ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အာဏာသိမ်းထားတဲ့ကာလ စစ်ရိပ်စစ်ငွေ့ကြားက ကရင်နှစ်သစ်ကူး

  2. အာဏာသိမ်းမှုကြောင့် အကျည်းတန်ခဲ့ရတဲ့ စစ်ကိုင်းမြေကဖြစ်ရပ်များ

  3. နယ်စပ်ကိုဖြတ်ပြီး တောင်ကိုရီးယားဘက်က လူတစ်ယောက် မြောက်ဘက်ကို ဝင်ရောက်

  4. PR စနစ်က ဖွဲ့စည်းပုံကို မဆန့်ကျင်ဘူးလို့ ဒေါက်တာအေးမောင်ပြော

  5. တရုတ်က လော့ဒေါင်းချထားတဲ့မြို့မှာ ပိတ်မိနေတဲ့မြို့ခံတွေ စားစရာမရှိလို့ အကူအညီတောင်းနေရ

  6. "စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို လအနည်းငယ်အတွင်း ဦးချိုးပစ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။" -NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

  7. အပစ်ရပ်အဖွဲ့တွေကို သတိပေးပြီးနောက် ကေအန်ယူနဲ့ စစ်ကောင်စီတို့ရဲ့ သဘောထား

  8. ၂၀၂၁ အထင်ကရဖြစ်ရပ်ကြီး ၅ ခု

  9. အိုမီခရွန်စတွေ့လာချိန် ပြည်ပက ပြန်လာသူတွေကို ဘယ်လို ကိုဗစ်စစ်ဆေးထိန်းချုပ်နေသလဲ

  10. အိန္ဒိယ ကိုဗစ်- ကား၊ရထားတွေမှာ လူကန့်သတ်လိုက်လို့ လူတန်းရှည်ကြီးတွေနဲ့ စောင့်နေရ

  11. ဖရူဆို သတ်ဖြတ်ခံရမှု အသက်မပြည့်သေးသူတွေ ပါဝင်

  12. မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုး တွေ့ရှိ

  13. ရိုဟင်ဂျာ ရာကျော်ကို အင်ဒို ကမ်းတက်ခွင့် ပြုဖို့ ဆုံးဖြတ်

    အင်ဒိုနီးရှားကို ဆိုက်လာခဲ့တဲ့ လှေပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပြီး အင်ဒိုနီးရှား အစိုးရက ထုတ်ပြန်ပါတယ်။

    ဆုမတြား အနောက်ကျွန်း၊ အားချေး Aceh အထူးဒေသ၊ ဘာရွန်း ခရိုင်ထဲက ကမ်းရိုးတန်း တစ်နေရာမှာ ရိုဟင်ဂျာ ဒုက္ခသည် အယောက် ၁၂၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ လှေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

    ကနဦးတုန်းကတော့ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ပေးပြီး နိုင်ငံတကာ ရေပိုင်နက်ထဲထိ အဲဒီ ဒုက္ခသည်လှေကို ပြန်လွှတ်မယ်လို့ ဒေသအာဏာပိုင်တွေက ပြောခဲ့တဲ့ အတွက် နိုင်ငံတကာ စိုးရိမ်မှုတွေ ပေါ်ထွက်လာစေပါတယ်။

    ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အဖွဲ့ UNHCR ရဲ့ အဆိုအရ အဲဒီလှေထဲ ရေဝင်နေပြီ ဖြစ်ပြီး၊ အင်ဂျင်စက်လည်း ထိခိုက်ပျက်စီးနေတဲ့ အတွက် ပင်လယ်ပြင်မှာ ဆက်ပြီး မျောနေရင် တိမ်းမှောက်တော့မယ့် အန္တရာယ် ရှိနေပြီလို့ သတိပေးချက် ထုတ်ပြန်ပါတယ်။

    အခုအခါမှာတော့ အင်ဒိုနီးရှား ဗဟိုအစိုးရက လှေပေါ်ပါလာတဲ့ ဒုက္ခသည်တွေကို ကမ်းတက် ခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

