ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေနဲ့စစ်ပွဲတွေကြောင့်
ကလေး ၁ သိန်းခွဲလောက်ဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့
Save the Children အဖွဲ့က ဒီကနေ့ဇန်နဝါရီ ၂၈ မှာထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်စခန်းမှာ ဗုံးကြဲခံရတာတွေအပါအဝင်
စစ်ကိုင်းတိုင်းထဲမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့်
ကလေးတွေသေဆုံးမှုတွေရှိနေတယ်လို့Save the Children အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ ကလေးတွေကစစ်မီးရဲ့ဒဏ်ကိုခံနေရတာကို မြင်ရပြီး ပြီးခဲ့တဲ့နှစ်အတွင်းမြန်မာနိုင်ငံတဝန်း ကလေးတသိန်းခွဲဟာသူငယ်ချင်းတွေ၊ ကျောင်းတွေနဲ့ခွဲခွာပြီး နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်" လို့
Save the Children ရဲ့အမှုဆောင်အကြီးအကဲ အင်ဂါအက်ရှင်း ကပြောပါတယ်။
ဒါ့အပြင် ကလေးတွေကိုအကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ စွန့်ခွာထွက်ပြေးနေရတာတွေက
ကာကွယ်ဖို့ကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာဖွေဖို့
Save the Children ကတိုက်တွန်းထားပါတယ်။