ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာစစ်တပ်ကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့က အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်

    အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေအပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါတယ်။

    ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးများနေ့မှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ မြန်မာနိုင်ငံ စစ်ထောက်ချုပ်ရုံး၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ၊ နိုင်ငံခြားက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူတဲ့ ကာကွယ်ရေး ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးဌာနနဲ့ မြန်မာစစ်မှုထမ်းဟောင်းအဖွဲ့အစည်းတွေ ပါ၀င်ပါတယ်။

    ဒါ့အပြင် ၂၀၂၁ ခုနှစ် ဧပြီလအစောပိုင်း ဆန္ဒပြပွဲတွေမှာ ပဲခူးမြို့က ပြည်သူအများအပြားကို လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က ပစ်သတ်ခဲ့မှုမှာ တာ၀န်ရှိတဲ့ စစ်ကောင်စီခန့် ပဲခူးတိုင်း၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း အပြင် ကယားပြည်နယ်၀န်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်း၀န်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်တို့ကိုလည်း အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်၊

    အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကိုရော ဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို သက်ဆိုင်ရာနိုင်ငံတွေက ထိန်းချုပ်ထားလိုက်မှာဖြစ်ပြီး ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

    ဒီလုပ်ရပ်ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာ ရပ်တန့်ဖို့နဲ့ အားပေးထောက်ပံ့တာတွေအားလုံး ဆိုင်းငံ့ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆိုမှုတွေကို အင်အားဖြည့်တင်းတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

  2. စစ်ကောင်စီဥက္ကဋ္ဌကို ဖမ်း၀ရမ်းထုတ်နိုင်ဖို့ အိုင်စီစီမှာ တိုင်ကြား

    မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူအမြောက်အများအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇ၀တ်မှု Crimes Against Humanity ကျူးလွန်တယ်လို့ စွပ်စွဲပြီး အိုင်စီစီ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ဗြိတိန်အခြေစိုက် Myanmar Accountability Projectအဖွဲ့က သက်သေအထောက်အထားတွေ ပေးပို့လိုက်ပါတယ်။

    မြန်မာနိုင်ငံတွင်း ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ စနစ်တကျ နှိပ်စက်ညှဥ်းပန်းမှုပေါင်း များစွာကို ရောမ ဥပဒေစာချုပ် ပုဒ်မ ၁၅ အရ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ အိုင်စီစီကို တိုက်တွန်းထားတာပါ။

    အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က ကျူးလွန်မှုတွေအတွက် စစ်ကောင်စီဥက္ကဋ္ဌမှာ တာ၀န်ရှိတယ်လို့လည်း MAP အဖွဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။

    ပြစ်မှုစီရင်ဖို့အတွက် အလားအလာကောင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ခိုင်လုံတဲ့အချက်အလက်တွေ အများအပြားရှိတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံတွင်းမှာ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှဉ်းပန်းမှုပေါင်း များစွာ တွေ့ရှိရပြီး နိုင်ငံတ၀န်း မူဝါဒတွေရဲ့ အကျိုးဆက်ဖြစ်လာနေတယ်ဆိုတဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို အိုင်စီစီကို တိုင်တန်းထားတယ်လို့လည်း ပြောပါတယ်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ၇၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

  3. ဒုံးတောကျေးရွာဖြစ်ရပ် အမေရိကန် ပြင်းပြင်းထန်ထန် ရှုတ်ချ

    စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်း ဒုံးတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လူ ၁၁ ယောက်ကို မီးရှို့သတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန်က အင်မတန် စိတ်ပျက်ဒေါသထွက်မိတယ်လို့ ပြောပါတယ်၊

    ဆားလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဘက်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့လို့ဆိုတဲ့ ရွာသား ၁၁ ယောက်ရဲ့ ရုပ်အလောင်းတွေ ဒီဇင်ဘာလ ၈ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အဲဒီသူတွေထဲမှာ အသက်မပြည်သေးတဲ့ ကလေးတွေလည်း ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ ပစ်ခတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းဟာ မှားယွင်းနေပြီး သူတို့လုပ်ရပ်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

    ဒါပေမဲ့ သက်သေအထောက်အထား ရုပ်ပုံတွေနဲ့တကွ တက်လာတဲ့ ဒုံးတောရွာဖြစ်စဥ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

    အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကတော့ မြန်မာပြည်သူတွေကို ဖိနှိပ်ဖို့အတွက် အခုလိုမျိုး နည်းလမ်းတွေကို အာဏာသိမ်းစစ်တပ်ဘက်က အသုံးပြုတာ ဒါပထမဆုံးအကြိမ်မဟုတ်ပဲ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို မြန်မာစစ်တပ်ဘက်က အများအပြား လုပ်ဆောင်နေမှုတွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ ယဥ်ကျေးမှုကို အဆုံးသတ်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြလိုက်တာပဲလို့ ပြောပါတယ်။

    စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေအားလုံး အဆုံးသတ်ပြီး တရားမ၀င် ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

  4. စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ ကုလကို အရပ်ဖက်အဖွဲ့တွေ တောင်းဆို

    မြန်မာအာဏာသိမ်းစစ်တပ်ကို တရား၀င်အစိုးရအဖြစ် သဘောသက်ရောက်စေတဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ရန်ပုံငွေနဲ့ အစီအစဥ်တွေအားလုံးကို ကမ္ဘာတ၀န်းမှာရှိတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီဟာ မြန်မာပြည်သူတွေ အတိဒုက္ခရောက်အောင် ဆက်လက်လုပ်ဆောင်နေပြီး လူ့အခွင့်အရေးကပ်ဆိုက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေတာကြောင့် စစ်ကောင်စီနဲ့ MOU နားလည်မှု စာချွန်လွှာ ထိုးတာ၊ အစည်းအ၀ေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာတွေလည်း မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

    ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ ဒီလို လုပ်ရပ်တွေလုပ်ဆောင်ပြီး စစ်ကောင်စီကို တရား၀င်အစိုးရဖြစ်အောင် ပံ့ပိုးပေးနေသလို စစ်တပ်ရဲ့ ၀ါဒဖြန့်မှုတွေကို မီးလောင်ရာလေပင့်လုပ်ဆောင်ဖို့ နေရာပေးနေတယ်လို့လည်း ဆိုပါတယ်။

    ကုလသမဂ္ဂမှာ စစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ်ကို ပယ်ချဖို့အတွက် လုံခြုံရေးကောင်စီရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ဟာ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်မရဘူးဆိုတဲ့ အတည်ပြုချက် ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

    ဒါပေမဲ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဥ် UNDP က ပူးပေါင်းကျင်းပတဲ့ အွန်လိုင်းအစည်းအ၀ေးမှာ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး တက်ရောက်ခဲ့တာ၊ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထိပ်သီးဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေနဲ့ တခြားပွဲအခမ်းအနားတွေမှာလည်း စစ်ကောင်စီဘက်က တက်ရောက်တာကို အံ့အားသင့်ဖွယ်တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

    ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပြီး အထွေထွေညီလာခံရဲ့ သဘောတူမူကြမ်းနဲ့အညီ ဒီမိုကရေစီနဲ့ ပြည်သူတွေရဲ့ သဘောဆန္ဒကို ထောက်ခံအားပေးကြောင်း ထင်ထင်ရှားရှား ပြသရမယ်လို့လည်း ဆိုပါတယ်။

    အရပ်သားတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂက တောင်းဆိုပေးဖို့ တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ မိတ်ဖက်အဖွဲ့အစည်းမဟုတ်ပဲ ဒီပြဿနာ အရင်းခံဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

  5. ကောလင်းမှာ စစ်ကောင်စီရဲ့ လှည့်ကင်းယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်း PDF ပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ထဲက ကျော်ဇေယျာရပ်ကွက် မှာရှိတဲ့ ကောလင်း-ဥက္ကံလမ်းမပေါ်က ကမ္ဘောဇဘဏ်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်နေ့က ကင်းလှည့်နေတဲ့စစ်ကောင်စီယာဉ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။

    ကောလင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ SECRET WARRIOR အဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်သေဆုံးစာရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Kawlin Revolution အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်မှာတော့ ကောလင်း၊ မုံရွာနဲ့ရေဦးနယ်တွေမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးစာရင်းတွေကိုလည်းထုတ်ပြန်လာပါတယ်။

  6. မုံရွာတမာလမ်းပေါက်ကွဲမှုမှာ ဒဏ်ရာရသူတစ်ဦးထပ်မံသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက တမာတန်းမီးပွိုင့်မှာ ဒီကနေ့ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားတစ်ဦးနေရာမှာတင် သေဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသားကို မုံရွာဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဒီနေ့ မွန်းလွဲ ၁နာရီခန့်မှာတော့ သေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဒီကနေ့မုံရွာမြို့မှာတော့ ဒီဇင်ဘာ ၁၀ရက် လူ့အခွင့်အရေးနေ့ အဖြစ် ငြိမ်သက်ခြင်းလူထုသပိတ်လုပ်ခဲ့ပြီး တမြို့လုံးနီးပါးလူသူအသွားအလာ နည်းချိန်မှာ အခုလိုပေါက်ကွဲမှုဖြစ်တာလို့ဒေသခံတွေကပြောပါတယ်။ ဒီပေါက်ကွဲမှုအပြီးမှာ တမာတန်းမီးပွိုင့်အနီးပစ်ခတ်သံတချို့လည်းကြားခဲ့ရပြီး လမ်းသွားလမ်းလာအမျိုးသားတစ်ဦးလည်းဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

  7. မုံရွာရွှေဘိုလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ် တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ဆို

    စစ်ကိုင်းတိုင်းဒေသကြီးထဲက အရာတော်မြို့နယ် ၊ မုံရွာ- ရွှေဘိုလမ်းမပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် မနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦးကို ကြိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင် အားစုကထုတ်ပြန်ပါတယ်။

    ဒီကနေ့မနက်ပိုင်း မုံရွာ- ရွှေဘိုလမ်းပေါ်က ဇရစ်ကျေးရွာနဲ့မြေနက်ကျေးရွာကြားမှာ ဖြတ်သန်းလာတဲ့ စစ်ကောင်စီအရာရှိပါ ယာဉ်နှစ်စီးမှာ မိုင်းထိပြီးနောက် နေရာမှာထိုးရပ်သွားခဲ့ပြီး အရာရှိနဲ့ စစ်သားအများအပြားပါတဲ့ ကားကို ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

  8. ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကပါဝင်တဲ့ မဇာခြည်လင်း သွေးကင်ဆာရောဂါနဲ့ကွယ်လွန်

    ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာဗိုလ်ချုပ်ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာက ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်မဇာခြည်လင်းဟာ ဒီကနေ့ဒီဇင်ဘာ ၁၀ရက်ညနေ ၃နာရီဝန်းကျင်မှာ သွေးကင်ဆာရောဂါနဲ့ကွယ်လွန်သွားတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

    " လည်ချောင်းမှာအနာဖြစ်ပြီး အစားအသောက်မစားနိုင်တော့ဘူး။ အစားပိုက်သွင်းလုပ်ရင်းနဲ့ အာဟာရပြတ်တာနောက်ဆုံးတော့၊ ဒီနေ့ပုသိမ်ဆေးရုံမှာပဲ ဆုံးသွားတာပါ" လို့မဇာခြည်လင်းရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကိုပြောပါတယ်။

    မဇာခြည်လင်းဟာ မူလတန်းကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းပြီးကတည်း ကအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီး သူ့ရဲ့ ကင်ဆာရောဂါဝေဒနာကို ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။

    ရန်ကုန်မှာဆေးကုသမှုခံယူနေရင်းကနေ နေထိုင်ရာဇာတိဖြစ်တဲ့ ပုသိမ်မြို့ကိုပြန်ပြီး ၁၀ရက်ဝန်းကျင်လောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်ရှိပြီလို့သိရပါတယ်။

    သူပါဝင်ရိုက်ကူးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ရိုက်ကူးမှုပြီးစီးသွားပြီး အသံပိုင်းဆိုင်ရာဆက်လုပ်ဆောင်ဖို့ရှိတယ်ဆိုတဲ့အခြေအနေလောက်ပဲ သိရတယ်လို့မိသားစုဝင်တွေကပြောပါတယ်။

  9. မန္တလေးနဲ့စစ်ကိုင်းမှာ ဈေးချိုအပါအဝင် ဈေးနဲ့ဆိုင်ခန်းတွေပိတ်, ကျောက်ဝိုင်းတွေပါပိတ်၊ လူအသွားအလာမရှိခြောက်ကပ်နေ

    ငြိမ်သက်ခြင်းသပိတ်လုပ်တဲ့ ဒီဇင်ဘာ ၁၀ရက်၊လူ့အခွင့်အရေးနေ့မှာ မန္တလေးမြို့မှာရှိတဲ့ ဈေးချိုးတော်အပါအဝင် ရတနာပုံဈေးနဲ့လက်ကားဈေးကြီး က ဆိုင်ခန်းပေါင်း၁၀၀၀ ကျော်လောက်ပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလိုဆိုင်ခန်းတွေအပြင် မနက်ပိုင်းဈေးဖြစ်တဲ့ အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးဆိုင် တွေလည်းအများစုပိတ်ထားသလို ရပ်ကွက်တွေအတွင်းက ကွမ်းယာဆိုင်နဲ့လက်ဖက်ရည် ဆိုင်တွေပါပိတ်ထားပြီးလူအသွားအလာမရှိ ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    " လမ်းကသိသိသာသာကိုရှင်းတယ်။ မနက်အစောကြီးထွက်တာကို မနက်စာဝယ်မရဘူး။ ကား၊ ဆိုင်ကယ် ဘာမှမရှိဘူး။ အခု ၁၀နာရီကျော်ဆို ဘာသံမှ မကြားရဘူး။ ရှင်းတာ။ မြို့လည်ခေါင်ရော ဆင်ခြေဖုံးတွေပါ ဒီနေ့ အရမ်းသိသာတယ်"လို့ မန္တလေးမြို့ဒေသခံ တစ်ဦးက မြို့နယ်အတွင်း မြင်တွေ့ခဲ့ရတဲ့ အခြေနေတွေကို ပြောပါတယ်။

