေအိမ်တွေဖြစ်ပြီး သုံးနှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်တာကြောင့် တချို့နေအိမ်တွေဟာ နေထိုင်လို့မရနိုင်တော့တဲ့အခြေအနေအထိ ပျက်စီးနေတာပါ။

    လက်ရှိမှာ UNHCR က နေအိမ်တွေပြန်လည်ဆောက်လုပ်ဖို့ အိမ်တစ်အိမ်ကို မျှောတိုင် ၉ လုံး၊ ၃ လက်မ x လက်မ ပတ်လည်ထူတဲ့ သစ်ခွဲသား ၁၈ ချောင်း၊ ဝါးလုံး သုံးရာစီထောက်ပံ့ပေးပေမဲ့ ကိုယ်တိုင်ဆောက်လုပ်ရတာလို့ ဦးဖြူသာထွန်းက ပြောပါတယ်။

    ရခိုင်မှာ စစ်ဘေးရှောင်စခန်းတွေက နေအိမ်တွေဟာ ဟောင်းနွမ်းနေကြပြီဖြစ်တဲ့အတွက် အမိုးအကာတွေ ပျက်စီးပြီး ပြိုပျက်တော့မယ့်အခြေအနေတွေ ဖြစ်နေကြပြီလို့ ဒုက္ခသည်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၆ သောင်းလောက် ခိုလှုံနေကြတဲ့ စခန်းပေါင်း ၁၄၀ ကျော်ခန့်ရှိနေပါတယ်။

    စခန်းအားလုံးနီးပါးက နေအိမ်တွေပြန်လည်ဆောက်လုပ်ပေးဖို့လိုအပ်လျက်ရှိနေပြီး အဲ့ဒီထဲကမှ စခန်းအချို့သာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ပြန်လည်ပြုပြင်ဆောက်လုပ်ခွင့်ရရှိကြပေမယ့် စခန်းအများစုကတော့ အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

  14. အာဆီယံဆိုင်ရာအမေရိကန်သံအမတ်ခန့်အပ်ဖို့ သမ္မတဘိုင်ဒန် ကြိုးပမ်းလာ

    အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရတဲ့ သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်

    အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အာဆီယံနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်တဲ့အားထုတ်မှု တစ်ရပ်အနေနဲ့ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ဖို့ ကြိုးပမ်းလာပါတယ်။

    သမ္မတဘိုင်ဒန်က လွှတ်တော်ကိုတင်ပြတဲ့ သံအမတ်နဲ့ကိုယ်စားလှယ်လောင်းတွေအဆိုပြုစာရင်းမှာ အာဆီယံသံအမတ်လောင်းနာမည်ကိုပါ ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။

    အဲဒီအဆိုပြုစာရင်းမှာတင်ပြတဲ့ အာဆီယံသံအမတ်လောင်းဟာ Yohannes Abrahamဆိုသူဖြစ်ပြီး သူဟာ သမ္မတအိမ်တော် အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီအကြီးတန်းအရာရှိဖြစ်ပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သလိုစစ်အာဏာသိမ်းမှုအောက်လည်းရောက်နေတဲ့ မြန်မာ့အရေးကို အထူးကိုယ်စားလှယ်ထားပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ဖို့ သမ္မတဘိုင်ဒန်အစိုးရကို တိုက်တွန်းမှုတွေရှိနေချိန်မှာ အာဆီယံဆိုင်ရာ သံအမတ် ခန့်အပ်နိုင်ရေး အခုလိုကြိုးပမ်းလာတာ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်ဟာ အာဆီယံနဲ့ထိတွေ့ဆက်ဆံဖို့ သံရုံးယာယီတာဝန်ခံအဆင့်ရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးကိုပဲ ခန့်အပ်ထားတာဖြစ်ပါတယ်။ သမ္မတ အဆိုပြုတဲ့သံအမတ်လောင်းတွေစာရင်းကိုတော့ အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးဖို့ လိုအပ်နေပါသေးတယ်။

