ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော
တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံလွှတ်တော်ညီလာခံလေ့လာသူအဖြစ် တက်ခွင့်ပေးတဲ့အပေါ် CRPH ရှုတ်ချ
အာဆီယံပါလီမန်များညီလာခံ(AIPA)အစည်းအဝေးမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တက်ရောက်ခွင့် ရှိ၊မရှိ အကြောင်းမပြန်ဘဲ ရွေးကောက်ခံမဟုတ်တဲ့စစ်ကောင်စီကိုယ်စားပြုလူပုဂ္ဂိုလ်တစ်ဦးကိုသာ တက်ရောက်ခွင့် အတည်ပြုခဲ့တာကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောလာပါတယ်။
အာဆီယံပါလီမန်များညီလာခံဟာ အာဆီယံလွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၄၂ ကြိမ်မြောက် အဲဒီညီလာခံကို အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဥပဒေပြုကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။
CRPH ဘက်က မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်းနဲ့ ဦးစည်သူမောင်တို့ တက်ရောက်မယ်ဆိုပြီး အမည်စာရင်းတင်သွင်းခဲ့ပေမဲ့ AIPA ဥက္ကဋ္ဌဘက်က လွှတ်တော်ဆိုင်ရာယဉ်ကျေးမှုနဲ့အညီ အကြောင်းပြန်ကြားခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း AIPA ဥက္ကဋ္ဌက အာဏာသိမ်းစစ်တပ်ရဲ့ ပုဂ္ဂိုလ်တစ်ဦးကို လေ့လာသူအဖြစ်အတည်ပြုခဲ့တာဟာ ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကို ရွေးချယ်တာဖြစ်တယ်လို့ လည်း CRPH က ပြောပါတယ်။
AIPA ဟာ အာဆီယံဒေသရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောမှုကို အခြေခံစည်းမျဉ်းတွေကို မြှင့်တင်မယ့်အဖွဲ့ဖြစ်တာကြောင့် အခုဖြစ်စဉ်မှာ နားလည်မှု တစုံတရာလွဲနေမယ်ဆိုရင် အမြန်ရှင်းလင်းဖို့ လိုအပ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ပါဝက်တက်ရောက်ဖို့ အသင့်ရှိတဲ့အကြောင်း CRPH ဘက်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံပါလီမန်များညီလာခံ(AIPA)အစည်းအဝေ;ဖွင့်ပွဲ မန္တလေးမှာ PDF အဖွဲ့ဝင် ၂၃ ဦးကို လက်နက်တွေနဲ့ဖမ်းမိတယ်လို့ စစ်ကောင်စီပြော
မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီဘက်က သြဂုတ်လ ၂၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ပြင်စာကျေးရွာအနီးမှာ PDF အဖွဲ့ဝင်တွေကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ သင်တန်းစေလွှတ်နေသူ အမျိုးသား ၂ ဦးကို ဇူလိုင်လ ကုန်ပိုင်းမှာ ဖမ်းမိရာကနေ အခု PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ကနဦးဖမ်းမိခဲ့သူ အမျိုးသားတစ်ဦးက သူဟာ ကချင်လွတ်လပ်ရေးတပ်(KIA)နယ်မြေထဲမှာဖွင့်တဲ့ ဖောက်ခွဲရေးသင်တန်းအတွက် လူငယ်တွေကို စေလွှတ်နေသူဖြစ်တယ်ဆိုပြီး ထွက်ဆိုကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ ပုသိမ်ကြီးမြို့နယ်ထဲက ရဲ ၂ ဦး ပစ်ခတ်ခံရမှု၊ အနီးစခန်းရဲကင်းနဲ့ တပ်မတော်နည်းပညာတက္ကသိုလ်အနီး လက်လုပ်မိုင်းနဲ့ ဖောက်ခွဲမှုတွေမှာ ပူးပေါင်းဆောင်ရွက်တာနဲ့ ပါဝင်တာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အဖမ်းခံရသူတွေထဲက တစ်ဦးဖြစ်သူ ဇော်နိုးဆိုသူအမျိုးသားဟာ KIA အဖွဲ့ရဲ့ စေခိုင်းမှုနဲ့ အစိုးရအဆောက်အအုံတွေနဲ့ လူစည်ကားနဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးဖို့ စီစဉ်နေတယ်ဆိုပြီး ထွက်ဆိုထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး KIA ဆီက မှတ်ချက်တစ်စုံတစ်ရာရဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
ဓာတ်ပုံ ပုံစာ, KIA နယ်မြေထဲမှာ PDF သင်တန်းကျောင်းရှိတယ်လို့ဆို မင်းတပ်မြို့မှာ ဆန်ရိက္ခာ ပြတ်လပ်မှုနဲ့ရင်ဆိုင်နေရ
