စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မတ်လ ၂၇ ရက်နေ့က ပဲခူးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်လို့ သေဆုံးခဲ့ပြီး ဘုရားကြီးမြို့မှာ မတ်လ ၂၈ ရက်နေ့က နာရေးပြန်လုပ်ခဲ့တဲ့ ဗကသ ကျောင်းသား အစ္စလာမ်ဘာသာဝင် ကိုသဲမောင်မောင်ရဲ့နာရေးမှာ သင်္ချိုင်းထဲ အထိ ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဘုရားကြီးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    နာရေး အခမ်းအနားမှာ ကမ္ဘာမကြေဘူး သီချင်း သီဆိုနေစဥ် စစ်ကားနှစ်စီးရောက်လာတာဖြစ်ပြီးတဲ့နောက်မှာ ပစ်ခတ်ခဲ့တာလို့လည်း သူကပြောပါတယ်။

    ထွက်ပြေးတဲ့ လူတွေကိုလက်ခံထားတဲ့ အိမ်ရှင်ကိုလည်းသေနတ်ဒင်နဲ့ အထုခံရတာကြောင့် ခေါင်းမှာဒဏ်ရာရထားပြီးတော့ လူ၄၀ လောက်လည်း အဖမ်းခံရကြောင်းလည်း သူကပြောပါတယ်။

    မနေ့က မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အတွင်းသေဆုံးခဲ့ရတဲ့သူလူ ၁၀၀ ကျော်ခန့်ရှိပြီး အဲ့ဒီသေဆုံးသူတွေနာရေးကို လူအနည်းငယ်နဲ့သာ တိတ်တဆိတ်နာရေးပြုလုပ်ဖို့ တပ်ကလာရောက် သတိပေးခံရတဲ့ နာရေးရှင်တွေရှိခဲ့ပါတယ်။

  2. တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး

    ရန်ကုန်မြို့အ‌ရှေ့ပိုင်းက တောင်ဒဂုံ မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ကအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ တောင်ဒဂုံမြို့နယ်က ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးခဲ့သူဟာ ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ဇာသွယ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မျက်လုံးကိုကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်က ဧရာဝတီဘဏ် ဝန်ထမ်းတွေက နေတစ်ဆင့်သိရပါတယ်။

    အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ တောင်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၂၈ ရက်နေ့က ပစ်ခတ်မှုတွေရှိနေပြီး တောင်ဒဂုံ ၂၀ ရပ်ကွက်နဲ့ ၅၄ ရပ်ကွက်‌တွေဘက်မှာ ဒဏ်ရာရသူ‌တွ‌ေ ရှိကြောင်း နဲ့ ခေါင်းကိုထိထားတဲ့ ဒဏ်ရာရသူတွေ အပါအဝင်လူ ၁၀ ဦးခန့် ဒဏ်ရာတွေရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. မြစ်ကြီးနား ခရိုင်ပညာရေးရုံးမှာ ပေါက်ကွဲမှုဖြစ်

    no tag
    No tag

    မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးရုံးမှာ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီ မိနစ် ၄၀ ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။

    ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဂျပ်ထိန်နန်က ဘီဘီစီကိုအတည်ပြုပြောပါတယ်။

    ပေါက်ပွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာ တာဝန်ရှိသူတွေကလာရောက်မှတ်တမ်းတင်သွားတယ်လို့လည်းသူကပြောပါတယ်။

  4. ဖားကန့်တိုက်ပွဲ ရဟတ်ယာဥ်နဲ့ပစ်လို့ လူတွေထွက်ပြေး

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    အာဏာသိမ်း စစ်ကောင်စီ ရဲ့ဖားကန့် မြို့နယ်ထဲက ရဲတပ်ရင်း တစ်ခုကို မတ်လ ၂၈ ရက်နေ့ မနက် (၂)နာရီကျော်ခန့်က ကေအိုင်အေ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

    စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် တိုက်ပွဲဖြစ်ပွားရာအနီးက စွတ်အောင်၊ ဖဝါ၊ တောမှော်၊ ကထန်ရွာနဲ့ တောက်ပကြယ် ကုမ္ပဏီ စွန့်ပစ်မြေစာပုံဟောင်း နေရာမှာ နေထိုင်ကြတဲ့ ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြရပါတယ်။

    တိမ်းရှောင်နေကြသူတွေကို ကုဋေကျေးရွာ နှစ်ခြင်းဘုရားကျောင်း၊ ဖဝါကျေးရွာ ဘုန်ကြီးကျောင်းနဲ့ မှော်စီစာကျေးရွာ ဘုန်းကြီးကျောင်းတို့မှာ ယာယီခိုလှုံနေကြတယ်လို့လည်းဒေသခံတွေက တစ်ဆင့်သိရပါတယ်။

  5. ကလေးမြို့မှာ ရင်ဘက် ကျည်ထိပြီး အမျိုးသမီးတစ်ဦး သေဆုံး

    အာဏာသိမ်းစစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကလေးမြို့က ဒေသခံတွေက ပြောပါတယ်။

    ကလေးမြို့ အနောက်ပိုင်းက တာဟန်းရပ်ကွက် မှာစစ်ကောင်စီတပ်တွေက ဖြိုခွင်းစဥ်မှာ မအားခူဆိုတဲ့ အမျိုးသမီးရင်ဘက်ကို ကျည်ထိပြီးသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

    ကလေးမြို့မှာ အခုအချိန်အထိ ပစ်ခတ်မှုတွေရှိနေဆဲဖြစ်ပြီးတော့ ပစ်ခတ်မှုအသံတွေကြောင့် မြေကြီးပါတုန်တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

    မအားခူဟာ ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ တစ်ဦဖြစ်ပြီးတော့ ရင်ဘတ်ကျည်ထိမှန်ကာ နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့ စဥ််သေဆုံးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပြီဖြစ်တယ်လို့ ဒေသ အခြေစိုက် Chin World သတင်းဌာနကဖော်ပြပါတယ်။

    မအားခူ

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, မအားခူ
  6. ဒဏ်ရာရသူတွေကို ကူနေတဲ့ သူနာပြုဆရာမ ခေါင်း ကျည်ထိလို့ သေဆုံး

    မတ်လ ၂၈ ရက်နေ့ မုံရွာမှာ ၃ ဦးသေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၈ ရက်နေ့ မုံရွာမှာ ၃ ဦးသေဆုံး
    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မတ် ၂၈ရက် နေ့လယ် ၁နာရီလောက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အရှေ့ပိုင်း သာစည်လမ်းအနီးမှာ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ သူနာပြုဆရာမတစ်ဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒဏ်ရာရသူတွေ အရေးပေါ် ဆေးကုဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အဆောင်နေပြီး မုံရွာ သူနာပြုသင်တန်းကျောင်း(NMTS) မှာ ဒုတိယနှစ် ပညာသင်ကြားနေတဲ့ အသက် ၂၀ နှစ်အရွယ် သူနာပြုဆရာမ မသင်ဇာဟိန်း သွားကူနေတုန်းမှာ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    မတ်လ ၂၈ ရက်နေ့က မုံရွာမြို့၊ အရှေ့ပိုင်း ရတနာပုံရပ်ကွက်မှာ ပစ်ခတ်မှုတွေကြောင့် သူနာပြုဆရာမတစ်ဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း သေဆုံးသူ ၃ ဦးရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

    ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကတည်းက စစ်ကောင်စီတပ်တွေက ပစ်ခတ်နေတာဖြစ်ပြီးတော့ လူနေအိမ်တွေထဲ အထိ လိုက်လံပစ်ခတ်နေတယ်လို့ လည်းသူတို့ကပြောပါတယ်။

    သပိတ်စစ်ကြောင်းစုရပ်မဟုတ်ပေမဲ့ လမ်းတွေပိတ်ဆို့ထားလို့လမ်းသွယ်တွေထဲ အထိပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

    မနေ့ကလည်း အခု ပစ်ခတ်မှုဖြစ်တဲ့ ရတနာပုံရပ်ကွက်မှာ ပစ်ခတ်ခဲ့လို့ ၂ ဦးသေဆုံးခဲ့ပြီး လူ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

  7. မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုကြောင့် မြင်းခြံမှာ အမျိုးသမီးတစ်ဦး သေဆုံး

    မဇင်မာအောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မဇင်မာအောင်
    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့မှာ ဒီနေ့ မတ်လ ၂၈ ရက်နေ့ မနက် ကတည်းက စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုတွေရှိနေပြီး တော့ လူသေဆုံးမှုတွေရှိတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

    ပစ်ခတ်မှုတွေကို အရပ်ဝတ်တွေနဲ့ လည်းပစ်ခတ်နေကြပြီးတော့ ဆိုင်ကယ်ပေါ်က ပစ်ခတ်ခဲ့လို့ လူတစ်ဦး လက်မှာထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

    မနေ့က မတ်လ ၂၇ ရက်နေ့က မြင်းခြံမှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူ ၅ဦးသေဆုံးခဲ့ပါတယ်။

    မနေ့က သေဆုံးသူ ၅ ဦးစလုံးဟာ အမျိုးသားတွေဖြစ်ပြီး တော့ မတ်လ ၂၈ ရက်နေ့က တော့ အသက် ၂၄ နှစ်အရွယ်ရှိ မဇင်မာအောင် ဖြစ်ပြီး ညာဖက်ရင်အုံကို ကျည်ထိမှန်ခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

  8. လူ၉၀ ကျော် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အသေအပျောက် အများဆုံးနေ့ တစ်နေ့

    မြန်မာနိုင်ငံတစ်လွှားမှာအာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ တွေပစ်ခတ်မှုကြောင့် မနေ့က မတ်လ ၂၇ ရက်နေ့မှာ ဆန္ဒပြသူတွေ ၉၁ယောက်ခန့် သေဆုံးခဲ့ပြီး ဒါဟာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံး ရက်တရက် ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ရုံးက ပြောပါတယ်။

    နိုင်ငံအတွင်းက မြို့ပေါင်း ၄၀လောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်

    ပစ်ခတ်မှုတွေကြောင့် ကလေးငယ်လေး တစ်ဦး အပါအ၀င် အနည်းဆုံး ကလေး ၄ယောက် သေဆုံးခဲ့တဲ့အတွက် ဒီအကြမ်းဖက်မှု အပေါ် တုန်လှုပ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ရုံးက ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံတစ်ဝန်း ဖမ်းဆီး နှိပ်စက်မှုတွေလည်း အကြီးအကျယ် ရှိခဲ့တယ်လို့ ကုလရုံးက ပြောပါတယ်။လူမှုကွန်ရက်မှာ တွေ့ရတဲ့ ပုံတွေ အရ ကလေးတွေ ထိခိုက်ဒဏ်ရာရ သေဆုံးနေတဲ့ပုံတွေ မြင်ရတယ်လို့ဆိုပါတယ်။

    နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီ ကလည်း မြန်မာနိုင်ငံမှာ မနေ့က မတ်လ ၂ရ ရက်တစ်ရက်တည်း ဆန္ဒပြသူပေါင်း ၉၀ခန့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး အာဏာသိမ်းပြီးနောက် ကျဆုံးသူပေါင်း ၄၂၃ယောက် ရှိကာ အဖမ်းခံရသူပေါင်း ၂၅၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ထား ပါတယ်။

    ရိုက်တာ သတင်းဖော်ပြချက်အရ မနေ့က မတ်လ ၂ရ ရက်နေ့ နေပြည်တော် စစ်ကောင်စီက တပ်မတော်နေ့အခမ်းအနား ကျင်းပနေစဥ် ၊ နိုင်ငံတစ်လွှားမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲနဲ့ စစ်တပ် လက်ချက်ကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁၁၄ ယောက်သေဆုံးခဲ့တယ် ဆိုပါတယ်။

    မန္တလေးမြို့က  စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုခံရသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, မန္တလေးမြို့က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုခံရသူတစ်ဦး
  9. ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လေတပ်က ဗုံးကြဲ၊ အရပ်သား သေဆုံးမှု ရှိ, အပစ်ရပ် အဖွဲ့ တစ်ခုရဲ့ နုယ်မြေ အတွင်း လေယာဉ် အသုံးပြုပြီး တိုက်ခိုက်လာတာ ဖြစ်

    ကရင်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ မတ်လ ၂၇ ရက် ညပိုင်းက စစ်ကောင်စီ စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး ဗဟိုကို ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘီဘီစီ မေးမြန်းရာမှာတော့ စစ်ကောင်စီ ဘက်က စစ်လေယာဉ် အသုံးပြုပြီး လာရောက် တိုက်ခိုက်တာကို အတည်ပြုပါတယ်။ ဗုံးကြဲတဲ့ နေရာမှာ ကေအန်ယူ တပ်တွေ မရှိဘဲ ကျေးရွာတွေ ပဲရှိလို့ အရပ်သားတွေ သေဆုံး ဒဏ်ရာ ရခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ရဲ့ တွဲဘက် အတွင်းရေးမှူး (၂) ပဒို စောလှထွန်း က ဘီဘီစီကို ပြောပါတယ်။ ထိခိုက် သေဆုံး စာရင်းကတော့ စိစစ်ဆဲလို့ ဆိုပါတယ်။

    ဒေသခံတွေရဲ့ ဘီဘီစီကို ပြောဆိုချက် အရတော့ မတ်လ ၂၇ ရက် ညက ဖာပွန်ခရိုင် ထီးချို့နီရွာမှာ စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှု အတွင်း အရပ်သား ၃ ဦး သေဆုံးခဲ့ရပြီး ၇ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၇ ရက် ည ၇ နာရီ ခွဲ ကျော်ကျော်မှာ လာပြီး ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပြီး ရွာသားတွေဟာ တိမ်းရှောင်ချိန်မရလို့ ထိခိုက်မှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြား ထပ်မံ အတည်ပြုနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

    ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်ဖို့ ကြိုးစားနေပြီး ဆက်သွယ်လို့ မရသေးပါဘူး။

    ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အင်အားကြီး အဖွဲ့တစ်ခု ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံးနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့မှု တွေ ရှိလာနေပါတယ်။ ကရင်ပြည်နယ်ထဲက KNU/KNLA ထိန်းချုပ်နယ်မြေထဲက တပ်စခန်း တချို့ကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ထားတာလည်း ရှိတယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။

    မတ်လ ၂၇ ရက်မနက်ပိုင်း တုန်းက တော့ စစ်ကောင်စီရဲ့ သီးမူထာတပ်စခန်းတောင်ကုန်းကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၅) က သိမ်းပိုက်လိုက်ကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    လေယာဉ်ဗုံးကြဲတဲ့ နေရာမှာ ကျေးရွာတွေရှိလို့ အရပ်သားတွေ ထိခိုက်ခဲ့ရလို့ ဆို

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေယာဉ်ဗုံးကြဲတဲ့ နေရာမှာ ကျေးရွာတွေရှိလို့ အရပ်သားတွေ ထိခိုက်ခဲ့ရလို့ ဆို
  10. "လက်နှက်မပါတဲ့ ပြည်သူကို ပစ်တာ မတရားမှုပဲ ဒါစစ်ရာဇဝတ်မှုပဲ", ဖက်ဆစ်တော်လှန်ရေးနေ့မှာ သေဆုံးခဲ့တဲ့ ဗိသုကာဘွဲ့ရတစ်ဦးရဲ့ နာရေး

    မန္တလေး မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က ရပ်ကွက်ထဲမှာ လုံခြုံရေး အတွက် သဲအိတ်ကာပေးချိန် ကျည်မှန်သေဆုံးရတဲ့ ကိုကျော်ဝင်းမောင် (ခ ) ကျော်ကို နာရေးကို ဒီနေ့ မတ်လ ၂၈ နေ့မှာ မှာပြုလုပ်ခဲ့ပါတယ်။

    သေဆုံးသူဟာ အသက် ၃၁နှစ်အရွယ် နည်းပညာကျောင်း ဗိသုကာဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ အင်ဂျင်နီယာသပိတ် စစ်ကြောင်းက အပြန် ရပ်ကွက်အနီး ပစ်ခတ်သံကြားရလို့ အိမ်အနီးဝန်းကျင်က ရပ်ကွက်မှာ သဲအိတ်ကာပေးချိန် အပစ်ခံရတာပါ။ ကျည်ဆန်က အနောက်ကနေ အရှေ့ကို ထုတ်ချင်းပေါက်မှန်ပြီး အရိုးတချို့ ပဲ့ကျန်ခဲ့တယ်လို့ ကိုကျော်ဝင်းမောင် မိသားစုဝင်ကပြောပါတယ်။

    "လက်နှက်မပါတဲ့ ပြည်သူကို ပစ်တာ မတရားမှုပဲ ဒါစစ်ရာဇဝတ်မှုပဲ" လို့ သေဆုံးသူရဲ့ အကို ကိုဇင်ထွန်းအောင်က ပြောပါတယ်။

    မန္တလေးမှာ မတ်လ ၂၇ ရက်နေ့ စစ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ပြည်သူ အနည်းဆုံး ၁၀ ဦးသေဆုံးပြီး တချို့ ကျည်မှန်သေဆုံးသူနဲ့ ကျည်မှန် ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီတပ်က ဆွဲယူခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ က မန္တလေး မှာ စစ်ကောင်စီတပ်က ပစ်လို့ သေဆုံးခဲ့တဲ့ ဗိသုကာဘွဲ့ရ ကိုကျော်ဝင်းမောင်ရဲ့ နာရေး။

    ဓာတ်ပုံ ရင်းမြစ်, BBC Burmese

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ က မန္တလေး မှာ စစ်ကောင်စီတပ်က ပစ်လို့ သေဆုံးခဲ့တဲ့ ဗိသုကာဘွဲ့ရ ကိုကျော်ဝင်းမောင်ရဲ့ နာရေး။
  11. စစ်ကိုင်းမှာ ၂ ဦးသေဆုံး၊ ဖမ်းဆီးဒဏ်ရာရသူတွေရှိ

  12. ကလေးတွေပါ ကျည်ထိသေဆုံးနေတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ

  13. အသက် ၁၃ နှစ် လူငယ်လေး နောက်စေ့အပစ်ခံရပြီးသေဆုံး

  14. ဘယ်လ်ဂျီယံမှာ ဥရောပပါလီမန်ကို တောင်းဆို ဆန္ဒပြ

    အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ ရပ်တန့်အောင် ဥရောပ ပါလီမန်က ကူညီဆောင်ရွက်ပေးဖို့ ဘယ်လ်ဂျီယံနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

    ဘယ်လ်ဂျီယံမှာ ဥရောပပါလီမန်ကို တောင်းဆို ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. နိုင်ငံအနှံ့ ပစ်ခတ်မှုတွေမှာ သေဆုံးသူ ၉၀ နီးပါးရှိ

    ဒီကနေ့ နိုင်ငံအနှံ့ အရုဏ်တက်ချိန်က စခဲ့တဲ့ သပိတ်တွေ အပါအဝင် ဆန္ဒပြမှုတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ အနည်းဆုံး လူ ၈၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ခံရရှိထားတဲ့ညနေအစောပိုင်းအထိ အချက်အလက်တွေကိုးကားပြီး AFP သတင်းမှာဖော်ပြထားပါတယ်။

    ဒီပစ်ခတ်မှုတွေမှာ ဆန္ဒပြသူတွေ သေဆုံးမှုအပြင် ဆန္ဒပြမှုတွေမှာ မပါဝင်တဲ့ ရပ်ကွက်တွေနဲ့ နေအိမ်ထဲ နေထိုင်သွားလာနေတဲ့ ကလေးတွေပါ သေဆုံးမှုတွေရှိလို့ မြန်မာနိုင်ငံက ကုလဌာနေအဖွဲ့တွေ အပါအဝင်ဥရောပသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နဲ့ဗြိတိသျှသံရုံးကသံအမတ်ကြီးတွေကလည်း ကြေညာချက်ထုတ် ပြင်းပြင်းထန်ထန် ရှုတ်ချထားကြပါတယ်။

    ဒီကနေ့ဟာ စစ်အာဏာသိမ်း ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့ရာက လူသေဆုံးမှု အများဆုံး နေ့တစ်နေ့ ဖြစ်ခဲ့တာကို သိခဲ့ရလို့ အလွန်အံ့အားသင့်တုန်လှုပ်မိတယ်လို့ ကုလဌာနေအဖွဲ့တွေက ပြောပါတယ်။

    နိုင်ငံအနှံ့ ပစ်ခတ်မှုတွေမှာ သေဆုံးသူ ၉၀ နီးပါးရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. ယူကေရောက်မြန်မာတွေ ထရာဖယ်ဂါ ရင်ပြင်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြ

  17. မိတ္ထီလာဆန္ဒပြသူတွေကို ဖြိုခွင်းမှု အနည်းဆုံး လေးဦးသေဆုံး

    ဒီကနေ့ မနက် မိတ္ထီလာမြို့မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုတွေရှိခဲ့ရာမှာ နေအိမ်ထဲမှာ ရှိနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေး အပါအဝင် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

    အနည်းဆုံး လူ လေးယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်သူတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

    အိမ်မှာ နေရင်းသေဆုံးခဲ့တဲ့ မိန်းကလေးက သီရိမင်္ဂလာ ရပ်ကွက် ဒဟတ်တန်းမှာ နေထိုင်တဲ့ အမှတ် ၁ အစိုးရ အထက်တန်းကျောင်းက မပန်းအိဖြူဖြစ်ပါတယ်။

  18. တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို

    နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဒီမိုကရေစီ အနောက်နိုင်ငံတွေ အများအပြား မတက်ရောက်ခဲ့ကြဘူးလို့ Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။

    ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးလေ့ရှိတဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ့်တို့နဲ့ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က စစ်သံတွေ အခမ်းအနားတက်ရောက်ခဲ့တယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

    အဲဒီအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံကို မိတ်ဆွေနိုင်ငံအဖြစ် ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။

    ဒါ့အပြင် ဂုဏ်ပြုညစာစားပွဲမှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီဥက္ကဋ္ဌတွေတက်ရောက်တယ်လို့လည်း စစ်ကောင်စီက ညပိုင်းသတင်းကြေညာရာမှာ ပြောကြားသွားပါတယ်။ ဘယ်အဖွဲ့တွေဆိုတာကိုတော့ နာမည်တွေနဲ့ ပြောကြားတာမရှိပါဘူး။

    ဒီအခမ်အနားမတိုင်မီကတော့ သံရုံးတချို့နဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တပ်မတော်နေ့ကို တက်ရောက်ဖို့ ဖိတ်ကြားခံရပေမဲ့ မတက်ရောက်ဘူးလို့ ထုတ်ပြောထားကြတာတွေ ရှိပါတယ်။

    တပ်မတော်နေ့အခမ်းအနား အနောက်နိုင်ငံတွေမတက်၊ ရှစ်နိုင်ငံက စစ်သံတွေ တက်ရောက်ခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. သွေးထွက်သံယိုမှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့တာကို လွန်စွာအံ့အားသင့်တုန်လှုပ်မှုမိတယ်လို့ ကုလဌာနေအဖွဲ့တွေ ကြေညာ

    ဒီကနေ့ မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်က လူဒါဇင်နဲ့ချီ ပစ်ခတ်သတ်ဖြတ်ခဲ့တာတွေကို အံ့အားသင့် တုန်လှုပ်မိကြောင်းနဲ့ တာဝန်ရှိသူတွေ တာဝန်ခံရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေအဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအဖွဲ့တွေမှာ FAO, ILO, IOM, ITC, OCHA, UNAIDS, UNCDF, UNDP, UNEP, UNESCO, UNFPA, UN HABITAT, UNHCR, UNICEF, UNIDO, UNODC, UNOPS, UNV, UN WOMEN, WFP, WHO တို့ပါဝင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။

  20. တပ်မတော်နေ့ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေကိုယ်တိုင်အရှက်တကွဲ ဖြစ်စေတယ်လို့ ဗြိတိသျှသံအမတ်ပြော

    ဒီကနေ့ တပ်မတော်နေ့ ဆန္ဒပြမှုတွေကို နိုင်ငံတစ်ဝန်း ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေသေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးဗြိတိသျှသံအမတ် ဒန်ချက်ကကြေညာချက်ထုတ်ခဲ့ပါတယ်။