ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော
တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ
တိုက်ရိုက် ထုတ်လွှင့်ချက်
ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး ဘယ်မှာလဲ
အန်ကောဝပ်ဆီသွားရာလမ်းကို ကျောခိုင်းကြသူများ
KNU ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီက လေကြောင်းနဲ့ထပ်မံတိုက်ခိုက်
ထွက်ပြေးကြရတဲ့ လူသိန်းဂဏန်းဟာ စားစရာ၊ နေစရာ ဘာမှ မပြည့်စုံပဲ ဖြစ်သလို နေနေကြရတယ်လို့ အိုချာပြော
ကုလသမဂ္ဂရဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ အိုချာရဲ့ ထုတ်ပြန်ချက် အရ အခု ဇန်နဝါရီနှစ်ဆန်း ပထမပတ်ထိ ရရှိထားတဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံထဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကရင်နဲ့ကယားက ဒေသတွေမှာ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရသူတွေ လက်ရှိ စုစုပေါင်း နှစ်သိန်းနီးပါး ထိ ရှိနေတယ်လို့ ဆိုပါတယ်။
အိုချာရဲ့ ဇန်နဝါရီ ၁၀ ရက်အထိ အစီရင်ခံစာထဲမှာ ရေးထားတာ ဖြစ်တာကြောင့် ဒီနောက်ပိုင်း ရက်တွေမှာလည်း အဲဒီ ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ထိုးစစ်တွေကြောင့် လူတွေ ထောင်သောင်းချီ ထွက်ပြေးရတာတွေ ဆက်ပြီး ပေါ်ပေါက်နေပါတယ်။
အထူးသဖြင့် လွိုင်ကော်ကနေ ဆိုရင် မြို့လုံးကျွတ်နီးပါး ရှမ်းပြည်တောင်ပိုင်း မြို့ရွာတွေထဲထိ အခုရက်ပိုင်း အတွင်းမှာကို လူတွေ သောင်းနဲ့ချီ ဝင်ပြေးနေကြတဲ့ အတွက် ကားတန်းရှည်ကြီးတွေကို လွိုင်ကော်-ဆီဆိုင်-တောင်ကြီး နဲ့ လွိုင်ကော်-ဖယ်ခုံ-ပင်လောင်း တလျောက် ကားလမ်တွေပေါ် ပြည့်သိပ်နေအောင် တွေ့မြင် နေခဲ့ရပါတယ်။
တခါ၊ ထိုင်းအစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေ အရ ထိုင်းနယ်စပ် အနီး တိုက်ပွဲတွေကြောင့် မြစ်ကိုကူး ဝင်လာကြသူတွေ အနည်းဆုံး ငါးထောင်နီးပါးကို လက်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်း အထက်ပိုင်းနဲ့ ချင်းတောင်တန်းကို ကြည့်ရင်လည်း ခရစ်ယာန် ချာ့ချ်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်တွေ တစ်ထောင့်ခြောက်ရာ ဝန်းကျင် ဖျက်စီး မီးရှို့တာတွေ ခံရတယ်လို့လည်း အိုချာရဲ့ နောက်ဆုံး အစီရင်ခံစာထဲ ပြောထားပါတယ်။
စစ်ကိုင်းမှာ ဆိုရင် လူပေါင်း တစ်သိန်းနဲ့ သုံးထောင်ကျော်၊ မကွေးထဲက ဒေသတွမှာ နှစ်သောင်းကျော်နဲ့ ချင်းမှာ အနည်းဆုံး သုံးသောင်းလေးထောင်နီးပါး အိုးပစ်အိမ်ပစ် ထွက်ပြေး ရှောင်တိမ်း နေကြရတယ်လို့ ဆိုပါတယ်။
အဲဒီလို နိုင်ငံ တနံတလျား နယ်မြေ အများအပြားမှာ ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကုလနဲ့ မိတ်ဖက် အဖွဲ့တွေက အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ ကြိုစားနေပေမယ့် လူသိန်းချီတဲ့ အများစုကြီးဟာ အခြေခံ စားနပ်ရိက္ခာတွေ မပြည့်စုံတဲ့ အပြင် ဘေးကင်းရန်ကင်း နေထိုင်ဖို့ရာ နေရာထိုင်ခင်း၊ အနွေးထည်၊ စောင်နဲ့ ဆေးဝါးတို့လို အခြေခံ လိုအပ်ချက်တွေ ဘာတစ်ခုမှ မပြည့်မီပဲ ဖြစ်သလို နေထိုင်နေကြရတာ ဖြစ်တယ်လို့ အိုချာက ပြောပါတယ်။
အများပြည်သူ အင်တာနက်သုံးနိုင်မှု ထိခိုက်လာ
အာဏာသိမ်း စစ်တပ်က အင်တာနက် ဝန်ဆောင်မှုတွေ အပေါ် ကုန်သွယ်ခွန်တွေ တိုးကောက်တာဟာ အများပြည်သူ အင်တာနက် သုံးစွဲမှု အပေါ် လျှော့ချ ကန့်သတ်နိုင်ဖို့၊ သတင်းစီးဆင်းမှု ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဆင်းမ်ကဒ်ရောင်းတာ၊ အက်တီဗိတ်လုပ် အသက်ဝင်စေတာ အတွက် တစ်ကတ်ကို နှစ်သောင်း ဆိုတာ အပါအဝင် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေ အပေါ် ကုန်သွယ်ခွန်တွေ တိုးမြှင့်တာ ဖြစ်ပါတယ်။