စစ်ကောင်စီနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်(CDF Mindat) တို့ကြား တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဆန်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲနောက်ပိုင်း မင်းတပ်မြို့နယ်အတွင်း အဝင်အထွက်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေကအရင်ထက် ပိုတင်းကျပ်လာသလို မကွေးတိုင်းဘက်ကနေ မင်းတပ်မြို့ကို ဆန်သယ်ယူခွင့်အတွက်လည်း တစ်အိမ်ထောင်အတွက်ဆန် ၁၀ပြည်သာ သယ်ယူခွင့်ပြုတာကြောင့်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးဌာနကတဆင့် ကိုဗစ်ကာလအတွက်သိုလှောင်ထားတဲ့ ဆန်တွေကိုရောင်းချပေးတာရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။
"မြို့ပေါ်မှာတောင် ဆန်တွေ ဒီလောက်ဝယ်ရခက်နေရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာတွေမှာဆို ဘယ်လောက်တောင် ခက်ခဲနေမလဲ။ အခုက ဆန်ပြုတ် ပြုတ်စားနေရတဲ့ အိမ်ထောင်စုတွေတောင်ရှိလာပြီ။ အိမ်ထောင်စု ၅၀၀ ကျော်လောက်က ဆန်ရဖို့လိုအပ်နေတယ်’’ =လို့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ဆရာတော်ရှယ်ဟာဟုန်းက ပြောပြပါတယ်။
မင်းတပ်မြို့နယ်တစ်ခုလုံးတွင် အိမ်ထောင်စု ၅၅,၀၀၀ ကျော်ရှိပြီး စစ်ဘေးတိမ်းရှောင်နေရသူတွေလည်း သောင်းချီရှိနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မင်းတပ်မြို့ထဲက မြို့မဈေးမှာ ဒေသခံတွေ ဆန်ဝယ်ဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ ဘုရင့်နောင်တံတားအဆင်း လှိုင်သာယာဘက်အခြမ်းမှာ ပစ်ခတ်ခံရမှုဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဘုရင့်နောင်ဘက်ခြမ်းကနေ လှိုင်သာယာဘက်ကို သွားတဲ့ ဘုရင့်နောင်တံတား အမှတ် ၂ ချဉ်းကပ်လမ်း ရန်ကုန်၊ လှိုင်သာယာမြို့နယ်ဘက်ခြမ်း ဘုရင့်နောင်တံတား အမှတ်(၂)ပေါ်မှာ လုံခြုံရေးကင်းတချို့ ပစ်ခတ်ခံရမှုဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကားတစ်စီးပေါ်ကနေ လုံခြုံရေးရဲကင်းကို လှမ်းပစ်တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ရဲတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ အဲဒီအနီးဖြတ်သန်းသွားသူတချို့က ပြောပါတယ်။
''တံတားအမှတ် (၂) ပေါ်က ရဲကင်းမှာဖြစ်တာ၊ အသံတွေကြားလိုက်ရတယ်။ အဲဒီနောက် ရဲတွေရော စစ်သားတွေရောရောက်လာတယ်။ အခုစစ်ဆေးတာတွေလုပ်နေကြတယ် '' လို့ အဲဒီအနီးဖြတ်သန်းသွားတဲ့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေသလို၊ စစ်ကောင်စီဘက်ကိုလည်းမေးမြန်းထားပါတယ်။
လက်ရှိအနေအထားအရ အဲဒီနေရာတဝိုက်မှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
မြန်မာမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁၄,၂၀၀ ကျော်ရှိလာပြီ
မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်းအရေအတွက်ဟာ ၁၄၂၃၆ ဦးရှိပြီလို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၁ ရက်ညပိုင်း ထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ်လ ၂၁ ရက်မှာ မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးတဲ့ပိုးတွေ့အတည်ပြုလူနာ ၁၄၀ အထိရှိခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်၊ မတ်လကစတဲ့ မြန်မာနိုင်ငံအတွင်း ကိုဗစ် ကူးစက်ပျံ့ပွားမှုအတွင်း သေဆုံးသူအရေအတွက်ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာစတင်တဲ့ ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် လူရာချီသေတဲ့အထိရှိလာတာကြောင့် အခုလို သေဆုံးသူ ၁၄,၀၀၀ ကျော်အထိရှိလာတာဖြစ်ပါတယ်။
