Gen Z တွေရဲ့ ဖယ်ဒရယ် FM စတင်ထုတ်လွှင့်
ဖယ်ဒရယ် FM ရေဒီယို တည်ထောင်သူတဦးဖြစ်တဲ့ နွေဦးဂုရုကြီးကို ဆက်သွယ်မေးမြန်းချက်
ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ
ဖယ်ဒရယ် FM ရေဒီယို တည်ထောင်သူတဦးဖြစ်တဲ့ နွေဦးဂုရုကြီးကို ဆက်သွယ်မေးမြန်းချက်
မြန်မာနိုင်ငံမှာ ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေကို နောက်ထပ်တစ်စုံတစ်ရာ အကြောင်းမကြားမချင်း ပိတ်ထားဖို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။
ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ထားဖို့ ညွှန်ကြားချက်ကို ကုမ္ပဏီတစ်ခုက သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းတွေကို အီးမေးက တစ်ဆင့်ပေးပို့တာကို ရိုက်တာသတင်းဌာနက သိရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဘာကြောင့် ပိတ်ထားမယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြမထားဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ မိုဘိုင်းလ်ဖုန်းက ဒေတာကဆင့်သုံးတဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ထားတာကိုလည်း ဆက်ပိတ်ထားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက် လူအများစု အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်ကိုတော့ အဲဒီဆိုရှယ်မီဒီယာကနေတစ်ဆင့် သတင်းမှားတွေ ဖြန့်ချိတာတွေ ရှိတယ်ဆိုပြီး ပိတ်ဆို့ထားပါတယ်။ ဒါအ့ပြင် ဆိုရှယ်မီဒီယာကတဆင့် မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်မှုတွေ လုပ်တယ်ဆိုပြီး နိုင်ငံရေးသမားနဲ့ ဆိုရှယ်မီဒီယာက လူသိများသူတချို့ကိုလည်း ဖမ်းဝရမ်းတွေ ထုတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်အာဏာသိမ်းပြီးနောက် အကြောင်းကြောင်းကြောင့် နေရပ်ကနေ တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာလိုရင် ပြစ်မှုကျူးလွန်ထားသူတွေမှအပ ဥပဒေအရ အရေးယူမှု မရှိဘဲ ပြန်လာဖို့ စီစဥ်နေလို့ ပြန်လာဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
ကျောင်းသား၊ လူငယ်နဲ့ ဝန်ထမ်းတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိရာနဲ့ ပြည်ပနိုင်ငံတချို့ကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်နေကြတာကို ကြားသိနေရကြောင်းနဲ့ အဲဒီနေရာတွေမှာ လုံခြုံရေး အာမခံချက်မရှိဘဲ အဆင်မပြေ ဖြစ်နေတာတွေကို သိရကြောင်းလည်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။
နေရပ်ပြန်လာလိုသူတွေဟာ နီးစပ်ရာ ရပ်ကွက်၊မြို့နယ် အုပ်ချုပ်ရေးကောင်စီ အဖွဲ့တွေနဲ့ ပြည်ပကနေ ပြန်လာလိုသူတွေဟာ သံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလို ကြေညာတာနဲ့အတူ တစ်ဖက်မှာလည်း ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးတာ၊ CDM လှုပ်ရှားမှုမှာပါဝင်တာနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်းအဖြစ် ကြေညာပြီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကို ယူကေက ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဒီကနေ့ ဧပြီ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီလိုအရေးယူမှု ပြုလုပ်တာဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေမှုကြောင့်လို့ ဆိုပါတယ်။
ယူကေရဲ့ အခုနောက်ဆုံး အရေးယူ ပိတ်ဆို့မှုဟာ မြန်မာတပ်မတော်ရဲ့ အဓိက ငွေကြေးအထောက်အပံ့တွေထဲက တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရပ်ဘ်က အဲဒီကြေညာချက်ထဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ယူကေနဲ့ အမေရိကန်တို့ဟာ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့တာတွေနဲ့ ခရီးသွားလာခွင့် တားမြစ်တာတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန္တလေး စိန်ပန်းရပ်မှာ ဆန္ဒပြစစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖြိုခွင်းရာက