အကြမ်းဖက် ပုဒ်မနဲ့ ဘင်္ဂလားဒေ့ရှ် ၆ ယောက် တရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်,
ရေးသားခဲ့သည်။
စင်္ကာပူ တရားရုံး တစ်ခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခြောက်ယောက် ကို အကြမ်းဖက်မှု လုပ်ရပ် အတွက် ငွေကြေး ထောက်ပံ့မှု၊ အကြမ်းဖက်ရန် ရည်ရွယ်ချက်နဲ့ အိမ်အဆောက်အဦ အသုံးပြုမှု တွေနဲ့ စွဲဆို လိုက်ပါတယ်။
အသက် ၂၆ နှစ်က ၃၁ နှစ် အတွင်း ရှိကြတဲ့ အဲဒီ လူခြောက်ဦး ဟာ စင်္ကာပူမှာ လာအလုပ်လုပ် နေကြသူတွေဖြစ်ပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာ အစ္စလာမ္မစ်နိုင်ငံ ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းဖို့ ကြိုးစား နေသူတွေလို့ စင်္ကာပူ အစိုးရက ပြောပါတယ်။
ဒီထဲက ၅ ယောက်က လာမယ့် အင်္ဂါနေ့ ရုံးချိန်းမှာ အပြစ်ရှိကြောင်း ထွက်ဆိုမယ် လို့ တရားရုံးမှာ ပြောကြား ခဲ့ပါတယ်။
စုစုပေါင်း လူရှစ်ဦးကို စင်္ကာပူမှာ ဖမ်းဆီးထားပါတယ်။




