မာသာ ထရီဆာ ကို သူတော်စင် စာရင်းသွင်းမယ်

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ရေးသားခဲ့သည်။
အိန္ဒိယ နိုင်ငံ ကာလကတ္တား မြို့က ငြိမ်းချမ်းရေး နိုဘယ်ဆု ရ သီလရှင် ဆရာကြီး မာသာ ထရီဆာ ကို ကက်သလစ် ကျောင်းတော်က သူတော်စင် အဖြစ် စာရင်းသွင်းဖို့ အတည်ပြု လိုက်ပါပြီ။
ဦးနှောက် ကင်ဆာ ဖြစ်နေတဲ့ ဘရာဇီး အမျိုးသား တယောက်ကို ပျောက်ကင်းအောင် ဆုတောင်း ပေးနိုင် ခဲ့တယ် ဆိုတဲ့ မာသာထရီဆာ ရဲ့ တန်ခိုးသတ္တိ ကိုလည်း ပုပ် ရဟန်းမင်း ဖရန်ဆစ်က အသိအမှတ်ပြု လိုက်ပါတယ်။
ဆင်းရဲသား ရပ်ကွက် တွေမှာ ကူညီ ကယ်ဆယ်ရေးတွေ လုပ်ခဲ့တဲ့ ကွယ်လွန်သူ မာသာ ထရီဆာကို နောက်နှစ် စက်တင်ဘာ ပထမ ပတ် ထဲမှာ သူတော်စင် အဖြစ် ကြေညာမယ်လို့ အီတလီ သတင်း ဌာနတွေက ခန့်မှန်းနေကြပါတယ်။