ကျည်မှန်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူဟာ အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုဇော်ကိုလတ် ဖြစ်ပြီး ဗိုက်ကို ကျည်ထိ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ခေါင်းကို ကျည်ထိမှန်သူတဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ကောက်ယူသွားပြီး ကျည်မှန်ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲခံခဲ့ရပြီး ဒီကနေ့မှာ သူ့ကို စတင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ကိုမြအေးရဲ့ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုမြအေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက အဖမ်းခံခဲ့ရပေမယ့် မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရသေးပါဘူး။
သူဘယ်မှာရှိနေလဲဆိုတာကိုတောင် မိသားစုဝင်တွေ အတိအကျ မသိခဲ့ရဘဲ မတ်လနှောင်းပိုင်းက အင်းစိန်ထောင်ကနေ လွတ်လာတဲ့ ကျောင်းသားတွေထံကနေတဆင့် ကိုမြအေး အင်းစိန်ထောင်မှာ အဖမ်းခံထားရတယ်ဆိုတာ သိခဲ့ရတယ်လို့လည်း မဝေနှင်းပွင့်သုန်က ရေးသားထားပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ဂ) ဟာ လူ အချင်းချင်းကို ဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နဲ့ တဖက် ပြစ်မှု ကျုးလွန်အောင် လှုံ့ဆော်ဖို့ အကြံရှိရင် ဒါမှမဟုတ် အဲဒီလို လှုံ့ဆော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေ့ရှိရရင် အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၂ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wai Hnin Pwint Thon
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကလေးငယ် ၄၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Save The Children အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း ကလေးငယ်တွေ သေဆုံးမှု အရေအတွက်ဟာ နှစ်ဆကျော် မြင့်တက်ခဲ့ပြီး စစ်တပ်အနေနဲ့ ကလေးငယ်တွေရဲ့ အသက်ကို လုံး၀ အလေးမထားရာ ရောက်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် မန္တလေးမြို့က အသက် ၇ နှစ်အရွယ် မိန်းကလေး အသက်ဆုံးရှုံးခဲ့ပြီး ပစ်ခတ်သတ်ဖြတ်ခံရသူ ကလေးတွေထဲမှာ အငယ်ဆုံးလည်း ဖြစ်ပါတယ်။
အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၅ ဦးလည်း သေဆုံးခဲ့သလို အဲဒီထဲမှာ အသက် ၉နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးတွေလည်း ပါတယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အန္တရာယ်ကနေ ကြိုးစားထွက်ပြေးနေစဉ်အတွင်း အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး ဦးခေါင်းကို အပစ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါပြီး သူ့ရဲ့ မျက်လုံးကို ရော်ဘာကျည်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ ဆက်တိုက်တောင်းဆိုနေပေမယ့် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသူတွေထဲမှာ ကလေးငယ်တွေ ဆက်လက် ပါဝင်နေတဲ့ တုန်လှုပ်မိတယ်။ အထူးသဖြင့် နေအိမ်တွေထဲမှာပဲ ကလေးငယ်တချို့ ပစ်ခတ်သတ်ဖြတ်ခံနေရတဲ့ဆိုတဲ့ သတင်းတွေကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။
မြန်မာန်နိုင်ငံမှာ ကလေးငယ်တွေကို ကာကွယ်နိုင်ဖို့ တခုတည်းသောနည်းလမ်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေအားလုံးကို ချက်ချင်း ရပ်တန့်ဖို့ ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
မုံရွာမြို့ က ရန်ကင်းရပ်ကွက်နဲ့ မြဝတီ ရပ်ကွက်တွေကို ဧပြီ ၁ ရက်နေ့ နေ့လယ်က စစ်ကားအလုံးအရင်း နဲ့ ဝင်ရောက်ပစ်ခတ်မှုတွေရှိပြီး အသက်၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ခေါင်းကျည်ထိ သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လူအများအပြားဒဏ်ရာရထားတယ်လို့ သိရပြီးဒဏ်ရာရသူတွေ အခြေအနေနဲ့ ပတ်သက်လို့ မသိရသေးပါဘူး။
ညနေ၄ နာရီလောက်မှာ တော့ ဝင်ရောက်ပစ်ခတ်မှုတွေရှိခဲ့တဲ့ ရန်ကင်းရပ်ကွက်ထဲမှာ လူနေအိမ်တွေ မီးလောင်နေတာတွေ့ရတယ်လို့လည်း သူကပြောပါတယ်။
