ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မအချို့ ထပ်တိုးစွဲဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဗီဒီယိုကွန်ဖရန်းဆင်းနဲ့ ဇဗ္ဗူသီရိတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တောင်ကုတ်မှာ တပ်မတော်ထောက်ခံပွဲပြုလုပ်

    တပ်မတော်က စစ်အာဏာသိမ်းပြီး ၂၅ ရက်အကြာ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ပေါ်မှာ တပ်မတော်ထောက်ခံသူတွေ စုပေါင်းပြီးတော့ တပ်မတော်ထောက်ခံပွဲတစ်ခုကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီထောက်ခံပွဲကို တပ်မတော်ထောက်ခံတဲ့အုပ်စုတွေက ဦးဆေင်ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ တစ်ရာကျော်ခန့်လောက် ပါဝင်ပြီးတော့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်တာတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။တပ်မတော်ကိုထောက်ခံကြောင်း ချီတက်ခဲ့ကြသူတွေကတော့ တိုင်းရင်းသားများကိုကိုယ်ချင်းစာပါ။ နိုင်ငံရေးထွက်ပေါက် ပေးပါ၊ ပြည်သူတို့၏အကျိုးကို အမှန်ဖော်ဆောင်မည့် တပ်မတော်အားထောက်ခံသည် စတဲ့စာသားတွေကိုရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ပြီး မြို့ပတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။တောင်ကုတ်မြို့နယ်ဟာ NLD အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်ပြီး အခုလအစောပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှာလည်း အရပ်သားပြည်သူတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေပါ ပူးပေါင်းပါဝင်ခဲ့ကြသလို ဦးဆောင်သူ သုံးဦးတို့ကိုလည်း ဖမ်းဆီးပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

    Rakkhine

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. တပ်မတော်ထောက်ခံသူတစ်စုကို မီးရထားအိမ်ရာဝင်းထဲမှာ ထိန်းသိမ်းပြီး ရဲလက်အပ်

    ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းမကြီးမှာ ဆူပူရန်စခဲ့တဲ့ တပ်မတော်ထောက်ခံသူကားတစ်စီးကို လူထုကတားဆီးပြီး ဦးဖိုးကျားလမ်းထဲမှာရှိတဲ့ သာသနာ့ဟိတဓမ္မာရုံမှာထိမ်းသိန်းထားခဲ့ပါတယ်။ အဲဒီနောက် ဒီမွန်းလွဲ ၁၂ နာရီကျော်မှာထိန်းသိမ်းထားသူတွေကို ရဲလက်ကိုအပ်ခဲ့ပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. စစ်အာဏာသိမ်းဆန့်ကျင်ရေး မြန်မာ့သနပ်ခါးတိုက်ပွဲ လှုပ်ရှားမှု

    စစ်တပ်က အာဏာသိမ်းပြီး ၂၅ ရက်မြောက်နေ့မှာ မြန်မာ့သနပ်ခါး တိုက်ပွဲ အမည်နဲ့ စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။ ဆန္ဒပြသူတွေရဲ့ စုရပ်တွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်းတဝိုက် သနပ်ခါးတိုက်ပွဲ လှုပ်ရှားမှုမြင်ကွင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

    Myanma Make up_-Thanakha

    ဓာတ်ပုံ ရင်းမြစ်, CJ

    Myanma Make up_-Thanakha

    ဓာတ်ပုံ ရင်းမြစ်, CJ

    Myanma Make up_-Thanakha

    ဓာတ်ပုံ ရင်းမြစ်, CJ

    Myanma Make up_-Thanakha

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. တပ်ထောက်ခံသူများ လှည့်လည်ပွဲ ရဲက လုံခြုံရေးယူပေး

    ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ စစ်ကောင်စီကို ထောက်ခံသူဆိုသူများက လှည့်လည်ရာကို ရပ်တပ်ဖွဲ့က လုံခြုံရေးယူထားပေးပြီးပိတ်ထားသောလမ်းတချို့ကိုလည်း ပြန်ဖွင့်ပေးခဲ့ပါတယ်။

    ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲလှည့်လည်မယ့် လူတွေ ရန်ကုန်ဘူတာကြီးမှာ စုဝေးစီတန်းနေတုန်းမှာ ရပ်ကွက်နေပြည်သူတွေက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။

