အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပင်လည်ဘူးမြို့က ပစ်ခတ်မှု တစ်ဦးသေဆုံး၊ ၆ ဦးထက်မနည်းဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက ပင်လည်ဘူးမြို့မှာ ဆန္ဒပြလူထုကို စစ်ကောင်စီတပ်တွေက ဒီနေ့ ဧပြီလ ၅ ရက် မနက် ၁၁ နာရီခန့်မှာ ပစ်ခတ်ဖြိုခွင်းလို့ အမျိုးသားတစ်ဦး ရင်ဘတ်ကျည်မှန်ပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒီပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၆ ဦးရှိပြီး အားလုံးကို ပင်လယ်ဘူးဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီဒဏ်ရာရသူတွေထဲက ၂ ဦးကို ဆရာ၀န်က မန္တလေးကို လွှဲနေလို့ ပို့ဆောင်ရေးပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

    ပစ်ခတ်မှုဟာ အထက ၁ မြို့မကျောင်းအနီးမှာဖြစ်ခဲ့တာပါ။

    ''ဒီနေ့မနက် မြို့မ ကျောင်းမှာ မွမ်းမံသင်တန်းတက်နေတဲ့ဆရာ၊ ဆရာမတွေကို အပြင်ကနေ ဆန္ဒပြကြတာပေါ့။ အဲဒီမှာ ပစ်ခတ်ခံရတာ။ ပစ်တဲ့နေရာနဲ့ ဆေးရုံနဲ့ မဝေးတော့ ဒဏ်ရာရသူတွေကို ဒီလိုပဲ ဆွဲခေါ်ယူရတာ။ ဆေးရုံနဲ့ ရဲစခန်းကလည်း တစ်ဝန်းပဲခြားတာ။ ခုတော့ လုံခြုံရေးအခြေအနေကြောင့် မန်းလေးပို့မယ့်လူနာကို ဘယ်လိုပို့မလဲ လုပ်နေကြပြီ'' မြို့ခံတစ်ဦးကပြောပါတယ်။

    မနက်က ဆန္ဒပြပွဲဖြိုခွင်းခံရချိန်မှာ ဖမ်းဆီးခံရသူ ၂ ဦးထက်နည်းရှိပြီး သူတို့ကို ရဲကားနဲ့ အကျဉ်းထောင်ရှိတဲ့ ကသာကို ခေါ်သွား တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

    လက်ရှိ ဖြတ်တောက်ခံထားရတဲ့ အင်တာနက်ပြတ်တောက်မှုကြောင့် ပင်လည်ဘူးမြို့မှာ သတင်းစီးဆင်းမှုအားနည်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ပင်လယ်ဘူးမြို့က ပစ်ခတ်မှု တစ်ဦးသေဆုံး၊ ၆ ဦးထက်မနည်းဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, ပင်လယ်ဘူးမြို့

  2. မိုးကုတ်က အရုဏ်ဦး ဆိုင်ကယ်သပိတ်

    မိုးကုတ်က အရုဏ်ဦး ဆိုင်ကယ်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ပတ္တမြားမြေ မိုးကုတ်မြို့မှာတော့ ဒီနေ့ ဧပြီလ ၅ ရက်မှာလည်း မြို့ခံလူထုက အရုဏ်ဦး ဆိုင်ကယ်သပိတ်ကို မြို့ပတ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သွားပါတယ်။

    မနက် ၅ နာရီကစလို့ ပြုလုပ်တာဖြစ်ပြီး မိုးကုတ်ကန်ပေါင်နားက မှုန်ကွင်းမှာ အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်လို့ ဆန္ဒပြလူထု ခွဲခဲ့ကြပါတယ်။

    လောလောဆယ်မှာတော့ မြို့တွင်းမှာ နေ့လည်ပိုင်း ရပ်ကွက်အလိုက် ပျောက်ကျားသပိတ်စစ်ကြောင်းတွေလည်းထွက်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။

    လက်ရှိမှာ မိုးကုတ်မြို့တွင်း စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေး တင်းကြပ်တာမျိုး နည်းနေတာကို တွေ့ရပြီး လူထုရဲ့ဆန္ဒပြပွဲအရှိန် ပြန်ကောင်းလာတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

