ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော
တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ
တိုက်ရိုက် ထုတ်လွှင့်ချက်
ရုရှားတပ်ဖွဲ့တွေ ကာဇက်စတန်ထဲ ဝင်ရောက်တာကို အမေရိကန် မေးခွန်းထုတ်
အာဆာပစ်ခတ်မှုကြောင့် မောင်တောက မြိုအမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေပြော
ဟွန်ဆန် ပထမနေ့ ခရီးစဥ်အကြောင်း သိသမျှ
ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာပြည်ရောက်ရှိ
လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေပြင်းထန်
ကာဇက်စတန် လုံခြုံရေးတပ်ဖွဲ့တွေကို သမ္မတ ပစ်မိန့်ပေးထား
ရန်ကုန်မှာ ပစ်ခတ်၊ ပေါက်ကွဲ၊ သေဆုံးမှုတွေ ဆက်ဖြစ်
ကမ္ဘောဒီးယားဝန်ကြီးချုပ် မနက်ဖြန်ရောက်လာရင် ဘယ်သူတွေနဲ့တွေ့မလဲ
ကာဇက်စတန် မငြိမ်သက်မှု - ဆန္ဒပြမှုတွေ ဖြိုခွဲမှုမှာ လူဒါဇင်ချီ သေဆုံး
ဖက်ဒရယ်၊ ပြည်တွင်းစစ်နဲ့ ပထမဆုံး လွတ်လပ်ရေး အစိုးရ
ရန်ကုန်အပါအဝင် မြို့ကြီးတချို့က ပေါက်ကွဲမှုအခြေအနေ
ကယားနဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲပြင်းထန်
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးစဥ် အပေါ် သုံးသပ်ချက်
အင်တာနက် ဖြတ်တောက်မှုကြောင့် ဆုံးရှုံးမှု အကြီးဆုံး နိုင်ငံတွေထဲ မြန်မာထိပ်ဆုံးမှာရှိ
၂၀၂၁ ခုနှစ်ထဲ မြန်မာ အာဏာသိမ်း စစ်တပ်ဟာ တိုင်းပြည်အနှံ့ ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားတောင်းဆိုမှုတွေကို ထိန်းချုပ်လိုတဲ့ အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့တာမှာ တိုင်းပြည်အတွက် ဒေါ်လာသန်းပေါင်း ၂.၈ ဘီလျံဖိုး ထိခိုက်နစ်နာခဲ့ရတယ် ဆိုတဲ့ စစ်တမ်း ထွက်လာပါတယ်။
၂၀၂၁ ထဲမှာ မြန်မာပြည် အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ အင်တာနက် ပြတ်တောက်ခဲ့တဲ့ အချိန်ပေါင်းဟာ နာရီ သုံးသောင်းကျော် ရှိခဲ့တယ်လို့ ယူကေ အခြေစိုက် ဒစ်ဂျစ်တယ် လုံခြုံရေး ဆိုင်ရာ သုတေသနအဖွဲ့ Top10VPN က ထုတ်ပြန်ပါတယ်။
အင်တာနက် ပြတ်တောက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးနစ်နာမှု ဒေါ်လာ ၅.၅ ဘီလျံဖိုး ဖြစ်စေခဲ့တဲ့ အဲဒီ ၂၁ နိုင်ငံ စာရင်းထဲမှာ မြန်မာဟာ ထိပ်ဆုံးက ရှိနေတာ ဖြစ်ပြီး၊ ဆုံးရှုံး နစ်နာ ခဲ့သမျှတွေရဲ့ ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံထဲမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာရဲ့ နောက်မှာ နိုင်ဂျီးရီးယား (ဒေါ်လာ ၁.၅ ဘီလျံဖိုး နစ်နာ) နဲ့ အိန္ဒိယ (ဒေါ်လာ ၅၈၃ သန်းဖိုး နစ်နာ) တို့ အသီးသီး ရှိနေပါတယ်။
၂၀၂၁ ထဲ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပြတ်တောက်မှုဟာ ၂၀၂၀ နဲ့ နှိုင်းယှဥ်ရင် ၃၆% မြင့်တက်ခဲ့တယ် လို့လည်း ဆိုပါတယ်။
မြန်မာ အာဏာသိမ်း စစ်တပ်အပါအဝင် တချို့ အာဏာပိုင်တွေဟာ တိုင်းပြည်တွေ ထဲမှာ သတင်း စီးဆင်းမှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက် ပိတ်ပင် ဖြတ်တောက်တာ၊ မြန်နှုန်းကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ နှေးချ ပစ်လိုက်တာ၊ ဆိုရှယ်မီဒီယာတွေကို ပိတ်ဆို့တာ အစရှိတဲ့ နည်းတွေ သုံးခဲ့တယ်လို့ Top10VPN က ဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း
ကရင်နီဒေသမှာ စစ်ရှောင် သိန်းချီရှိပြီလို့ဆို
စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ အရပ်သား ပြည်သူ ၁၅၀ နီးပါး သတ်ဖြတ်ခံခဲ့ရ
၀က်လက်မှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်နေရ
စီးကရက်နဲ့ ဂေါ်ဖီထုပ်လဲစားနေရတဲ့ တရုတ်လော့ခ်ဒေါင်းမြို့က လူတွေ
ဒီးမော့ဆိုမြို့တဝိုက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်