မော်စကိုမှာ လူတွေ သောင်းနဲ့ချီပြီး လှည့်လည်

ဓာတ်ပုံ ရင်းမြစ်, AP
ရုရှား နိုင်ငံ မြို့တော် မော်စကို မြို့လယ် မှာ သောင်းနဲ့ချီ တဲ့ လူတွေ ဟာ အသတ်ခံ လိုက်ရ တဲ့ အတိုက်အခံ ခေါင်းဆောင် ဘောရစ် နမ်ဆော့ အတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ် ချီတက် လှည့်လည် ခဲ့ကြပြီး လက်ရှိ ရုရှား သမ္မတ ပူတင် ကို ဆန့်ကျင် တဲ့ ကြွေးကြော်သံ တွေ လည်း အော်ဟစ် ခဲ့ကြ ပါတယ်။
မစ္စတာ နမ်ဆော့ အသတ် ခံခဲ့ရ တဲ့ ကရင်မလင် နန်းတော် အနီး တံတားပေါ် က နေရာ ကိုလည်း ရုရှား အလံ နဲ့ မစ္စတာ နမ်ဆော့ ရဲ့ ဓာတ်ပုံတွေ ကို ကိုင်ဆောင် ထားကြ တဲ့ လူအုပ်ကြီး ဖြတ်သန်း ခဲ့ကြပါ တယ်။
အခုလို ချီတက် ခဲ့ကြသူတွေ ထဲ ယခင် ရုရှား ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မီခေးလ် ကေစီယားနော့ဗ် လည်း အပါအဝင် ဖြစ်ပါတယ်။
မစ္စတာ နမ်ဆော့ အသတ်ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ကေစီယားနော့ဗ် က ဘောရစ် အသတ် ခံလိုက်ရ တာ ဟာ ခေတ်သစ် ရုရှား သမိုင်း မှာ အချိုးအကွေ့ တစ်ရပ် ဖြစ်လာ စေပြီး ပြောင်းလဲမှု တွေ မလွဲမသွေ ဖြစ်လာမယ် လို့ ယုံကြည်မှု အပြည့် ရှိကြောင်း ပြောပါတယ်။