  3. ရွာတွေအထိဆင်းပြတဲ့စစ်ကိုင်းမြို့ခံတွေရဲ့ဆန္ဒပြပွဲ

    ရွာတွေအထိဆင်းပြတဲ့စစ်ကိုင်းမြို့ခံတွေရဲ့ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းမြို့မှာတော့ မြို့ခံတွေက အနီးနားက ရွာတွေဆီဆင်းပြီး ဒီနေ့ ဧပြီလ ၅ ရက်မှာ ဆန္ဒထွက်ပြခဲ့ကြပါတယ်။ မြို့ခံတွေနဲ့ ကျေးရွာခံတွေ ပူးပေါင်းဆန္ဒပြခဲ့ကြတာပါ။

    မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ကင်းပုန်းတွေရှိနေတာနဲ့ လမ်းမတွေပေါ် အစောင့်နေရှိနေတာကြောင့် အခုလို ရွာတွေဘက်ဆင်းပြီး ပူးပေါင်းဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲမှာပါဝင်သူတွေကပြောပါတယ်။

    စစ်ကိုင်းမှာ အခုလို သပိတ်စစ်ကြောင်းတွေ နေ့စဉ်နီးပါး လမ်းပေါ်တက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

  4. ရတနာပုံတက္ကသိုလ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ နွေဦးပိတောက်သပိတ်

    ရတနာပုံတက္ကသိုလ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ နွေဦးပိတောက်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, PMT

    ရတနာပုံတက္ကသိုလ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ နွေဦးပိတောက်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, PMT

    မန္တလေးမြို့က ရတနာပုံတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ဒီနေ့ ဧပြီလ ၅ ရက်မှာ ပြုလုပ်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြစ်ပါတယ်။

    မြန်မာ့နွေဦး တန်ခူးအကြို ပိတောက်သပိတ်စစ်ကြောင်းလို့ နာမည်ပေးထားပါတယ်။

    ရတနာပုံ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ နေ့စဉ်လိုလို သပိတ်ဆင်နွှဲနေတာဖြစ်ပြီး ဧပြီလ ၃ ရက်တုန်းကလည်း အမရပူရမြို့ပေါ်က သပိတ် လူစုခွဲနေချိန် စစ်ကောင်စီတပ်တွေက ဖြိုခွင်းမှုလုပ်နေတာကြောင့် မန္တလေးမြို့ပေါ်မှာ ချက်ချင်း သပိတ်စစ်ကြောင်း ထွက်ခဲ့ပါသေးတယ်။

  5. တောင်ကြီးမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ညောင်ဖြူစခန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မနေ့ ဧပြီလ ၅ ရက်ည ပေါက်ကွဲသံကြားခဲ့ရပြီးတဲ့နောက် မီးလောင်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ယောက်ကပြောပါတယ်။

    ည ၈ နာရီမှာလောင်ကျွမ်းခဲ့တဲ့မီးဟာ ရက်ကွက်နေပြည်သူတွေရဲ့ကြိုးပမ်းငြိမ်းသတ်မှုကြောင့် မနေ့ည ၈း၃၀ လောက်မှာ မီးငြိမ်း သွားခဲ့တယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့လ တနင်္ဂနွေညဖြစ်တဲ့ မတ်လ ၂၈ ရက်ကလည်း တောင်ကြီး အထက ၁ ကျောင်းနားမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

    တောင်ကြီးမြို့မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံးနှိမ်နင်းမှုကြောင့် စစ်အာဏာသိမ်းအပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာ သေဆုံးသူ အနည်းဆုံး ၂၆ ယောက်ရှိခဲ့ပြီး ညမထွက်ရအမိန့်ကြေညာထားချိန် တောင်ကြီးမှာ ညဘက် မီးလောင်မှု ဖြစ်စဉ်တွေ ရှိနေပါတယ်။

  6. ဂျပန်ရောက်စာပေချစ်သူတွေရဲ့ စစ်ဘေးရှောင်ရန်ပုံငွေရှာပွဲ

    ဂျပန်ရောက်စာပေချစ်သူတွေရဲ့ စစ်ဘေးရှောင်ရန်ပုံငွေရှာပွဲ

    ဓာတ်ပုံ ရင်းမြစ်, Lu Kher

    မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ စာအုပ် ၁ အုပ်ယူ ကြိုက်သလောက်လှူတဲ့ အစီအစဉ်ကို ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဧပြီလ ၄ ရက်က ပြုလုပ်သွားပါတယ်။