    အဲဒါကြောင့် တပ်မတော်ထောက်ခံပွဲလုပ်ဖို့ တန်းစီနေတဲ့သူတွေဘက်က ရန်လိုတဲ့စကားတွေအပြုအမူတွေ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အချင်းများခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားတဲ့အသွင်ဆောင်လာချိန်မှာ တပ်မတော်ထောက်ခံသူတွေဘက်က လေးခွတွေတုတ်တွေခဲတွေနဲ့ ပစ်ပေါက်တာတွေဖြစ်ခဲ့ပါတယ်။

    ဒါကြောင့် ရပ်ကွက်နေသူတွေက ဘူတာကြီး ဘူတာရုံဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတာကိုတွေ့ရပါတယ်။

    Yangon
    Yangon
  5. စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း

    စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်းလိုက်တဲ့အကြောင်းကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပျံံ့နှံ့နေပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ အဲဒီစာမှာ ဝန်ကြီး ဦးဝင်းရှိန်ကို လိပ်မူထားပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဌာနေဒါရိုက်တာ မာရီယမ်ဂျေရှီယာမန်ရဲ့ လက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒတစ်ရပ်အရ ငွေထုတ်ယူခွင့်ကို ရပ်ဆိုင်းထားတယ်လို့ အသိပေးကြောင်း ဖော်ပြထားပါတယ်။

    အရင် စီမံကိန်းတွေအတွက်ခွင့်ပြုထားတဲ့ ငွေကြေးတွေကိုလည်း ဘဏ်နဲ့သဘောတူညီထားတဲ့ အသုံးစရိတ်တွေအတွက်သာအသုံးပြုနိုင်ပြီး ဒီအချိန် မှာ အကောင်အထည်ဖော်ဖို့မလိုအပ်သေးတဲ့ စီမံကိန်းအတွက် ငွေကြေးတွေကိုလည်း ပြန်လည်သိမ်းယူဖို့ စီစဉ်မယ်လို့လည်း ဖော်ပြထားပါတယ်။

    စာရဲ့ မိတ္တူကို စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာက်ခိုင်ဝင်းနဲ့ ဦးမြင့်ကြိုင်တို့ကိုလည်း ပေးပို့ထားကြောင်းဖော်ပြထားပါတယ်။ ဒီစာဟာ အစစ်အမှန်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    The World Bank

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. ရန်ကုန်ဘူတာကြီးမှာ တပ်မတော်ထောက်ခံပွဲ ပြုလုပ်သူတွေနဲ့ ရပ်ကွက်နေသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်

    ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲလှည့်လည်မယ့် လူတွေ ရန်ကုန်ဘူတာကြီးမှာ စုဝေးစီတန်းနေတုန်းမှာ ရပ်ကွက်နေပြည်သူတွေက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။

    အဲဒါကြောင့် တပ်မတော်ထောက်ခံပွဲလုပ်ဖို့ တန်းစီနေတဲ့သူတွေဘက်က ရန်လိုတဲ့စကားတွေအပြုအမူတွေ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အချင်းများခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားတဲ့အသွင်ဆောင်လာချိန်မှာ တပ်မတော်ထောက်ခံသူတွေဘက်က လေးခွတွေတုတ်တွေခဲတွေနဲ့ ပစ်ပေါက်တာတွေဖြစ်ခဲ့ပါတယ်။

    ဒါကြောင့် ရပ်ကွက်နေသူတွေက ဘူတာကြီး ဘူတာရုံဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတာကိုတွေ့ရပါတယ်။ ဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ ကိုတရုတ်လေးက ခုလိုပြောပါတယ်။

