အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, AFP GETTY
ကမ္ဘာမှာ တတိယ အင်အား အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ လို့ ဆိုစမှတ် ရှိတဲ့ အင်ဒိုနီးရှား ရဲ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပ နေ ပါတယ်။
ဂျာကာတာ မြို့တော်ဝန်ဟောင်း Joko Widodo နဲ့ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto တို့ ဝင်ပြီး ယှဉ်ပြိုင် ကြပါတယ်။
မစ္စတာ ဝီဒိုဒို ကို လူကြိုက် အများဆုံး ဖြစ်မယ်လို့ လ အတော်ကြာ ကထဲက ခန့်မှန်း ထားကြပါတယ်။
အင်ဒိုနီးရှား လူဆင်းရဲတွေ ကြားမှာ လူကြိုက် များပေမယ့် ဝီဒိုဒိုဟာ နိုင်ငံရေး အတွေ့အကြုံ အားနည်းပြီး မဲဆွယ် စည်းရုံရေးလဲ ဖြစ်ကတတ် ဆန်း နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောကြား ပါတယ်။
ခေါင်းဆောင် ဆုံးဖြတ်နိုင်စွမ်း ရှိသူကို ရွေးချယ်ကြပါလို့ အင်ဒို နီးရှား လူငယ် တွေကို ဗိုလ်ချုပ်ကြီးဟောင်း Subianto က ပန်ကြား ထားပါတယ်။
ဒါပေမဲ့ Subianto ရဲ့ လူ့အခွင့်အရေး နောက်ခံ သမိုင်းက မကောင်းဘူးလို့ ဝေဖန် ခံနေရပါတယ်။