    “လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးဖို့ အစိုးရက ဆုံးဖြတ်လိုက်တယ်” ဆိုပြီး အင်ဒိုရဲ့ လုံခြုံရေး ဆိုင်ရာ ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အဲဒီ ဌာနက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ အာမက် ဝီဂျယာရဲ့ အဆိုအရ လှေပေါ်မှာ ကြုံတွေ့နေရတဲ့ အရေးပေါ် အခြေအနေတွေကို ထည့်သွင်းစဥ်းစားပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒုက္ခသည်လှေကို မျက်မြင်တွေ့ကြုံရတဲ့ ဒေသတွင်း ငါးဖမ်းတံငါလှေတချို့ပေါ်က သူတွေရဲ့ အဆိုအရ အဲဒီ ရိုဟင်ဂျာလှေဟာ နေရာနှစ်ခုကနေ ရေအတော်လေး ဝင်နေနှင့်ပြီ ဖြစ်လို့ ရက်ပိုင်းအတွင်း နစ်သွားနိုင်ဖွယ် ရှိတယ်လို့ ပြောဆိုကြပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ ၁၉၅၁ နိုင်ငံတကာ ပဋိညာဥ်ထဲ လက်မှတ်ရေးထိုးမထားပါဘူး။ ဒါပေမယ့် UNHCR နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI တို့က လှေပေါ်က သူတွေကို ကယ်တယ်ပြီး ကမ်းပေါ် တက်ခွင့်ပေးဖို့ အင်ဒိုနီးရှား အစိုးရကို ပန်ကြားခဲ့ပါတယ်။

    နှစ်စဥ်ဆိုသလိုပဲ ပင်လယ်ပြင် အတန်သင့် လှိုင်းငြိမ်တဲ့ နိုဝင်ဘာကနေ ဧပြီလတွေ အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ပိုမိုလုံခြုံ စိတ်ချရာ နေရာတွေကို ရောက်နိုင်ဖို့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့ကို ဦးတည်ပြီး ပင်လယ်ပြင်ကို လှေငယ်တွေနဲ့ သက်စွန့်ဆံဖြား ကူးကြလေ့ရှိပါတယ်။

  14. ပန်းပင်ကြီးလမ်း ဖြစ်ရပ် အဖမ်းခံရသူတွေထဲ မိန်းကလေးငယ်တစ်ဦး အာမခံနဲ့ လွတ်လာ, ပန်းပင်ကြီးလမ်း စစ်ကောင်စီရဲ့ တိုက်ခိုက် ဖမ်းဆီးခံရသူတွေထဲက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦး အာမခံနဲ့လွတ်လာ

    ဒီဇင်ဘာလ ၅ ရက် မနက်ပိုင်း၊ ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူအုပ်ထဲထရပ်ကားနဲ့ နောက်က ဝင်တိုက်ပြီး ဖမ်းခေါ်သွားသူတွေထဲ အသက်မပြည့်သေးတဲ့ မိန်းကလေး တစ်ဦး ဒီရက်ပိုင်းမှာပဲ အာမခံနဲ့ ပြန်လွတ်လာပါတယ်။

    မယဥ်မေဦး ဒီဇင်ဘာ ၂၈ ရက် နေ့မှာ အာမခံနဲ့ ပြန်လွတ်လာတယ်လို့ ရှေ့နေဖြစ်သူက အတည်ပြုပါတယ်။

    မယဥ်မေအောင်ကို ၅၀၅(က) နဲ့ တရားစွဲထားကြတယ်လို့ ရှေ့နေ ဒေါ်တင်ဇာဦးက ပြောပါတယ်။

    စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနကို တရားရေးဘက်က စာပို့ထားပြီး အဲဒီ ဌာနကနေ မယဥ်မေအောင် ဒါမှမဟုတ် သူ့ရဲ့မိသားစုကို ခေါ်ပြီး စစ်ဆေးလိမ့်မယ်လို့ နားလည်ရပါတယ်။