    တစ်ချိန်တည်းမှာပဲ သမ္မတဂျိုးဘိုင်ဒန်နဲ့အာဆီယံနိုင်ငံခေါင်းဆောင်တွေဟာ အိမ်ဖြူတော်မှာ ပြီးခဲ့တဲ့ရက် ပိုင်းတုန်းကတွေ့ဆုံပြီး အာဆီယံ-အမေရိကန် ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ဒေသတွင်း စီးပွားရေးနဲ့လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးထားပါတယ်။

  15. တရုတ်နိုင်ငံထဲ မြန်မာနိုင်ငံသားအချို့ အလုပ်အကိုင်မဲ့၊ ပိတ်မိတာတွေရှိနေ

    လိုရာခရီးရောက်ဖို့ ညဘက်မှာ တောထဲအိပ်ရပြီး နေ့ဘက်မှာ လမ်းလျှောက်သွားနေရတဲ့အခြေအနေတွေရှိနေတယ်လို့ ဘီဘီစီနဲ့အဆက်အသွယ်ရတဲ့ မြန်မာနိုင်ငံသားတွေထံကသိရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လိုရာခရီးရောက်ဖို့ ညဘက်မှာ တောထဲအိပ်ရပြီး နေ့ဘက်မှာ လမ်းလျှောက်သွားနေရတဲ့အခြေအနေတွေရှိနေတယ်လို့ ဘီဘီစီနဲ့အဆက်အသွယ်ရတဲ့ မြန်မာနိုင်ငံသားတွေထံကသိရပါတယ်။

    တရုတ်နိုင်ငံ၊ တုန်ကွမ်မြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ဟာ အလုပ်မရှိ၊ ဝင်ငွေမရ ၊ နေစရာပါမရှိတာကြောင့် တောတွေထဲ နေထိုင်နေရတယ်လို့ ဘီဘီစီကိုဆက်သွယ်ပြောလာကြပါတယ်။

    "ကိုဗစ်ဖြစ်တုန်းကစပြီး မြန်မာပြည်သားတွေ ဒုက္ခအရမ်းရောက်ကြတာ။ တုန်ကွမ်မှာကပိုဆိုးတယ်။ အလုပ်ရှာရတာမလွယ်ဘူး။ အခုဆိုရင်ဘယ်လိုမှ အလုပ်ကမရတော့ဘူး။ စက်ရုံတွေကလည်း မြန်မာနိုင်ငံသားခေါ်လို့ရှိရင် ရဲဖမ်းမိရင် အလုပ်ရှင်လည်းထောင်ကျ၊ ဒဏ်ငွေရိုက်ခံရလို့" အလုပ်လုပ်ကိုင်ဖို့ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ထဲကို ၂၀၁၇ ခုနှစ်ကတည်းရောက်ပြီး လက်ရှိအခက်အခဲဖြစ်နေသူ မြန်မာနိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

    လိုရာခရီးရောက်ဖို့ ညဘက်မှာ တောထဲအိပ်ရပြီး နေ့ဘက်မှာ လမ်းလျှောက်သွားနေရတဲ့အခြေအနေတွေရှိနေတယ်လို့ ဘီဘီစီနဲ့အဆက်အသွယ်ရတဲ့ မြန်မာနိုင်ငံသားတွေထံကသိရပါတယ်။

    အဲဒီကနေ မြန်မာပြည်ပြန်ဖို့ကလည်း ယွမ်သောင်းဂဏန်း မြန်မာငွေသိန်း ၃၀ လောက် ကုန်ကျမှာဖြစ်တဲ့အတွက် ငွေကြေး မတတ်နိုင်ဘူးလို့ ဆိုလာကြပါတယ်။

    တရုတ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာသံရုံးကို ဒုက္ခရောက်နေသူတွေက အကူညီတောင်းခံနိုင်ဖို့ ဖုန်းဆက်ပေမယ့် ဖုန်းကိုင်ဖြေကြားပေးသူမရှိခဲ့ဘူးလို့လည်း ဆိုကြပါတယ်။