    "ကျွန်တော်က မနက်တည်းက ရန်ကုန်ဘူတာကြီးကို ကိစ္စတစ်ခုနဲ့ရောက်နေတာပါ။ အဲဒီအချိန် ကိုးနာရီ မတ်တင်းလောက်မှာ YBS ကားတွေ ရောက်လာပြီး လူတွေ လာချတယ်။ နောက် တစ်ဖြည်းဖြည်းနဲ့ လူက ၃၀၀ လောက်ဖြစ်လာတယ်။ ကြည့်လိုက်တော့ တပ်မတော်ထောက်ခံပွဲလုပ်ဖို့ စုတာတွေ့ရတယ်။ ရန်ကုန်ဘူတာကြီးဝင်းအနီးက ရပ်ကွက်နေသူတွေကလည်း သံပုံးတွေတီးပြီးကန့်ကွက်ကြတာပေါ့။ အဲဒီမှာ တပ်ထောက်ခံပွဲဘက်က လူတွေက ဆဲတယ်။ ရန်လိုတဲ့အပြုအမူတွေလုပ်တယ်။ ပြီးတော့အဲဒီလူတွေ ၇၀ ရာနှုန်းလောက်က လွယ်အိတ်လေးတွေ ပါတယ်။ သူတို့မှာ အကုန်လေးခွတွေပါလာတယ်။ သံပုံးတီးတဲ့သူတွေကို နောက်ကနေ လေးခွနဲ့ လိုက်ပစ်တာမြင်ရတယ်။ ရပ်ကွက်နေသူတွေက ထွက်ပြေးတာ ပြေးတဲ့နောက်ကိုလိုက်ပစ်တာတွေ့ရပါတယ်။ ဆယ်မိနစ်လောက်တော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ဖြစ်တဲ့နားမှာ ယာဉ်ထိန်းရဲနဲ့ ရဲတော့ရှိတယ်။ ဒါပေမဲ့ သူတို့ကလည်း သူတို့တာဝန်နဲ့သူတို့ပေါ့။ အဲဒီနောက်မှာ တပ်ထောက်ခံတဲ့သူတွေက မြို့တော်ခန်းမဘက်ကိုဆင်းသွားကြပါတယ်" လို့ ဘီဘီစီကိုပြောပါတယ်။

    တပ်ထောက်ခံပွဲကို လာတဲ့သူတွေကို Omni Focus ကုမ္ပဏီပိုင် YBSယာဉ်တွေ၊ အစိုးရပိုင် YUPT နဲ့ YBPT အောက်က YBS ဘတ်စ်ကားတွေနဲ့ အခြား ပုဂ္ဂလိကပိုင် YBS ယာဉ်တွေနဲ့ ပို့ဆောင်တာကိုတွေ့ရတယ်လို့ ကိုတရုတ်လေးကပြောပါတယ်။ "ကျွန်တော်တို့ဆီလည်းမနေ့က ကားတွေလာငှားပါတယ်။

    ဒါပေမဲ့ လောင်စာဆီလည်း မလုံလောက်တာရယ်၊ အချိန်အရမ်းကပ်နေတာရယ်ကြောင့် မကူညီလိုက်နိုင်ဘူးလို့ အကြောင်းပြန်လိုက်ပါတယ်။ မနေ့က ကျွန်တော်ကြားတာကတော့ ရန်ကုန်ကောင်စီက YRTA(ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေးအသင်း) က တာဝန်ရှိသူတွေကိုခေါ်တွေ့ပြီး ဒီကိစ္စကို ကူညီပေးဖို့ ပြောတယ်လို့ သိရပါတယ်" လို့ YBS ယာဉ်လိုင်းပြေးဆွဲတဲ့ကုမ္ပဏီပိုင်ရှင်လည်းဖြစ်တဲ့ ကိုတရုတ်လေးကပြောပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. မန္တလေးမှာ စစ်ကောင်စီခန့်တဲ့အုပ်ချုပ်ရေးမှူးတွေအလိုမရှိကြောင်း ဆန္ဒပြ

    မန္တလေးက မြို့နယ်အချို့မှာ စစ်ကောင်စီက ယာယီခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အလိုမရှိလို့ ဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတည်းက ရပ်ကွက်အဖွဲ့လိုက် အုပ်ချုပ်ရေးမှူးအသစ်အလိုမရှိတာတွေကို သံပုံးတီး ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့တာပါ။ ဒီမနက်မှာလည်း ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းမှာ အုပ်ချုပ်ရေးမှူးအသစ်ကို ကန့်ကွက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပါတယ်။

    Mandalay
    Mandalay
    Mandalay
    Mandalay
  8. နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို ICRC က တွေ့နိုင်အောင် CRPH လုပ်ဆောင်မယ်

