တရားမဝင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ
စင်္ကာပူနိုင်ငံအရွယ်အစားလောက်ရှိတဲ့ နယ်မြေတစ်ခုမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness က ဒီကနေ့ဩဂုတ် ၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီး ကူမင်းမှာ ကွယ်လွန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်နိုင်ငံကူမင်းမြို့မှာ မနေ့ကမွန်းလွဲပိုင်းက ကွယ်လွန်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်နေချိန်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာလို့ နီးစပ်သူတွေထံက သိရပါတယ်။
သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်က ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ဖွင့်လှစ်ခဲ့သေးတာဖြစ်ပါတယ်။
ဦးမျိုးသန့်ဖေဟာ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရာထူးကနေ တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး
ဓာတ်ပုံ ပုံစာ, သံအမတ်ကြီး ဦးမျိုးသန့်ဖေ တစ်ပတ်အတွင်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဝင် အယောက် ၂၀ ကျော် ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမြင်ကွင်း (ပုံဟောင်း) အခု သြဂုတ်လပထမအပတ်အတွင်းမှာတင် မန္တလေးမြို့မှာ မြို့ပြပြောက်ကျားလှုပ်ရှားသူ အနည်းဆုံးအယောက် ၂၀ ဖမ်းဆီးခံထားရတယ်လို့ နီးစပ်သူတွေကပြောကြပါတယ်။
မနေ့သြဂုတ် ၇ရက်ကလည်း မန္တလေးမြို့မှာ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားတဲ့ Mandalay Black King Scorpion မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီး ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းခံခဲ့ရတယ်လို့ ပြောက်ကျားအဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။
"ဘယ်နေရာမှာအဖမ်းခံရလဲမသိဘူးဗျ၊ စာကလဲမနေ့ညက သူတို့အဖွဲ့ဘက်ကတင်မှသိရတာ။ အဖမ်းအဆီးကတော့ အမြဲရှိနေတာပဲ၊ ဒီမနက်ဆိုရင်လည်း နေရာတိုင်းမှာ အရပ်ဝတ်တွေနဲ့ မန္တလေးမြို့အနှံ့လမ်းထောင့်တိုင်းမှာရှိနေတာ သတိထားမိတယ်" လို့ မန္တလေးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီလိုဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်းသေဆုံးခဲ့သူတွေလည်း ၉ဦးထက်မနည်းရှိတယ်လို့ မြို့ပြပြောက်ကျားအသိုင်းအဝိုင်းကသိရပါတယ်။
အဲ့ဒီထဲ သြဂုတ် ၁ရက်ကဖမ်းဆီးခံရတဲ့ Mandalay Return Ranger Force (MRRF) က ဦးဆောင်သူ ဗိုလ်အောင်မြေအပါအဝင် ၃ဦးဟာဖမ်းဆီးခံရပြီး နောက်တစ်နေ့မှာတင် အမြန်လမ်းတစ်နေရာမှာ အလောင်းတွေစွန့်ပစ်ခံခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ စစ်ခေါင်းဆောင်ပြော
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံတွေ၊ အာဆီယံ ပြင်ပမိတ်ဖက်နိုင်ငံတွေနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ (၅၅)နှစ်မြောက် အာဆီယံ နှစ်ပတ်လည်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ကောင်စီဥက္ကဋ္ဌက ထည့်ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ သေဒဏ်ကိုပြန်လည်စီရင်ကျင့်သုံးမှုကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ရဲ့ ဖိအားပေးခံနေရချိန်မှာ အခုလိုပြောလာတာ ဖြစ်ပါတယ်။
အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်းအစီအစဉ်- ၄ (၂၀၂၁-၂၀၂၅)၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှုမဟာ စီမံကိန်း ၂၀၂၅ အပါအဝင် အာဆီယံ အသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်တွေနဲ့ အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ ရဲ့ အဓိကလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိဖို့ မြန်မာနိုင်ငံက အလေးထား ဆောင်ရွက်နေတယ်လို့ အဲဒီသဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတဲ့ရှင်းပြချက်မျိုးကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဝဏ်လွှာထဲ မတွေ့ရပါဘူး။
