မူဘာရက် ငွေအလွဲသုံးမှုနဲ့ ထောင် ၃ နှစ် ကျ

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
အာဏာစွန့်ခဲ့ရတဲ့ အီဂျစ် သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို ဒေါ်လာ ၁၇ သန်းခွဲ အလွဲသုံးစားမှုနဲ့ အီဂျစ် တရားရုံးက ထောင်သုံးနှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အမှုတွဲမှာ ပါတဲ့ သမ္မတဟောင်းရဲ့ သား ၂ ယောက် ဟာလည်း ဒီအမှုအတွက် ထောင်ဒဏ် ၄ နှစ်စီ ပြစ်ဒဏ် ချမှတ် ခံရပါတယ်။
သူတို့ ၃ ဦးစလုံးဟာ သမ္မတနန်းတော် ပြုပြင်ဖို့ ငွေတွေကို သူတို့ရဲ့ ကိုယ်ပိုင် အိမ်တွေ ပြင်ဖို့ သုံးခဲ့တာ ဖြစ်ပါတယ်။
ဒီပိုက်ဆံတွေကို သူတို့ ၃ ဦးက ပြန်ပေးရမယ့် အပြင် နောက်ထပ် ဒေါ်လာ ၃ သန်းကိုလည်း ထပ်မံ ဒဏ်ရိုက်ခံရပါတယ်။
အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့ မူဘာရက်ဟာ အာဏာအလွဲသုံးမှုနဲ့ ၂၀၁၂ ခုနှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပြီး ၂၀၁၃ သြဂုတ်လမှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ ထောင်ကနေ စစ်ဆေးရုံကို ပြောင်းရွှေ့ အကျဉ်းချခံထားရသူ ဖြစ်ပါတယ်။




