ရုရှ နိုင်ငံရေးသမား သတ်မှု ဖမ်းဆီးစစ်ဆေး

russia

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ထောင်သောင်း ချီတဲ့ ရုရှ လူမျိုးတွေ မော်စကို မြို့လယ်မှာ ချီတက် ခဲ့
ရေးသားခဲ့သည်။

ရုရှ အတိုက်အခံ နိုင်ငံရေး သမား Boris Nemtsov ကရင်မလင် နန်းတော်နားမှာ အရင် အပတ်က ပစ်သတ်ခံရမှု နဲ့ ဆက်စပ်ပြီး လူ ၂ ယောက်ကို ရုရှ မှာ ဖမ်းဆီး လိုက်ပါတယ်။

ဒီလူတွေဟာ ကော့ကေးဆပ် နယ် မြောက်ပိုင်းက ဖြစ်ကြောင်း ပဲ ရုရှ လုံခြုံရေး ဌာန အကြီးအကဲ Alexander Bortnikov က ပြောကြား ပြီး အသေးစိတ် ထုတ်ပြန်မှု မရှိပါဘူး။

Anzor Gubashev နဲ့ Zaur Dadayev ဆိုသူ ၂ ယောက်ကို ဒီနေ့ ဖမ်းမိပြီး ဆက်လက် စစ်ဆေး ရှာဖွေမှုတွေ လုပ်ဆောင် နေတယ်လို့ မစ္စတာ Bortnikov က ပြောကြား ခဲ့ပါတယ်။

သမ္မတ ပူတင် ကို ပြင်းပြင်းထန်ထန် ဝေဖန်သူ မစ္စတာ Nemtsov ကို သတ်ဖြတ်မှု အတွက် ဝမ်းနည်းတဲ့ အနေနဲ့ အရင်တပတ် တနင်္ဂနွေ နေ့က ထောင်သောင်း ချီတဲ့ ရုရှ လူမျိုးတွေ မော်စကို မြို့လယ်မှာ ချီတက် လမ်းလျှောက် ခဲ့ကြ ပါတယ်။

ဒီလူသတ်မှုမှာ ရုရှ အစိုးရ လက်ချက် ပါတယ်လို့ သူ့ ထောက်ခံသူ တွေက အပြစ်တင် ကြပေမယ့် မစ္စတာ ပူတင်က စွပ်စွဲမှု အဖြစ် တုံ့ပြန် ခဲ့ပါတယ်။