    ဗီဒီယို ပုံစာ, အဖမ်းဆီးခံထားရသူတွေကို ICRC တွေ့နိုင်အောင် ကြိုးစားမယ်

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့် အပါအ၀င် စစ်အာဏာသိမ်းကောင်စီက ဖမ်းဆီးထားတဲ့ သူတွေအားလုံးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က တွေ့ဆုံ ဆက်သွယ်နိုင်ဖို့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    အဖမ်းဆီးခံထားရသူတွေကို ဘယ်မှာ ထားထားလဲ ကအစ၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာတွေကို ICRC က တဆင့် သိနိုင်ဖို့ ဒီကနေ့ ၂၅ ရက်၊ ကြာသပတေးနေ့မှာ စတင်လုပ်ဆောင်မယ် ဆိုပြီး CRPH အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ဟာ ပုဒ်မအသီးသီးတပ်ပြီး စွပ်စွဲထားပေမယ့်၊ ရှေ့နေနဲ့ တွေ့ခွင့်လည်း စစ်ကောင်စီက မပေးပါဘူး။

    နေအိမ်တွေမှာ ထားထားတယ် ဆိုတဲ့ စကားမျိုးကလွဲပြီး စစ်အာဏာသိမ်းပြီး ကတည်းက နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို စစ်ကောင်စီက လူအများ မြင်ကွင်းရှေ့ကနေ ဖျောက်ထားတာ ဖြစ်ပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို စစ်ကောင်စီက လူအများ မြင်ကွင်းရှေ့ကနေ ဖျောက်ထား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ကို စစ်ကောင်စီက လူအများ မြင်ကွင်းရှေ့ကနေ ဖျောက်ထား
  9. CRPH နဲ့ အင်ဒိုနီးရှား သံရုံးကြား အဆက်အသွယ်ရှိ

    လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အနေနဲ့ ရန်ကုန်က အင်ဒိုနီးရှား သံရုံးနဲ့ကြား အဆက်အသွယ် ရှိတယ်လို့ CRPH အဖွဲ့၀င် ဒေါ်ဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။

    မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအသစ် လုပ်ငန်းစဥ်ကို လက်သင့်ခံရေး အင်ဒို တွန်းအားပေး နေတယ်ဆိုတဲ့ အချက်ကို CRPH က မေးခွန်း ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲသစ်ကို လက်သင့်ခံရေးမူ မကိုင်စွဲထားပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးက ငြင်းပါတယ်။

    ရွေးကောက်ပွဲ အသစ်နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတွေ ရှိလဲ ဆိုတာ ကောက်ခံတာမျိုး မြန်မာ ပြည်သူတွေ လက်မခံတဲ့ လုပ်ရပ် ဆက်မလုပ်ဘူး ဆိုပြီး ရန်ကုန် အင်ဒိုနီးရှား သံရုံးက ကတိပေးတယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

    ရန်ကုန်က အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အင်ဒို နိုင်ငံခြားရေး၀န်ကြီး ရက်တနိုမာဆုဒီလည်း နေပြည်တော် ခရီးစဥ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

    အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှား သံရုံးရှေ့ လူထု ဆန္ဒပြပွဲတွေ ပေါ်ပေါက်
  10. မန္တလေးတိုင်းဝန်ကြီးချုပ် မိသားစုဝင်တွေပြန်လွတ်လာ, ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးထောင်မှာ လက်ရှိ ထိန်းသိမ်းထား

    အာဏာသိမ်းကတည်းက ဖမ်းထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကို အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ မိသားစုဝင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

    လေးလသမီးအရွယ် မြေးငယ်အပါအဝင် မိသားစုတွေဟာ အဖမ်းခံထားရတဲ့ လွှတ်တော် ဧည့်ရိပ်သာကနေ အမရပူရက နေအိမ်ကို ပြန်ရောက်ပြီလို့လည်း သူကပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးထောင်မှာ လက်ရှိ ထိန်းသိမ်းထားတယ် လို့လည်း သိရကြောင်းလည်း သူကပြောပါတယ်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က ဒေါက်တာဇော်မြင့်မောင် ရုံးချိန်းရှိခဲ့ပြီး သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားတယ်လို့