    ပြည်တွင်းအရေးကို တတ်နိုင်သလောက်ကူကြဖို့ ရည်ရွယ်တဲ့ ဒီအစီအစဉ်ကို ဂျပန်ရောက်စာပေချစ်သူ အသင်းက ဦးဆောင်ခဲ့တာဖြစ်ပြီး ဂျပန် Rally for Rights အဖွဲ့လည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

    စာအုပ်တွေ အခုလိုရောင်းချတာအပြင် ကဗျာရွတ်ဆိုတဲ့လှုပ်ရှားမှုလည်း လုပ်ခဲ့ပါတယ်။

    ဂျပန်ရောက်စာပေချစ်သူတွေရဲ့ စစ်ဘေးရှောင်ရန်ပုံငွေရှာပွဲ

    ဓာတ်ပုံ ရင်းမြစ်, Lu Ker

    ဂျပန်ရောက်စာပေချစ်သူတွေရဲ့ စစ်ဘေးရှောင်ရန်ပုံငွေရှာပွဲ

    ဓာတ်ပုံ ရင်းမြစ်, Lu Ker

  7. တမူးမြို့က စစ်ကားပေါ်ဗုံးကွဲ

    တမူးမှာ လမ်းအချိုကို အတားအဆီးတွေချထားတာတွေ့ရစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တမူးမှာ လမ်းအချိုကို အတားအဆီးတွေချထားတာတွေ့ရစဥ်

    မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့မှာ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကားတစ်စီးပေါ်မှာ ဗုံးကွဲခဲ့ပြီး စစ်ကောင်စီတပ်တွေဖွဲ့ဝင်အချိုသေဆုံးခဲ့တယ်လို့ တမူးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အနည်းဆုံးစစ်သား ၄ ဦးသေဆုံးခဲ့တဲ့လို့သိရပြီး ဒီလက်ပစ်ဗုံးဟာ လူတွေကို ပစ်ဖို့ စစ်တပ်က တပ်သားတစ်ဦး စနက်တံကိုဖြုတ်စဥ်မှာပေါက်ကွဲခဲ့တာလို့ ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

    စစ်ကားပေါ်ဗုံးကွဲပြီးနောက်မှာ မြို့ပေါ်မှာပစ်ခတ်မှုတွေရှိခဲ့သလို ကင်းစခန်းတွေမီးလောင်ပြီးတော့ ရဲစခန်းထဲ ကို စစ်တပ်ဖွဲ့ဝင်တွေပြောင်းရွှေ့နေကြ တယ်လို့ လည်းမြို့ခံတွေက ပြောပါတယ်။

    မြို့ခံတွေက ပစ်ခတ်မှုတွေကြောင့် ကြောက်ရွှံ့မှုတွေရှိပြီး အခြေအနေတွေက မတည်ငြိမ်မှုတွေရှိကြောင်းလည်း သူကပြောပါတယ်။

  8. ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ

    ‌ရွှေပြည်သာမြို့နယ်မှာ  ဧည့်စာရင်းတိုင်နေကြစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ‌ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်နေကြစဥ်

    ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧပြီလ ၃ ရက်နေ့က လိုက်ကြေညာနေပြီးတော့ ဧည့်စာရင်းမတိုင်ရင် တစ်ယောက်ကိုဒဏ် ၃ သိန်းချမှတ်တာခံရမယ်လို့ကြေညာသွားကြောင်း ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

    ဧည့်စာရင်းတိုင် မတိုင် လိုက်စစ်ဖို့ရှိပြီးတော့ ရပ်ကွက်ရုံးမဖွင့်ရင် မြို့နယ်ရုံးကို လာတိုင်ကြဖို့ပြောသွားကြောင်း လည်းသူကပြောပါတယ်။

    အရေးယူမှာကိုကြောက်ပြီး ဧည့်စာရင်းတိုင်ကြသူတွေရှိပြီးတော့ ဧည့်စာရင်းတိုင်တာဟာစစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်မှာကို စိုးရိမ်ကြောင်းလည်းသူကပြောပါတယ်။

    စစ်ကားတွေဟာ ရပ်ကွက်ထဲတွေမှာနေရာယူထားပြီး လမ်းတွေထဲကို လိုက်လံစစ်ဆေးတာတွေညတိုင်း လုပ်လေ့ရှိတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

