
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်မယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေပြောအာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်ပြီး
ဖိအား ပေးနေပါတယ်။
မမြသွဲ့သွဲ့ခိုင်ခေါင်းကို သေနတ်မှန်ကတည်းက မြန်မာ
လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားအလွန်အကျွံသုံး ကိုင်တွယ်ပုံဟာ နိုင်ငံတကာ ဥပဒေကို
ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆို နေကြပါတယ်။ တာ၀န်ရှိသူအားလုံးကို
အပြစ်ပေး အရေးယူနိုင်ရေး လုပ်ဆောင်မယ်လို့လည်း ကတိပြုကြပါတယ်။
အခုလို ဆုံးပါးသွားတဲ့ အခါမှာတော့ ကုလသမဂ္ဂနဲ့ အမေရိကန်
ပြည်ထောင်စု၊ နိုင်ငံခြားရေး ဌာနက ၀မ်းနည်းကြောင်း ချက်ခြင်း ထုတ်ပြန်ပါတယ်။ တာ၀န်ရှိတဲ့
မြန်မာ အာဏာသိမ်း စစ်တပ်ကို ရှုတ်ချကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရ
နက်ဒ်ပရိုက်စ်က ဆိုပါတယ်။
ဒီမတိုင်ခင်တစ်ရက်မှာလည်း၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ
၄ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေ၊ အွန်လိုင်း ဗီဒီယို ကနေ ဆွေးနွေး ကြတုန်းကလည်း
မြန်မာ အရေးကို ထည့်သွင်း ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့
လိုအပ်ကြောင်း အားလုံး သဘောတူခဲ့ကြတယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး တိုရှီမစ်ဆု
မိုတေဂီ က ပြောပါတယ်။
ကွာ့ဒ် အုပ်စုလို့ အသိများတဲ့ အဲဒီ ၄ နိုင်ငံ အုပ်စုဟာ
အာရှတိုက်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ စုစည်းထားတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အကြောင်းကိစ္စတွေမှာ ပြင်းပြင်းထန်ထန်
၀ေဖန်တာမျိုး တွေ့ရခဲတဲ့ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေကပါ မြန်မာ့နိုင်ငံရေးကို
စစ်တပ်က အင်အားသုံး ပြောင်းလဲဖို့ လုပ်ဆောင်တဲ့ အပေါ် ပြင်းပြင်းထန်ထန်
ဆန့်ကျင်တယ် ဆိုပြီး ပြောလာကြပါတယ်။
တခါ၊ မြန်မာ ကာကွယ်ရေး၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးနဲ့ ဒု၀န်ကြီးတွေကို
လောလောလတ်လတ်မှာပဲ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ ယူကေ ၀န်ကြီးချုပ် ဘောရစ်
ဂျွန်ဆင်ကလည်း စက်မှု ၇ နိုင်ငံ ထိပ်သီး အစည်းအ၀ေးကို အိမ်ရှင် အဖြစ် အွန်လိုင်းက
လက်ခံ ကျင်းပ ခဲ့ပါတယ်။
အဲဒီမှာ သူတို့ ဆွေးနွေးကြတာတွေထဲ မြန်မာအရေးလည်း ပါ၀င်
တယ်လို့ ဆိုပါတယ်။
“ကမ္ဘာ့ရေးရာ အကြောင်းကိစ္စတွေမှာ ကျနော်တို့ အားလုံး
ရပ်တည်မှု တူကြပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းတဲ့ ကိစ္စဆိုရင် ပြင်းပြင်းထန်ထန်
ရှုတ်ချတဲ့ သဘောထားအမြင်တွေကို ကိုယ်စီ ထုတ်ဖော် ပြောခဲ့ကြပါတယ်” လို့ ၀န်ကြီးချုပ်
ဂျွန်ဆင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပစ်ခံရတာ ရာဘာကျည် မဟုတ်ဘူးဆိုတဲ့ ဆေးပညာ အထောက်အထားတွေ ရှိနေ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၁ လူထုလှုပ်ရှားမှုထဲ ပထမဆုံး အသက်ပေးခဲ့သူ