အဲအေးရှား လေယာဉ် ပျက် ရှာတွေ့ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty
တနင်္ဂနွေနေ့ က ပျောက်ဆုံး သွားတဲ့ စင်္ကာပူ သွား ခရီးသည်တင် လေယာဉ် ပျက် အစအန ကို အင်ဒိုနီးရှား ကမ်းလွန်မှာ ရှာတွေ့ပြီ လို့ အဲအေးရှား လေကြောင်းက အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။
ဒါဇင်နဲ့ချီတဲ့ အလောင်း တွေ ကို အင်ဒိုနီးရှား ရေတပ်က ဆယ်တင် နိုင်ခဲ့ပြီး အဲအေးရှား လေကြောင်း အရောင် ခြယ်သ ထားတဲ့ လေယာဉ် အပိုင်းအစ ကို ဂျားဗား ပင်လယ် ထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ဒီပျက်ကျမှု အတွက် များစွာ စိတ်သောက ဖြစ်ရကြောင်း အဲအေးရှား အကြီးအကဲ Tony Fernandes က ပြောကြား ခဲ့ပါတယ်။
နောက်ထပ် အပျက်အစီး အပိုင်းအစတွေ ကို ဆက်ပြီး ရှာဖွေရေးတွေ လုပ်နေတယ်လို့ ကုမ္ပဏီက ပြောကြား ပါတယ်။
ခရီးသည် ၁၆၂ ယောက် တင်ဆောင်ပြီး အင်ဒိုနီးရှား နိုင်ငံ ဆူရာဘားယား မြို့က ပျံသန်းလာစဉ် မှာ ရာသီဥတု ဆိုးရွားမှု ကြောင့် ရုတ်တရက် ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။
ဆူရာဘားယား လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ ခရီးသည် မိသားစု တွေက ရုပ်အလောင်း တွေ ပင်လယ်ထဲ မျောပါ နေတဲ့ ပုံတွေ ရုပ်သံမှာ တွေ့လိုက်ရလို့ ဝမ်းနည်း ငိုကြွေး ခဲ့ကြပါတယ်။
မေ့မျော သွားသူ တယောက် ဆိုရင် ထမ်းစင်နဲ့ သယ်ထုတ် သွားခဲ့ရပါတယ်။
ဒီပုံတွေကို ဖော်ပြ ခဲ့မိလို့ ရုပ်သံ လိုင်းတွေက ဝမ်းနည်း စကား ပြောကြား ခဲ့ကြပါတယ်။









