အေအေတိုက်တွန်းလို့ အုပ်ချုပ်ရေးမှူး တချို့ တာဝန်ပြန်ထမ်းမယ်ပြော

ပုဏ္ဏားကျွန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလက နုတ်ထွက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ဟာ ရက္ခိုင့်တပ်တော် အေအေက တိုက်တွန်းလို့ မူလတာဝန်ပြန်ထမ်းဆောင်ကြမယ်လို့ အုပ်ချုပ်ရေးမှူးတချို့က ပြောပါတယ်။

ULA/AA ရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ နဲ့ ဒီဇင်ဘာလတွေမှာ သူတို့ နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်ထားကြတဲ့ရာထူးတွေမှာ ပြန်လည် တာဝန်ထမ်းဆောင်ကြဖို့ ဇန်နဝါရီ ၂ ရက်နေ့က ULA/AA က တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ပြီးတဲ့နောက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက အုပ်ချုပ်ရေးမှူး ၇၀ ကျော်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက ၂၀ ဝန်းကျင်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား တာဝန်ထမ်းဆောင်ရတာ လုံခြုံမှု မရှိဘူးလို့ဆိုပြီး နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၅၇ ဦး က ၂၀၂၀ ခုနှစ်အတွင်း နုတ်ထွက်ဖို့တောင်းဆိုမှုတွေလုပ်ခဲ့

အဲဒီ အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေနုတ်ထွက်ကြတုန်းကလည်း အေအေက ပြောဆိုတဲ့အတွက် နုတ်ထွက်ခဲ့ကြတာ ဖြစ်ပြီး အခုပြန်လည်တာဝန်ထမ်းဆောင်ခိုင်းတဲ့အတွက် ဆက်လက် တာဝန်ယူကြမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ပထမဆုံးကတော့ ဘာမှ မလုပ်ရဘူးဆိုပြီး တားထားတာ၊  ဇန်နဝါ၇ီလ ၂ ရက်နေ့က စပြီးတော့ အုပ်ချုပ်ရေးမှူးတွေလုပ်ပါ၊ ဘာမှ မတားတော့ပါဘူးလို့ ပြန်ပြောတယ်” လို့ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

အခုလို အပစ်ရပ်ထားတဲ့ကာလအတွင်းမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီကနေ စိစစ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

နုတ်ထွက်ပြီးနောက်ပြန်လည် တာဝန်ထမ်းဆောင်မယ့် အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပြန်လည်ပေးအပ်မယ့် အခြေအနေရှိမရှိကိုတော့ မဖြေကြားနိုင်သေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရသေ့တောင်

ဓာတ်ပုံ ရင်းမြစ်, CJ

ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နုတ်ထွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ၉၀ နီးပါးကို အေအေက စစ်ကောင်စီရဲ့ ယန္တရားမှာ ပြန်ပြီးတာဝန်ထမ်းဆောင်ကြဖို့ အေအေဘက်က ဒီကနေ့ ခေါ်ပြောခဲ့တာလို့ ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပြပါတယ်။

 အေအေဘက်ကတော့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းမှုနဲ့ ပတ်သက်တာ၊ နယ်မြေတွေအတွင်း အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေကို လုပ်ဆောင်ခွင့် ပေးမပေးစတာတွေကို ရှင်းရှင်းလင်းလင်းထုတ်ပြောတာမျိုး မရှိသေးပါဘူး။

စစ်ရေးတွေတင်းမာမှုတွေရှိနေတဲ့ ဒေသတွေမှာ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေကြ သူတွေဟာ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ သင့်မြတ်ဖို့လိုအပ်တဲ့အတွက် အခုလိုဖြစ်ရတာဖြစ်တယ်လို့ ရခိုင် နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

“တချို့နေရာတွေမှာ အေအေဘက်က လွှမ်းမိုးထားတဲ့နေရာတွရှိတယ် တချို့နေရာတွေမှာ စစ်ကောင်စီဘက်က လွှမ်းမိုးတဲ့နေရာတွေရှိတယ် စစ်ဖြစ်တဲ့နေရာတွေမှာ နှစ်ဖက်မျှတအောင်လည်း နေတတ်ဖို့လိုတယ်”လို့  သူက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရသေ့တောင်မြို့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးအားလုံးနီးပါးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှာ ဆက်လက် တာဝန်မထမ်းဆောင်လိုတော့ကြောင်း စာတင်ပြီး နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၀ ကျော်တို့ဟာလည်း နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘူးဆိုပြီး နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၂ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ နှစ်လဆိုရင် ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အုပ်ချုပ်ရေးမှူး စုစုပေါင်း ၉၀ နီးပါး နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

“အုပ်ချုပ်ရေးမှူးတွေ မရှိတော့ အခက်အခဲဖြစ်တာပေါ့၊ မှတ်ပုံတင်လုပ်ဖို့ ထောက်ခံစာတောင်ရမှာ  မဟုတ်တော့ဘူး၊ ရုံးပိုင်းဆိုင်ရာ မှာ အခက်အခဲဖြစ်တယ်။ ရိက္ခာထုတ်တာမျိုးမှာလည်း စစ်ဘေးရှောင်တွေမှာ အုပ်ကြီးတွေမရှိရင် အခက်အခဲရှိတယ်”လို့ ရသေ့တောင် ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဒေသအခြေအနေတွေ အရ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား အကျပ်အတည်းတွေ ရှိလာနေတဲ့အတွက် အခုလို နုတ်ထွက်ရတာ ဖြစ်တယ်လို့  နုတ်ထွက်စဉ်က ပြောဆိုခဲ့ကြပါတယ်။