    လူကယ်ပြန်ရဲ့ မှတ်ချက်ထွက်လာတဲ့ အခါ တရားသူကြီး အမှုအပေါ် ဆင်ခြင်သုံးသပ်ပြီး မယဥ်မေအောင်ရဲ့ အမှုကို လွှတ်မယ်၊ မလွှတ်ဘူး ဆိုတာ အမိန့်ချမှာ ဖြစ်တယ်လို့ ဒေါ်တင်ဇာဦးက ရှေ့ဆက်ပြီး ဖြစ်လာမယ့် အဆင့်တွေအကြောင်း ပြောပါတယ်။

    မယဥ်မေအောင်ရဲ့ အစ်ကိုအရင်းဖြစ်တဲ့ ကိုအာကာကျော်ကတော့ စစ်ကြောရေးမှာပဲ ဆက်ပြီး ကျန်နေခဲ့သေးတယ်လို့လည်း ရှေ့နေ ဒေါ်တင်ဇာဦးက ပြောပါတယ်။

    အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဆိုရင်တော့ ကိုအာကာကျော် အမှု အတွက်လည်း လိုက်ပါ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

    ပန်းပင်ကြီးလမ်း ဖြစ်ရပ်အတွင်း အဖမ်းခံထားရသူတွေထဲရှေ့နေ ဒေါ်တင်ဇာဦး လိုက်ပါ ဆောင်ရွက်ဖို့ ရှိတဲ့ နောက်တစ်ယောက်ကတော့ မမြကြူကြူသင်း ဖြစ်ပါတယ်။

    မမြကြူကြူသင်းဟာ ကားနဲ့တိုက်ခံရသူတွေကို မထားရစ်ခဲ့ပဲ အခင်းဖြစ်ရာမှာ ဆက်နေပြီး ပြုစု ကုသရင်း အဖမ်းခံသွားတဲ့ အင်းစိန်က ကြက်ခြေနီ သူနာပြု ဆရာမလေး ဖြစ်ပါတယ်။

    မမြကြူကြူသင်းလည်း စစ်ကြောရေးမှာပဲ ဆက်လက်ရှိနေသေးတယ်လို့ ရှေ့နေဒေါ်တင်ဇာဦးက ပြောပါတယ်။

  15. ဒေါက်တာဇော်မြင့်မောင် နေမကောင်း ဖြစ်နေလို့ ရုံးချိန်းပြီးအောင် မထိုင်နိုင်

    မန္တလေး အိုးဘို အကျဉ်းထောင်ရဲ့ မြို့နယ်အလိုက် ထောင်တွင်း တရားရုံးမှာ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အပါအဝင် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့၊ မန်းလေး စည်ပင်ကော်မတီဝင်နဲ့ ပါတီအကြီးအကဲ တချို့ကို ၂၉ ရက် ဒီဇင်ဘာမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

    ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင် နေမကောင်းတဲ့အတွက် သူ့ကိုစွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုတွေနဲ့ ပတ်သက်လို့ဇန်နဝါရီ ၅ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

    “သက်သေ ၂ ယောက် လာတယ်။ အောင်မြေသာဇံနဲ့ အမရပူရ မြို့နယ်ရုံးတွေ အတွက် တစ်ယောက်စီပေါ့။ အဲဒီ သက်သေတွေကို စစ်ရတယ်။ ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး မကောင်းဘူး။ ထောင်ကနေ နေ့လယ်ထွက်လာပြီး ပြန်ဝင်ရတယ်။ ဖျားနေလို့။ နေမကောင်းလို့။ ရုံးချိန်းထုတ်တဲ့ အချိန် ကြာကြာ မထိုင်နိုင်လို့ ပြန်ဝင်သွားရတယ်။ မောလို့ ဆိုပြီး။ ရုံးချိန်းမပြီးခင် ပြန်ဝင်သွားရတယ်” ဆိုပြီး ရှေ့နေ တစ်ဦးက ပြောပါတယ်။

