Air Asia ကို ဝေဟင် ရှာဖွမှုတွေ ပြန်လည် စတင်တော့မယ်

ဓာတ်ပုံ ရင်းမြစ်, epa
အင်ဒိုနီးရှားပိုင် ရေပြင် အထက် ပျောက်ဆုံး သွားခဲ့တဲ့ ခရီးသည်တင် Air Asia လေယာဉ်ကို ဝေဟင် ရှာဖွမှု တွေ ပြန်လည် စတင် တော့မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ဆူရာဘားယား ကနေ စင်္ကာပူ ကို ပျံသန်းတဲ့ အဲဒီ Air Asia လေယာဉ် ပေါ်မှာ လူပေါင်း ၁၆၂ ဦး လိုက်ပါ သွားပါတယ်။
လေကြောင်း ထိန်းချူပ်မှု စခန်းက ရေဒါ ပေါ်ကနေ အဆိုပါ လေယာဉ် ပျောက်မသွားခင် ပေမယ့် အန္တရာယ် ကျရောက် ကြောင်း အချက် ပေးမှုမျိုး တော့ မလုပ် ခဲ့ပါဘူး။
ရာသီဥတု ဆိုးနေပြီး မြင်ကွင်း မကောင်းတဲ့ ကြားထဲ ကပဲ ရှာဖွေရေး သင်္ဘောတွေ နဲ့ ရေပြင် ရှာဖွေမှု တွေ ဆက်လက် လုပ်ဆောင် နေပါတယ်။
အင်ဒိုနီးရှား ကူးသန်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဌာကြီးမှုး ထာတန် ခွန်နီဒီ ကတော့ ရှာဖွရေး အခြေအနေ နဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာ ပေါင်းစုံ အပါအဝင် သက်ဆိုင် တဲ့ နိုင်ငံတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် နေပါတယ် ဆိုပြီး ပြောပါတယ်။