    ဒီကနေ့ လူ့အခွင့်အရေးနေ့မှာတော့ ဆုံးရှုံးသွားတဲ့လူ့အခွင့်အရေးတွေအတွ် တိတ်ဆိတ်ကြဆိုတဲ့လူထုလှုပ်ရှားမှုအနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄နာရီအထိ အပြင်မထွက်၊ ဈေးဆိုင်တွေမဖွင့်ကြပဲ ငြိမ်သက်ခြင်းလူထုသပိတ်ကို နိုင်ငံတဝန်းလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အလားတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းမြို့မှာလည်း မနက်ခင်းဈေးနဲ့တနေကုန်ဖွင့်လှစ်ရောင်းချတဲ့ဈေးတွေပါပိတ်ထားသလို စစ်ကိုင်းမြို့ရဲ့ အထင်ကရဖြစ်တဲ့ ကျောက်စိမ်းပုတီးဘောဂါကျောက်ဝိုင်းလည်း ဒီကနေ့ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    " တချို့စားဝတ်နေရေး ရုန်းကန်ရတာတွေ ရှိတယ်။ ဒါပေမယ့် ဒီနေ့တရက် တော်လှန်မယ်ဆိုမယ့် စိတ်နဲ့ မဖြစ်ဖြစ်အောင် ပါဝင်ကြတာ။ လူထုက စိတ်ဓာတ်လုံးဝမကျသွားဘူး။ ဒီအတိုင်း နေလိုက်မယ် ဆိုတဲ့စိတ် လုံးဝမရှိဘူး။ ဒီနေ့က သက်သေပြလိုက်တာပဲ"လို့ မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ခံယူချက်ကို ပြောပြပါတယ်။ငြိမ်သက်ခြင်းသပိတ်လုပ်တဲ့ ဒီဇင်ဘာ ၁၀ရက်၊လူ့အခွင့်အရေးနေ့မှာ မန္တလေးမြို့မှာရှိတဲ့ ဈေးချိုးတော်အပါအဝင် ရတနာပုံဈေးနဲ့လက်ကားဈေးကြီး က ဆိုင်ခန်းပေါင်း၁၀၀၀ ကျော်လောက်ပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလိုဆိုင်ခန်းတွေအပြင် မနက်ပိုင်းဈေးဖြစ်တဲ့ အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးဆိုင် တွေလည်းအများစုပိတ်ထားသလို ရပ်ကွက်တွေအတွင်းက ကွမ်းယာဆိုင်နဲ့လက်ဖက်ရည် ဆိုင်တွေပါပိတ်ထားပြီးလူအသွားအလာမရှိ ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    " လမ်းကသိသိသာသာကိုရှင်းတယ်။ မနက်အစောကြီးထွက်တာကို မနက်စာဝယ်မရဘူး။ ကား၊ ဆိုင်ကယ် ဘာမှမရှိဘူး။ အခု ၁၀နာရီကျော်ဆို ဘာသံမှ မကြားရဘူး။ ရှင်းတာ။ မြို့လည်ခေါင်ရော ဆင်ခြေဖုံးတွေပါ ဒီနေ့ အရမ်းသိသာတယ်"လို့ မန္တလေးမြို့ဒေသခံ တစ်ဦးက မြို့နယ်အတွင်း မြင်တွေ့ခဲ့ရတဲ့ အခြေနေတွေကို ပြောပါတယ်။ ဒီကနေ့ လူ့အခွင့်အရေးနေ့မှာတော့ ဆုံးရှုံးသွားတဲ့လူ့အခွင့်အရေးတွေအတွက္ တိတ်ဆိတ်ကြဆိုတဲ့လူထုလှုပ်ရှားမှုအနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄နာရီအထိ အပြင်မထွက်၊ ဈေးဆိုင်တွေမဖွင့်ကြပဲ ငြိမ်သက်ခြင်းလူထုသပိတ်ကို နိုင်ငံတဝန်းလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

    အလားတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းမြို့မှာလည်း မနက်ခင်းဈေးနဲ့တနေကုန်ဖွင့်လှစ်ရောင်းချတဲ့ဈေးတွေပါပိတ်ထားသလို စစ်ကိုင်းမြို့ရဲ့ အထင်ကရဖြစ်တဲ့ ကျောက်စိမ်းပုတီးဘောဂါကျောက်ဝိုင်းလည်း ဒီကနေ့ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ပြန်လည်ဖွင့်လှစ်ပေးတဲ့ ဈေးတွေကို ဆိုင်ခန်းရှင်အများစုက မထွက်ကြတာ၊ အာဏာဖီဆန်ရေး CDM မှာ ပူးပေါင်းပါဝင်တာ၊ လူထုလှုပ်ရှားမှုနဲ့ သပိတ်တွေ ပြုလုပ်ခဲ့တာ ဆယ်လကျော်ကြာပြီလို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    " တချို့စားဝတ်နေရေး ရုန်းကန်ရတာတွေ ရှိတယ်။ ဒါပေမယ့် ဒီနေ့တရက် တော်လှန်မယ်ဆိုမယ့် စိတ်နဲ့ မဖြစ်ဖြစ်အောင် ပါဝင်ကြတာ။ လူထုက စိတ်ဓာတ်လုံးဝမကျသွားဘူး။ ဒီအတိုင်း နေလိုက်မယ် ဆိုတဲ့စိတ် လုံးဝမရှိဘူး။ ဒီနေ့က သက်သေပြလိုက်တာပဲ"လို့ မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ခံယူချက်ကို ပြောပြပါတယ်။

  10. ငြိမ်သက်ခြင်းသပိတ်နေ့မြစ်ကြီးနားမှာ လမ်းသွားလမ်းလာမရှိသလောက်ဖြစ်၊ တစ်မြို့လုံး တိတ်ဆက်ငြိမ်သက်

    ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာလည်း ဒီကနေ့ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့အဖြစ် ငြိမ်သက်ခြင်းသပိတ်လူထုလှုပ်ရှားမှုလုပ်တဲ့နေ့မှာမြို့တွင်းက ဈေးနဲ့လမ်းတွေမှာ လူမရှိသလောက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မြစ်ကြီးနားမြို့ စည်ပင်သာယာမြို့မ ဈေးမှာလည်း ဈေးရောင်းသူ၊ ဝယ်သူတွေမရှိသလို ပုံမှန်မြို့တွင်းစည်ကားလေ့ရှိတဲ့နေရာတွေမှာလည်း လူသူလေးပါး ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် မြစ်ကြီးနားမြို့မှာရှိတဲ့ ခေမာသီရိ ရပ်ကွက်ဈေးမှာလည်း ဒီကနေ့မနက်ပိုင်းကတည်းက ဈေးလာရောင်းသူ ၂၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ဒီမနက် ဈေးသည်က ၂၀ တောင်မရှိဘူး။ လာခင်းတဲ့ဈေးသည်လည်း ၉ နာရီမထိုးခင်အမြန်ပြန်ဖို့လုပ်တာ။ ဘာမှဝယ်မစရာမရှိဘူး။ ဆိုင်ကယ်ရပ်တဲ့နေရာလည်းလူမရှိဘူး၊ ဆိုင်ကယ်အပ်ရမယ့်နေရာလည်း လူမရှိဘူး။ ဝက်သားသည်၊ အမဲသားသည်လည်း (ဈေး)လာမခင်းဘူး။ လက်ဖက်ရည်၊ မုန့်ဝယ်စရာမရှိ။ အကုန်ပိတ်တယ်“ လို့ မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ဈေးကို ဈေးဝယ်သွားတဲ့ အိမ်ရှင်မတစ်ယောက်က မြစ်ကြီးနားမြို့အခြေအနေကိုပြောပြပါတယ်။

    ဒါ့အပြင် ရပ်ကွက်တွေအတွင်း ဆိုင်ကယ် သုံးဘီးနဲ့လှည့်လည်ရောင်းချတဲ့ ဈေးသည်တွေကအစ ဒီနေ့မှာ ရပ်ကွက်တွေထဲကို လာရောက်ရောင်းချတာမရှိဘူးလို့မြို့ခံတွေကပြောပါတယ်။

    “ဆိုင်က တစ်ရက် ရောင်းရငွေ ၂သိန်းကျော် ၃သိန်းတော့ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ဆိုင်မဖွင့်ဘူး။ သူများတွေတောင် အသက်တွေပေးနေကြတာ၊ ကိုယ်က ဒီတစ်ရက်ငွေကို မြင်နေလို့မရဘူး“ လို့ ရပ်ကွက်တွင်ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဈေးဆိုင်က ပြောပါတယ်။

    ကချင်ပြည်နယ် မှာတော့ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော် စတဲ့ နေရာ တော်တော်များများမှာ အသံတိတ်သပိတ် နေ့ ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆိုင်အများစု ပိတ်ထားကြတယ်လို့ဒေသခံတွေကပြောပါတယ်။