    စဉ့်ကိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ‌ဒေါ်ဝင်းမြမြကို စွဲဆိုထားတဲ့ပုဒ်မ ၅၀၅ (က) အမှုနဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုတွေ အတွက်လည်း အခု ဗုဒ္ဓဟူးနေ့၊ ၂၉ ရက်မှာ ရုံးချိန်းတွေ ရှိနေခဲ့ပြီး၊ ပြန်ခေါ်သက်သေမလာလို့ ပြန်လည် ချိန်းဆိုရပါတယ်။

    လက်ရှိအချိန်ထိ ဒီနေ့ ရုံးထုတ်သူအားလုံး မိသားစုနဲ့တွေ့ခွင့်ရဖို့ တရားဝင် စာတင်ထားပေမယ့် တွေ့ခွင့်မရသေးဘူးလို့ တရားရုံးအဖွဲ့တွေကနေ သိရပါတယ်။

    တိုင်းအစိုးရအဖွဲ့ဝန်ကြီးဟောင်း ဦးမျိုးသစ်ကိုတော့ ပုဒ်မ ၅၀၅ ခ နဲ့ နောက်သီတင်းပတ်ထဲ အမိန့်ချဖို့ ရှိတယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

    မန္တလေးတိုင်းမှာ ဒေါက်တာဇော်မြင့်မောင်ဟာ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးနဲ့ နှစ်မှု စုစုပေါင်း အမှု သုံးမှုအတွက် ထောင်လေးနှစ် ချခံထားရသလို အခုအခါ အဂတိအမှုနဲ့ ရွေးကောက်ပွဲအမှုတွေနဲ့ပါ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

    ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရပြီး နောက်ထပ်ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရသူတွေထဲ မန္တလေးမှာ ဆိုရင် ဝန်ကြီး ဦးဇာနည်အောင်နဲ့တိုင်း NLD ပါတီ အတွင်းရေးမှူး ဦးတင်ကိုကို တို့လည်း ရှိနေပါတယ်။

  16. စစ်အာဏာသိမ်းမှုကြောင့် ပြိုပျက်သွားတဲ့ အထဲ HIV/AIDS လူနာတွေကို စောင့်ရှောက် ကုသမှု စနစ်လည်း ပါဝင်နေ

    မြန်မာနိုင်ငံမှာ တကျော့ပြန် စစ်အာဏာသိမ်းခံရတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု အဖြစ် ကျန်းမာရေး စနစ် လုံးဝ ပြိုလဲလုမတတ် ဖြစ်သွားတာနဲ့ အတူ ခုခံအားကျဆင်းမှု HIV/AIDS လူနာတွေကို လိုအပ်တဲ့ ဆေးဝါးတွေ ကူညီ ထောက်ပံ့နေတဲ့ အစီအစဥ်တွေလည်း လုံးဝ ပျက်စီးသွားခဲ့တယ် ဆိုပြီး နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က တာဝန်ရှိသူ တစ်ယောက် ဖြစ်တဲ့ ဂျွန် ပရင်ဂယ်က ဗြိတိသျှ သတင်းစာ တယ်လီဂရပ်ဖ်နဲ့ မေးမြန်းခန်းမှာ ထုတ်ဖော် ပြောပါတယ်။

    MSF ဟာ မြန်မာနိုင်ငံထဲ HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုတွေကို နှစ်ပေါင်း ၂၀ ကျော် ရှေ့တန်းကနေ ကူညီ ပံ့ပိုးပေးနေတဲ့ နိုင်ငံတကာ ပရဟိတ အဖွဲ့ ဖြစ်ပါတယ်။

    “စစ်အာဏာမသိမ်းခင်က အထိကဆိုရင် မြန်မာနိုင်ငံထဲ အကောင်အထည် ဖော်ထားတဲ့ တတိုင်းပြည်လုံး အနှံ့ AIDS ရောဂါသည်တွေ အတွက် အစီအစဥ်ထဲ ကျွန်တော်တို့ MSF အဖွဲ့ တစ်ခုတည်းက ကူညီ ပံ့ပိုးပေးနေတဲ့သူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်လည်း ပါဝင် နေခဲ့ပါတယ်။