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက လာမယ့် စက်တင်ဘာလအစောပိုင်းမှာ မြန်မာကိုသွားဖို့ ရှိတယ်လို့ ထုတ်ပြောထားပြီး အဲ့ဒီခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ရှိတယ်လို့ ကမ္ဘောဒီးယားသတင်းတွေက ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတဲ့ရှင်းပြချက်မျိုး မတွေ့ရ။ လူ့အခွင့်အရေးကော်မရှင်တစ်ရပ်မြန်မာမှာပေါ်ပေါက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
ဓာတ်ပုံ ပုံစာ, ဩဂုတ် ၄ ရက်က စစ်ကောင်စီရဲ့ လေကြောင်း၊ စစ်ကြောင်းထိုး မီးရှို့ခံရတဲ့ ဒီပဲယင်းမြို့ကိုင်းကံရွာမြင်ကွင်း။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာနေ့စဉ်ရက်ဆက်ရင်ဆိုင်နေရတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် ပြည်သူတွေကနေ အသိပေး၊ တိုင်တန်း လို့ရနိုင်မယ့် လွတ်လပ်မျှတတဲ့ ယန္တရားတွေလိုအပ်နေတယ်လို့ အရပ်ဘက် အဖွဲ့ ၃၀ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒါကြောင့် မြန်မာမှာ လူ့အခွင့်အရေးကော်မရှင်အသစ် ပေါ်ပေါက်သင့်ပြီလို့ အရပ်ဘက် အဖွဲ့အစည်းတွေကို ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အနေနဲ့ သြဂုတ် ၇ရက်က ထုတ်ပြန် ခဲ့ပါတယ်။
NUG အစိုးရအနေနဲ့လည်း လက်ရှိစစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ကန့်ကွက်ရှုတ်ချပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ကော်မရှင်အသစ်တစ်ရပ်ပေါ်လာဖို့ ပါဝင်အားဖြည့်ပေးဖို့လည်း ဖော်ပြထားပါတယ်။
MNHRC ဟာ စစ်ကောင်စီနဲ့လုပ်ရပ်တွေကို ကန့်ကွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုထားသလို စစ်အုပ်စုနဲ့ ဆက်လက်ရပ်တည်နေတာကြောင့် နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်အသစ်တစ်ရပ် အစားထိုးဖို့ အရေးတကြီး လိုအပ် နေပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သြဂုတ် ၈ရက်မှာကျရောက်တဲ့ (၃၄)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့မှာ ဖယ်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေးဆပ်တော်လှန်ခဲ့ကြသူတွေကို ဂုဏ်ပြုတဲ့အနေ နဲ့လည်း အခုလို တောင်းဆိုရတာလို့ ဆိုပါတယ်။
မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့တွေမှာ မူးယစ်ဆေးသုံးစွဲသူတွေပိုတိုးလာ
မြစ်ကြီးနားမြို့ ကြးရာပ္ပတီးနဲ့ နန်ကျင် ဘက်မှာ ဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းတွေမှာ မူးယစ်ဆေးဖြတ်သူတွေများလို့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေအတွက် အခက်အခဲ ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။မူးယစ်ဆေးသုံးစွဲသူတွေ များလာတာကြောင့်လည်း ဆေးဖြတ်စခန်းတိုင်းမှာလည်း သတ်မှတ်လူဦးရေထက်ကျော်လွန်တာမျိုးဖြစ်လာတယ်လို့ဆိုပါတယ်။လက်ရှိမှာ မူးယစ်ဆေးဖြတ်စခန်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ မူးယစ်ဆေးရောင်းချသူများလာတဲ့ အကြောင်း မူးယစ်ဆေးဖြတ်တဲ့ကရုဏာ သင်တန်းကျောင်းတာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကာသူနဲ့ သုံးစွဲသူတွေဟာ လွှတ်လပ်စွာ သုံးစွဲခွင့်ရနေသလိုဖြစ်ပြီးတော့နောက်ဆက်တွဲ အနေနဲ့ လည်း ဘယ်နေရာမှ လုံခြုံမှုမရှိတော့တာတွေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။အာဏာသိမ်းပြီးနောက် မူးယစ်ဆေးသုံးစွဲသူတွေဟာ လျော့ မသွားဘဲ ပို များလာတာကြောင့် မူးယစ်ဆေးဖြတ် သင်တန်းကျောင်းတွေ ပိုတိုးဖွင့်လာကြရတဲ့ အခြေအနေပါ။ ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးသုံးစွဲကြတဲ့ အရေအတွက်က အရင်ကာလကထက် ၃၀ ရာခိုင်နှုန်း နဲ့ ၅၀ရာခိုင်နှုန်းကြား ပိုတိုးလာတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။မှာတော့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ မှာမူးယစ်ဆေးဖြတ်စခန်း ကျောင်း ၁၅ ကျောင်းလောက်ရှိပြီး တပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင်ခန့်မှန်း မူးယစ်ဆေးဖြတ်စခန်း ၄၀လောက်ရှိနိူင်တယ်လို့ မူးယစ်ဆေးဝါးဆေးဖြတ်စခန်းဖွင့်ထားသူတွေကပြောပါတယ်။