    ဘီဘီစီက ဆက်သွယ်ခဲ့တဲ့ ဘေကျင်း မြန်မာသံရုံးဘက်ကတော့ ဆက်သွယ်လာတဲ့ မြန်မာပြည်သားတွေ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ပေးနေပြီး တရုတ်အာဏာပိုင်တွေနဲ့ ချိတ်ဆက်ကာလုပ်ဆောင်ပေးနေတယ်လို့ ဘေကျင်းမြန်မာသံရုံးကောင်စစ်အရာရှိတစ်ဦးက ဘီဘီစီကိုပြန်လည်ဖြေကြားပါတယ်။

    ၂၀၂၂ခုနှစ်၊ ပထမငါးလတာကာလအတွင်းကို မြန်မာနိုင်ငံသား ၁၂၆၆ ဦးကို ပြည်တွင်း ပြန်ပို့ထားပြီလို့ဆိုပါတယ်။

    တုန်ကွမ်မြို့ က မြန်မာနိုင်ငံသားအရေးတွေကိုတော့ ကူမင်း ကောင်စစ်ရုံးက ကိုင်တွယ်ဆောင်ရွက်တာဖြစ်ပေမယ့် ရရှိတဲ့သံရုံးအဆက်အသွယ်တွေကို ဆက်သွယ်အကြောင်းကြားနိုင်သလို၊ အဆက်အသွယ်ရရှိတာနဲ့ မြန်မာသံရုံးဘက်က လုပ်ဆောင်နိုင်တဲ့ အရာတွေကို ချက်ချင်းလုပ်ဆောင်ပေးနေတယ်လို့ ဘေကျင်းက သံအရာရှိက ပြောပါတယ်။

  16. မြန်မာပြည်က လူ ၂ သန်းကျော်ကို ရိက္ခာထောက်ပံ့ပြီးပြီလို့ ကုလပြော

    ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ပလက်ဝ၊ မကွေးတိုင်းထဲက ကျောက်ထုနဲ့ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူတို့က မိသားစုဝင်တွေကို အခုနှစ်အစောပိုင်းမှာ အကူအညီတွေပေးခဲ့တယ်လို့ WFP က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, WFP

    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်ထဲက မင်းတပ်နဲ့ပလက်ဝ၊ မကွေးတိုင်းထဲက ကျောက်ထုနဲ့ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူတို့က မိသားစုဝင်တွေကို အခုနှစ်အစောပိုင်းမှာ အကူအညီတွေပေးခဲ့တယ်လို့ WFP က ပြောပါတယ်။

    ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဥ်(WFP)ဟာ မြန်မာပြည်က လူပေါင်း ၂.၁ သန်းကျော်ကို အစားအစာနဲ့ အာဟာရဆိုင်ရာအကူအညီပေးထားနိုင်တယ်ဆိုပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက မေလ ၁၆ ရက်မှာ ပြောပါတယ်။

    ဒါဟာ အခုနှစ် ပထမလေးလတာ ကာလအတွင်းပေးခဲ့တဲ့ပမာဏဖြစ်တယ်လို့ ပြောခွင့်ရသူက Stéphane Dujarricက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။

    WFP ဟာ အခုနှစ်အတွင်း မြန်မာပြည်သူ ၄ သန်းအထိ အကူအညီရောက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ပြောပါတယ်။

    ပဋိပက္ခဖြစ်နေတဲ့နေရာတွေက ရွှေ့ပြောင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိရောက်ရှိရေးတောင်းဆိုတယ်လို့လည်း သူကဆိုပါတယ်။

    WFP ဟာ အခုသီတင်းပတ်အတွင်းမှာ ကယားပြည်နယ်အတွင်းကို အစားအစာနဲ့တခြားထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေတာကို အခုတစ်ပတ်အတွင်း စတင်ဖို့ရှိပြီး အဲဒီကို ဝင်ရောက်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ကတည်းက ကြိုးပမ်းခဲ့ရတာလို့ ဆိုပါတယ်။