  11. နိုင်ငံတဝန်း ငြိမ်သက်ခြင်းသပိတ်လုပ်ကြတဲ့ ဒီကနေ့ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တပ်နယ် အခြေစိုက်မြို့တွေဖြစ်တဲ့ ပြင်ဦးလွင်၊ မင်္ဂလာဒုံနဲ့ မုံရွာမြို့ နမခတပ်ဈေးတွေရဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။ အဲဒီက ဈေးဆိုင်ခန်းတွေအားလုံးပိတ်ထားတာကိုတွေ့ရပါတယ်။

  12. လူ့အခွင့်အရေးနေ့ငြိမ်သက်ခြင်းသပိတ်မှာပါဝင်မယ့် ပြည်သူတချို့ဖိအားပေးခံနေရ, ဖိအားပေးမှုတွေရှိပေမယ့် နိုင်ငံတဝန်းလူထုငြိမ်သက်ခြင်းသပိတ်စတင်

    အာဏာသိမ်းဖြစ်စဉ် ၁၀ လတာကာလမှာ နိုင်ငံတဝန်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာတွေအတွက်၊ ဆုံးရှုံးသွားတဲ့ လူ့အခွင့်အရေးတွေအတွက် ငြိမ်သက်ကြဆိုတဲ့ ငြိမ်သက်ခြင်းသပိတ်ကို နိုင်ငံတဝန်းမှာ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်လုပ်ဆောင်နေကြပါတယ်။

    တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီကနေ့ဒီဇင်ဘာ ၁၀ ရက်လူ့အခွင့်အရေးနေ့မှာငြိမ်သက်ခြင်းသပိတ်နဲ့ Black Campaign မှာ ပါဝင်ဖို့နှိုးဆော်ထားသလိုလူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ဒီလှုပ်ရှားမှုကိုထောက်ခံအားပေးသူတွေများပြားနေပါတယ်။

    ဒါပေမဲ့ ဒီသပိတ်မတိုင်ခင် ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက အသံတိတ်သပိတ်မှာ မပါဝင်ဖို့စစ်ကောင်စီဘက်ကက ရန်ကုန်မြို့တွင်းရပ်ကွက်တချို့မှာ လိုက်လံနှိုးဆော်နေပြီးနယ်မြို့တချို့မှာတော့ ဈေးဆိုင်တချို့ကို မဖြစ်မနေဖွင့်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကဖိအားပေးနေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။

    ဒီကနေ့ဒီဇင်ဘာ ၁၀ရက်နေ့မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ကိုယ့်အိမ်ထဲမှာကိုယ်နေပြီးကားမရှိ၊ ဈေးမဖွင့် ၊ လူမရှိ၊ ဆိုင်မဖွင့်ဆိုတဲ့ ငြိမ်သက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်ဖို့တော်လှန်ရေးအင်အားစုတွေကနှိုးဆော်ထားပါတယ်။

    အဲဒီအချိန်မှာပဲ ဒီနေ့ကျရောက်တဲ့လူ့အခွင့်အရေးအနေ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး လူ့အခွင့်အရေးနဲ့မညီမျှမှုတွေလျော့ကျစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပြန်ပါတယ်။ ပြည်တွင်းမှာတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင်ဝေဖန်ထားပါတယ်။

  13. မုံရွာမြို့၊ တမာတန်းမီးပွိုင့်အနီးမှာ ပေါက်ကွဲမှုဖြစ် တစ်ဦးသေ၊ တစ်ဦး ဒဏ်အရာအပြင်းအထန်ရတယ်လို့ ဒေသခံတွေကပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တမာတန်းမီးပွိုင့်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    " မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မီးပွိုင့်အနား ပေါက်ကွဲသံတော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်။ ဆိုင်ကယ်နဲ့အမျိုးသားနှစ်ဦးထိတာ၊ တစ်ယောက်ကတော့နေရာမှာပဲသေဆုံးပြီး နောက်ထပ်တစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ သူတို့ကိုလူနာတင်ယာဉ်တွေလာခေါ်သွားပြီး ပစ်ခတ်သံတချို့ကြားလိုက်ရတယ်။ မြို့ထဲမှာပဲ အမျိုးသားတစ်ဦးလည်းဖမ်းဆီးခံရလိုက်ရတယ်" လို့ မုံရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဒီကနေ့ဒီဇင်ဘာ ၁၀ရက်၊ လူ့အခွင့်အရေးနေ့မှာတော့ နိုင်ငံတဝန်းမှာ တိတ်ဆိတ်ခြင်းသပိတ်ကိုပါဝင်ခဲ့ကြပြီး မုံရွာမှာလည်း လမ်းမကြီးတွေနဲ့ ဈေးဆိုင်ခန်းတွေ ပိတ်ထားချိန်၊ မြို့အတွင်း လူအသွားအလာ ရှင်းနေတဲ့အချိန် အခုလိုပေါက်ကွဲမှုဖြစ်တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

  14. မြန်မာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဗီယက်နမ်ဆို

    မြန်မာနိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ဗီယက်နမ် နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေး၀န်ကြီး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

    မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီတို့ ဖက်စပ်လုပ်ဆောင်ထားတဲ့ Mytel ကုမ္ပဏီပိုင် ဆက်သွယ်ရေးတာ၀ါတိုင်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေ မကြာခဏ ရှိနေချိန်မှာ ဗီယက်နမ်နိုင်ငံခြားရေးဌာနဘက်က အခုလို ပြောဆိုလိုက်တာပါ။

    မြန်မာနိုင်ငံတွင်းရှိတဲ့ ဗီယက်နမ်နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗီယက်နမ် ကုမ္ပဏီတွေမှာ လုပ်ကိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့တွေရဲ့ လုံခြုံရေးကို တိုးမြင့်လုပ်ဆောင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဗီယက်နမ်နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဗီယက်နမ်သံရုံးတို့က တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံဟာ အာဆီယံ မိသားစုရဲ့ အရေးကြီးတဲ့ အဖွဲ့၀င်တနိုင်ငံဖြစ်ပြီး အာဆီယံ အသိုက်အ၀န်း တည်ဆောက်ရေးမှာ ပါ၀င်ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှု ရှိဖို့ မျှော်လင့်မိတယ်လို့လည်း ပြောပါတယ်။

  15. ငြိမ်သက်ခြင်းသပိတ်မလုပ်ဖို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေရှိ

    နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံတ၀န်း ငြိမ်သက်ခြင်းသပိတ် ဆင်နွှဲကြဖို့ လူမှုကွန်ရက်တွေပေါ်မှာ တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ နယ်မြို့တချို့မှာတော့ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

    မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြည်သူတွေအားလုံး အပြင်မထွက်ပဲ စီးပွားရေးလုပ်ငန်းတွေ အားလုံး ပိတ်သိမ်းကာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတ်ဆိတ်မှုနဲ့ တော်လှန်ပုန်ကန်ကြဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

    သရက်မြို့နယ်ဘက်မှာတော့ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စျေးဆိုင်တွေ မဖွင့်ရင် ဆိုင်ခန်းတွေ ပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိသလို သွားရေး လာရေး အားလုံးအဆင်ပြေအောင်နဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲမရှိအောင် လုပ်ပေးမယ်ဆိုပြီး မြို့နယ်စည်ပင်တွေဘက်က ညွှန်ကြားနေတာ ရှိတယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ အားကောင်းတဲ့အချိန်မှာလည်း ငြိမ်သက်ခြင်းသပိတ်၊ ပန်းသပိတ်၊ နုတ်ခမ်းနီသပိတ် စတဲ့ သပိတ်အမျိုးမျိုးကို လူငယ်တွေက ဦးဆောင်ပြီး အွန်လိုင်းပေါ်ကနေတဆင့် လှုံ့ဆော်ခဲ့ကြဖူးသလို လူအတော်များများ ပါ၀င်ပူးပေါင်းတာကိုလည်း တွေ့ရပါတယ်။

    ဒီကနေ့မှာလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆိုင်တွေပိတ်သိမ်းမယ်လို့ ကြေညာထားတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ပြောဆိုရေးသားမှုတွေကို လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။

  16. ငြိမ်သက်ခြင်းသပိတ်မှောက်တဲ့နေ့မှာ အပြင်မထွက်ကြဖို့ အမေရိကန်နိုင်ငံသားတွေကို သံရုံး ညွှန်ကြား

    ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံတ၀န်း ငြိမ်သက်ခြင်းသပိတ် silent strike ဆင်နွှဲကြဖို့ လူမှုကွန်ရက်ပေါ်တွေကနေတဆင့် တောင်းဆိုနေကြချိန်မှာပဲ အဲဒီနေ့မှာ ခရီးမသွားကြဖို့၊ အပြင်ထွက် လှုပ်ရှားမှုတွေ မလုပ်ကြဖို့ သူ့နိုင်ငံသားတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    သံရုံးအနေနဲ့ ခိုင်လုံတဲ့ အသေးစိတ် ခြိမ်းခြောက်မှုတွေ မရရှိထားပေမယ့် ငြိမ်သက်ခြင်းသပိတ်လုပ်နေစဥ်အတွင်း လုံခြုံရေးတပ်ဖွဲ့၀င်တွေဘက်က တုံ့ပြန်ဆောင်ရွက်တာတွေ ရှိလာနိုင်တာကြောင့် အိမ်မှာပဲ နေကြဖို့ အမေရိကန်နိုင်ငံသားအားလုံးကို အထူးသတိပေးချက်ထုတ်ပြန် တိုက်တွန်းထားတာပါ။

