အဲအေးရှား ရှာဖွေရေးမှာ အမေရိကန်ကူညီဖို့ တောင်းခံလာ

အင်ဒိုနီးရှား နိုင်ငံ ဂျားဗား ပင်လယ်ပြင် ထက် ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပျောက်ဆုံး သွားခဲ့တဲ့ အဲအေးရှား ခရီးသည်တင် လေယာဉ်ကို ပြန်လည် ရှာဖွေ ရာမှာ အကူအညီ ပေးဖို့ အင်ဒိုနီးရှား က တောင်းခံ လာကြောင်း အမေရိကန် က အတည်ပြု ပြောကြား ပါတယ်။
ဘယ်လို အကူအညီမျိုး တောင်းခံလာသလဲ ဆိုတာကို အမေရိကန် နိုင်ငံခြားရေး ဌာနက အတိတကျ တော့ မပြောပါဘူး။
ဂျာကာတာ က အမေရိကန် သံရုံးဟာ အင်ဒိုနီးရှား အာဏာပိုင် တွေနဲ့ အနီးကပ် ဆက်သွယ်မှု တွေ ရှိနေပြီး လေယာဉ် ရှာဖွေရာမှာ အကူအညီပေးပါ လို့ အကူအညီ တောင်းခံလာတဲ့ အတွက် ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ ဆိုတာ သုံးသပ် နေကြဆဲ ဖြစ်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ဂျက်ဖ် ရက်သ်ခီ က ပြောပါတယ်။
ဒီနေ့မနက် နေအထွက်မှာ ဝေဟင် ရှာဖွရေး တွေ ပြန်လည် စတင်မှာ ဖြစ်ပြီး ရှာဖွမယ့် ဧရိယာ ကိုလည်း အဲအေးရှားရဲ့ မူလ ပျံသန်းရာ လမ်းကြောင်းထက် ကျော်လွန်ပြီး ရှာဖွေကြ မှာ ဖြစ်ပါတယ်။
အစောပိုင်း တုန်းက အင်ဒိုနီးရှား အရာရှိ တစ်ဦးကတော့ လေယာဉ်ဟာ ပင်လင် ကြမ်းပြင်ထက် ရောက်နေ လောက်ပြီ လို့ ပြောဆိုမှု ရှိခဲ့ပေမယ့် ဒါကို အတည် ပြုနိုင်တဲ့ ဘယ်လို သက်သေ အထောက် အထားမှတော့ မရှိ သေးပါဘူး။





