ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အာဏာသိမ်းမှုဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတကာ တရားရေးပညာရှင်အဖွဲ့ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဥ် စတင်ချိန်ကနေ ဖေဖော်ဝါရီ ၈ ရက်အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စုစည်းတင်ဆက်ထားတဲ့ စာမျက်နှာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန် ဝန်ကြီးခန့်

    ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် စစ်အစိုးရက ခန့်အပ်လိုက်တယ်လို့ မြဝတီရုပ်သံက ည ၈ နာရီ သတင်းမှာ ကြေညာပါတယ်။

    ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ ဒေါက်တာဒေါ်သက်သက်ခိုင်ဟာ လွှတ်တော်တွင်းမှာ ဘဏ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာတော့ NLD ပါတီက ချမှတ်ထားတဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့ စည်းကမ်း ချိုးဖောက်တယ်လို့ ဆိုကာ ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ )ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီကနေ ၂၀၁၉ ခုနှစ်က နုတ်ထွက်ခဲ့ပါတယ်။

    သူဟာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဒေါက်တာမေဝင်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။

  2. စစ်အာဏာသိမ်းခေါင်းဆောင်တွေက တည်ငြိမ်ရေးအတွက်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်ကို ပိတ်

  3. မန္တလေးက ဆန္ဒပြ လူငယ်အချို့အထိန်းသိမ်းခံရ

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ကြောင်း မန္တလေးမြို့မှာ လူငယ်တွေက ဦးဆောင်ပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

    ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ လူငယ် ၂၀ ကျော်က အာဏာရှင်စနစ် အလိုမရှိ၊ ဖမ်းဆီးခံ ခေါင်းဆောင်တွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ စစ်အာဏာရှင် စနစ် ကျဆုံးရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

    ဆန္ဒပြလူငယ်တွေထဲက ၄ ယောက်ထက် မနည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့ အဲဒီဆန္ဒပြပွဲကို ဦးဆောင်သူ ကိုတေဇာစန်းက သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ အတည်ပြု ရေးသားထားပါတယ်။

    ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အထဲမှာပါတဲ့ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်က ကိုဥက္ကာမင်း၊ ရတနာပုံတက္ကသိုလ်က ကိုမင်းညီညီကွန်း၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ကို ပ-၁၁/၂၀၂၁ နဲ့ အမှတ် (၈)ရဲစခန်းက အမှုဖွင့်ထားပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ စွဲချက်တင်မယ်လို့ ဆိုပါတယ်။

  4. ရန်ကုန်မှာ အာဏာသိမ်း စစ်အစိုးရကို ဆန္ဒပြ

    ရန်ကုန်တိုင်း စမ်း‌ချောင်းမြို့နယ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုကို လူငယ်အချို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၄ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

    ဆန္ဒပြသူတွေက စစ်အာရှင်စနစ် ကျဆုံးရေး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ လွတ်မြောက်ရေးအတွက် လူတွေကို ဟောပြောခဲ့ကြပါတယ်။

  5. တပ်မတော်ဆေးရုံတွေမှာ ပြည်သူတွေ လာရောက် ဆေးကုနိုင်တယ်ပြော

    Civil Disobedience လှုပ်ရှားမှုကြောင့် ကျန်းမာရေးဝန်ထမ်း အချို့နားယောင်ပြီး တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်မှုတွေ ဖြစ်နေတဲ့အတွက် တပ်မတော်ဆေးရုံတွေမှာ ပြည်သူတွေ လာရောက် ဆေးကုနိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

    ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီး အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးတချို့မှာ ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ သက်ဆိုင်ရာ အလုပ်တာဝန်တွေကို မထမ်းဆောင်တော့ဘဲ Civil Disobedience လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်ခဲ့ကြပါတယ်။

    မြို့ပေါင်း ၃၀ ကျော်မှာ ရှိတဲ့ ဆေးရုံနဲ့ ဌာန ၇၀ ကျော်က အထူးကုဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာ ဆရာမတွေ၊ သွားဆရာဝန်တွေ၊ ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ တခြား ကျန်းမာရေးဝန်ထမ်းတွေသာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဆရာဆရာမများ သမဂ္ဂတွေနဲ့ ကျောင်းဆရာ ဆရာမတွေလည်း ပါဝင်ခဲ့ကြတယ်လို့ ဒီလှုပ်ရှားမှုအကြောင်း အချက်အလက်တွေ စုဆောင်းနေတဲ့ Civil Disobedience Movement လှုမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

