မာသာ ထရီဆာကို သူတော်စင် အဖြစ် ကြေညာ

teresa

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စိန့်ထရီဆာကို လူထောင်ချီတက်ရောက် ဂုဏ်ပြု
ရေးသားခဲ့သည်။

ဆင်းရဲသားတွေကို ကူညီ စောင့်ရှောက်ခဲ့တဲ့ ကိုလ်ကတ္တားမြို့က သီလရှင် ဆရာကြီး မာသာ ထရီဆာ ကို သူတော်စင် အဖြစ် ပုပ်ရဟန်းမင်း ဖရန်ဆစ်က လူပရိသတ် ထောင်ချီ ရှေ့မှာ ကြေညာခဲ့ပါတယ်။

၁၉၉၇ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ မာသာထရီဆာဟာ ကျူးကျော် ရပ်ကွက်တွေက အခြေအနေမဲ့တွေကို ကူညီ စောင့်ရှောက်ခဲ့ပါတယ်။

ရောမမြို့ စိန်ပီတာ ရင်ပြင်မှာ ကျင်းပတဲ့ ဒီ ဂုဏ်ပြုပွဲကို အိမ်ခြေမဲ့ တထောင့် ငါးရာနဲ့အတူ နိုင်ငံ ခေါင်းဆောင် ၁၃ ယောက်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက်ကြပါတယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကို သူတို့ ဖန်တီးတဲ့ ဆင်းရဲမွဲတေမှု ရဲ့ ပြစ်ဒဏ်တွေ အတွက် မာသာ ထရီဆာက အရှက်ရစေခဲ့တယ်လို့ ပုပ်ရဟန်းမင်းက ပြောကြား ခဲ့ပါတယ်။

ကိုလ်ကတ္တားက စိန့်ထရီဆာရဲ့ ဂူရှေ့မှာလည်း လူရာနဲ့ချီပြီး စုဝေး ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဆရာကြီး ထရီဆာဟာ ဆင်းရဲတဲ့ ဟိန္ဒူတွေကို ခရစ်ယာန် ဘာသာပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဝေဖန်သူတွေ ရှိနေပါတယ်။