  9. အပစ်ရပ်အဖွဲ့တွေ သီခြားရပ်တည်မယ်လို့ပြော

    အပစ်ရပ်အဖွဲ့တွေက လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ EAO တွေအဖြစ် သီခြားရပ်တည်သွားမယ်လို့ PPSTအဖွဲ့ဝင် ပအိုဝ်; အမျိုးသားအဖွဲ့ချုပ်ရဲ့ နာယကဖြစ်သူ ခွန်ဥက္ကာက ပြောပါတယ်။

    အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပြည်သူတွေအပေါ်ပစ်ခတ်မှုတွေ၊ အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်ဖို့ ဒီကနေ့မှာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

    CRPHကထုတ်ပြန်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပယ်ဖျက်မှုကိုလည်းကြိုဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    no tag
  10. အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေ

    ရန်ကုန်က ဆန္ဒပြပွဲတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ရန်ကုန်က ဆန္ဒပြပွဲတစ်ခု
    မိုးကုတ် အီစတာ သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးကုတ် အီစတာ သပိတ်

    အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေအပြင် ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဆန္ဒပြတာတွေ မြန်မာနိုင်ငံ တစ်လွှားမှာ ဆက်ဖြစ်နေပါတယ်။

    ရန်ကုန်မှာ ဧပြီ (၄) ရက်နေ့ ဒီနေ့မနက်ပိုင်းက Maskသပိတ်ကို လှိုင်မြို့နယ်မှာပြုလုပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ အခက်အခဲတွေကြားကနေ ပြန်လည်ရှင်သန်လာဖို့ အီစတာ ဆန်းဒေး နဲ့တိုက်ဆိုင်ကျရောက်တဲ့ ဧပြီလ ၄ ရက် ဒီနေ့မှာပဲ အီစတာနေ့လှုပ်ရှားမှုတွေ ကို ဆန္ဒပြသူအများအပြားက ပြုလုပ်ကြ ပါတယ်။

    အီစတာ နေ့ဟာ ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့နေ့ဖြစ်ပါတယ်။

    ကြက်ဥတွေမှာ သူတို့ လိုလားမျှော်လင့်ချက်တွေကို ပုံဖော်ရေးသားကြပြီး ဓာတ်ပုံလေးတွေရိုက်ကာ ဆိုရှယ်မီဒီယာကနေ သူတို့ ဖြန့်ဝေ ကြတာတွေ့ရပါတယ်။

    ဒါ့ပြင် စစ်ဘေးရှောင်နေရလို့ အီစတာနေ့ မကျင်းပနိုင်တဲ့ မြန်မာပြည်ထဲက တိုင်းရင်း သား ခရစ်ယာန်ဘာသာဝင်တွေအစား ကျန်တဲ့ဘာသာဝင်တွေက ကျင်းပပေးတယ်ဆိုတဲ့အမြင် ကမ္ဘာကမြင်အောင် ရည်ရွယ်တယ်လို့ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ပြောပါတယ်။

  11. ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု

  12. ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ

    အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့သည့်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့သည့်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း

    တပ်မတော်ရေက စစ်ရေယာဉ်တွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဒီနေ့ ဧပြီလ ၄ ရက်ကနေ ၁၁ ရက်အထိ စစ်ရေးလေ့ကျင့်မှာဖြစ်လို့ လေ့ကျင့်ခန်းဧရိယာ ၃ ခုအတွက် ရေကြောင်းနဲ့ လေကြောင်း သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

    စစ်နည်းဗျူဟာအဆင့် ရေပြင်နဲ့ရေအောက် စစ်ဆင်မှုသာမက ဝေဟင်လေ့ကျင့်မှုမှာပါမယ့်အပြင် ပစ်ခတ်လေ့ကျင့်တာတွေလည်းပါမယ်လို့ နိုင်ငံပိုင်သတင်းစာမှာပါတဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

    ဒါ့ကြောင့် လေ့ကျင့်ခန်း ဆောက်ရွက်နေစဉ်ကာလမှာ ဘေးအန္တရာယ်ကင်းဖို့ အဲဒီသတ်မှတ်ဧရိယာတွေရဲ့ ၁၅ မိုင်ပတ်လည်မှာ သင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗန်တွေ ဖြတ်သွားတာ၊ ကျောက်ချရပ်တာ၊ ငါးဖမ်းထား၊ ငါးဖမ်းကိရိယာတွေလည်း ချထားတာမျိုး မရှိဖို့ ကြေညာထားပါတယ်။

    ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေလည်း ပေပေါင်း ၁၅,၀၀၀ နေ ဖြတ်ကျော် ပျံသန်းတာမလုပ်ဖို့ အသိပေးချက်ထုတ်ထားပါတယ်။

  13. လူထုကိုအကြမ်းဖက်သတ်ဖြတ်မှု ချက်ချင်းရပ်တန့်ရေး အပစ်ရပ်ဆယ်ဖွဲ့ ထုတ်ပြန်

    လက်နက်မဲ့ပြည်သူလူထုကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ် ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ဖို့ အပစ်ရပ်ဆယ်ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

    ဒီအချက်အပါအဝင် အချက် ငါးချက်ကို အပစ်ရပ်ဆယ်ဖွဲ့ ပေါင်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ဒီနေ့အစည်းအဝေးကနေ ဘုံသဘောတူညီချက်အဖြစ် ရရှိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ဖို့လည်း တောင်းဆိုပြီး CDM လူထုလှုပ်ရှားမှုတွေကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာချက်ကိုလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အပါအဝင် ဆယ်ဖွဲ့က လက်မှတ်ရေးထိုးထားပါတယ်။

    ဒီအပစ်ရပ်ဆယ်ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ PPST အစည်းအဝေးကို ဧပြီ ၃ ရက်နဲ့ ၄ ရက်တို့မှာ ပြုလုပ်ခဲ့ပြီး ဘုံသဘောထားရပ်တည်ချက် ၅ ရပ်ကို ခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေမပြုလုပ်ဘူးလို့ PPST က သဘောထားထုတ်ပြန်ထားသလို အပစ်ရပ်ထားတဲ့အဖွဲ့ထဲက KNUနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေပါတယ်။

    KNU ထိန်းချုပ်နယ်မြေထဲ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားထောင်နဲ့ချီဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ထွက်ပြေးနေရတာတွေရှိနေပါတယ်။ ခုလို လေကြောင်းက တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း PPST ရဲ့ ယာယီခေါင်းဆောင် RCSSအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က မနေ့ ဧပြီ ၃ ရက်မှာပြောကြားထားပါတယ်။

  14. ဗန်းမော်မှာ ရဲနဲ့စစ်တပ်ဝင်စီးစဥ်ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံး

    ဗန်းမော်မြို့က ခွန်သာရပ်ကွက်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဧပြီလ ၄ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီးနောက် ဒေသခံတစ်ဦး ပစ်ခတ်ခံရလို့သေဆုံးခဲ့တယ်လို့ ဗန်းမော်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ရပ်ကွက်မှာ ကင်းစောင့်နေတဲ့ လူတွေကိုလည်း ဖမ်းဆီးသွားခဲ့ပြီး စာကြည့်တိုက်တံခါးတွေ နေအိမ် အချို့တံခါးတွေ အင်တာနက် ဝိုင်ဖိုင်စက်တွေကို လည်းဖျက်ဆီးသွားခဲ့တယ်လို့သူတို့ကပြောပါတယ်။

    ဗန်းမော်မြို့ မင်းမနိုင်ရပ်ကွက်ကအမျိုးသား(၁) ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားကြောင်းနဲ့ အလောင်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ တို့က ယူသွားခဲ့တယ်လို့ လည်း သူတို့ကပြောပါတယ်။

    သေဆုံးခဲ့သူဟာ နာမည်က ဝင်းနိုင်ဦး (ခ) ကိုဖိုးသားညီဖြစ်ပြီးတော့ ရင်ဘတ်မှာ( ၁)ချက် ခြေထောက်မှာ( ၁ )ချက်ထိမှန်ပြီး သေဆုံးခဲ့တာလို့လည်းသိရပါတယ်။

    အနည်းဆုံးလူ ၁၁ ဦးခန့် မနက်က စီးနင်းမှုကြောင့် အဖမ်းခံခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. သဖန်းဆိပ်ဆည်ပေါ်က ဆန္ဒပြပွဲ