စစ်ကောင်စီက မော်လမြိုင်မှာ နိုင်ငံတကာလေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းလုပ်ဖို့ပြင်နေ
မွန်ပြည်နယ် မော်လမြိုင်အနီးမှာ နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့ ဆိပ်ကမ်းလုပ်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
မြေပြင်ကွင်းဆင်းပြီး ဖြစ်နိုင်ခြေလေ့လာမှုတွေစတင်နေပြီးတော့ ဒေသခံတွေကို လျော်ကြေးပေးဖို့လုပ်နေတယ်လို့ မွန်ပြည်နယ်ကောင်စီကပြောပါတယ်။
မြေယာသိမ်း ဆည်းခံရမယ့်သူတွေအတွက် မွန်လူထုထောက်ခံမှုရထားတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒေသခံတွေ မနစ်နာရေး စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုကြပါတယ်။
စီမံကိန်းနေရာဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီး မုဒုံ မြို့နယ်အတွင်း ကော့ပရံကျေးရွားအနီးမှာဖြစ်ပြီး နိုင်ငံတကာ အဆင့်မီလေယာဥ်ကွင်းလူပ်မှာဖြစ်ပါတယ်၊ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာနားမှာတော့ နိုင်ငံတကာ အဆင်မီ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ဖို့အတွက် စစ်ကောင်စီဘက်က စီစဥ်နေတာလည်း ဖြစ်ပါတယ်။
ပင်မလေယာဥ်ကွင် းတည်ဆောက်ဖို့မြေနေရာ မြေဧက ၃၄၅၀ ခန့်နဲ့ ဆိပ်ကမ်းအတွက် ဧက ၃၇၀ လောက်ကို အသုံးချသွားမှာလို့ မွန်ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦအောင်ကြည်သိမ်းက ပြောပါတယ်။
အခုစီမံကိန်းတွေကို စစ်ကောင်စီပြည်ထောင်စုအဆင့်က ကိုယ်တွယ်လုပ်ဆောင်တာဖြစ်ပြီး မြေနေရာ ရရေးကို ပြည်နယ်ဘက်က လုပ်ဆောင်နေတာလို့သိရပါတယ်။
မြေတိုင်းတာတွေလုပ်ဆောင်နေတဲ့ ဆိပ်ကမ်းစီမံကိန်းကတော့ ၂၀၁၃ခုနှစ်ကတည်းက လျာထားတဲ့စီမံကိန်းဖြစ်ပါတယ်။
လေယာဥ်ကွင်းစီမံကိန်းကိုတော့ စစ်ကောင်စီလက်ထက်မှ ထပ်တိုးလာတဲ့ စီမံကိန်းဖြစ်တယ်လို့ စီမံကိန်းအခြေအနေတွေကို သိရှိထားရသူတွေထံကသိခဲ့ရပါတယ်။
မြေယာတွေကို တိုင်းတာတာမျိုးတွေ လာလုပ်ပေမယ့် မြေသိမ်းဆည်းတာတွေ၊ လျော်ကြေးပေးတာတွေကို တော့ လာလုပ်တာမရှိသေးဘူးလို့ စီမံကိန်းအနီးဝန်းကျင်ကဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီက အကောင်အထည်ဖော်မယ့် မွန်ပြည်နယ်က အခုစီမံကိန်းက လူတစ်စု ကောင်းစားရေး အာဏာရှင်စီမံကိန်းသာဖြစ်ပြီး တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စား ပြုကော်မတီကလည်း ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Men 3
ဓာတ်ပုံ ပုံစာ, မော်လမြိုင်လေဆိပ်အနီးကော့ပရံ ကျေးရွာ SSPP နဲ့ TNLA တပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၂၄ ဦးကို RCSS ပြန်လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, Tai Freedom
ဓာတ်ပုံ ပုံစာ, ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ SSPP တပ်ဖွဲ့ဝင် အများဆုံးလို့ ဆိုပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA )နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(TNLA)တပ်ဖွဲ့ဝင်တွေအပါအဝင် ဖမ်းမိထားတဲ့သူ ၂၄ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)က သတင်းထုတ်ပြန်လာပါတယ်။
RCSS အပြောအရ အဲဒီစစ်သုံးပန်းတွေကို ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာဖမ်းမိခဲ့တာဖြစ်ပြီး မနေ့ သြဂုတ်လ ၆ ရက်မှာ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းကနေ လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