    ရန်ကုန်မြို့မှာ မကြာသေးမီတုန်းက ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေဟာ မကြာခဏ ပေါ်ပေါက်လာနိုင်ဖွယ်ရှိပြီး ထပ်မံအရှိန်မြင့်ဖြစ်ပွားရှိတယ်လို့လည်း သတိပေးထားပါတယ်။

    စစ်တပ်အနေနဲ့လည်း လမ်းတွေပိတ်တာ၊ နယ်မြေရှင်းလင်းတာတွေကို ပိုမိုတိုးချဲ့လုပ်ဆောင်လာနိုင်ပြီး တုံ့ပြန်ဆောင်ရွက်တာတွေလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် အများပြည်သူ စု၀ေးတဲ့နေရာတွေကို ရှောင်ကြဥ်ကြဖို့၊ အပြင်ထွက် လှုပ်ရှားမှုတွေ မလုပ်ကြဖို့၊ အစားအသောက်နဲ့ ရေ လုံလုံလောက်လောက် စုဆောင်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

  17. မန္တလေးက စစ်ကောင်စီအစောင့်တဲတချို့ တိုက်ခိုက်ခံရ

    မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်ရုံးမှာ ဒီဇင်ဘာလ ၉ ရက် နေ့ခင်းပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေးဖီးနစ်အင်အားစု အဖွဲ့က ပြောပါတယ်။

    ၈၂ လမ်း ၁၆x၁၇ လမ်းကြား မေဃဂီရိရပ်ကွက်ရုံးရဲ့ စစ်ကောင်စီစောင့် ယာယီတဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်အပါဝင် သုံးဦးဒဏ်ရာရခဲ့ကာ တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။

    ပေါက်ကွဲမှု ဖြစ်စဉ်အနီးမှာ ဒေသခံနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

    အဲဒီပေါက်ကွဲမှုကို Mandalay Phoenix Force(MPF) အဖွဲ့နဲ့ MPRတို့ပူးပေါင်း လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ပေါက်ကွဲမှုကြောင့် အနီးနားက ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရမိတာကို စိတ်မကောင်းဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒီဇင်ဘာ ၈ရက် ညပိုင်းမှာ နန်းရှေ့ အမှတ် ၁ ရဲစခန်းပေါက်ကွဲမှုမှာလည်း စစ်ကောင်စီဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကို Ranger of Mandalay အဖွဲ့က လုပ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

    ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို ဘီဘီစီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    ထိခိုက်ဒဏ်ရာရလူနာကို ကူညီသယ်ဆောင်ပို့ပေးရတဲ့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေနဲ့ လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

  18. ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချခြင်း- စစ်ဗိုလ်ချုပ်တို့ရဲ့ နည်းဟောင်း

  19. ကမ္ဘာတ၀န်း သတင်းသမားတွေ ဖမ်းဆီးခံရမှု စံချိန်တင်မြင့်တက်

    ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတ၀န်း သတင်းသမားတွေ ဖမ်းဆီးခံရမှု အရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကူညီစောင့်ရှောက်ရေးကော်မတီ CPJ က ထုတ်ပြန်ပါတယ်။

    ဒီနှစ်အတွင်း သတင်းထောက်ပေါင်း ၂၉၃ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် ၂၄ ဦးထက်မနည်းဟာ သူတို့ရဲ့ သတင်းရေးသားဖော်ပြမှုတွေကြောင့် အသတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    CPJ ရဲ့ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံဟာ သတင်းသမားတွေ ဖမ်းဆီးထောင်ချမှု အများဆုံး ဖြစ်ပြီး စုစုပေါင်း အယောက် ၅၀ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ သတင်းထောက်တွေ ဖမ်းဆီးခံရတာ မရှိတဲ့ မြန်မာနိုင်ငံကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၂၆ ယောက်ကို ဆက်လက်ဖမ်းဆီးထားမှုကြောင့် ဒုတိယအများဆုံးစာရင်း ၀င်ခဲ့ပါတယ်။

    CPJ အဖွဲ့က အတည်မပြုနိုင်သေးတဲ့ တခြားသတင်းထောက်တွေလည်း မြန်မာနိုင်ငံ အကျဥ်းထောင်တွေထဲမှာ ဆက်လက်ဖမ်းဆီးခံထားရကောင်းရနိုင်တယ်လို့လည်း ဆိုပါတယ်။

    ကမ္ဘာတ၀န်း နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု၊ လွတ်လပ်စွာ သတင်းရယူခွင့်ကို ချုပ်ခြယ်တားမြစ်မှုတွေကို ပိုမိုတိုးများလာတာကြောင့် အခုလို သတင်းသမား အများအပြား စံချိန်တင် အဖမ်းခံရတာ ဖြစ်တယ်လို့ CPJ အဖွဲ့ရဲ့ နှစ်စဥ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။