    လုပ်ရကိုင်ရတာတွေ အတော်လေး အဆင်ပြေ အရှိန်ရနေပြီး၊ အောင်မြင်နေတယ်လို့ ပြောနိုင်ခဲ့ပါတယ်။

    ဖေဖေါ်ဝါရီ ၁ ရက်နေ့က စပြီး အခြေအနေ အားလုံး ပြောင်းလဲ ကုန်တာပဲ။ စစ်အာဏာသိမ်း ခံရတာကြောင့် တတိုင်းပြည်လုံး ကစဥ့်ကလျားတွေ ဖြစ်ကုန်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေတွေ ပေါ်ပေါက်လာခဲ့တယ်။ AIDS ရောဂါ ကိုင်တွယ်ရေး နိုင်ငံလုံး ဆိုင်ရာ အစီအစဥ် အပါအဝင် ကျန်းမာရေး စနစ်ယန္တရားကြီး တစ်ခုလုံး ရပ်ဆိုင်းသွားခဲ့ပါတယ်။

    HIV ပိုး ရှိတဲ့သူတွေ အတော်လေး ဒုက္ခရောက်ကြရပြီး ကျွန်တော်တို့ အဖွဲ့ဆီ လာပြီး အကူအညီတောင်းလာသူတွေ မနည်းမနောပါပဲ” လို့ ဂျွန် ပရင်ဂယ်က ပြောပါတယ်။

    MSF ဟာ HIV နဲ့ ပတ်သက်ပြီး ARV ကုသမှုကို မြန်မာနိုင်ငံထဲ ကူညီ ပံ့ပိုး ပေးနေတာမှာ လှုပ်ရှားဆောင်ရွက် နေတဲ့ သက်တမ်းတလျှောက် တွက်ကြည့်မယ် ဆိုရင် လူနာပေါင်း ၄ သောင်း ၂ ထောင် ကျော် အရေအတွက် ထိအောင် ဒီ ဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

  17. ဖရူဆိုဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေအတွက် မြေမြှုပ်ဈာပနပြုလုပ်

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်တုန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့ဈာပနပြုလုပ်ခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာ အမျိုးသမီးနဲ့ကလေးတွေအပါအ၀င် လူပေါင်း ၃၅ ဦးသေဆုံးတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

    ဒါပေမဲ့ ဒီနေ့ဈာပနမှာတော့ အလောင်း ၃၃ လောင်းနဲ့ ရုပ်ကြွင်းအပိုင်းအစတွေကို မြှုပ်နှံခဲ့တယ်လို့သိရပါတယ်။

  18. ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးကို အလုပ်နဲ့ ထောင် ၂ နှစ်တစ်လ ချမှတ်

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံး (ကျောက်တံတားတရားခွင်) ကနေ ပုဒ်မ ၂ ခုနဲ့ အလုပ်နဲ့ ထောင်ဒဏ် စုစုပေါင်း ၂ နှစ်နဲ့တစ်လ ချမှတ်လိုက်တယ်လို့ ကိုဝေယံဖြိုးမိုးရဲ့ရှေ့နေ ဒေါ်တင်ဇာဦးက ဘီဘီစီကို ပြောပါတယ်။

    ကိုဝေယံဖြိုးမိုးကို အာဏာမသိမ်းခင်က ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုနဲ့ ပတ်သက်ပြီး ခုလို ပုဒ်မ ၂ ခုနဲ့ ထောင်ချလိုက်တာလို့ သိရပါတယ်။