လွှတ်ပေးလိုက်သူတွေထဲမှာ SSPP တပ်သား၊ သတင်းပေးနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးနဲ့ TNLA တပ်ဖွဲ့ဝင် ၁ ဦးတို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီအမျိုးသားတွေကို တိုက်ပွဲကာလကြောင့် ထိန်းသိမ်းထားတာဖြစ်ပြီး နေရပ်ကို လွတ်လွတ်လပ်လပ်ပြန်ခိုင်းတာလို့လည်း သိရပါတယ်။
ပြန်လွတ်လာသူတွေဟာ သီပေါ၊ မိုင်းရယ်၊ ကျေးသီး၊ လားရှိုး၊ နမ့်လန်နဲ့ တန့်ယမ်းမြို့နယ်တွေက ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ RCSSနဲ့ SSPP၊TNLA တပ်ပေါင်းစုတို့ကြား လနဲ့ချီတိုက်ပွဲခဲ့ကြပြီး နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။
အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးမယ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ဇူလိုင် ၃၁ရက်က ပြင်ဦးလွင်မြို့မှာ မိုးများပြီး ရေကြီးရေလျှံဖြစ်ခဲ့တဲ့ အခြေအနေ။ မြန်မာနိုင်ငံရဲ့ မိုးလေဝသကို သက်ရောက်မှုရှိတဲ့ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းတာနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒီကနေ့ သြဂုတ် ၇ရက် ညနေကနေ ဩဂုတ် ၁၀ ရက်နေ့ အတွင်း နေရာအနှံ့ မိုးရွာတာ၊ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ၇ခု ကို အဓိက အသိပေးထားပြီး အဲဒီတိုင်းနဲ့ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့အထက် ရွာနိုင်တယ်လို့လည်း ဆိုပါတယ်။
“ နေ့လယ်ကတည်းက မိုးအုံ့ပြီး ရွာလိုက် ရပ်လိုက်ဖြစ်နေတာ၊ လေကတော့ တိုက်ပေမဲ့ အရမ်းမပြင်းသေးဘူး၊ ညဘက်တေ့ မပြောတတ်ဘူးပေ့ါ။ မိုးများရင်တော့ အိမ်တွေထဲရေဝင်မှာနဲ့ လမ်းတွေမှာ ရေတွေလျှံနေမှာကို စိတ်ပူတယ်“ လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တဲ့အကြောင်း၊ အဲ့ဒီမုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်အနားကနေ ဖြတ်ကျော်သွားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် ရှမ်းပြည်နယ် လွိုင်လင်မြို့မှာလည်း မိုးရေချိန်လက်မ ၃ ဒသမ ၆၂ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ၅၆ နှစ်တာ ကာလအတွင်း မိုးရေချိန်စံချိန်သစ်တင်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
လေကြောင်းထိုးစစ်ဆင်ခံရတဲ့ ဒီပဲယင်း၊ ကိုင်းကံရွာမှာ ရုပ်အလောင်း၈ လောင်းတွေ့
စစ်ကြောင်းထိုးခံရပြီး နေအိမ်တွေ မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၈ လောင်းကို တွေ့ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မနက်ပိုင်းမှာ ရဟတ်ယာဉ် နှစ်စင်း၊ တိုက်လေယာဉ်နှစ်စင်းနဲ့ အင်အားချတာ၊ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြရတာပါ။
မနေ့က ဩဂုတ် ၆ ရက် မနက်ပိုင်း စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားချိန်မှာ ကျေးရွာထဲကို ဝင်ကြည့်တဲ့အခါ အသတ်ခံထားရသူတွေရဲ့ အလောင်းတွေကို တွေ့ရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
မူးမြစ်ကနေမျောပါလာတဲ့ အင်ပင်ယဒင်ရွာက အရပ်သား တစ်ယောက်၊ လျှော်ဖြူရွာက တစ်ယောက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက် နဲ့ နေအိမ်ထဲမှာ မီးရှို့ခံထားရတဲ့ အမည်မသိ လေးယောက်လို့ ပြောပါတယ်။
“ အခုက စိုက်ပျိုးရေးရာသီဆိုတော့ အလုပ်ရှိတဲ့ရွာကို တခြားရွာကလူတွေပါ အလုပ်လာလုပ်ကြတာ၊ အသတ်ခံရသူတွေက နှိပ်စက်ခံထားရပြီးမှ အသတ်ခံထားရတာ၊ မူးမြစ်ကနေ မျောလာတဲ့တစ်ယောက်ဆို အင်ပင်ယဒင်က သူဆို နားတွေထဲမှာ ထိုးသွင်းဒဏ်ရာတွေပါတွေ့တယ်။ မီးရှို့ခံရသူတွေဆိုရင်လည်း ဘယ်သူတွေမှန်း မသိရတော့ဘူး“ လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ အရပ်သား အယောက် ၃၀ ဝန်းကျင် ရဲ့ အခြေအနေလည်း မသိကြရသေးပါဘူး။