    လက်ရှိမှာ WFP ဟာ ကယားပြည်နယ်ထဲက တိုက်ပွဲကို ရှောင်ကြတဲ့ဒေသခံတွေဟာ ပြည်နယ်ချင်းဆက် နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို ရောက်နေကြပြီး အဲဒီကို အစားအစာပေးပို့နေပြီလို့လည်း သိရပါတယ်။

    ကုလသမဂ္ဂဟာ မြန်မာပြည်တွင်းက လူပေါင်း ၆ သန်းကျော်ကို အကူအညီပေးနိုင်ဖို့ ဒေါ်လာသန်း ၈၀၀ ကျော် ရန်ပုံငွေလျာထားပေမဲ့ အဲဒီထဲက ဒေါ်လာ သန်း ၃၀ ကျော်ပဲ အလှူငွေရရှိထားတာကြောင့် ထည့်ဝင်လှူဒါန်းကြဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

  17. ကရင်မှာ CDM ဆရာဝန် ၅၀ ကျော် အလုပ်ထုတ်ခံရ

    စစ်ကောင်စီဘက်က အလုပ်ထုတ်တာခံရတဲ့ ကရင်ပြည်နယ်အတွင်းက CDM ဆရာ၀န်အချို့ ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့မြင်ကွင်းဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဘက်က အလုပ်ထုတ်တာခံရတဲ့ ကရင်ပြည်နယ်အတွင်းက CDM ဆရာ၀န်အချို့ ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့မြင်ကွင်းဖြစ်ပါတယ်။

    ကရင်ပြည်နယ်၊ မြို့နယ် ၇ ခုက ခရိုင်၊မြို့နယ်၊တိုက်နယ် အဆင့် ဆေးရုံ အသီးသီးက လက်ထောက် ဆရာ၀န် ၅၂ ဦး ကို စစ်အာဏာသိမ်း ဆန့်ကျင်ပြီး CDM ပြုလုပ်တဲ့အတွက်ဆိုပြီး ၂၀၂၂ ခုနှစ် မေလ ၁၃ ရက် နေ့ က စစ်ကောင်စီ ကျန်းမာရေး၀န်ကြီး ဒေါက်တာသက်ခိုင်၀င်း လက်မှတ်နဲ့ အလုပ်က ထုတ်ပယ်ကြောင်းစာထုတ်ခဲ့တာလို့ကာယကံရှင်ဆရာဝန်တွေကပြောပါတယ်။

    ကရင်ပြည်နယ် အတွင်း စစ်အာဏာသိမ်းဆန့်ကျင် ပြီးCDM ပြုလုပ်ကြတဲ့ကျန်းမာရေး ၀န်ထမ်း ၊သူနာပြု၊ ဆေးဝါးကျွမ်းကျင်၊ဓါတ်ခွဲဌာန၊ ကျန်းမာရေး လုပ်သား၊ ကျေးလက်ကျန်းမာရေး၀န်ထမ်း ၊သားဖွားသူနာပြု ၊ လက်ထောက်ဆရာ၀န်အပါအ၀င် ကျန်းမာရေးဝန်ထမ်း ၁၅၀ခန့် ရှိတယ်လို့သိရပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ကျုံဒိုး၊ နဘူး၊ တောင်ကြာအင်း ၊ ကော့ဘိန်း၊ ထီလုံ၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ရှမ်းရွာသစ်၊ ကမမောင်း၊ ပိုင်ကျုံ၊ ဖာပွန်ဒေသတိုက်နယ်ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအများစုဟာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရပ်နားထားရတာ ၁ နှစ်ကျော် ကြာမြင့် လာနေပြီ လို့ ဒေသခံတွေနဲ့ CDM ကျန်းမာရေး ၀န်ထမ်းတွေကပြောပါတယ်။