    ရှေ့နေက တစ်ဆင့်သိရကြောင်း ‌သူကပြောပါတယ်။

    ‌ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ‌ဒေါက်တာဇော်မြင့်မောင်
  11. မုံရွာက အမျိုးသမီး သတင်းထောက်နှစ်ဦးကို ရဲက ခေါ်စစ်, ည ၁၀ နာရီကျော် အထိ ပြန်မလွှတ်သေး

    မုံရွာမြို့ခံ အမျိုးသမီး သတင်းထောက်နှစ်ဦး ကို ရဲတပ်ဖွဲ့က ခေါ်စစ် နေတယ်လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

    အဲ့ဒီ အမျိုးသမီး နှစ်ဦးဟာ ဖေဖော်ဝါရီလ ၂၂ ရက်က မုံရွာမှာ ဖမ်းမိခဲ့တဲ့ သူတစ်ဦးကိုစစ်မေးတဲ့ အင်တာဗျူး ဗီဒီယိုနဲ့ ပတ်သက်ပြီး သူတို့ကို ခေါ်မေးတာလို့ ယူဆရကြောင်း မုံရွာမြို့ခံသတင်းသမားတစ်ဦးကပြောပါတယ်။

    ဖေဖော်ဝါရီလ ၂၄ ရက် မနက်ကတည်းက ဒေါ်ခင်မေစန်းနဲ့ ဒေါ်တင်မာဆွေတို့ကို ရဲတပ်ဖွဲ့က မေးမြန်းဖို့ အတွက်ခေါ်ယူထားခဲ့တာ ဖြစ်ပြီး အခုည ၁၀ နာရီကျော်အထိ မုံရွာ မြို့မရဲစခန်းက ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။

    မုံရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မုံရွာ
  12. ဒေါက်တာဝင်းမြတ်အေးကို CDM လှုပ်ရှားဖို့ လှုံ့ဆော်မှု့ ၅၀၅(က) နဲ့ တရားစွဲ

    No tag

    ဓာတ်ပုံ ရင်းမြစ်, Getty images

    ဓာတ်ပုံ ပုံစာ, ဒေါက်တာ ဝင်းမြတ်အေး

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေ းဝန်ကြီး‌ ဒေါက်တာဝင်းမြတ်အေးကို CDM လှုပ်ရှားဖို့ လှုံ့ဆော်မှု့ ၅၀၅(က) နဲ့ တရားစွဲပြီး ဖမ်းမိနိုင်ရေး သတင်းပေးဖို့ အစိုးရရဲ့ MRTV နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းက ကြေငြာသွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါက်တာဝင်းမြတ်အေးဟာ အသေးစားလေဖြတ်ရောဂါနဲ့ ရန်ကုန်မှာ ဆေးကုသမှုခံခဲ့ခဲ့ရတာဖြစ်ပါတယ်။

    အစိုးရက အခုရက်ပိုင်း CDM လုပ်နေတဲ့ ဝန်ထမ်းအချို့ကို ရာထူးကနေရပ်စဲတာ တွေလည်းရှိနေပြီး နိုင်ငံ အနှံ့က CDM လုပ်နေသူ သောင်းနဲ့ချီပြီးရှိတယ်လို့လည်း CDMလှုပ်ရှားသူတွေက ပြောပါတယ်။

  13. စစ်ကောင်စီနဲ့ရော CRPH နဲ့ပါဆွေးနွေးနေတယ်လို့ အင်ဒိုနီးရှားပြော

    မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ပြေလည်စေဖို့ အင်ဒိုနီးရှားဟာ မြန်မာစစ်အစိုးရနဲ့ရော ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့ပါလေးနက်တဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက ပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမုဝီနိုင်း တို့ နဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့အပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်ရောက်လာချိန်မှာ နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက မီဒီယာသမားတွေကို ပြန်ရှင်းပြခဲ့တာဖြစ်ပါတယ်။

    အဲဒီတွေ့ဆုံပွဲမှာ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ လုံခြုံဘေးကင်းရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်သူ အားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ သွေးထွက်သံယိုမဖြစ်အောင် ထိခိုက်သေဆုံးမှုတွေ မဖြစ်အောင် အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့လည်းတိုက်တွန်းခဲ့ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်ပေါ်လာဖို့ အင်ဒိုနီးရှားအနေနဲ့ ဆက်လက်အလေးထားတိုက်တွန်းနေတယ်လို့ ဝန်ကြီး မာဆုဒီကပြောပါတယ်။