စစ်ကြောင်းထိုးခံရပြီး မီးရှို့ခံရတာကြောင့် နေအိမ် ၃၀၈ လုံးရှိတဲ့ ကိုင်းကံရွာမှာ နေအိမ် ၁၄၅ လုံး မီးလောင်ခဲ့ပြီး၊ ကား ၈ စီး၊ ဆိုင်ကယ် အစီး ၁၀၀ ကျော်၊ ပျောက်ဆုံး-ပျက်စီးသွားတဲ့ ရွှေငွေ သိန်း တစ်ထောင်ကျော်အပြင် ဘုန်းကြီးကျောင်းက ဘုရားအလှူခံငွေတွေပါ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးဘေးသင့်ပြည်သူ ၇၀၀ နီးပါးရဲ့ စားဝတ်နေရေးကလည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။
“ မိုးရာသီဆိုတော့ ရေထဲကနေ ပြေးရတာ၊ ကျနော်တို့ဆို ဖိနပ်တောင် မပါခဲ့ဘူး။ အဝတ်အစားဆိုတာလည်း မသယ်နိုင်ခဲ့ဘူး။ အခု အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဖိနပ်တောင် မရှိကြဘူး။ သွားလမ်း ၊ လာလမ်းတွေလည်း မလွယ်တော့ တော်တော်ခက်ခဲနေပါတယ်“လို့ ဒေသခံက ပြောပါတယ်။
ကိုင်းကံရွာကို မီးရှို့ပြီးထွက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ အရာတော်မြောက်ပိုင်း အုပ်ကြီးရှင်းကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့နေတယ်လို့ အရာတော်ဒေသခံတွေက ပြောကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ဒီပဲယင်း၊ ကနီ၊ ရေဦး၊ မြင်းမူ ၊ အရာတော်အပါဝင် မြို့နယ်တော်တော်များများကို လေကြောင်းကနေပါ ထိုးစစ်ဆင်နေတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းညီနောင်များ
ဓာတ်ပုံ ပုံစာ, ဩဂုတ် ၄ ရက်က လေကြောင်း၊ စစ်ကြောင်းထိုး မီးရှို့ခံရတဲ့ ဒီပဲယင်းမြို့ကိုင်းကံရွာ ကလေးမြို့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေ ၊ အရပ်သားအပါအဝင် နှစ်ဖက်တပ်တွေသေဆုံးတာရှိ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျေးရွာအချို့မှာ ဩဂုတ် ၂ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ငါးရက်တာအတွင်းမှာ အရပ်သား ၈ ယောက် အသတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးခဲ့တယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကလေးမြို့နယ် ၊ သာယာဝတီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဩဂုတ် ၂ ရက်မှာ သာယာကုန်းရွာကို စစ်ကြောင်းထိုးတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီမှာ အမျိုးသားတစ်ယောက်နဲ့ နောက်ထပ်မသန်စွမ်းအမျိုးသားတစ်ယောက် အသတ်ခံလိုက်ရသလို ဩဂုတ် ၃ ရက်မှာတော့ အရပ်သား ၆ ယောက် ထပ်အသတ်ခံရတယ်လို့ဆိုပါတယ်။
၅ ရက်အတွင်း တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးသလို မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် သေဆုံးတယ်လို့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
ဘီဘီစီအနေနဲ့ စစ်ကောင်စီဘက်ကသေဆုံးမှု အရေအတွက်ကို သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ ဩဂုတ် ၄ ရက်တုန်းကလည်း ကလေးမြို့နယ် ရာဇဂြိုဟ်ရွာကို စစ်ကောင်စီတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာအပြင် နေအိမ်တွေက ပစ္စည်းတွေကိုလည်း ၁၂ ဘီးကားနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ကောင်စီတပ်က ညနေပိုင်းက ရွာထဲကို သေနတ်တွေ လက်နက်ကြီးတွေ ပစ်ဖောက်ပြီးဝင်လာကြတယ်။ အဲ့မတိုင်မီ ရွာကိုစစ်ကြောင်းထိုးလာတယ်လို့ သတင်းရတဲ့ရွာခံအချို့က ကြိုတင်ရှောင်တိမ်းကြပေမယ့် တချို့ကတော့ သူတို့ဝင်လာတဲ့အချိန်မှ ထွက်ပြေးကြရတာတွေရှိပါတယ်လက်နက်ကြီးတွေထိလို့ ပျက်စီးတဲ့အိမ်တွေရှိတယ်ဗျ “လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ကလေးမြို့တောင်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့တွင်း၊ မြို့ပြင်ကနေ ကလေးတောင်ပိုင်းကို မသွားလာကြဖို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Voice of Kalay
ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခံရတဲ့ ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာ မြင်းမူမြို့ လက်ပန်ကျင်းကျေးရွာ အရပ်သား ၈ ယောက်နဲ့ PDF တပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံး
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာကို ဩဂုတ် ၁ ရက်ကစပြီး စစ်ကောင်စီဘက်က ကုန်းကြောင်း ၊ လေကြောင်းတွေ နဲ့ ထိုးစစ်ဆင်တာကြောင့် လက်ပန်ကျင်းရွာက ၇ ယောက်၊ ကန်ရင်းရွာက ၁ ယောက် စုစုပေါင်း ၈ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးတယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်တချို့လည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ဩဂုတ် ၁ ရက်မှာ ရဟတ်ယာဉ် လေးစီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေရှိသလို အင်အားချထားတာတွေလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ဝင်ရောက်ပစ်ခတ်တာကနေ အခုလိုဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မြင်းမူမြို့ လက်ပန်ကျင်းကျေးရွာ ဖြစ်စဥ် နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အဲ့ဒီလို ပစ်ခတ်တာတွေကြောင့် မြင်းမူမြို့နယ်နဲ့ အရာတော်မြို့နယ်အစပ်က လက်ပန်ကျင်းရွာအပါဝင် အနီးနားက သဌေးကုန်း၊ ဝါကျ၊ ပဒတ္ထိုင်းရွာက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြင်းမူမြို့နယ် ၊ ပဒတ္ထိုင်းကျေးရွာဟာ လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း စစ်ကြောင်းထိုးခံရပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးနဲ့ အမျိုးသမီးတွေအပါဝင် အရပ်သား အယောက် ၂၀ လောက် အသတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြင်းမူမြို့ပြတော်လှေန်ရေး
ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ လက်ပန်ကျင်းရွာက ဆိုင်ကယ်များ တန့်ဆည်မှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ပြီး သေနတ်တွေသိမ်းခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ပြော

ဓာတ်ပုံ ရင်းမြစ်, TPC
ဓာတ်ပုံ ပုံစာ, သေနတ်တွေလည်း သိမ်းဆည်းမိတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ သြဂုတ်လ ၇ ရက်မှာ တိုက်ခိုက်ခဲ့ပြီး သေနတ်တွေ သိမ်းဆည်းခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။
တန့်ဆည်လမ်းဆုံမှာ ကားနဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ဂျီ-သရီး (G-3) သေနတ် ၆ လက်ကို သိမ်းဆည်းမိခဲ့တယ်လို့တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC) က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးတွဲပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်တာမရှိသေးပါဘူး။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တန့်ဆည်၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ နောက် သူတို့ စခန်းတွေကို တိုက်ခိုက်တာတွေလုပ်နေပြီး အနီးနားကကျေးရွာတွေကိုလည်း ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းပြည့်ရွာကို လေကြောင်းကနေပစ်ခတ်လို့ ဒေသခံ ၂၀၀ လောက် ပိတ်မိနေ, အရပ်သား ၂ ယောက် အသတ်ခံရ
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊သံပေါက်ကျေးရွာအုပ်စု၊ လောင်းပြည့်ရွာကို မနေ့ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်း က စစ်ကောင်စီက လေယာဉ် ၂ စင်းနဲ့ ပစ်ခတ်ပြီး ရဟတ်ယာဉ် ၃ စီး နဲ့ အင်အားချထားတာကြောင့် ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းအထိ ကျေးရွာသား ၂၀၀ လောက် ရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