ဒေသတွင်း စီးပွားရေး သတင်းထောက် တစ်ယောက် ဖြစ်တဲ့ သွမ်ဆင်ချောင်ရဲ့ အဆိုအရ လက်ရှိ စျေးနှုန်း၊ အခွန်နှုန်း အပြောင်းအလဲတွေဟာ အများပြည်သူ အင်တာနက် သုံးစွဲဖို့ရာ ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာစေတယ်လို့ ဆိုပါတယ်။
စျေးတွေ တိုးတာရဲ့ နောက်ကွယ်မှာ ဖုန်းဆင်းကတ်တွေနောက် ပိုပြီး ခြေရာခံ လိုက်နိုင်ရေးကိုပါ အာဏာသိမ်းစစ်တပ်က ရည်မှန်းတာ ဖြစ်တယ်လိုလည်း ပြည်တွင်း ကုမ္ပဏီတွေထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး သူက ပြောပါတယ်။
စစ်ကောင်စီကတော့ တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲမှု မြင့်မားနေတာနဲ့ လိုက်လျောညီထွေ တိုင်းပြည်ဝင်ငွေ တိုးအောင် အခွန်တိုးတာဆိုပြီး ပြောထားပါတယ်။
မြန်မာ့စီးပွားရေးသုံးသပ်ချက် အပိုင်း ၄ နိဂုံး
လွိုင်ကော်က ပြေးလာသူတွေ ရှမ်းတောင်ပိုင်း အနှံ့ သောင်းနဲ့ချီ ဝင်လာ, လေကြောင်း တိုက်နေတာ အပါအဝင် ကရင်နီဒေသကို ထိုးစစ်ဆင်နေတာတွေ ရပ်ဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို
လေကြောင်းတိုက်ခိုက် ခံနေခဲ့ရတဲ့ ကယားမြို့တော် လွိုင်ကော်ကနေ အခုရက်ပိုင်းတွေ အတွင်း လူတွေ အစုလိုက် အပြုံလိုက် နေ့စဥ်ရက်ဆက် ထွက်ပြေး ခဲ့ကြရတာမှာ ရှမ်းတောင်ပိုင်း ဒေသတွေထဲ လူတွေ သောင်းဂဏန်းတချို့ ရောက်ရှိလာခဲ့တယ်လို့ ဒေသတွင်း ကူညီရေး ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ထုတ်ပြန်ကြပါတယ်။
ဆီဆိုင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းနဲ့ တောင်ကြီးထိအောင် ရှမ်းတောင်ပိုင်း မြို့ရွာတွေထိ စစ်ရှောင်ပြည်သူတွေ ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မှာ ဆိုရင် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်၊ ဗုဒ္ဓဟူး နေ့ထိအောင် ပစ်ခတ်သံတွေ ကြားနေခဲ့ရပြီး၊ ရဟတ်ယာဥ်သုံး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိ နေခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီအချိန်မှာပဲ စစ်ကောင်စီဘက်က လွိုင်ကော်ကို အဝင်အထွက် လမ်းတွေမှာ ယာဥ် သွားလာမှုတွေ ကန့်သတ် တင်းကြပ်လာတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ အဲဒီလို ကရင်နီဒေသမှာ လေကြောင်းတိုက်ခိုက် နေတာတွေ၊ မြေပြင်ထိုးစစ်တွေကို ချက်ခြင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က တောင်းဆို နေပါတယ်။
ဒါ့အပြင် ဘေးလွတ်ရာ ထွက်ပြေးကြရသူတွေကို လွတ်လွတ်လပ်လပ် ထွက်ခွာခွင့် ပြုဖို့နဲ့၊ အကူအညီပေး ကယ်ဆယ်ရေး အဖွဲ့တွေ သွားလာခွင့်ပြုဖို့လည်း တွမ်အင်ဒရူးစ်က ပြောနေပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ကရင်နီဒေသ လေကြောင်း တိုက်ခိုက်ခံရမှု၊ ထိုးစစ်ဆင်ခံနေရမှုတွေ အပါအဝင် စာနာမှုဆိုင်ရာ အခက်အခဲတွေကို ဖြေလျှော့နိုင်ရေး စစ်ကောင်စီ အပေါ် ဝိုင်းဝန်း ပြောဆိုကြဖို့လည်း မစ္စတာ အင်ဒရူးစ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြား နေပါတယ်။
ကန့်လန့်ကာနောက်ကွယ်က အထူးတရားရုံးများ
ပဟေဠိဆန်တဲ့ စစ်တပ်ထိပ်ပိုင်း အပြောင်းအရွှေ့များ
မြ၀တီနဲ့ ကော့ကရိတ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရ
လွိုင်ကော်က နေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရဆဲ
ယူကရိန်းကို မတိုက်ဘူးလို့ ရုရှားပြော
ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်
တပ်မတော် ထိပ်ပိုင်း ရာထူးတချို့ပြောင်းလဲ
လွိုင်ကော်က ဒေသခံတွေ အလုံးအရင်းနဲ့ စစ်ဘေးရှောင်နေရ
ကိုဗစ် ကူးစက်မှုတွေများလာတဲ့ အိန္ဒိယမှာ တတိယမြောက် ကာကွယ်ဆေး စထိုး
မတူပီဒေသခံ ၁၀ လောင်း တွေ့ထားရတဲ့ အကြောင်း အပါအဝင် တနင်္လာမနက် ထိပ်တန်း သတင်းများ
ကောင်းဘွိုင်ဒစ်ပလိုမေစီလား၊ ဘေဂျင်းကျောထောက် နောက်ခံနဲ့လား
ဟွန်ဆန် အိမ်ပြန်ခရီး ဖနွမ်းပင် သတင်းစာ ရှင်းလင်းပွဲ အပါအဝင် တနင်္ဂနွေ မနက် ထိပ်တန်းသတင်း