ကိုဗစ်တတိလှိုင်းအတွင်း ကူးစက်ရှိန်အမြင့်ဆုံးဖြစ်ချိန် ဇွန်လ နောက်ဆုံးပတ်နဲ့ ဇူလိုင်လအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ကလေး၊ ဧရာဝတီတိုင်းထဲက ပုသိမ်၊ မွန်ပြည်နယ်ထဲက မော်လမြိုင်၊ ပဲခူးတိုင်းထဲက မြို့နယ်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ကိုဗစ်သံသယနဲ့သေဆုံးသူအရေအတွက်အတွက် နေ့စဉ် လူထောင်ချီ ပမာဏအထိရှိခဲ့ပါတယ်။
ဒီသေဆုံးသူတွေဟာ နေအိမ်တွေမှာ ကိုဗစ်လက္ခဏာတွေနဲ့ သေဆုံးတာကြောင့် ကိုဗစ်သံသယလူနာတွေအဖြစ် ပရဟိတအသင်းအဖွဲ့တွေနဲ့ နာကူအသင်းတွေက မှတ်ယူထားကြပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီလက်ထက် ပိုးတွေ့တည်ပြုလူနာအဖြစ်သတ်မှတ်ပုံကြောင့် ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူ ၁၄,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဘက်က ဆိုပေမဲ့ အမှန်တကယ်သေဆုံးသူဟာ ပိုများတယ်လို့ ပရဟတိအဖွဲ့တွေ၊လူမှုကူညီရေးအသင်းတွေနဲ့ဆရာဝန်တွေက သုံးသပ်ထားပါတယ်။
အခုဆို မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဒေသတွင်းနိုင်ငံတွေကြားမှာ ကိုဗစ်ကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, တတိယလှိုင်းမှာ သေဆုံးသူမြင့်တက်လာတာဖြစ်ပြီး ကိုဗစ်လက္ခဏာတွေနဲ့ ဆုံးပါးကုန်တာဖြစ်လို့ သံသယလူနာတွေအဖြစ် နာရေးအသင်းတွေက မှတ်ယူထားကြပါတယ်။ ဖမ်းဆီးထားတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အမှုထပ်တိုး တရားစွဲ
အမေရိကန်ဒေါ်လာစျေး အတက်အကျများနေတဲ့ အခြေအနေ
ပြီးခဲ့တဲ့ ၂ရက်နဲ့ ရက်ပိုင်းတွေအတွင်း အမေရိကန်ဒေါ်လာဈေးက ၁၈၀၀ ကျပ်ကျော်အထိ ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်း ၁၇၀၀ ကျော်ကို ပြန်ရောက်ပြီး ဒီကနေ့မှာ ၁၆၀၀ ကျော်ကို ပြန်ရောက်လာပါတယ်။
အဲဒီလို ဒေါ်လာစျေး မြင့်တက်နေတဲ့ အဓိကအချက်တစ်ချက်က ကုန်သွယ်ရေးမှာ မြန်မာဘက်က တင်ပို့မှု အသာစီးရနေတဲ့ တရုတ်ဘက်နဲ့ ကုန်သွယ်မှု ရပ်နားနေတာကြောင့် ဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင်သူ တစ်ဦးက ဆိုပါတယ်။
ဒေါ်လာဈေး အတက်အကျများနေတာနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာ စိုးထွန်းကို ဘီဘီစီက မေးမြန်းတာကို သူက ပြောပြတာ ဖြစ်ပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်မှုဟာ ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ အစိုးရလက်ထက်က စပြီး ရပ်နားနေတာ ရှစ်လလောက် ရှိပြီဖြစ်ပြီး တရုတ်နယ်စပ်ပြန်ဖွင့်ရင် ပမာဏတစ်ခု စျေးပြန်ကျနိုင်တယ်လို့လည်း သူ့ယူဆချက်ကို ပြောပါတယ်။
ဒေါ်လာစျေးမြင့်တက်နေတာကို ဖြေလျှော့ဖို့ ဗဟိုဘဏ်က ဒေါ်လာတွေ သန်းချီပြီး အကြိမ်ကြိမ်ထုတ်ရောင်းနေပေမဲ့ အဲဒီပမာဏနဲ့ စျေးကွက်ကို မကာမိနိုင်ဘူးလို့လည်း ဘီဘီစီရဲ့ မေးမြန်းမှုကို သူက ဖြေကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုက်ကယ်အောင်သွင် ၊ ဒီမိုကရေစီဂျီဟတ်နဲ့ သမိုင်းအမြင်သစ်
ကြူကုတ် (ပန်ဆိုင်း)မှာ တိုက်ပွဲဆက်ဖြစ်၊ တပ်အင်အားတွေ တိုးချနေတယ်လို့ ဒေသခံတွေပြော
ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ် (ပန်ဆိုင်း)ဒေသမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ( MNDAA ) နဲ့ စစ်ကောင်စီတပ်တွေကြား ဒီကနေ့မနက်မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းက MNDAA အဖွဲ့က ပန်းဆိုင်းမြို့ထဲက ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တာပါ။
အဲဒီလိုပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မနေ့က ညနေပိုင်းမှာတော့ ပန်ဆိုင်းဘက်ကို တပ်အင်အားတွေ တိုးလာခဲ့ပြီး ဒီကနေ့မနက်မှာတော့ တပ်မတော်နဲ့ မုန်းကိုးအဖွဲ့တွေကြား ထပ်မံပြီး ထိတွေတိုက်ပွဲတွေ ဖြစ်တာလို့ ဒေသခံတချို့က ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်အနီး မုံးကိုးဒေသမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား ထိတွေ့တိုက်ပွဲတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိလာတာ တစ်ပတ်လောက်ရှိနေပါပြီ။
ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် တစ်ထောင်ကျော် ရှိလာနေပြီလို့လည်း ပန်ဆိုင်းမြို့ခံ ဘာသာရေးဆရာ တစ်ဦးက ပြောပါတယ်။
အရင်ကတော့ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ရင် ဒေသခံတွေဟာ တရုတ်နိုင်ငံထဲသွား ရောက်ခိုလှုံကြပေမဲ့ ဒီတကြိမ်မှာတော့ ကိုဗစ်ကူးစက်မှုတွေလည်း ရှိနေတာကြောင့် တရုတ်နိုင်ငံကဘက်က စစ်ဘေးရှောင်တွေကို သူတို့နိုင်ငံထဲကို ဝင်ရောက်ခွင့်မပေးတဲ့အတွက် ဒေသခံစစ်ဘေးရှောင်တွေဟာ နှစ်နိုင်ငံနယ်စပ်အနီးမှာ တဲထိုးပြီး နေထိုင်နေရတာပါ။
လက်ရှိထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ ကြူကုတ် (ပန်ဆိုင်း)ဒေသဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့နေရာတခုလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်ဖက် တပ်အင်အားတွေတိုးချဲ့တာတွေ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် နောက်ပိုင်းရက်တွေမှာလည်း ထိတွေ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MNWM ၊ မိုင်းဘဉာဏ်
ပြောင်းခင်း၊ကြံခင်းတွေကြား တဲထိုးနေရတဲ့ ပန်ဆိုင်း(ကြူကုတ်)က စစ်ရှောင်တွေ
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်တာခံခဲ့ရတာလို့ဆိုတဲ့ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက အသက် ရ၂ နှစ်အရွယ်ဦးကံထောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, နှမ်းခါးလူငယ်အဖွဲ့
ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံရပြီး သုံးရက်အကြာမှာ သေဆုံးခဲ့တဲ့ ဦးကံထောက်ရဲ့နာရေး မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာနေ အသက် ရ၂ နှစ်အရွယ် ဦးကံထောက်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ရိုက်နှက်တာကို ခံခဲ့ရပြီးတဲ့နောက် ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ သေဆုံးသွားတယ်လို့ နှမ်းခါးကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီး စစ်ဆေးဖမ်းဆီးတာတွေရှိလို့ ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေချိန်မှာ ကျေးရွာအတွင်းမှာ ကျန်ခဲ့တဲ့ ဦးကံထောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်တာကိုခံခဲ့ရတာလို့ ရွာခံတွေကပြောပါတယ်။
‘ ‘ ကျွန်တော်တို့ကလည်း တောထဲပြေးနေကြတာ။ ၀ါးလုံးနဲ့ ရိုက်တယ်၊ ဖိနပ်တွေနဲ့လည်းဆောင့် ကန်တယ် တဲ့ လက်မောင်းတွေမှာလည်း ညိုမဲလို့။ နောက်နေ့ကျတော့ မသက်သာဘူး။ အောက်ဆီဂျင်က မကျဘဲ နှလုံးခုန်တအားမြန်တာ ၁၆၀ ၊ ၁၆၇ လောက်ထိကိုရောက်တယ်။ ဒီနေ့တော့ ဆုံးသွားတယ်။’’ လို့ နှမ်းခါး ကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါအပြင် သြဂုတ် ၁၈ ရက်နေ့က ကျေးရွာအတွင်းရှိ နေအိမ် အများစုမှာလည်း နေအိမ်တွေဖျက်ဆီးခံ ထားရတာ၊ ပစ္စည်းတွေ ပျောက်ဆုံးတာတွေရှိခဲ့တယ်လို့ ရွာခံတွေကပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နှမ်းခါးလူငယ်အဖွဲ့
ဓာတ်ပုံ ပုံစာ, နှမ်းခါးကျေးရွာက အသက် ရ၂ နှစ်အရွယ် ဦးကံထောက် ရိုက်နှက်ခံရပြီး သုံးရက်အကြာမှာ သေဆုံး ဒေသတချို့ ကိုဗစ်ထိန်းချုပ်ရေးအရဆိုပြီး နေ့မထွက်ရအမိန့်တွေဆက်ရှိ, အရေးယူမှုတချို့ရှိလာ
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် တိုင်းဒေသကြီးတချို့က မြို့နယ်အများစုမှာ ကိုဗစ်ထိန်းချုပ်ရေးလို့ ဆိုကာ နေ့ပိုင်းအချိန်တွေ အပြင်မထွက်ဖို့ကန့်သတ်တာ၊ စစ်ဆေးတာတွေအပြင် သတ်မှတ်ချက်ကို ဖောက်ဖျက်ရင် ဒဏ်ပေးတာ၊ အရေးယူတာတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဒီဩဂုတ်လကစပြီးတင်းတင်းကျပ်ကျပ် လုပ်ဆောင်လာပါတယ်။