  6. NLD အမတ်တွေ ကိုယ်တိုင်လွှတ်တော်ခေါ်

    ၂၀၂၀ ရွေးကောက်ပွဲ‌ အနိုင်ရ ရွေးကောက်ခံ လွှတ်တော် အမတ်အချို့ဟာ နေပြည်တော် စည်ပင်ရိပ်သာထဲမှာ ဖေ‌ဖော်ဝါရီလ ၄ ရက်နေ့က လွှတ်တော် ခေါ်ယူခဲ့တယ်လို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီလို လွှတ်တော်ခေါ်မယ့် အစီအစဉ်ကို အများစုက မသိရှိတာကြောင့် လွှတ်တော် အမတ်တချို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် အိမ်ပြန်သွားကြတာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

    အခုချိန်ထိ စည်ပင် ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD အမတ် ၇၀ ခန့် ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

    လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော် ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

    NLD ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့် ကတော့ လွှတ်တော်ခေါ်တဲ့ သဘောမဟုတ်ကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ဦးစီ ကတိသစ္စာပြုတာသာ ဖြစ်ကြောင်းလည်း ဘီဘီစီ ကိုပြောပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်တဲ့ စည်ပင်ရိပ်သာကို အခုအခါ အဝင်အထွက် ပိတ်ထားတယ်လို့ နေပြည်တော်ဒေသခံတွေက ပြောပါတယ်။

  7. ဖဲကြိုးနီလှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတွေ ပါဝင်လာ

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပညာရေးဝန်ထမ်းတချို့လည်း ပါဝင်လာပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပညာရေးဝန်ထမ်းတွေ ဒီနေ့ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက လက်သုံးချောင် းထောင်ပြီး ဖဲကြိုးနီတွေ တပ်ဆင်ကာ ခုလို ဆန္ဒဖော်ထုတ် နေကြတာဖြစ်ပါတယ်။ "စစ်အာဏာရှင်ကို မကြိုက်လို့ ဆန့်ကျင်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်တာဖြစ်ပါတယ်။ ကန့်ဘလူမြို့ပေါ်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ရာထူးပေါင်းစုံနဲ့ ကျောင်းပေါင်းစုံက ပညာရေးဝန်ထမ်းတွေ ပါဝင်ပါတယ်" လို့ ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

  8. ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးစဖွင့်

    ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးကို ဖေဖော်ဝါရီ ၄ ရက် ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

    ယခင် ပြည်နယ်အစိုးရရုံးကို ကောင်စီဥက္ကဌရုံးအဖြစ် ဖွင့်လှစ်ထားပေမယ့် ရုံးဝင်းအတွင်းမှာတော့ တပ်မတော်က ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းပြီး ရုံးတွေကို ယာယီ ပိတ်ထားခဲ့ရာကနေ ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာတော့ ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အစိုးရလက်ထက်က လူမှုရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပြီး သုံးရက်မြောက်နေ့မှာ ကောင်စီဥက္ကဋ္ဌရုံးအဖြစ် စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်ပြီးတော့ လည်ပတ်လာခဲ့ပြီလို့ ယူဆရပြီး အာဏာသိမ်းစဉ်က ခေါ်ဆောင် ထိန်းသိမ်းခြင်းခံရသူတွေထဲက ဝန်ကြီးချုပ်အပါအဝင် တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့် ဆက်လက် ထိန်းသိမ်း ခံနေရသူတွေ ရှိနေပါသေးတယ်။

  9. ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှပြန်မလွတ်သေး

    ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ထိန်းသိမ်းထားတာ ဒီကနေ့ဆိုရင် ၄ ရက်မြောက် ရှိပြီဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကို စစ်တွေ ခလရ(၂၀) ဗန္ဓုလ ရိပ်သာမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

  10. ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်အဖြစ် ခန့်အပ်ခံရပြီး ပါတီအစည်းအဝေးကျင်းပ

    ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခံရပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ ပါတီစီအီးစီ အစည်းအဝေး ကျင်းပ ပြုလုပ်နေကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးနေတာဖြစ်ပြီး အစည်းအဝေး နောက်ဆက်တွဲ ထူးခြားချက် ရှိရင် ဆက်လက် တင်ဆက်ပေးဖို့ရှိပါတယ်။Show less