    "ကိုဝေယံဖြိုးမိုးကို ရခိုင်ပြည်နယ်မှာ 4G အင်တာနက် အပြည့်အဝရရှိဖို့ မနှစ်က စတေကာကမ်ပိန်းလုပ်လို့ဆိုပြီး စွဲဆိုထားတာက အာဏာမသိမ်းခင် တည်းကပါ။ အဲဒါက ပုဒ်မ ၁၉ နဲ့ပါ။ နောက်ပိုင်း ၅၀၅ - ခ တပ်လာလို့ဘာလို့ တပ်တာလဲမေးတော့ အဲဒီ ရခိုင်အင်တာနက်စတေကာကမ်းပိန်းကြောင့်ပဲ ထပ်တပ်တာလို့ သိရပါတယ်။ လူတစ်ယောက်တည်းကို ဖြစ်စဉ်တစ်ခုတည်းကို ပုဒ်မ ၂ ခုနဲ့စွဲဆိုပြီးထောင်ချခံရတာပါ" လို့ သူ့ရှေ့နေက ရှင်းပြပါတယ်။

    အခု ချမှတ်လိုက်တဲ့ထောင်ဒဏ်တွေအတွက် ချုပ်ရက်များကို ထုတ်နုတ် ခံစားခွင့်မပြုဘူးလို့လည်း သိရပါတယ်။ ကိုဝေယံဖြိုးမိုးဟာ အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းဆန့်ကျင်သပိတ်တွေမှာ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ၂ မှု စွဲဆိုထားတာကိုလည်း ဆက်လက်ရင်ဆိုင်နေရပါတယ်။

    ကိုဝေယံဖြိုးမိုးဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က အထွေထွေ သပိတ်ကော်မတီ (GSC) သပိတ်ကို စစ်ကောင်စီတပ်တွေက ဖြိုခွဲဖမ်းဆီးချိန်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ စတင်ဖမ်းဆီးခံရစဉ်က ကိုဝေယံဖြိုးမိုးရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က မတ်လ ၁၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

  19. ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၂၄ ရက်တုန်းက မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့လူပေါင်း ၃၅ ဦးထဲမှာ အသက်မပြည့်သေးတဲ့လူငယ်နဲ့ကလေး ၄ ဦးပါဝင်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) က ပြောလာပါတယ်။

    အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ဦး၊ ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးနဲ့ အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါဝင်တယ်လို့ဆိုပြီး ယူနီဆက်ဖ် ကပြောလာတာပါ။

    သတ်ဖြတ်ခံခဲ့ရသူတွေထဲမှာ လိုအပ်ချက်တွေရှိနေတဲ့ဒေသခံတွေဆီ အကူအညီသွားပေးပြီးနောက် လွိုင်ကော်ရုံးကို ပြန်လာတဲ့ ကလေးသူငယ်အကူအညီပေးရေးအဖွဲ့ Save the Children ရဲ့ ဒေသခံ ဝန်ထမ်း ၂ ဦးလည်းပါဝင်ပါတယ်။

    “အရပ်သားတွေ၊ ကလေးငယ်တွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်သားတွေအပေါ် အခုလိုတိုက်ခိုက်မှုကို ယူနီဆက်ဖ်အနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရရော မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အရပါဆိုရင် ပဋိပက္ခတွေပေါ်ပေါက်တဲ့အခါ သူတို့ကို ဦးစားပေး အကာအကွယ်ပေးရမှာဖြစ်ပါတယ်။''လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

    မနှစ်မြိုစရာဒီဖြစ်ရပ်ဆိုး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာအောင် အမြန်စုံစမ်းဖော်ထုတ်ဖို့ကိုတောင်းဆိုတယ်လို့လည်း ယူနီဆက်ဖ်ဘက်က ပြောထားပါတယ်။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ စစ်ကောင်စီဟာ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းမှာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ ပြည်သူ ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဉ်တွေနဲ့အတူ မီးရှို့ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    အသတ်ခံသူတွေဟာ စစ်ရှောင်းရင်း လမ်းခုလတ်မှာ စစ်ကောင်စီတပ်တွေရဲ့အခုလို သတ်ဖြတ်တာခံရတာလို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒါကို ငြင်းထားပါတယ်။

  20. နိုင်ငံကြီးတွေ အားပြိုင်မှုကြားက မြန်မာ- အန်ယူဂျီကို အမေရိကန် ဘယ်လို တရားဝင် အသိအမှတ်ပြု ပံ့ပိုးမလဲ