    လက်ရှိမှာ CDM ပြုလုပ်ထားကြတဲ့ ကျန်းမာရေး ၀န်းထမ်း အများစုဟာလွတ်မြောက်နယ်တွေမှာခိုလှုံ နေကြပြီး ဒေသလူထုကျန်းမာရေးနဲ့ ကရင့်တော်လှန်ရေး ဆေး၀န်ထမ်းတွေအဖြစ် နေရာဒေအသီးသီးမှာတာဝန်ထမ်းဆောင်နေကြတယ်လို့သိရပါတယ်။

  18. ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ NUG မဟာမိတ်ဆက်ဆံရေးကော်မတီတို့ ပထမဆုံးတွေ့ဆုံ

    ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)နဲ့ NUG မဟာမိတ်ဆက်ဆံရေးကော်မတီတို့တွေ့ဆုံဆွေးနွေး

    ဓာတ်ပုံ ရင်းမြစ်, NUG

    ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့မဟာမိတ်ဆက်ဆံရေးကော်မတီတို့ ဒီနေ့ မေလ ၁၆ ရက်မှာ ပထမဆုံး‌တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကို ဆွေးနွေးထားတယ်လို့ NUG ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင် ဦးဆောင်တဲ့ NUG မဟာမိတ် ဆက်ဆံရေးကော်မတီနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်တဲ့အဖွဲ့တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

    လက်ရှိနိုင်ငံရေးနဲ့တိုင်းပြည်အခြေအနေတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုသလို NUG ဘက်က လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေနဲ့ အခင်းအကျင်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

    နှစ်ဖက်အခုလို တွေ့ဆုံနိုင်ရေး ညှိနှိုင်းနေကြတာ လနဲ့ချီကြာမြင့်ခဲ့အပြီးမှာ အွန်လိုင်းကနေ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေမှာ စစ်ရေးနဲ့နိုင်ငံရေးပဋိပက္ခတွေကြောင့် ရခိုင်လူထုထိခိုက်ခံစားခဲ့ရတာတွေကို ကုစားနိုင်ဖို့နဲ့ ရပိုင်ခွင့်တွေအတွက် သက်ဆိုင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ NUG ဘက်က ရခိုင်အမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ မနေ့ကပဲ ပြောဆိုထားတာတွေ့ရပါတယ်။

    ရက္ခိုင့်တပ်တော်(AA) ဘက်ကလည်း စစ်တပ်နဲ့ စစ်ရေးတင်းမာမှုမြင့်တက်လာနိုင်တယ်လို့ ရခိုင်လူထုကို ဒီနေ့မှာပဲ အသိပေးထားပါတယ်။

  19. သျှစ်သောင်းဘုရားပွဲတော် ပြန်လည်ကျင်းပပြီ

    ကုန်းပေါ်က သျှစ်သောင်းဘုရားပွဲတော်မှာ  စည်ကားသလို မြို့တွင်းချောင်းတွေမှာလည်း ရိုးရာပြိုင်လောင်းပြိုင်ပွဲကိုလာကြည့်ကြတဲ့လှေတွေနဲ့ပြည့်နှက်နေနေတယ်။

    ဓာတ်ပုံ ရင်းမြစ်, Khine Min Tun

    ဓာတ်ပုံ ပုံစာ, ကုန်းပေါ်က သျှစ်သောင်းဘုရားပွဲတော်မှာ စည်ကားသလို မြို့တွင်းချောင်းတွေမှာလည်း ရိုးရာပြိုင်လောင်းပြိုင်ပွဲကိုလာကြည့်ကြတဲ့လှေတွေနဲ့ပြည့်နေပါတယ်။

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က သျှစ်သောင်း၊ ဒုက္ကန်သိမ်၊ အံတော်သိမ် စတဲ့ရှေးဟောင်းဘုရားတွေရဲ့ ၉၄ ကြိမ်မြောက် ဘုရားပွဲတော်ကို မေလ ၁၄ ရက် ကဆုန်လပြည့်နေကစလို့ ဒီ‌နေ့ ‌‌မေလ ၁၆ ရက်အထိ ပြန်လည်ကျင်းပနေပါတယ်။

