ပစ်ခတ်သံတွေကြားက ဖားကန့်ပြည်သူတွေ စစ်ကောင်စီကို ဆက်ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, cj
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဧပြီ ၁၈ ရက်နေ့ကတည်းက ဒီကနေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်KIA တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ လက်နက်ကြီးပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရပေမဲ့ ညဆီမီးသပိတ်နဲ့ နေ့ခင်းလှည့်လည်ဆန္ဒပြမှုတွေကတော့ ရပ်တန့်မသွားဘဲ ဆက်လက်ဆန္ဒပြလျက်ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
တာမခန်ကျေးရွာက ညဆီမီးသပိတ်မှာ နွေဦးတော်လှန်ရေးသူရဲကောင်းများအတွက် "တက်ကြွလှမ်းသစ် နှစ်ဆန်း(၁) XYZ" ဆိုတဲ့စာသားကို မီးထွန်းပုံဖော်ခဲ့ကြသလို ဒီကနေ့မနက် လုံးခင်းကျေးရွာအုပ်စု စုပေါင်းသပိတ်ကလည်း မနက် ၈ နာရီထဲက "We Need KIA" စာတမ်းတွေကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြနေကြပါတယ်။
အလားတူ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့စာသားတွေကိုင်ဆောင်ပြီး ဆိုင်ကယ်သပိတ်နဲ့ ရပ်ကွက်တွင်း လှည့်လည်ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။



















