မူဘာရက် အတွက် ပြစ်ဒဏ် စီရင်ချက်ကို ဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို ထောင်ဒဏ် အပြစ်ပေးထားတဲ့ စီရင်ချက် တစ်ခုကို တရားရုံးက ပယ်ဖျက် လိုက်ပါတယ်။
အလွဲသုံးစား လုပ်မှုနဲ့ မူဘာရက်နဲ့ သူ့ သား နှစ်ယောက်ကို စွဲဆိုထားချက် တွေကို စစ်ဆေးချိန်မှာ ဥပဒေကြောင်း အရ လိုက်နာရမယ့် ကိစ္စတွေကို တိတိကျကျ မလုပ်ခဲ့ဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီး အမှုကို ပြန်စစ်ဆေးဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
မူဘာရက်ကို အခု လောလောဆယ် စစ်ဆေးရုံ တစ်ခုမှာ ချုပ်ထားတာ ဖြစ်ပြီး အမှု ပြန်စစ်ရရင် ပြန်လွတ်ကောင်း လွတ်လာနိုင်မယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
သမ္မတ အိမ်တော် ပြင်ဆင်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁၈ သန်းနီးပါး အလွဲသုံးစား လုပ်တယ် ဆိုပြီး မနှစ်က မေလမှာ မစ္စတာ မူဘာရက်ကို ထောင်ဒဏ် ၃ နှစ် ချထားတာ ဖြစ်ပါတယ်။




