၂၀၁၆ ကမ္ဘာ့ ငြိမ်းချမ်းရေး ညွှန်းကိန်း ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူ အများဆုံး ဖြစ်တဲ့ အတွက် ပဋိပက္ခ တွေကြောင့် သေဆုံးမှုဟာ ၂၅ နှစ် အတွင်း အမြင့်ဆုံး ဖြစ်တယ် လို့ လေ့လာ စစ်တမ်းကောက်မှု အသစ် တခုက ဖော်ပြ နေပါတယ်။
အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲတွေကြောင့် အများဆုံး ဖြစ်ရတာလို့ အဲဒီ လေ့လာမှုက ဆိုပါတယ်။
၂၀၁၆ အတွက် ကမ္ဘာ့ ငြိမ်းချမ်းရေးညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ ဆီးရီးယား နိုင်ငံဟာ ငြိမ်းချမ်းမှု မရှိဆုံး နိုင်ငံဖြစ်ပါတယ်။ သူ့နောက်မှာ တောင်ဆူဒန်၊ အီရတ်၊အာဖဂန် နစ္စတန်နဲ့ ဆိုမာလီယာနိုင်ငံတို့ ရှိနေပါတယ်။
မြန်မာ နိုင်ငံကတော့ ၂၀၁၆ ကမ္ဘာ့ ငြိမ်းချမ်းရေး ညွှန်းကိန်းမှာ ၁၅ ဆင့်တက်လာပြီး နံပါတ် ၁၁၅ မှာ ရှိပါတယ်။