    ကျွန်းလှမြို့နဲ့ ဆည်နားက ရွာတွေစုပေါင်းဆန္ဒပြခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျွန်းလှမြို့နဲ့ ဆည်နားက ရွာတွေစုပေါင်းဆန္ဒပြခဲ့ကြ

    ကျွန်းလှမြို့ခံတွေရယ်၊ သဖန်းဆိပ်ဆည်ကို သွားတဲ့လမ်းတစ်လျောက်က ရွာတွေရယ်စုပေါင်းတဲ့ သပိတ်စစ်ကြောင်းဟာ ဆည်ပေါ်မှာ ဒီနေ့ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။

    ကျွန်းလှမြို့ခံတွေကစတဲ့ ဆိုင်ကယ်သပိတ်ဟာ မြို့နဲ့ ၉ မိုင်နီးပါးအကွာ ဆည်အထိ ချီတက်ပြီး လမ်းက ဆန္ဒပြလူထုနဲ့ပူးပေါင်းခဲ့ကြတာပါ။

    ဆည်ပေါ်က ဆန္ဒပြပွဲကတော့ အောင်အောင်မြင်မြင် ဘေးကင်းကင်းနဲ့ ပြီးခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ပြောပါတယ်။

    ဒါ့ပြင် ဆည်အနောက်ဘက်ခြမ်းက ကျေးရွာ ၆ ရွာနီးပါးလည်း ဒီနေ့မှာ သီးခြားဆန္ဒပြခဲ့ကြတာမျိုးရှိတယ်လို့ အဲဒီက ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတွေရဲ့ ဆည်ပေါ်က ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒေသခံတွေရဲ့ ဆည်ပေါ်က ဆန္ဒပြပွဲ
    ပညာရေးဝန်ထမ်းတွေရဲ့ ဆည်ပေါ်က သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပညာရေးဝန်ထမ်းတွေရဲ့ ဆည်ပေါ်က သပိတ်စစ်ကြောင်း
  16. မြန်မာနဲ့ အီစတာ သပိတ်

    ခေတ်အခြေအနေကို ထင်ဟပ်ဖို့ ကြက်ဥလေးတွေကို  ဆေးရောင်ခြယ်ကျင်းပတဲ့ အီစတာနေ့သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ခေတ်အခြေအနေကို ထင်ဟပ်ဖို့ ကြက်ဥလေးတွေကို ဆေးရောင်ခြယ်ကျင်းပတဲ့ အီစတာနေ့သပိတ်

    Easter Day ဟာ ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တို့ အထွတ်အမြတ်ထားတဲ့နေ့ ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ အခက်အခဲတွေကြားကနေ ပြန်လည်ရှင်သန်လာဖို့ လူထုက တနင်္ဂနွေနေ့နဲ့တိုက်ဆိုင်ကျရောက်တဲ့ ဧပြီလ ၄ ရက် ဒီနေ့မှာပဲ အီစတာနေ့လှုပ်ရှားမှုတွေ ပြုလုပ်လာပါတယ်။

    ကြက်ကလေးတွေ ဥခွံထဲက ရုန်းထွက်ရှင်သန်ကြတာဖြစ်လို့ ပြည်တွင်းအားနဲ့ရုန်းကြမယ်လို့လည်း ရည်ညွှန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကြက်ကလေးတွေ ဥခွံထဲက ရုန်းထွက်ရှင်သန်ကြတာဖြစ်လို့ ပြည်တွင်းအားနဲ့ရုန်းကြမယ်လို့လည်း ရည်ညွှန်း

    ဒါ့ပြင် စစ်ဘေးရှောင်နေရလို့ အီစတာနေ့ မကျင်းပနိုင်တဲ့ မြန်မာပြည်ထဲက တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေအစား ကျန်တဲ့ဘာသာဝင်တွေက ကျင်းပပေးတယ်ဆိုတဲ့အမြင် ကမ္ဘာကမြင်အောင် ရည်ရွယ်တယ်လို့ ဒီလှုပ်ရှားမှု မှာပါဝင်သူတွေက ပြောပါတယ်။

    ဘီဘီစီကို ပေးပို့လာတဲ့ ပရိသတ်တွေရဲ့ အီစတာနေ့လှုပ်ရှားမှုပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