    “ဒါကြောင့် ဒီလိုဖြစ်လာစေဖို့ အခြေအနေကောင်းတွေ ဖန်တီးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးဖို့၊ ပြန်လည်သင့်မြတ်ဖို့နဲ့ နှစ်ဘက်ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်” လို့ပြောပြီး ဘက်စုံက လူတွေနဲ့ ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    ဝန်ကြီးရက်တနိုဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို သွားဖို့စီစဉ်ထားပြီးမှ မြန်မာပြည်သူတွေက ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက အဲဒီခရီးစဉ်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုရာရောက်လိမ့်မယ်လို့ဆိုပြီး ကန့်ကွက်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ရက်နေ့က စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထားခဲ့တာက ဆက်ပြီ ဖြစ်ပေါ်လာနေတဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ အင်ဒိုနီးရှားက ဦးဆောင်ကြိုးစားလာနေတာဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး
    ဓာတ်ပုံ ပုံစာ, ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းသမားတွေကို ပြန်ရှင်းပြ
  14. မန္တလေးမှာ စစ်‌ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ခန့်တာကို ကန့်ကွက်

    no tag

    မန္တလေးမှာ မြို့နယ်တိုင်းလိုလို စစ်‌ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်တာကို ကန့်ကွက်နေကြပါတယ်။

    ဒီမနက် ဖေဖော်ဝါရီလ ၂၄ ရက် အမရပူရမြို့နယ်မှာ ကန့်ကွက်ပွဲလုပ်ကြပါတယ်။

    ညနေပိုင်းချမ်းမြသာစည်မြို့နယ်မှာ ရပ်ကွက်ရုံးရှေ့ ဆန့်ကျင်ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

  15. စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဒွန်ပရာမုဝီနိုင်း၊ ဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရပ်ခြားခေါင်းဆောင်တွေနဲ့ ပထမဆုံး လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

    ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

    သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ထုတ်မပြောပါဘူး။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ်အတွက် တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီ ၂၅ ကြာသပတေးနေ့မှာ သွားမယ်လို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်လာခဲ့ပြီးမှ ဒီကနေ့မှာတော့ အဲဒီခရီးစဉ်မသွားဖြစ်တော့ပဲ ဖျက်လိုက်ကြောင်း အင်ဒိုနီးရှားဘက်က ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားက ဦးဝဏ္ဏေမောင်လွင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေရာမှာတော့ အခုတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ကြတာဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနချင်းစီစဉ်တာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် တစ်ယောက်ပြောတာကို တစ်ယောက်က နားထောင်ရမယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း စိတ်ဓာတ်ရေးရာအရအားပေးဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်တယ်။ အားလုံးချောချောမွေ့မွေ့ဖြစ်စေဖို့ တိုက်တွန်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MFA Thailand

  16. အာဏာသိမ်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် ထိုင်းနိုင်ငံကိုရောက်ရှိ

    အာဏာသိမ်းအစိုးရခန့်အပ်ထားတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိလာကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြထားပါတယ်။

    ဒါဟာ ဒီလအစောပိုင်း မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာအစိုးရ ကိုယ်စားလှယ်တစ်ဦးရဲ့ ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

    အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ်အတွက် တွန်းအားပေးနေစဉ်မှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ် ပေါ်ပေါက်လာတာလို့ ဖော်ပြထားပါတယ်။

    ထိုင်း၊ အင်ဒိုနီးရှားနဲ့ မြန်မာ သုံးပွင့်ဆိုင်အစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဦးဆောင်ကျင်းပဖွယ်ရှိပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီလည်း ထိုင်းကိုရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

    လက်ရှိမှာ ထိုင်းမြန်မာနှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး တွေကတော့ တွေ့ဆုံပြီးဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားထားပါတယ်။

    စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲပြန်ကျင်းပဖို့အစီအစဉ်ကို အာဆီယံနိုင်ငံတွေထောက်ခံဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တဲ့အပေါ် မြန်မာပြည်သူတွေက တခဲနက် ကန့်ကွက်ခဲ့ကြသလို မနေ့က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေကို မနေ့ မွန်းလွဲပိုင်းမှာ အင်ဒိုနီးရှားသံအရာရှိတစ်ဦးက ထွက်တွေ့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ကို နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဝန်ကြီး မာဆုဒီကလည်း နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားရမယ်လို့ ပြင်ဆင်ပြောဆိုခဲ့ပါတယ်။

    ဒါပေမဲ့ မနေ့ညပိုင်းမှာ ဝန်ကြီးမာဆုဒီရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း စာရွက်စာတမ်းတွေ အွန်လိုင်းပေါ်ပေါက်ကြားလာတာကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပထမဆုံးအသိအမှတ်ပြုလာရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်ကို ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ဒါကြောင့် ဒီနေ့မနက်မှာလည်း ရန်ကုန်က အင်ဒိုနီးရှားသံရုံးရှေ့မှာ စုဝေးဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။

    အခုတော့ ဝန်ကြီးမာဆုဒီရဲ့ခရီးစဉ် ပျက်သွားပြီဖြစ်ပြီး အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Teuku Faizasyah ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ တခြားအာဆီယံနိုင်ငံတွေရဲ့သဘောထားတွေကို ထည့်သွင်းစဉ်းစားပြီးနောက် ဒီအချိန်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့အကောင်းဆုံး အချိန် ဟုတ်မနေဘူးလို့ ပြောကြားပါတယ်။

    ၀န်ကြီးမာဆုဒီရဲ့ မြန်မာခရီးစဉ်ပျက်သွားတဲ့နောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းမှာ တွေ့ဆုံကြမယ့်အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီမတိုင်ခင်တည်းက တပ်မတော်လေယာဉ်ခရီးစဉ်တစ်ခု နေပြည်တော်ကနေ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ဖေဖော်ဝါရီ ၂၄ ရက် အသွားအပြန်ဆင်းသက်ဖို့ စီစဉ်ထားတဲ့ ဌာနတွင်းလျှို့ဝှက်စာတစ်စောင်လည်း ပျံ့နှံ့ခဲ့ပါတယ်။

    Myanmar Foreign Minister

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေကို ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား

    စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ် ပြုလုပ်နေကျ စုရပ်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြနေသူတွေကို ဖေဖော်ဝါရီလ(၂၄)ရက် မနက်ပိုင်းမှာတော့ ရဲအင်အားများစွာနဲ့ လာရောက်ဖယ်ရှားခဲ့ပါတယ်။

    ရန်ကုန်မှာ သံရုံးတွေနဲ့ ကုလရုံးတို့ကို ဦးတည်တဲ့ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားပြီး ဆန္ဒပြမှုတွေမရှိအောင် လမ်းတွေကို ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့လယ် ဆူးလေစေတီတဝိုက်မှာလည်း လုံခြုံရေးအတားအဆီးတွေချထားတာရှိပြီး ဆန္ဒပြသူတွေကတော့ လွတ်တဲ့နေရာတွေမှာ သွားရောက်ဆန္ဒဖော်ထုတ်နေကြပါတယ်။

    Japan
    Japan
    Japan
  18. ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ်

    CDM လုပ်ဆောင်နေတဲ့ကွန်တိန်နာကားတွေ ဆက်ပြီးမတောင့်ခံနိုင်ဘဲ မတ်လ (၁)ရက်နေ့ ပြန်ထွက်မယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ဒါဟာသတင်းအမှားသာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ ဈေးကွက်ထဲက တချို့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက်စဉ်းစား ဆွေးနွေးနေဆဲအခြေအနေသာဖြစ်ကြောင်း ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းကပြောပါတယ်။