  11. မြန်မာမှာ ဖေ့စ်ဘွတ် သုံးရတာ နှေးလာ၊ တချို့နေရာတွေမှာ ဖေ့စ်ဘွတ်ခ် သုံးမရတော့

    မြန်မာနိုင်ငံမှာ အသုံးအများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ကို ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ကစလို့ သုံးစွဲရတာ နှေးကွေးလာပြီး တချို့နေရာတွေမှာ အသုံးပြုလို့မရတဲ့ အထိ ဖြစ်နေပါတယ်။ မမှန်သတင်းတွေနဲ့ လှုံ့ဆော်မှုတွေကို ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ပြုလုပ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်ကို ပြည်တွင်းမှာ ဖေဖော်ဝါရီလ ၇ ရက် အထိ ပိတ်ထားဖို့ မိုဘိုင်းလ် ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်လိုက်ဖို့ အစိုးရရဲ့ ညွှန်ကြားချက်ကို တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေလိုပဲ တယ်လီနော အော်ပရေတာအနေနဲ့လည်း ရရှိထားတယ်လို့ ဆိုပါတယ်။ တယ်လီနောက အဲဒီညွှန်ကြားချက်အရ ဖေ့စ်ဘွတ်ခ်ကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ် ပြောခွင့်ရသူ အန်ဒီစတုံးက အဲဒီ လို ပိတ်ထားတာကို သိရှိရကြောင်း ပြောပါတယ်။

  12. စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရှေ့နေကွန်ယက်ထုတ်ပြန်

    ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီး နိုင်ငံတော် အာဏာသုံးရပ်ကို လက်နက်နဲ့ အဓမ္မ သိမ်းယူထားတဲ့ စစ်အာဏာသိမ်း အစိုးရကို ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြည်သူ့ရှေ့နေကွန်ယက်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

  13. ကယ်ဆယ်ရေးလေယာဉ် ပြန်လည်ပြေးဆွဲသွားနိုင်ရေး တိုကျို၊ မြန်မာသံရုံး ထုတ်ပြန်

    ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များ ပြန်လည်ပြေးဆွဲသွားနိုင်ရေး အသိပေးထုတ်ပြန်ချက်ကို ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

  14. နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP က ဒေါ်အေးနုစိန် ခန့်အပ်ခံရ, ကောင်စီဝင်တွေထဲ ပထမဆုံး အမျိုးသမီးအဖွဲ့ဝင်ဖြစ်

    အာဏာသိမ်းစစ်အစိုးရ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကို ထပ်တိုးဖွဲ့စည်းရာမှာ ရခိုင်အမျိုးသားပါတီက ဒေါ်အေးနုစိန် ပါဝင်လာပါတယ်။ ဒေါ်အေးနုစိန်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို နိုင်ငံတော် ကောင်စီဝင်အဖြစ် ခန့်အပ်ခြင်းခံရတာနဲ့ပတ်သက်လို့ ဒေါ်အေးနုစိန်းကိုရော ပါတီတာဝန်ရှိသူတွေကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  15. မန္တလေး ဧရာဝတီစင်တာမှာ ကိုဗစ်လူနာသစ်လက်မခံနိုင်တော့

    မန္တလေး ဧရာဝတီကုသရေးစင်တာမှာ အနံ့မရလူနာတွေ စစ်ဆေးပေးဖို့ ဆရာဝန်မရှိလို့ လူနာသစ် ထပ်မံလက်ခံ ပို့ပေးလို့ မရဘူးလို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆေးရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

    အနံ့မရလူနာတွေကို သီးသန့်ကုသ စစ်ဆေးပေးတာ မန္တလေးဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာသာ ရှိပါတယ်။

    လက်ရှိမှာ မန္တလေးမြို့က ဖျားနာကုသရေး ဒေသန္တရ ဆေးခန်းတချို့တွေကိုလဲ ပိတ်သိမ်းလိုက်ပါတယ်။

    လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေတွေကို လက်မခံလို့ ဆရာဝန်တွေက ဆက်လက်တာဝန်မထမ်းဆောင်နိုင်လို့ ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

    ပရဟိတအသင်းတချို့ လုပ်ငန်းတွေ၊ ပရဟိတလုပ်ဆောင်သူအများစုကလဲ အခုအစိုးရလက်အောက်မှာ လက်တွဲ လုပ်ကိုင်ဖို့ စိတ်ဆန္ဒမရှိတာကြောင့် ရပ်ဆိုင်းဖို့ အထိ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