    အီစတာနေ့မှာ လူထုက  ကြက်ဥလေးတွေးပေါ် ဆေးရောင်ခြယ်ပြီး သူတို့ဆန္ဒကို ဖော်ထုတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အီစတာနေ့မှာ လူထုက ကြက်ဥလေးတွေပေါ် ဆေးရောင်ခြယ်ပြီး သူတို့ဆန္ဒကို ဖော်ထုတ်
    အီစတာနေ့မှာ လူထုက  ကြက်ဥလေးတွေးပေါ် ဆေးရောင်ခြယ်ပြီး သူတို့ဆန္ဒကို ဖော်ထုတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အီစတာနေ့မှာ မြန်မာ့လူထုရဲ့ဆန္ဒဖော်ထုတ်မှုပုံစံအသစ်
  17. မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်

    မန္တလေးအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်စစ်ကြောင်းတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ သပိတ်တွေ ဒီနေ့ ဧပြီလ ၄ ရက်မှာ ဆက်လုပ်ပြုလုပ်နေကြပါတယ်။

    ကွန်ပျူတာ၊စီးပွားရေးနဲ့အင်ဂျင်နီယာမိသားစုအဖွဲ့တွေ၊ကျန်းမာရေး၊ ပညာရေး၊ မန္တလေးကျောင်းသားသမဂ္ဂပေါင်းစုံ၊ မန္တလေးအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ထွက်ကြပါတယ်။

    မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒါ့ပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ Easter eggs strike လှုပ်ရှားမှုကိုလဲ ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

    အီစတာသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    လက်ရှိမန္တလေးမြို့ရဲ့ လမ်းမကြီး တချို့နဲ့ စစ်ကြောင်းထွက်ခဲ့တဲ့ နေရာတွေမှာ စစ်တပ်၊ရဲ ၊ယာဉ်ထိန်းတို့ပေါင်းပြီး ဆိုင်ကယ်၊ကား ယာဉ်တွေကို ရပ်ခိုင်းပြီး ဖုန်းတွေပါ စစ်ဆေးနေပါတယ်။

    လမ်းကြားတချို့နဲ့ တပ်ပိုင်အဆောက်အုံရှိတဲ့နေရာတွေမှာ ကင်းပုန်း‌တွေချပြီး စောင့်ကြည့်တာတွေပါရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။

  18. နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ

    နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

    အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က Time Square မှာ ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့ ညနေ ပိုင်းက အဝေးရောက်မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပြီး မြန်မာ့အရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့ကြသလို လူထုမဲရလာဒ်ကို လေးစားဖို့၊ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေရပ်ဖို့ကိုလည်း စာတန်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

    နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

    နယူးယောက်က မြန်မာ့အရေးဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

  19. အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲ

    အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးတိုင်းဒေသကြီးထဲက သဲတောနဲ့ ဝမ်းတွင်းမြို့ခံတွေစုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူထု လှုပ်ရှားမှု အရုဏ်ဦးသပိတ်ကို မြို့နေ ဒီနေ့ ဧပြီလ ၄ ရက်မှာလည်း ပြုလုပ်သွားပါတယ်။

    အမျိုးသမီးအများစု ဦးဆောင်တဲ့ သဲတောနဲ့ဝမ်းတွင်းမြို့ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    လုံခြုံရေးတချို့ စစ်ကား ၂ စီးလောက်နဲ့ ကင်းလှည့်နေတာရှိပေမဲ့ မြို့ခံ တွေက ရှောင်ကွင်း ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

    သဲတောရော ဝမ်းတွင်းမှာပါ လူမဲ့သပိတ်၊ စီတန်းလှည့်လည်တဲ့သပိတ် အပြင် ညသပိတ်တွေကိုပါ နေ့စဉ်လိုလိုပြုလုပ်နေပါတယ်။

  20. ကော့ကရိတ်မှာ CRPH ထောက်ခံကြောင်း ဆန္ဒပြထုတ်ဖော်

    CRPH နဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ ကေအင်ယူတပ်မဟာ ၆ နယ်မြေရဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မနေ့ မှာ ကရင်ဒုံးအကနဲ့ဆန္ဒဖော်ထုတ်ပြီးနောက် ဒီကနေ့မှာ လူငယ်ဘောလုံးအသင်းတွေကလည်း အားကစားဝတ်စုံတွေ ဝတ်ဆင်ပြီး ကော့ကရိတ်ဘောလုံးကွင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

    ကော့ကရိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