ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော
တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ
တိုက်ရိုက် ထုတ်လွှင့်ချက်
မြန်မာနိုင်ငံအပေါ် NDAA ဘယ်လို သက်ရောက်မှု ရှိမလဲ
စဝ်ခေမာဝတီ၊ ဟော်နန်း၊ အစောင့်ကြည့်ခံနဲ့ ဒုက္ခသည်မင်းသမီး
ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်
လေးကေ့ကော်မှာ တိုက်ပွဲတွေ မရပ်သေး
ဒက်စမွန် တူးတူးရဲ့ ဘဝဇာတ်ကြောင်း
စပိုင်ဒါမန်း - No Way Home ရုပ်ရှင် ဒေါ်လာ တစ်ဘီလျံ၀င်ငွေရ
ရခိုင်ဝန်ကြီးချုပ်ဟောင်းနဲ့စည်ပင်ဝန်ကြီးဟောင်းတို့ ရွေးကောက်ပွဲအမှု ထပ်တိုးရင်ဆိုင်ရ
ဖရူဆိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ ကုလထိပ်တန်းအရာရှိ တောင်းဆို
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက မိုဆို ကျေးရွာအနီး အရပ်သားတွေ အစုလိုက် အသတ်ဖြတ် ခံလိုက်ရတဲ့ အပေါ် အင်မတန် တုန်လှုပ် ခြောက်ခြား ရကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု ဆိုင်ရာနဲ့ အရေးပေါ် အကူအညီပေးရေး ဌာန အကြီးအကဲ မာတင် ဂရစ်ဖစ် Martin Griffiths က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဖရူဆို တိုက်ခိုက်သတ်ဖြတ်မှုမှာ အနည်းဆုံး လူ ၃၅ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လည်း အနည်းဆုံး တစ်ယောက် ပါဝင်ကြောင်း ယုံကြည် စိတ်ချရဖွယ် သတင်းတွေ၊ အစီရင်ခံစာတွေ ရရှိထားတယ်လို့ မစ္စတာ ဂရစ်ဖစ်က ဆိုပါတယ်။
အဲဒီ ဖြစ်ရပ်အတွင်း Save the Children ပရဟိတ ဝန်ထမ်း ၂ ယောက် ပျောက်ဆုံး နေပြီး၊ သူတို့ရဲ့ မော်တော်ယာဥ် မီးရှို့ခံထားလျက်သား တွေ့ရှိ ထားတဲ့ အချက်ကိုလည်း မစ္စတာ ဂရစ်ဖစ်ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်း ဖော်ပြ ထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်း စစ်ကောင်စီဘက်က ကျူးလွန်တာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေ ရထားတယ် ဆိုပြီးတော့ Save the Children အဖွဲ့က ထုတ်ပြန် ထားနှင့်ပြီး ဖြစ်ပါတယ်။
အင်မတန် ဆိုးရွားပြင်းထန်လှတဲ့ အခု ဖရူဆို တိုက်ခိုက်မှု အပါအဝင် မြန်မာနိုင်ငံ တလွှား ပေါ်ပေါက်နေတဲ့ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက် နေတာတွေကို ရှုတ်ချလိုက်ပြီး၊ အဲဒီ လုပ်ရပ်တွေဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ မစ္စတာ ဂရစ်ဖစ်က ပြောပါတယ်။
အခု ဖရူဆို တိုက်ခိုက်မှုကို ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ရာ ပွင့်လင်းမြင်သာမှု ရှိတဲ့ အသေးစိတ် စုံစမ်း စစ်ဆေးမှု တစ်ရပ် ချက်ခြင်း စတင်ဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်တယ် ဆိုပြီးတော့လည်း မစ္စတာ ဂရစ်ဖစ်ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
ဒီအချိန်မှာပဲ၊ တကျော့ပြန် စစ်အာဏာသိမ်းခံပြီး ကတည်းကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ အထိ ဆိုရင် ကယား ပြည်နယ် တိုက်ပွဲတွေမှာ ဒေသခံ ၁၈၇ ယောက် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစုက ထုတ်ပြန်ပါတယ်။
ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး
ခရစ္စမတ်နေ့က လေးကေ့ကော်
မင်းပြား - တလင်းမှာစုထားတဲ့ ကောက်လှိုင်းစည်းထောင်ချီ မီးရှို့ခံရ
ခရစ္စမတ်စ် ဘိုးဘိုးကြီး ဘာတွေ ပြင်ဆင်နေသလဲ
လေးကေ့ကော်ဒေသ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
လေးကေ့ကော် လေကြောင်းက တိုက်ခိုက်ခံရမှုအပေါ် KNU ရဲ့ အမြင်
စစ်ကိုင်းတိုင်းထဲက ရေမျက်မှာ အိမ်ခြေ ၅၀ ကျော်မီးရှို့ခံရ
စစ်ကိုင်း - နတ်ချောင်း ပစ်ခတ်မှု သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိတယ်လို့ ဒေသခံတွေပြော
ဟောင်ကောင်က တီယန်နန်မင် ရင်ပြင် အထိမ်းအမှတ် ရုပ်တု ဖယ်ရှားခံရ
ကလေးမြို့တောင်ပိုင်း နတ်ချောင်းရွာကို ရဟတ်ယာဥ်တွေနဲ့ဝင်ပစ်
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲပြင်းထန်