မန္တလေးခရိုင်က မြို့နယ် (၇)မြို့နယ်မှာဆိုရင် မနက် (၄)နာရီကနေ (၉)နာရီအထိ အပြင်ထွက်ခွင့်ပြုပြီး အဲ့ဒီနောက်ပိုင်းကစပြီး ညနေ (၃)နာရီအထိအပြင်ထွက်ခွင့်မရှိတော့ပါဘူး။ တဖန်ညနေ (၃)နာရီကနေ ည (၇)နာရီအထိသာ အပြင်ပြန်လည်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်တွေလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ကျွန်တော်တို့မန္တလေးထက် မုံရွာမှာ အရင်လုပ်တယ်၊ မြင်းခြံ၊ နောက်မန္တလေးပေါ့။ ဒီမြို့တွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးကို လှုပ်ရှားကြတယ်။ အခုချိန်ထိလည်းသပိတ်စစ်ကြောင်းတွေ ထွက်နေကြတုန်းပဲ။ တခြားတော်လှန်ရေးကိစ္စတွေလည်း လုပ်ကြတယ်။ အဓိကကတော့ ကိုဗစ်ကို အသုံးချပြီး ကိုဗစ်ကိုအမည်ခံပြီး သူတို့ကိုတော်လှန်တဲ့သူတွေ သွားရလာရ ခက်ခဲအောင်လုပ်တယ် လို့ပဲ မြင်တယ်”လို့ နေ့ပိုင်းအချိန်တွေအပြင်ထွက်ဖို့ကန့်သတ်တဲ့အပေါ်အမရပူရဒေသခံတဦးက ပြောပါတယ်။
တခြား မကွေး၊ မုံရွာ၊ ပခုက္ကူ စတဲ့ မြို့တွေမှာလည်း ဒေသအလိုက် အချိန်သတ်မှတ်ပြီး အပြင်မထွက်ဖို့ ကန့်သတ်ချက်တွေဆက်တိုက်လုပ်လာကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးမှာဆိုရင် ဒီဩဂုတ်လဆန်းထဲက ကန့်သတ်ချက်တွေလုပ်ဆောင်နေတာဖြစ်ပြီး အထူးသဖြင့် ဩဂုတ်လ (၁၈)ရက် လေတပ်စခန်းပေါက်ကွဲဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာတော့ ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်လို့ မကွေးဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် မကွေးမြို့ပေါ်မှာလည်း ကန့်သတ်အချိန်အတွင်းအပြင်ထွက်ကြတဲ့သူတွေကို သူတို့ရဲ့ဆိုင်ကယ်တွေ သိမ်းဆည်းတာ၊ ဒဏ်ပေးခံရတာတွေရှိနေပြီး အာဏာပိုင်တွေရဲ့အခုလိုလုပ်ဆောင်မှုတွေကို ဒေသခံတွေအကြား ဝေဖန်မှုများနေတာပါ။
တခြားမြို့နယ်တွေဖြစ်တဲ့ မြောင်မြို့နယ်အပါအဝင် တချို့ဒေသတွေမှာလည်း နေ့အချိန်သွားလာတာတွေကို ကန့်သတ်တာမရှိပေမယ့် မြို့ဝင်မြို့ထွက်တွေမှာအရင်ထက်ပိုပြီး ဒီရက်ပိုင်းအတွင်းစစ်ဆေးမှုပိုများလာတယ် လို့ ဒေသခံတွေကနေသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မန္တလေးမြို့တွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အသွားအလာတွေကို စစ်ဆေးနေတာကိုတွေ့ရတာဖြစ်ပါတယ်။ 
ဓာတ်ပုံ ရင်းမြစ်, We love YSO page
ဓာတ်ပုံ ပုံစာ, လျှပ်စစ်ရုံးနဲ့ လဝက ရုံးတွေမှာ ပေါက်ကွဲမှုတွေဖြစ်၊ ပခန်းနယ်မြေရဲစခန်းမှာလည်း ပေါက်ကွဲ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့မှာ ဒီကနေ့ သြဂုတ် ၂၁ ရက်နေ့ မနက် ၁၁နာရီကျော်ဝန်းကျင်က မြို့နယ် လျှပ်စစ်ရုံးနဲ့ လဝကရုံး ၂ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့သလို ရေစကြိုမြို့နယ်အပိုင်ထဲက ပခန်း နယ်မြေ ရဲစခန်းမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ပေါက်ကွဲမှုတွေအတွင်း လူထိခိုက်ရှိမရှိမသိရသေးပေမယ့် ပေါက်ကွဲမှုတွေအပြီး ပစ်ခတ်သံအချို့ ကြား ရသလို မြို့ပေါ်မှာ စစ်ကားတွေလှည့်လည်ပြီး လုံခြုံရေးတင်းကြပ်နေတာကြောင့် မြို့ပေါ်မှာ လူအသွား အလာမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
‘ ‘လျှပ်စစ်ရုံးကတော့ ၀န်ထမ်းတွေလိုင်းခန်းနားပေါက်က်တာ အဆောက်အဦတော့ ထိခိုက်ပျက်စီး တာ ရှိတယ်။ ပခန်းစခန်းကတော့ အဝင်ဝ သဲအိတ်နဲ့ဘန်ကာတွေကာထားတဲ့နားမှာပေါက်တာ။ ပေါက်ကွဲမှု တွေအပြီး ပစ်တာတွေတော့ကြားရတယ်။ အပြန်အလှန်တော့မဟုတ်ဘူး။ ပေါက်လို့ ရမ်းပစ်တာ လားတော့ မသိဘူး။ အခုတော့ မြို့ပေါ်မှာအတော်လေးအစစ်အဆေးတင်းကျပ်ပြီး လုံခြံုရေးတွေလည်း လှည့်နေတယ် ’’ လို့ မြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေနဲ့ ဇူလိုင်လအတွင်းက အမှတ် ရ မြို့မရဲစခန်အပါအဝင် ဌာနဆိုင်ရာ ရုံးတွေမှာ ပေါက်ကွဲမှုတွေ ၄ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။