“မုံရွာ မြ၀တီရပ်ကွက် ဒေါင်းကျောင်း နောက်ကျော ရှိနေအိမ်တွေမီးလောင်နေတာပါ ။အဲဒီနေရာ ၀န်းကျင်က နေ့လယ်ကတည်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့နေရာပါ၊ မီးကတော့ ထိန်းနိုင်ပြီလို့သိရပါတယ်” လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။
မုံရွာ ကျောက္ကာလမ်းမပေါ်မှာ လုံခြုံရေးအင်အား အများအပြားချထားပြီး အဲ့ဒီရပ်ကွက်တွေကို သွားလာလို့မရအောင်ပိတ်ထားတယ်လို့လည်း သူတို့ကပြောပါတယ်။
မုံရွာမြို့မှာ ဒီနေ့ ဧပြီ ၁ ရက်က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြတဲ့ ပင်မသပိတ်စစ်ကြောင်းမှာ လူရာပေါင်းများစွာပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမှုကိုပစ်ခတ်ဖြိုခွင်းတာကြောင့် ညနေပိုင်းမှာ တစ်ဦး ကျည်ဆန်ထိမှန်သေဆုံးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီး အတည်ပြုဖို့ ဆက်လက်ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ပုဒ်မ ၅ ခုနဲ့ နေပြည်တော်မှာ တရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ဧပြီ ၁ ရက်မှာ ဗီဒီယို ကွန်ဖရန်းဇင်းစနစ်နဲ့ ရုံးထုတ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကိုပြောပါတယ်။
ဒီနေ့မွန်းတည့်လောက်မှာ အွန်လိုင်းဗီဒီယိုနဲ့ ရုံးထုတ်ခဲ့တာဖြစ်ပြီး ဗီဒီယိုကွန်ဖရန်းဇင်းကတစ်ဆင့် တွေ့ခွင့်ရခဲ့ကြောင်း ၊ အမှုတွေကိုလိုက်ပါဆောင်ရွက်ဖို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အပါအဝင် ရှေ့နေတချို့ကို တရားသူကြီးထံ တင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေစာရင်းကိုအတည်ပြုပေးတဲ့အတွက် စုစုပေါင်းရှေ့နေ ၈ ဦးပါအဖွဲ့က လိုက်ပါဆောင်ရွက်ခွင့်ရပြီဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ပုဒ်မ ၅ ခု နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေနှစ်ဦးရဲ့ ကိုယ်စားလှယ်လွှဲစာကို မတ်လ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဘက်က ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်က နေပြည်တော် ဇဗ္ဗူသီရိတရားရုံးမှာ ပုဒ်မ ၄ ခုနဲ့ တရားစွဲထားသလို ရန်ကုန်မှာလည်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထပ်တိုး တရားစွဲထားပါတယ်။
ဒီနေ့ရုံးချိန်းမတိုင်မီ မနေ့ မတ် ၃၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးနဲ့ ဇဗ္ဗူသီရိရဲတပ်ဖွဲ့ရုံးမှာ ၁၅ မိနစ်ခန့်ကြာ အွန်လိုင်းကနေ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ်လခန့်အကြာမှ ခုလို ရှေ့နေနဲ့ပေးတွေ့ခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့ ရုံးထုတ်နဲ့ပတ်သက်လို့ ထပ်မံသိရတဲ့အချက်အလက်တွေကိုလည်း ဘီဘီစီက ဆက်လက်တင်ဆက်ပေးဖို့ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကြောင်းပေါင်းစုံနဲ့ ဧပြီ ၁ ရက်နေ့မှာ ပူးပေါင်းပြုလုပ်ကြပါတယ်။
ဒီသပိတ်မှာ လူထောင်ချီ ပါဝင်ပြီး ၂၀၀၈ အခြေခံဥပဒေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သရုပ်ပြမှုတွေပါဝင်သလို အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government ) ကို ကြိုဆိုထောက်ခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် ကွန်ပျူတာ စီးပွားရေး၊ အင်ဂျင်နီယာ မိသားစု စစ်ကြောင်းအဖွဲ့တွေ ပူးပေါင်းပြီး ဆိုင်ကယ်သပိတ်တွေ ပါဝင်သလို ကျန်းမာရေးအဖွဲ့နဲ့ မန္တလေး တကသအဖွဲ့ပေါင်းပြီး အရုဏ်ဦးသပိတ်တွေ ဘုရားကြီးအထက ၇၊ ဒေါင်းစစ်သည်နဲ့ ပညာရေး ထိုင်သပိတ်စစ်ကြောင်းတွေလည်း အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဒီနေ့ ဧပြီ ၁ ရက်မနက်ပိုင်း အိမ်လုံးရေ ၈၀ ကျော်လောက် မီးလောင်ခဲ့ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက်မှာ မနက်အရုဏ်တက် ၄ နာရီခွဲကျော်ကတည်းကလောင်တာ ဖြစ်ပြီး မနက် ၇ နာရီကျော်လောက်မှ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ကင်းသမားတွေ မရှိတော့ချိန်လေ။ လေးနာရီနောက်ပိုင်းပြန်အိပ်ကြပြီပေါ့။ ခွေးဟောင်လို့ အိမ်ပေါ်ကဆင်းကြည့်တာ။ အနောက်ဘက် လူငါးယောက်တွေ့တယ်။ မီနီအိုးဝေနဲ့ နှစ်ယောက်ပေါ့။ ကျွန်တော့်လည်းမြင်ရော နောက်ကိုတန်းသွားတာ။ ထမင်းချက်မလို့ အိမ်ထဲဝင်မလို့ရှိသေး။ မီးကထလောင်တော့တာပဲ။ မီးတောက်ကကြီးတော့ ဘာမှမရလိုက်ဘူး။ ကျွန်တော် သားသမီးတွေဆွဲပြီး အလွတ်ပြေးရတာပဲ" လို့ နံ့သာရွာမှာ နေထိုင်တဲ့ လက်လုပ်လက်စား လုပ်ကိုင်သူ ဒေသခံကပြောပါတယ်။