  16. ဝါရှင်တန်ဒီစီကမြန်မာသံတမန်တစ်ယောက်စစ်အာဏာသိမ်းတာကိုဆန့်ကျင်ပြီးတာဝန်ကနုတ်ထွက်

    မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက်အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သံတမန်တစ်ယောက်သူ့ရဲ့ရာထူးတာဝန်ကနေနုတ်ထွက်လိုက်ပါတယ်။

    ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတဲ့မြန်မာသံရုံးကပထမအတွင်းဝန်ဦးမောင်မောင်လတ်ဟာရာထူးကနေနုတ်ထွက်ခဲ့ပြီးတဲ့နောက်ဗုဒ္ဓဟူနေ့ ဒေသစံတော်ချိန်နေ့လယ်ပိုင်းကမြန်မာစစ်သံရုံးရှေ့မှာကျင်းပတဲ့စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲကိုသူတို့နဲ့အတူတက်ရောက်ခဲ့တယ်လို့မြန်မာ့အရေးလှုပ်ရှားတက်ကြွသူဦးရင်အေးကဘီဘီစီကိုပြောပါတယ်။

    အဲဒီသံတမန်ဟာသူတို့နဲ့ဆက်သွယ်ခဲ့ပြီးအခုတော့လုံခြုံရာမှာရှိနေကာအမေရိကန်နိုင်ငံမှာနိုင်ငံရေးခိုလှုံနိုင်ဖွယ်ရှိတယ်လို့အဲဒီသံတမန်အရေးကိစ္စအတွက်စီစဉ်ဆောင်ရွက်ပေးနေတဲ့ဦးရင်အေးကပြောပါတယ်။

  17. အာဏာသိမ်းမှုကို လူထု မနာခံမှုနဲ့ ဆန့်ကျင်

    စစ်တပ်အာဏာသိမ်းမှုကို လူထုမနာခံမှုဖြင့် ငြိမ်းချမ်းစွာ ပြန်လည် တုံ့ပြန်နေကြပါတယ်။

  18. သံပုံတီးဆန္ဒဖော်ထုတ်မှု ဒုတိယမြောက်နေ့ မြင်ကွင်းများ

    တပ်မတော်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ရန်ကုန်လူထုက သံပုံးတီးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို တပ်မတော်ကအာဏာသိမ်းပြီး နောက်တစ်ရက်ညကစတင် လှုပ်ရှားခဲ့ရာ ဒီညနဲ့ဆို နှစ်ရက်မြောက်ရှိသွားတာကို တွေ့ရပါတယ်။

  19. မြန်မာစစ်တပ် အာဏာသိမ်းမှု မအောင်မြင်စေရေး လုပ်မယ်လို့ ကုလ အတွင်းရေးမှူးချုပ် ကတိပြု။

    မြန်မာ စစ်တပ် အာဏာသိမ်းမှု မအောင်မြင်စေရေး ကမ္ဘာ့ နိုင်ငံအသီးသီးက စုစည်းဖိအားပေးဖို့ လုပ်ဆောင်မယ်လို့ ကုလသမဂ္ဂအဖွဲ့ အတွင်းရေးမှူးချုပ်က ကတိပေးပြောကြားပါတယ်။

    မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချမယ့် ကြေညာချက် ထုတ်ဖို့ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ အဆင်မပြေ ခဲ့ပေမယ့် စစ်တပ် အပေါ်နိုင်ငံတကာ ဖိအားပေးမှုတွေ ရအောင် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်တပ် အာဏာသိမ်းမှု ကျရှုံးသွားအောင် လုပ်မယ်ဆိုပြီး အန်တိုနီယို ဂူတားရက်စ် က ဝါရှင်တန်ပို့စ် နဲ့ မေးမြန်းခန်းမှာ ပြောဆို ခဲ့တာဖြစ်ပါတယ်။

    ရွေးကောက်ပွဲပြီးပြီးချင်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လက်သင့်မခံနိုင်ကြောင်း၊ ပြီးတော့ မြန်မာနိုင်ငံမှာ ကျင်းပ ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ပုံမှန်အတိုင်း ကျင်းပ ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

  20. နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါတဲ့သူတွေက ဘယ်သူတွေလဲ

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ ဒီကောင်စီမှာ ပါဝင်သူတစ်ဦးနဲ့ ဘီဘီစီက မေးမြန်းထားပါတယ်