    "ဈေးကွက်ထဲမှာက ဆေးဝါးတွေ ဒါက နိုင်ငံခြားကတင်ပို့တာကိုး။ နောက် စားသောက်ကုန်တွေ အထည်အလိပ်တွေ။ အထည်အလိပ်တွေဆိုလည်း အထည်ချုပ်စက်ရုံတွေရှိကြတယ်လေ။ သူတို့တွေဘက်က complain တက်လာတာရှိတယ်။ ဒါကြောင့်ဆွေးနွေးနေဆဲပါ။ ထူးခြားရင် တရားဝင်ကြေညာပါ့မယ်" လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးစန်းလွင်က ဘီဘီစီကိုပြောပါတယ်။ အဲ့ဒီအသင်းရှိ သယ်ယူပို့ဆောင်ရေးဂိတ်တွေအားလုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ CDM လုပ်ဆောင်ကာ အလုပ်ယာယီရပ်ဆိုင်းတာကို ဖေဖော်ဝါရီ ၁၂ရက်တည်းက စတင်ခဲ့တာပါ။

    shipping Containers' CDM

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. ရွှေပြည်သာမှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ကင်းသမားနာရေး ဒီနေ့ ညနေ ပြုလုပ်မယ်

    ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ရပ်ကွက်ကင်းစောင့်နေစဉ် ရဲကားတစ်စီးပေါ်ကနေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ နာရေးကို ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မှာဖြစ်တယ်လို့ နာရေးဖိတ်စာမှာဖော်ပြထားပါတယ်။

    ကိုတင်ထွဋ်ဟိန်းပစ်ခတ်သတ်ဖြတ်ခံရမှုကို မိသားစု သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုပေးမဖွင့်သေးဘဲ ဖျန်ဖြေပြောကြားတာ၊ ဖြစ်စဉ်ဟာ တာဝန်ချိန်အတွင်း လုပ်ဆောင်တာဖြစ်တဲ့အကြောင်း ရှင်းပြတာနဲ့ ဆွေးနွေးတဲ့သဘောလုပ်ဆောင်ပေးတယ်လို့ သေဆုံးသူဖခင်က ဘီဘီစီကိုပြောကြားထားပါတယ်။

    ကိုတင်ထွဋ်ဟိန်းဟာ သေဆုံးချိန်မှာ အသက် ၃၀ ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားတစ်ဦးကျန်ရစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးတည်းက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေအတွင်း ၄ ဦးသေဆုံးထားကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံအတွင်း ဆန္ဒပြမှုတွေ သုံးပတ်တာကာလအတွင်း သေဆုံးသူ ၄ ဦးရှိတယ်လို့ပြောကြားထားပါတယ်။

    ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ မမြသွဲ့သွဲ့ခိုင်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကမန္တလေးရတနာပုံသင်္ဘောကျင်းဖြိုခွင်းမှုမှာ အသက် ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ) ကိုမင်းမင်းနဲ့ အသက် ၁၆ နှစ်အရွယ် ကိုဝေယံထွန်းတို့ သေဆုံးခဲ့ရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. မန္တလေးက ဆန္ဒပြသူတွေ လုံခြုံရေးတွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ပြန် ဆုတ်၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဆက်ရှိ

    ဒီနေ့ မန္တလေးမြို့ မှာ စစ်အာဏာသိမ်းဆန့်ကျင်‌ရေး ဆန္ဒပြပွဲတွေ အရှိန်ဟုန်မြင့်တက်ခဲ့ပြီး ရဲစစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့်အခြေအနေရှိခဲ့ပေမယ့် အဲဒီလမ်းကြောင်းကိုရှောင်ပြီး မနက် ၁၁ခွဲမှာ ငြိမ်းချမ်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာ ၇၃ လမ်း၊ ၂၉ လမ်းနဲ့ လမ်း30ဝန်းကျင်မှာ ရဲ၊တပ်နဲ့ ဆန္ဒပြသူတွေ အ‌ခြေနေတင်းမာနေခဲ့တာပါ။ စစ်ကား ၁၀စီး၊ ရေကား တစီး အရောင်အသွင်ပြောင်း အမြှောက်ကားတစီး အချုပ်ကားတစီးတို့နဲ့ ဆန္ဒပြပတ်ဝန်းကျင် လမ်းမကြီးမှာ နေရာယူထားခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူဟာ၇၃ လမ်းပေါ်မှာပဲ ထိုင်သပိတ်နဲ့ ဟောပြောပွဲတွေပြုလုပ်ပြီး မနက် ၁၁ နာရီခွဲမှာ စစ်ကြောင်းအားလုံး ငြိမ်းချမ်းစွာပြန်သွားကြပါတယ်။ မြို့တွင်းလမ်းတချို့မှာတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ကြပါတယ်။

    Mandalay
    Mandalay
    Mandalay