မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ထဲက လောင်းရှည်ကျေးရွာထဲမှာ ဒီကနေ့
ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းကစလို့ ကျေးရွာအနီးလူနေအိမ်နားမှာ တိုက်ပွဲတွေဖြစ်နေပြီး
ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
“ မနက် အစောပိုင်းကတည်းကပစ်နေတာ၊ နှစ်ဖက်ပစ်ခတ်မှုမှာပဲ။ ကြားတာတော့
ဆောဘက်ကစဖြစ်လာပြီး လောင်းရှည်ရွာဘက်ကို ပစ်တာတွေရောက်လာတယ်ပြောတယ်။
ရွာထဲက အိမ်တွေနားအထိ လက်နက်ကြီးရောက်တာ၊ မြို့သစ်ရပ်ကွက်ဘက်က အိမ်တစ်အိမ်မှာဆိုရင်လက်နက်ကြီးထိလို့ တစ်အိမ်လုံးဒဏ်ရာရတာ။ တစ်ယောက်က ပေါင်ထိသွားလို့ သူနာပြုဆရာမလေးကို ကားနဲ့လာခေါ်သွားတာတွေ့ရတယ်။ တစ်မနက်လုံး လက်နက်ကြီးအသံ ဆက်တိုက်ကြားနေရလို့ မနက်စာတောင်မစားနိုင်ဘူး” လို့လောင်းရှည်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဆောနယ်ထဲက လောင်းရှည်ရွာတွေအနီးမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ
ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အခုလိုလူနေအိမ်တွေနားအထိ လက်နက်ကြီးပစ်တာတွေနဲ့
ဒေသခံတွေထိခိုက်တာတော့ ပထမဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။
လောင်းရှည်ရွာထဲမှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့တပ်စွဲထားပြီး
အသံတိတ်သပိတ်လုပ်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း ဆိုင်တွေ ဖွင့်ဖို့ ဒေသခံတွေကို
ဖိအားပေးခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့လောင်းရှည်ရွာထဲမှာ ဒေသခံတွေအားလုံး
နေအိမ်ထဲကနေ အပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းမှာတော့ ဆောမြို့နယ်အတွင်းမှာလည်း အစိုးရရုံး ၅ရုံးလောက်
ဆက်တိုက်မီးလောင်မှုဖြစ်ခဲ့ပါတယ်။
ဆောမြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့
စစ်ကောင်စီဘက်က ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိပါဘူး။ာထဲမှာ ဒီကနေ့

စစ်ကောင်စီဘက်က ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Social Media