    ကပ်ရောဂါအပြင် ဒေသတွင်းတိုက်ပွဲတွေနဲ့မတည်မငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့သုံးနှစ်ခန့်ကစလို့ ပွဲတော် ကျင်းပတာကို ရပ်နားထားရာကနေ အခုနှစ်မှပြန်လည်ကျင်းပနေတာပါ။

    အရင်နှစ်တွေက အဲဒီဘုရားပွဲတော်မှာ ရိုးရာယဉ်ကျေးမှုသဘင်တွေ၊ ရိုးရာအားကစားတွေနဲ့ ရခိုင်တို့ရဲ့ထုံးတမ်းစဉ်လာတွေကို ထင်ဟပ်စေတဲ့ ယဉ်ကျေးမှုအပြင်အဆင်တွေကိုထည့်သွင်းကျင်းပလေ့ရှိပေမယ့် အခုနှစ်မှာတော့ အချို့အစီအစဥ်တွေ မပါဝင်ဘူးလို့ သိရပါတယ်။

    အခုနှစ်မှာတော့ ပြိုင်လောင်းပြိုင်ပွဲကိုလာရောက်အားပေးကြတဲ့ သူတွေ ပျော်ပါးနိုင်ဖို့ ရေပေါ်ရှိုးပွဲတစ်ခုကိုလည်း ရခိုင်တေးသံရှင်တွေနဲ့ ဖျော်ဖြေမှုတွေပြုလုပ်ထားတာကြောင့် အရင်ထက်စည်ကားနေတာတွေကိုလည်း တွေ့မြင်ရပါတယ်။

    ရခိုင်ပြည်နယ်အတွင်း အခုနှစ်မှာတော့ ဒေသတည်ငြိမ်လာနေပြီဖြစ်တဲ့အတွက် နာမည်ကြီးဘုရားပွဲတချို့ကို ကျင်းပလာတာတွေ့ရပြီး တချို့ဘုရားတွေမှာတော့ စစ်ကောင်စီက တပ်စွဲပြီးရှိနေသေးတဲ့အတွက် ပွဲတော်တွေ ကျင်းပခွင့်မရရှိသေးသလို ဘုရားဖူးမျှော်ခွင့်တွေလည်း မရရှိသေးဘဲဖြစ်နေတယ်လို့ သိရပါတယ်။

  20. စစ်တပ်ရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြံ့ခိုင်ရေးပါတီ ထောက်ခံပွဲပြုလုပ်, လူစုနေချိန် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်

    နေပြည်တော်မှာ ဒီနေ့ပြုလုပ်သွားတဲ့စုဝေးပွဲကို စစ်ကောင်စီဘက်က လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ဒီနေ့ပြုလုပ်သွားတဲ့စုဝေးပွဲကို စစ်ကောင်စီဘက်က လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံကြောင်းပြသဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီက ဦးဆောင်တဲ့စုဝေးထောက်ခံပွဲကို နေပြည်တော်မှာ ဒီနေ့ မေလ ၁၆ ရက် မနက်ပိုင်းတုန်းက ပြုလုပ်သွားပါတယ်။

    အဲဒီစုဝေးထောက်ခံပွဲကို ဥပါသန္တိစေတီတော်ရှေ့က တပေါင်းကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ထောင်ချီပါဝင် တက်ရောက်ခဲ့တယ်လို့လည်း ပွဲကိုစီစဥ်သူတွေက ပြောပါတယ်။

    အဲဒီမတိုင်ခင် ထောက်ခံပွဲကို သွားမယ့်သူတွေ စုဝေးနေကြတဲ့ ဒက္ခိဏသီရိမြို့နယ်ထဲက ရန်အောင်မြေ စေတီအနီးမှာ မနက်အစောပိုင်းတုန်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာသူအချို့ရှိခဲ့ တယ်လို့ မျက်မြင်အချို့ကပြောပါတယ်။

    အဲဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။