မနေ့ကသြဂုတ် ၂၀ ရက်နေ့ကတော့ ရေစကြိုအခြေစိုက် PDF စခန်းတစ်ခုကို လက်နက်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရေစကြိုမြို့ပေါ်မှာ ပေါက်ကွဲမှုတွေရှိနေချိန် ရေစကြိုမြို့နယ်ထဲက ရွှေလှံကျေးရွာအပါအဝင်ကျေးရွာအချို့ကို စစ်ကောင်စီတပ်တွေက ၀င်ရောက်စစ်ဆေးဖမ်းဆီးတာတွေရှိနေလို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ တယ်လို့လည်း သိရပါတယ်။
ဖားကန့် အင်တာနက်ပြတ်တောက်မှု- ငွေလွှဲဝန်ဆောင်မှုတွေမရလို့ ဒေသခံတွေအခက်တွေ့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ အင်တာနက်ပြတ်တောက်နေရလို့ ဒေသခံတွေဟာ အင်တာနက်ဖွင့်မှ အသုံးပြုနိုင်တဲ့ အွန်လိုင်းငွေကြေးလွှဲပြောင်းတဲ့ဝန်ဆောင်မှုတွေကို သုံးမရဖြစ်နေပါတယ်။
ဒေသခံတွေအပြောအရဆိုရင် မနေ့ သြဂုတ်လ ၂၀ ရက်ညဦးပိုင်းကစလို့ ဖားကန့်မြို့နယ်မှာ မိုဘိုင်းအင်တာနက်ရော၊ ဝိုင်ဖိုင်ပါ ရုတ်တရက် ပြတ်သွားတာလို့ သိရပါတယ်။
လက်ရှိမှာ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ တာမခန် နေရာတွေမှာ အင်တာနက်ပြတ်နေတာဖြစ်ပြီး နယ်ခံတွေအသုံးများတဲ့ ကမ္ဘောဇဘဏ်လုပ်ငန်းရဲ့ငွေလွှဲဝန်ဆောင်မှု(Kpay) နဲ့ Wave Money (ငွေလွှဲဝန်ဆောင်မှု)တွေ ငွေလွှဲမရ၊ ထုတ်မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း ဖားကန့်ဒေသခံတွေဟာ ရုတ်တရက် အင်တာနက်ပြတ်တောက်ရတဲ့အကြောင်းရင်းကို မသိရလို့ စိုးရိမ်စိတ်တွေလည်း ရှိနေပြန်ပါတယ်။
''(အင်တာနက်က) မနေ့ကညကတည်းကနေမရတာ။ အခုချိန်ထိ မရသေးဘူး။ ၇နာရီကျော်လောက်ကနေ မရတာ။ တကယ် လို့ ဓာတ်တိုင်ကြိုးလေးတွေ ပျက်တယ်ဆိုရင်လည်း တခြားနေရာတွေမှာတော့ရမှာပေါ့။ အခုကတော့ ဖားကန့်တနယ်လုံးပေါ့။ ဝှေ့ခါတို့အားလုံးပေါ့လေနော်။ အားလုံး အင်တာနက်လိုင်းမရတာ။ တာမခန်အထိဆိုတော့ ကျွန်မတို့လည်း လောလောဆယ် သို့လောသို့လောနဲ့ စိုးရိမ်တဲ့အနေအထားမျိုးတော့ ရှိတယ်'' လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသခံတွေရဲ့အတွေ့အကြုံအရ အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပျက်ရင် တိုက်ပွဲတွေဖြစ်လာတာတွေရှိခဲ့ဖူးတာကြောင့် စိုးရိမ်စိတ်တွေ ဖြစ်နေကြတာပါ။
ဖားကန့်မြို့နယ်ဟာ လက်နက်ကိုင်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တာကြောင့် ဒေသခံပြည်သူတွေအတွက် လုံခြုံရေးအားနည်းတာကလည်း စိုးရိမ်ရတဲ့အဓိကအချက်ဆိုပြီး ဒေသခံတွေက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်တွင်းကြီးမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေအိုး ၁ ရပ်ကွက်က ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ ၀င်တစ်ဦးဖြစ်သူ ဦးဇော်လတ်ဟာ ဒီကနေ့ သြဂုတ် ၂၁ ရက်နေ့ မနက် ၈နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ မြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။
‘ ‘ ရပ်ကွက်ရုံးထဲ ၀င်ပစ်သွားတာလို့ သိရတယ်။ တောင်တွင်းကြီးဆေးရုံကိုပို့ပေမယ့် ဆုံးသွားတယ်။ ရုံးထဲဝင်ပစ်သွားပေမယ့် ဘယ်သူမှမရှိဘူးထင်တယ်။ ထိတာကတော့ သူတစ်ယောက်ထဲပဲ။ သူက ရွှေအိုးရပ်ကွက်က ရာအိမ်မှူးလို့တော့သိရတယ်။ သူနဲ့ရင်းနှီးသူတွေမေးကြည့်တော့ ဒုဥက္ကဋ္ဌလို့လည်း ပြောကြတယ်။’’လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။
ဦးဇော်လတ်ကို ပစ်ခတ်သွားသူတွေကို ဖမ်းမိတာမျိုးမရှိပေမယ့် ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် ကတော့ သူတို့လက်ချက်ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်လာတာရှိပါတယ်။
