အင်ဒို ဒေသန္တရ ရွေးကောက်ပွဲ စံနစ် ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
အင်ဒိုနီးရှား နိုင်ငံမှာ ဒေသန္တရ အုပ်ချူပ်ရေးမှုး တွေ၊ မြို့တော်ဝန်တွေ ကို တိုက်ရိုက် ရွေးချယ် တင်မြှောက် တဲ့ ရွေးကောက်ပွဲ စံနစ် ကို အင်ဒိုနီးရှား ပါလီမန် က ဖျက်သိမ်း လိုက်ပါတယ်။
ဒါဟာ သမ္မတ အဖြစ် အရွေးချယ် ခံထားရ တဲ့ ဂျိုကို ဝီဒိုဒို အတွက် ထိုးနှက်ခံရမှု တစ်ရပ် အဖြစ် သတင်းထောက်တွေ က သုံးသပ် နေကြပါတယ်။
မစ္စတာ ဝီဒိုဒို ကိုယ်တိုင် တိုက်ရိုက် ရွေးချယ် တင်မြှောက် ခံထားရတဲ့ လက်ရှိ ဂျကာတာ မြို့တော် အုပ်ချူပ်ရေးမှုး ဖြစ်ပါတယ်။
ဒေသန္တရ ရွေးကောက်ပွဲတွေ ကို တိုက်ရိုက် ရွေးချယ် တင်မြှောက် တဲ့ စံနစ် မကျင့် သုံးတော့ဘူး ဆိုပြီး ပါလီမန်မှာ မဲအသာနဲ့ ဆုံးဖြတ် ခဲ့ကြတာ ဟာ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်မှု တစ်ရပ် ဖြစ်တယ် လို့ မစ္စတာ ဝီဒိုဒို က ပြော လိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံရေး လောကမှာ အခွင့်ထူးခံ လူတန်းစား ထဲကသာ မက၊ နိုင်ငံရေးသမား မျက်နှာသစ်တွေ ပေါ်ထွန်း လာဖို့ အတွက် တိုက်ရိုက် ရွေးချယ် တင်မြှောက် တဲ့ ဒေသန္တရ ရွေးကောက်ပွဲ စံနစ်ကို ၂၀၀၅ ခုနှစ်မှာ စတင် ကျင့်သုံး လာခဲ့တာ ဖြစ်ပါတယ်။
ဆန့်ကျင်သူတွေ ကတော့၊ ဒီလို ရွေးကောက်ပွဲ စံနစ်ဟာ ကုန်ကျ စားရိတ်များ သလို၊ ခြစား အကျင့်ပျက်မှု တွေလည်း ပိုမို ဖြစ်လာစေတယ် ဆိုပြီး ပြောပါတယ်။
အခု အင်ဒိုနီးရှား အမျိုးသား ပါလီမန်ထဲမှာ မစ္စတာ ဝီဒိုဒို ရဲ့ အတိုက်အခံ တွေက နေရာ အများစု ဖြစ်နေပါတယ်။





