နေပြည်တော်မှာ ဆန္ဒပြသူ ၃၀ ဦးထက်မနည်း အဖမ်းခံရ

နေပြည်တော် ပျဉ်းမနားမြို့ နှင်းဆီအဝိုင်းက ဆန္ဒပြချီတက်ပွဲကို ရဲတွေကို လိုက်လံဖမ်းဆီးမှုတွေရှိခဲ့ပြီးဆန္ဒပြပွဲမှာပါဝင်သူ လူ ၃၀ ထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။
ဒီနေ့မနက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နှင်းဆီးပန်းအဝိုင်း အနီး ဆန္ဒပြ ချီတက်မဲ့ အဖွဲ့တွေကို ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ထွက်ပြေးလွတ်မြောက်ခဲ့သူ အင်ဂျင်နီယာတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အင်ဂျင်နီယာတွေကို နေပြည်တော် အချုပ်ထောင်ထဲမှာ ထိန်းသိန်းထားတယ်လို့ သိရတဲ့အကြောင်းလည်း သူကပြောပါတယ်။
နှင်းဆီပန်း အဝိုင်းအနီး ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးသလို့သတင်းထောက်တွေကိုလည်း ဖမ်းဆီးဖို့ကြိုးစားတဲ့ အတွက် သတင်းထောက်တွေလည်းထွက်ပြေးခဲ့ရပါတယ်။
အဓိကလမ်းမကြီးတွေကိုပိတ်ဆို့လိုက်ပြီးနောက် ဆန္ဒပြသူတွေဖမ်းဆီးမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေရဲ့ ဆိုင်ကယ်တွေကိုလည်း လိုက်ဖ်ထရပ်ကားနဲ့ တင်ဆောင်သွားတာတွေ့ရတယ်လို့ နေပြည်တော် ဒေသခံတွကေ ပြောပါတယ်။




