‘ ‘ အခုဖြစ်သွားတာကတော့ မနက်အစောပိုင်းမှာဖြစ်သွားတာ။ ဒီမှာက မနက် ၁၀ နာရီကျော်ရင် အပြင် ထွက်ခွင့်မရှိတော့ဘူး။ ညနေ ၅နာရီနောက်ပိုင်းမှာ တစ်ခါပြန်ထွက်ခွင့်ရတာ။ စစ်ဆေးရေးဂိတ်တွေလည်း ရှိတယ်။ ဒီကြားထဲမှာ ဖြစ်သွားတာပေါ့’’လို့ တောင်တွင်းကြီးမြို့မှာ အသွားအလာကန့်သတ်ထားတဲ့ အခြေအနေကိုလည်း မြို့ခံတစ်ဦးက ပြောပြပါတယ်။
သေဆုံးသူဟာ စစ်တပ်ထောက်ခံပွဲတွေမှာ တက်ကြွစွာဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တောင်တွင်းကြီးမြို့ပေ့ချ်
ဓာတ်ပုံ ပုံစာ, ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးတယ်လို့ KNLA တပ်မဟာ ၅ ပြော, စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေး

ဓာတ်ပုံ ရင်းမြစ်, KNU Info Desk
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ပြီးခဲ့တဲ့ ၄ ရက်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးတယ်ဆိုပြီး ကရင်အမျိုးအသားအစည်းအရုံး(KNU) ဘက်က ဒီနေ့ သြဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
သြဂုတ်လ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်မှု အကြိမ် ၃၀ နီးပါး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကရင်အမျိုးအသားအစည်းအရုံး(KNU) ရဲ့တပ်မဟာ (၁)ရှိရာ ဒူးသထူခရိုင်၊ တပ်မဟာ(၂)ရှိရာ တောင်ငူခရိုင်နဲ့ တပ်မဟာ(၃)ရှိရာ ညောင်လေးပင်ခရိုင်တွေမှာလည်း စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိတာကြောင့် ပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် KNU ရဲ့ မူတြောခရိုင်ထဲမှာ လူထုထွက်ပြေးတိမ်းရှောင်နေတဲ့နေရာ တွေကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ရှာဖွေထောက်လှမ်းရုံသာမက အဲဒီနေရာတွေနဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း KNU ဘက်က ပြောပါတယ်။
စစ်ကောင်စီဘက်က KNU ထိန်းချုပ်နယ်မြေထဲကို အင်အားတိုးချဲ့ချထားပြီး စစ်မျက်နှာဖွင့်ခဲ့လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့က ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
KNU နယ်မြေထဲမှာဖြစ်တဲ့ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာ မထုတ်ပြန်သေးသလို အဲဒီက အခြေအနေကို သိရဖို့ ဘီဘီစီက စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဖားကန့်မှာ မိုဘိုင်းအင်တာနက် ပြတ်တောက်နေ
ကချင်ပြည်နယ်ထဲက ကျောက်စိမ်းတူးဖော်လုပ်ကွက်တွေရှိတဲ့ ဖားကန့်မြို့နယ်ထဲမှာ မိုဘိုင်းဖုန်း အင်တာနက်တွေ ပြတ်တောက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဒီနေ့ သြဂုတ်လ ၂၁ ရက်မနက်ပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။
''ကျွန်တော် သတိထားမိသလောက်တော့ မနေ့(သြဂုတ်လ ၂၀ ရက်)ည ၁၁ နာရီ နီးပါးလောက်ကတည်းက ဖုန်း အင်တာနက်မရတော့တာ။ ကျွန်တော်ဆို အမ်ပီတီပေါ့။ နောက် မိုင်တဲတို့၊ တယ်လီနောတို့သုံးတဲ့သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်မေးတာ သူတို့လည်း မရဘူးပြောတယ်။ အခုထိ ပြတ်နေတုန်းပဲ'' လို့ ဖားကန့်ဒေသခံတစ်ဦးက ဘီဘီစီကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာပဲ အတည်ပြုထားပါတယ်။
ဖားကန့်မှာ ဘာ့ကြောင့် အင်တာနက်ပြတ်တောက်တယ်ဆိုတာ ရှင်းရှင်းလင်း လင်းမသိရသေးသလို အကြောင်းရင်းသိရဖို့ ဘီဘီစီက ဖုန်းအော်ပရေတာတွေဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ဒေသခံတွေကတော့ ရဲ၊ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစည်းအဝေးလုပ်တယ်ဆိုတဲ့သတင်းထွက်အပြီးမှာ မိုဘိုင်းအင်တာနက်တွေ ပြတ်တောက်မှုဖြစ်လာတယ်လို့ ပြောဆိုနေပါတယ်။
ဖားကန့်ဟာ ကချင်လွတ်လပ်ရေးတပ်(KIO/KIA) လှုပ်ရှားတဲ့နယ်မြေလည်းဖြစ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲ ဖြစ်သံမကြားပေမဲ့ ထိတွေ့မှုဖြစ်လာနိုင်တဲ့အခြေအနေကြောင့် အခုလို အင်တာနက်ပြတ်တောက်သွားတာလားဆိုပြီး ဒေသခံတွေက စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ဖားကန့်မှာ ဖုန်းခေါ်ဆိုမှုရနေသေးပေမဲ့ မိုဘိုင်း အင်တာနက်တော့ ပြတ်တောက်နေဆဲဖြစ်ပါတယ်။ အိန္ဒိယက မြန်မာအတွက် ကိုဗစ်ကာကွယ်ရေးအကူအညီပစ္စည်းတွေ ဒုတိယအကြိမ်ပေးပို့လာ

ဓာတ်ပုံ ရင်းမြစ်, state owned media
ဓာတ်ပုံ ပုံစာ, အိန္ဒိယဟာ မြန်မာကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးသုံး ဆက်စပ်ပစ္စည်းတွေကို နောက်တစ်ကြိမ်အကူအညီ ထပ်ပေးဖို့လည်းရှိနေပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်စပ်ပစ္စည်းတွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ လေကြောင်းကနေတဆင့် ဒုတိယအကြိမ်ပေးပို့လာပါတယ်။
အောက်စီဂျင်အိုးအလွတ် အလုံး ၄၀၀၊ အောက်စီဂျင်စက် ၂၄ လုံးအပြင် ထောင်နဲ့ချီတဲ့ ခွဲစိတ်ခန်းသုံးလက်အိတ်၊ နှာခေါင်းစည်း၊ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ(PPE)စတဲ့ပစ္စည်းတွေပါဝင်တယ်လို့ စစ်ကောင်စီလက်အောက်က သတင်းစာတွေမှာဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံဟာ သြဂုတ်လ ၁၅ ရက်တုန်းကလည်း မြန်မာပြည်တွင်းက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ကုန်တန်ချိန် ၅ တန်ကျော်ရှိတဲ့ ဆေးပစ္စည်းတွေကို မြန်မာကို ပထမ တစ်ကြိမ် လှူဒါန်းထားတဲ့အပြင် နောက်တစ်ကြိမ်ထပ်လှူဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။
ဂိုးသမားပြည့်သျှံအောင် ဂျပန်မှာနိုင်ငံရေးခိုလှုံခွင့် တရားဝင်ရရှိ
လက်ရွေးစင်ဂိုးသမား ပြည့်သျှံအောင် ကို ဒီကနေ့ သြဂုတ် ၂၀ရက်မှာ ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကနေ နိုင်ငံရေးခိုလှုံခွင့် အသိအမှတ်ပြုကတ်ပြားထုတ်ပေးလိုက်ပြီလို့ ပြည့်သျှံအောင်က ဘီဘီစီကိုပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ဒီလိုနိုင်ငံရေးခိုလှုံခွင့်ပေးတာကို ပုံမှန်အားဖြင့် အရေအတွက်အနည်းငယ်ကိုသာပေးလေ့ရှိပြီး မြန်မာလူမျိုးတွေကို အခုလိုခိုလှုံခွင့်မပြုတာ ၅နှစ်လောက်ရှိပြီလို့ဆိုပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်တော်လှန်ရေးမှာပါဝင်တဲ့ အားကစားသမားတစ်ဦးကို အခုလိုခိုလှုံခွင့်ပေးလိုက်တာဖြစ်ပါတယ်။
"ဒီလိုခိုလှုံခွင့်ပေးဖို့ ကြားထဲမှာ နှစ်လလောက်ပဲကြာတယ်။ကျွန်တော်ပြန်မယ်ဆိုရင် အသက်အန္တရာယ်အထိစိုးရိမ်ရတယ်ဆိုပြီး ဒီကရှေ့နေတွေက လုပ်ပေးကြတာပေါ့။အခုတော့ ဒီခိုလှုံခွင့်ရပြီဆိုတော့ အသင်းနဲ့လည်းစာချုပ်ကိစ္စတွေလုပ်နိုင်ပြီ။ဒီကနေမြန်မာပြည်ပြန်မယ်ဆိုရင် ဒီကတ်ကိုပြန်အပ်ခဲ့ရုံပဲ ’’လို့ဆိုပါတယ်။
လက်ရှိမှာ ပြည့်သျှံအောင်ဟာ ယိုကိုဟားမားအခြေစိုက် YCSS J3 club ရဲ့ဖူဆယ်မှာ ဂိုးသမားအနေနဲ့လုပ်ကိုင်ဖို့ရှိပြီး အသင်းကြီးမှာ လေ့ကျင့်ရေးဆင်းတာတွေ လုပ်ဖို့ပြောဆိုထားတယ်လို့ဆိုပါတယ်။
လက်ရှိမှာ သူဟာ အသင်းနဲ့ စာချုပ် ၁ နှစ်ချုပ်ဖို့ရှိသလို ဖူဆယ်ကွင်းမှာ ကစားပြီး ကွင်းကြီးမှာ လေ့ကျင့်ရေးဆင်းရမယ်လို့ ပြည့်လျှံအောင်က ဘီဘီစီကို ပြောပါတယ်။
ပြည့်သျှံအောင်ဟာ ပြီးခဲ့တဲ့မေလက ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံကို မြန်မာအမျိုးသားဘောလုံးအသင်းနဲ့ အတူသွားရင်း ပြည်တွင်းက စစ်အာဏာသိမ်းမှုကို ကွင်းထဲမှာ လက်သုံးချောင်းထောင်ပြီး ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည်သျှံအောင်ဖေ့ဘွတ်ခ်