မီးလောင်ခဲ့တဲ့ နံ့သာရပ်ကွက်မှာ အိမ်ထောင်စုပေါင်း ၁၅၀ နီးပါးနဲ့ လူဦးရေ ၅၀၉ ဦးကို လက်ရှိထိ စာရင်းကောက်ခံရရှိထားပါတယ်။
"စရောက်ချိန်မှာ မီးက လောင်နေဆဲပဲ။ မီးအနည်းငယ် ဟပ်သွားတဲ့ လူတော့ရှိတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတော့ မရှိဘူး" လို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
နံ့သာရပ်ကွက်မှာ ဝန်ထမ်းအများစုနေထိုင်သလို CDM ပြုလုပ်နေတဲ့ဝန်ထမ်းတချို့ နေထိုင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နံ့သာရပ်ကွက်နေ ဝန်ထမ်းတဦးဖြစ်သူက "သုံးခန်းစာအပြည့် ဘာမှမရလိုက်ဘူး။ ခန်းဝင်ပစ္စည်းအပြည့်ထားတာ" လို့ ပြောပါတယ်။
ရပ်ကွက်နေ လူတချို့ကတော့ ကင်းသမားတွေ အိပ်ချိန် ရပ်ကွက်တံခါးဖွင့်ပြီးချိန်မှာ မီးကွင်းပစ်သွားတာ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ မီးစလောင်တဲ့ ဖြစ်စဉ်ကိုတော့ လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲမှုကြောင့်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။


လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းမှုတွေရှိထားတဲ့ မြစ်ကြီးနားမှာလည်း ဒီနေန့ ဧပြီ ၁ ရက်မနက်ပိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ် စစ်ကြောင်း ထွက်ခဲ့ပါတယ်။
လူငယ် အယောက် ၁၀၀ ခန့် ပါဝင်တဲ့ မြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းနဲ့ မြစ်ကြီးနား အခြေစိုက် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမကြီးနဲ့ ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ တပ်ပိုင် ဂန္ဓမာဟိုးဆေးကုန်တိုက်ဟာ ဒီနေ့မနက်အစောပိုင်းကတည်းက မီးလောင်နေတယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။
မီးလောင်တာ မနက် ၁ နာကီလောက်ကတည်းကဖြစ်ပြီး မီးသတ်ကားတချို့ရှိပေမဲ့ အစောပိုင်းမှာ မီးငြိမ်းသတ်တာမရှိဘူးလို့လည်း အနီးနားမှာနေထိုင်သူတွေကပြောပါတယ်။ အဲဒီကုန်တိုက်၀င်းထဲမှာ ကုန်တိုက်၊ မဂ်လာခန်းမနဲ့ တပ်ပိုင် မြ၀တီဘဏ်တို့ ရှိပါတယ်။
လောလောဆယ်တော့ မီးညွန့်တွေ့ရတာဟာ ကုန်တိုက်ဘက်ခြမ်းလို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
ဧပြီလ(၁)ရက်နံနက်၂နာရီက ရန်ကုန် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ပန်းဆိုးတန်းလမ်းထောင့်ရှိ Ruby Mart ကုန်တိုက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကြေညာလိုက်ပြီး မကြာခင်မှာပဲ၂၀၀၈အခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းလိုက်ပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာလိုက်ပါတယ်။
၂၀၀၈ အခြေခံ ဥပဒေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားဖြစ်တဲ့ အခြေခံဥပဒေ ဖြစ်တယ်၊ စစ်တပ်က အဓမ္မ အာဏာသိမ်းယူလိုက်တာကြောင့် အခြေခံဥပဒေ ပျက်ပြယ်ပြီး ဖြစ်တယ်လို့လည်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။
အဲဒါအပြင် ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါဦးတည်ချက်တွေအတိုင်းဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CRPH
ရန်ကုန်၊ မန္တလေးနဲ့ နိုင်ငံအနှံ့ မြို့နယ်တချို့မှာ ညသပိတ်တွေ ဆက်လက် လုပ်ဆောင်နေကြပြီး လှိုင်မြို့နယ် အုတ်ကျင်းမှာ ညသပိတ် ဆန္ဒပြသူ လေးဦးခန့် ဖမ်းဆီးခံရတာ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။