အင်ဒို သမ္မတလောင်း ၂ဦး ကိုယ်စီ အောင်ပွဲခံနေ

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို စတင် ရေတွက်နေပါပြီ။
မဲရလဒ်တွေ တရားဝင် မကြေညာရသေးခင်မှာ ဝင်ရောက် ယှဉ်ပြိုင်သူ သမ္မတလောင်း ၂ ဦးစလုံးက ကိုယ်စီ ခန့်မှန်းချက်တွေနဲ့ အသီးသီး အောင်ပွဲခံနေကြပါတယ်။
ဝင်ရောက် ယှဉ်ပြိုင်သူ ၂ ဦး ကတော့ အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သားမက်ဖြစ်သူ စစ်တပ် ခေါင်းဆောင်ဟောင်း ပရာဗိုဝို ဆူဗီယန်တို Prabowo Subianto နဲ့ ဂျကာတာ အုပ်ချုပ်ရေးမှု ဂျိုကိုဝီဒိုဒို Joko Widodo တို့ ဖြစ်ပါတယ်။
တရားဝင် မဲရလဒ်တွေ ထွက်လာဖို့ သီတင်း ၂ ပတ်လောက် စောင့်ရမှာ ဖြစ်ပါတယ်။
အဂတိ လိုက်စားမှု တိုက်ဖျက်ဖို့၊ ကြိုးနီ စနစ်ကို လျှော့ချဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ သမ္မတလောင်း ၂ ဦးစလုံးက ကတိပေးထားကြပါတယ်။





