ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားမှာ လောင်စာဆီ ပြဿနာကြုံ

ဗီဒီယို ပုံစာ, ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားမှာ လောင်စာဆီ ပြဿနာကြုံ
ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားမှာ လောင်စာဆီ ပြဿနာကြုံ
ရေးသားခဲ့သည်။

ယူကရိန်းက ဒရုန်းတွေ သုံးပြီး ရုရှားထဲက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ နေရာတွေကို တိုက်ခိုက်နေရာမှာ သိသိသာသာ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ လောင်စာဆီ မလောက်ငတဲ့ အတွက် ဓာတ်ဆီထည့်ဖို့ တန်းစီစောင့်နေကြတဲ့ ကားတန်းရှည်ကြီးတွေကို တွေ့လာနေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မော်စကိုမြို့တော်မှာ ဖြစ်ပြီး ဓာတ်ဆီထည့်ဖို့ နာရီများစွာ ကြာအောင် စောင့်ရတယ်လို့ ဆိုပါတယ်။ ဒီလို စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေကို တိုက်ခိုက်တာဟာ နှစ်ဖက်စလုံးရဲ့ အရေးပါတဲ့ ဗျူဟာတခုလည်း ဖြစ်ပါတယ်။ ရုရှားကလည်း ယူကရိန်းထဲက လျှပ်စစ်စက်ရုံတွေကို တိုက်ခိုက်သလို ယူကရိန်းကလည်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေနဲ့ သိုလှောင်ကန်တွေကို အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့လည်း စက်ရုံတရုံ တိုက်ခိုက်ခံခဲ့ရပါတယ်။ ကိယဗ်ဘက်က သာမန် ရုရှားပြည်သူတွေကိုလည်း စစ်ရဲ့ ဒဏ်ကို သိနားလည်လာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ မော်စကို မြို့က ဘီဘီစီ သတင်းထောက် စတိရိုဆင်ဘတ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။