'' ဘာတိုက်ပွဲမှ မဖြစ်ဘူးဗျ။ မနေ့က တရစပ် လေကြောင်းကနေ ပစ်တာ၊ လေကြောင်းကနေဆိုတော့ ပုန်းရှောင်ရင်း ထွက်မပြေးနိုင်တော့ ဒီနေ့မှာ ဘုန်းကြီးကျောင်းမှာဖမ်းထားတယ်။ နေအိမ်မှာရှိတဲ့ အရပ်သား ၂ ယောက်ကို ပစ်သွားတယ်။ ဒီနေ့မနက်မှာလည်း ပန်းဆက်ရွာက ပျူစောထီးတွေပါ ချင်းတွင်းမြစ်ကနေ ဖလက်ယာဉ်တွေနဲ့ ရောက်လာကြပြန်ပြီ'' လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး ကတော့ မုံရွာမြို့နယ် နမခကနေ ရဟတ်ယာဉ် ၂ စင်းဟာ ဩဂုတ် ၆ ရက် နေ့လယ် ၁၁ နာရီကျော်မှာ ပျံသန်းသွားတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ လောင်းပြည့်ရွာမှာ စစ်ကောင်စီတပ်အင်အား ၇၀ လောက်ရှိပြီး ပန်းဆက်ရွာက ပျူစောထီးအဖွဲ့ဝင် ၂၀၀ လောက် ဒီနေ့မနက်မှာ ထပ်ရောက်လာတာပါ။
တိုက်ပွဲဖြစ်တာမရှိဘဲ ထိုးစစ်ဆင်တာဟာ စစ်ကောင်စီက မင်းကင်းမြို့နယ် အောက်ပိုင်းဒေသတွေကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
လေကြောင်းနဲ့ စစ်ကြောင်းထိုးတာကြောင့်၊ သံပေါက်အုပ်စု၊ မိုးကောင်းအုပ်စု၊ ဇင်ကလဲ ကျေးရွာအုပ်စုတွေက ကျေးရွာပေါင်း ၁၀ ရွာ၊ လူဦးရေ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မင်းကင်းမြို့နယ်မှာ အခုစစ်ကြောင်းထိုးနေတဲ့ နေရာမှာ ဖုန်းအဆက်သွယ်တွေပါ ပြတ်တောက်နေတဲ့အပြင် ရေဦး၊ ကနီ စတဲ့မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာ ကျေးရွာတွေမီးရှို့တာတွေ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ ပုံစာ, မုံရွာမြို့နယ် နမခ က ရဟတ်ယာဉ် နှစ်စင်း ထွက်သွားတယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။ မနက်ခင်းသတင်း - စစ်တပ်လက်နက်ကြီးဒဏ်ကြောင့် အရပ်သားသေဆုံးမှုတိုး
ရှမ်းပြည်နယ်နဲ့ကယား(ကရင်နီ)ပြည်နယ် နယ်စပ် ဖယ်ခုံမှာ ဇနီးသည် ဆုံးပါးသွားလို့ အသုဘကျင်းပနေတဲ့အိမ်ပေါ် စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးကျခဲ့တာကြောင့် ခင်ပွန်းသည်သေဆုံးသွားခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်းထဲက မတ္တရာနဲ့ စဉ့်ကူးနယ် အစပ် မြစ်နားရှိ ရွာနှစ်ရွာက CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေ ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတယ်ဆိုပြီး ဒေသခံတွေက ပြောလာပါတယ်။
နောက် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ကန်ဖျားဇရပ်အနီးမှာ မဟာမိတ်အဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။
နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို ကြည့်ရှုနိုင်ပါပြီ။
Skip YouTube postGoogle YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
အာဆီယံအထူးသံ မြန်မာကို ထပ်လာဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, AKP
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက လာမယ့် စက်တင်ဘာလအစောပိုင်းမှာ မြန်မာကို သွားဖို့ စဥ်းစားနေတယ်ဆိုပြီး ထုတ်ပြောလာပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီး မနေ့ သြဂုတ်လ ၆ ရက်တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အထူးသံက အခုလိုထုတ်ပြောလာတာပါ။
ဒါပေမဲ့ ဒီအတောအတွင်း မြန်မာပြည်တွင်းမှာ သေဒဏ်စီရင်မှုတွေ ဆက်ရှိလာမယ်ဆိုရင် သူ့ခရီးစဥ်ကို ပြန်သုံးသပ်မှာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအားလုံးက အဲဒီစဥ်းစားချက်ကို သဘောတူထားတယ်လို့လည်း အထူးသံက ပြောပါတယ်။
အာဆီယံအထူးသံဟာ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်ရရေး စစ်ကောင်စီကိုတောင်းဆိုထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း သူဥက္ကဋ္ဌတာဝန်ယူထားချိန်မှာ မြန်မာပြည်မှာ သေဒဏ်စီရင်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးအစီအစဥ်(ဘုံသဘောတူညီချက် ၅ ရပ်)ကို ပြန်လည်စဥ်းစားသုံးသပ်ရလိမ့်မယ်လို့ အစောပိုင်းတုန်းကပဲ ပြောထားပါတယ်။
အမေနဲ့သမီး ဘယ်အချိန် ပြန်ဆုံမလဲ - မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ပိတ်မိနေတဲ့ မြန်မာတွေ
လုံခြုံရေးအန္တရာယ်ရှိနေပြီး အလုပ်အကိုင်ရှားလို့ ပြည်ပထွက်ချင်သူများပြား
နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော် ထောင်ပြောင်းရွှေ့ခံရ
ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂၄ ယောက်ကို ဩဂုတ် ၅ ရက် မနေ့ ညနေပိုင်းမှာ အင်းစိန်ထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ဩဂုတ် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အကျဉ်းဦးစီးဌာနကနေ နိုင်ငံရေးအကျဉ်းသားတွေ ဘာ့ကြောင့် ထောင်ပြောင်းတယ်ဆိုတာ အတိအကျ မသိရဘူးလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အခု သေဒဏ်ပေးမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး အင်းစိန်ထောင်တွင်းမှာ ဈေးဘား Boycott လုပ်တာ၊ ထောင်ဝန်ထမ်းတွေနဲ့ အဆက်သွယ်မလုပ်တာ စတဲ့ ထောင်တွင်းလှုပ်ရှားမှုတွေကို လုပ်ကြတယ်လို့ သိရတယ်။ အဲ့ဒါတွေကို ဖြိုခွင်းချင်လို့ ရုတ်တရက် ထောင်ပြောင်းတယ်လို့ ယူဆတယ် “လို့ အဲ့ဒီပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ကို ရုတ်တရက် ထောင်ပြောင်းရွှေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို အကြောင်းမကြားတာဟာ မိသားစုဝင်တွေနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ စိတ်ဓာတ်ထိခိုက်အောင် ဖိနှိပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ထောင်ပြောင်းရွှေ့ခံရတဲ့ အကြောင်းပြချက်နဲ့ အရေအတွက်တို့နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့လည်း သီးခြားထပ်မံအတည်ပြုနေဆဲဖြစ်ပါတယ်။
ကိုခန့်သူအောင်ဟာ ၂၀၂၂ ခုနှစ် မတ်လမှာ ပုဒ်မ ၅၀၅ က နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၁၉၂၅ ယောက်ရှိပြီး အဲ့ဒီအထဲက ၁၃၇၅ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုခန့်သူအောင် အဖမ်းခံရတဲ့ MRRFအဖွဲ့က ခေါင်းဆောင်အပါဝင် သုံးယောက် အသတ်ခံရ
မန္တလေးမြို့ က မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Revolution Rangers Force (MRRF) က ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့ အဖွဲ့ဝင် ၁၀ ယောက်ဟာ ဩဂုတ် ၁ ရက်မှာ အဖမ်းခံရပြီးနောက် ဩဂုတ် ၂ ရက်မှာ ဗိုလ်အောင်မြေအပါဝင် အဖွဲ့ဝင် ၃ ယောက် သေဆုံးတဲ့အကြောင်း အတည်ပြုတယ်လို့ MRRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သူတို့တွေရဲ့ ရုပ်အလောင်းတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းဘေးမှာ တွေ့ရှိရတယ်လို့လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကျန်တဲ့အဖွဲ့ဝင်တွေကတော့ အဖမ်းဆီးခံထားရပြီး သတင်းအချက်လက်မရရှိသေးဘူးလို့လည်း ဒီအကြောင်းရာတွေကို သေချာသိတဲ့ မန္တလေးမြို့ခံတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။
“ အလောင်းတွေမှာ ဓားထိုးဒဏ်ရာတွေရှိတယ်ဗျ။ သေနတ်အတို ၂ လက်နဲ့ လက်ပစ်ဗုံး ၃ လုံးက ဖမ်းဆီးချိန်မှာ မိတာတော့ အတည်ပြုလို့ရတယ်“လို့ ပြောပါတယ်။ "
MRRF က အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့ အဖွဲ့ဝင် ၁၀ ယောက်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်မှာ မန္တလေးမြို့၊ မြောက်ပြင်ဘက်က နေအိမ်မှာ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
မြို့ပြပြောက်ကျား လှုပ်ရှားမှုအတွက် မန္တလေးကို ပြန်လာပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
MRRF အဖွဲ့အပြင် မန္တလေးက တခြားမြို့ပြပြောက်ကျားအဖွဲ့တွေလည်း ဖမ်းဆီးခံရပြီး အသတ်ခံရတာရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
MRRF အဖွဲ့က ခေါင်းဆောင်၊ အဖွဲ့ဝင်တွေနဲ့အတူ လက်နက်ခဲယမ်းတွေလည်း အဖမ်းဆီးခံခဲ့ရတာကြောင့် လုပ်ဆောင်မယ့်လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, အသတ်ခံရပြီး လမ်းဘေးမှာစွန့်ပစ်ခံရတဲ့ MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ
