စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သေဆုံးရသူ ၅၂၁ ဦး ရှိလာ

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ပုံ တွေ့ရပြီး ရွှင်ရွှင်လန်းလန်းရှိတယ်လို့ ရှေ့နေပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေး အောင်ပင်လယ် ပစ်ခတ်မှု တစ်ဦးသေ

    မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှု​ကြောင့် ၁ ဦး ​သေဆုံးပြီး အနည်းဆုံး ၆ ဦးခန်ဒဏ်ရာ ရရှိခဲ့​တယ်လို့ဒေသခံတွေနဲ့ မန္တလေးအခြေစိုက်သတင်းဌာန အချို့က အတည်ပြုကြပါတယ်။

    လမ်းပေါ်ကလုံခြုံရေးအရ ပြည်သူတွေလုပ်ထားကြတဲ့ အကာ အကွယ်တွေကို စစ်တပ်နဲ့ရဲတို့က ရွှေ့ခိုင်းရာကစပြီး အချေအတင်ဖြစ်ခဲ့ရာကနေ အောင်ပင်လယ်ရပ်ကို ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦး ဘီဘီစီကိုပြောပါတယ်။

    သေဆုံးသူ ဟာ အသက် ၄၀ ကျော်အရွှယ်ဖြစ်ပြီး သေနတ် ကျည် ခေါင်းကို ထိမှန်ပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ လည်း ဘီဘီစီက သတင်းရရှိပါတယ်။

    no tag
  2. CDM ဝန်ထမ်းတွေကို နေအိမ် ကနေ မတ် ၂၅ ရက်နေ့ နောက်ဆုံးထားဖယ်ခိုင်း

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဘူတာကြီးမီးရထားတိုက်ခန်းနေသူ မြန်မာ့မီးရထားဝန်ထမ်းများကို မတ် ၂၂ ရက်နေ့တွင် အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက အကြောင်းကြားစာထုတ် သတိပေးခဲ့တယ်လို့ သိရပါတယ်။

    လုပ်ငန်းခွင်ကို ဝင်ရောက်ခြင်းမရှိတဲ့ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကို နေအိမ်လိုင်းခန်းကနေ မတ် ၂၅ ရက်နေ့ နောက်ဆုံးထားပြောင်းဖို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သတိပေးခဲ့တယ်လို့လည်းသူတို့က ပြောပါတယ်။

  3. နေပြည်တော်မှာ သတင်းထောက်တစ်ဦး ထပ်အဖမ်းခံရ

    AUNG KO LAT

    ဓာတ်ပုံ ရင်းမြစ်, cj

    နေပြည်တော် မှ မတ်လ ၂၁ ရက် ဒီနေ့ သတင်းထောက်တစ်ဦး ထပ်ပြီးအဖမ်းခံရတယ်လို့ နေပြည်တော်က သတင်းထောက်အသိုင်းအဝိုင်းက သိရပါတယ်။

    အဖမ်းခံရ သူဟာ လက်ရှိ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကိုလတ်ဖြစ်ပြီးတော့ အရင်ကတော့ ဒီဗီဘီ ရုပ်သံမှာ လုပ်ကိုင်ခဲ့သူ သတင်းထောက်တစ်ဦးလည်းဖြစ်ပါတယ်။

    မတ်လ ၂၀ ရက်နေ့က နေပြည်တော် ပျဉ်းမနားဆန္ဒပြပွဲကို သွားရောက်ရိုက်ကူးစဥ်မှာ ဆန္ဒပြပွဲနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကားကို ရဲက သိမ်းသွားခဲ့ပြီး ဒီနေ့ မတ်လ ၂၁ ရက် ကားသွားပြန်ရွေးစဥ်မှာ လူနဲ့ ကွန်ပျူတာပါ အကုန်သိမ်းပြီးဖမ်းလိုက်တာဖြစ်တယ်လို့လည်း ဘီဘီစီက စုံစမ်းသိရပါတယ်။

    ဘီဘီစီ မြန်မာဌာန နေပြည်တော် အခြေစိုက် သတင်းထောက် ကိုအောင်သူရ နဲ့ စစ်ကောင်စီက လုပ်ကိုင်ခွင့် ရပ်ဆိုင်းထားခံရတဲ့ မဇ္စျိမ မီဒီယာရဲ့ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပါတယ်။

  4. စစ်ကောင်စီတပ်တွေ ရုံးခန်းတစ်ခုကို စီးနင်းနေစဥ် အမျိုးသမီးတစ်ဦး ငါးလွှာက ပြုတ်ကျ သေဆုံး

    ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၁ လမ်းက ပရဟိတ အသင်းရုံးခန်းတစ်ခုကို စစ်ကောင်စီတပ်တွေ ကသေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီနင်းခဲ့ပြီး အဲ့ဒီရုံးခန်းအပေါ်ထပ် ၅ လွှာမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး တိုက်ပေါ်က ပြုတ်ကျပြီးသေဆုံးခဲ့ပါတယ်။

    သူဟာ ကလေးမြို့ တာဟန်းရပ်ကွက်မှာနေထိုင်ပြီး ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူ မဇွာလ်ငီး ဖြစ်တယ်လို့ လည်းကလေးမြို့ တာဟန်း ရပ်ကွက်နေထိုင်သူ တစ်ဦးကပြောပါတယ်။

    ဒီနေ့ မတ်လ ၂၁ ရက်‌နေ့ မနက် ၁၁ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေဟာ we love Yangon အသင်း ရုံးခန်းကို လာရောက်ပြီး တံခါးတွေဖျက် သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအချိန်မှာ ရုံး အပေါ်ထပ် ၅ လွှာမှာနေထိုင်သူ အမျိုးသမီးဟာ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    သူဟာ ရန်ကုန်မြို့က ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီးတော့ သူနေထိုင်တဲ့ အခန်းတံခါးကို စစ်ကောင်စီတပ်တွေ လာပြီးတံခါးလာခေါက်စဥ်မှာ အခန်းကနေ အနောက်ဘက် ပြေးထွက်စဥ် ပြုတ်ကျ သေဆုံ;ခဲ့တယ်လို့ တာဟန်းရပ်ကွက်က သူနဲ့ ဆွေနီးမျိုးစပ်တော်သူတွေက ပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, Social Media

  5. စစ်ကောင်စီတပ်တွေကို​ထောက်ပံ့မှု ကို KNU လက်မခံ

    ကေအန်ယူပိုင် နယ်မြေထဲရောက်နေတဲ့ အာဏာသိမ်း​စစ်ကောင်စီတပ်တွေကို ​ထောက်ပံ့ကူညီ​နေမှု ကိုလုံးဝသည်းခံမှာ မဟုတ်ဘူးလို့ KNUက ဒီနေ့ ​ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။

    တပ်မဟာ ၅ နယ်မြေ အတွင်း‌ရောက်နေတဲ့ စစ်ကောင်စီတပ်တွေ ကို ကူညီပံ့ပိုးပေးတဲ့လူပုဂ္ဂိုလ် အဖွဲ့အစည်းအပေါ်မှာတစ်စုံတစ်ရာဖြစ်ပေါ်ပါက ကေအန်ယူတပ်မဟာ ၅ က တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ သံလွင်မြစ်တလျှောက် လှုပ်ရှားနေတဲ့ သူတို့ရဲ့ တပ်တွေအတွက် စားနပ်ရိက္ခာတွေကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေကနေ ဖြတ်ပြီး သယ်လို့မရတဲ့အတွက် ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကွေ့ပတ်ပြီး သယ်ခဲ့ရတယ်လို့ KNU သတင်းရင်းမြစ်တွေက ပြောပြီး ထိုင်းဘက်က တော့ဒါကို ငြင်းဆိုခဲ့ပါတယ်။

    No tag
  6. သာကေတက ကျည်မှန်တဲ့ နဝမတန်းကျောင်းသား စျာပန

    မတ်၂၀ ရက်နေ့ က ရန်ကုန်မြို့၊ သာကေတမြို့နယ် ၆ ရက်ကွက် ရွှေပြည်သာအရှေ့လမ်းထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ပစ်ခတ်ခဲ့လို့ အသက် ၁၅ နှစ်အရွယ် နဝမတန်း ကျောင်းသား မောင်အောင်ကောင်းထက်ရဲ့ မျက်နှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပြီး သူ့စျာပနာ ကို ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

    no tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  7. တိုင်ပေမှာ မြန်မာစစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပ

  8. မုံရွာမှာ ပစ်ခတ်ဖြိုခွင်းလို့ တစ်ဦးသေဆုံး

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    မုံရွာမြို့မှာ မတ်လ ၂၁ ရက်နေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူအချို့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်တာ ခံခဲ့ရပြီး လူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သေဆုံးသွားသူဟာ မုံရွာမြို့နန္ဒဝန် ရပ်ကွက်မှာ အပစ်ခံခဲ့ရတာဖြစ်ပြီးတော့ သူအပါအဝင် လူ၃ ဦး သေနတ်ထိမှန်ခဲ့တယ်လို့လည်း မုံရွာဒေသခံက ပြောပါတယ်။

    ကျန် ဒဏ်ရရှိသူတွေ အခြေအနေနဲ့ပတ်သက်လို့ မသိရှိရသေးကြောင်းနဲ့ ခုလို ပစ်ခတ်ဖြိုခွဲမှုတွေရှိခဲ့ပေမဲ့လည်း မုံရွှာမြို့ ပင်မသပိတ်စစ်ကြောင်းချီတက်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

  9. မြန်မာစစ်ကောင်စီတပ်ဖွဲ့အတွက် ရိက္ခာတွေ သူတို့ မထောက်ပံ့ဘူးလို့ ထိုင်းစစ်တပ်ငြင်း

  10. , တိုကျို ကုလသမဂ္ဂ တက္ကသိုလ် ရုံးချုပ်ရှေ့ မြန်မာတွေ အစာငတ်ခံဆန္ဒပြ

    ကုလ

    ဓာတ်ပုံ ရင်းမြစ်, Ma Thiri Thitsar

    ဓာတ်ပုံ ပုံစာ, ကြေညာချက်တွေပဲ ထုတ်နေမယ့်အစား လက်တွေ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ကုလကို တောင်းဆို

    မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂက အနေနဲ့ကြေညာချက်တွေပဲ ထုတ်နေမယ့်အစား လက်တွေ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါ ဆိုပြီး ဂျပန်နိုင်ငံရောက်မြန်မာ ၂၅ ယောက်က တိုကျိုမြို့၊ ကုလသမဂ္ဂ တက္ကသိုလ် ရုံးချုပ်ရှေ့မှာ၄၈ နာရီကြာ အစာငတ်ခံ ဆန္ဒပြနေ ကြပါတယ်။

    ကုလသမဂ္ဂ အတွက် ပညာရပ်ပိုင်းနဲ့ သုတေသန ဆိုင်ရာ လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်း ဌာနကြီးဟာ ကုလတက္ကသိုလ်လို့ မည်တွင်ပြီး ဌာနချုပ်က ဂျပန်နိုင်ငံ မြို့တော် တိုကျိုရဲ့ အထင်ကရ ရှီဘုယအရပ်မှာ ရှိတာ ဖြစ်ပါတယ်။

    ဒေသစံချိန် စနေ မနက် ၈ နာရီက စတင်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲဟာ တနင်္လာနေ့ မနက် ၈ နာရီမှာ ပြီးဆုံးမှာပါ။

    အစာငတ်ခံ ဆန္ဒပြတာအပြင် မြန်မာ နိုင်ငံသား ၃၀၀ ကျော်က ကုလတက္ကသိုလ် ရုံးချုပ်ရှေ့မှာပဲ ဆန္ဒပြ တောင်းဆိုတာတွေ၊ ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်တာတွေ ပြုလုပ်ခဲ့ကြသလို၊ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေနဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေကလည်း အန္တရာယ်ကင်း တရားတော်တွေ ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာ ပို့ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း

    ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။

  11. ကျွန်းလှမြို့နယ် အထွေထွေသပိတ်

  12. တပ်မတော်နေ့ ဖိတ်ကြားမှု ငြင်းဆန်မှုတွေရှိ

  13. သာကေတက ကျည်ထိလူငယ် သေဆုံး

  14. မိုးကုတ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ညကင်းသမားရဲ့ နာရေး ပြုလုပ်

  15. CRPH နိုင်ငံခြားရေးဝန်ကြီးနဲ့တောင်ကိုရီးယားလွှတ်တော်နိုင်ငံခြားရေးရာဥက္ကဋ္ဌတယ်လီဖုန်းကဆင့်ဆွေးနွေး

  16. ကျောက်မြောင်းသပိတ် ပြင်ဆင်နေစဥ် ပစ်ခတ်ဖြိုခွင်းခံရမှု တစ်ဦးသေဆုံး

  17. ပခုက္ကူမှာ ညက ဖမ်းဆီးသွားသူ အမျိုးသမီး သေဆုံးပြီလို့ မိသားစုကိုအကြောင်းကြား

  18. လှိုင်မှာ ညက ဖမ်းခံရသူရဲ့အလောင်းကို စစ်တပ်က လာထုတ်ခိုင်း

  19. လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ

    ဓာတ်ပုံ ပုံစာ, စစ်တပ်က ကြမ်းကြုတ်ရက်စက်မှုတွေ ဆက်ပြီးကျူးလွန်နေ
  20. လူကိုလမ်းပေါ် လေးဘက်ထောက်သွားစေတာမျိုး စစ်ကောင်စီတပ်ဖွဲ့ ပြုမူ

    ဓာတ်ပုံ ပုံစာ, လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုမူဆက်ဆံ