မြစ်ကြီးနား ရေလယ်ကျွန်းမှာ လူငယ်တွေရေးဆွဲထားတဲ့ ကြွေးကြော်စာတန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
မနေ့က ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ် တ-၁၅ရပ်ကွက်မှာ ညဘက် ရပ်ကွက်ကင်းစောင့်နေတဲ့ ကင်းသမားတစ်ဦး သေနတ်နဲ့ ပတ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သေဆုံးသူ အသက် ၃၀ နှစ်အရွယ် ကိုတင်ထွဋ်ဟိန်း ရဲ့ ဇနီးနဲ့ ဖခင်ဖြစ်သူက ဒီမနက်ပိုင်းမှာသက်ဆိုင်ရာလှော်ကားရဲစခန်းကို အမှုဖွင့်ဖို့ သွားရောက်ခဲ့ပေမယ့် ရဲစခန်းတာဝန်ရှိသူတွေက အမှုဖွင့်ခွင့် မပေးသေးဘဲ ဖျန်ဖြေပြောကြားတာ၊ ဖြစ်စဥ်ဟာ တာဝန်ချိန်အတွင်း လုပ်ဆောင်တာဖြစ်တဲ့အကြောင်း ရှင်းပြတာနဲ့ဆွေးနွေးတဲ့သဘောသာ လုပ်ဆောင်ပေးတယ်လို့ သေဆုံးသူရဲ့ဖခင်ဖြစ်သူဦးကိုကိုက ဘီဘီစီကို ပြောပါတယ်။
'' ဦးတို့ မနက်က ရဲစခန်းကိုသွားတဲ့အခါကျတော့ မြို့နယ်မှူးက အမှုမဖွင့်ဖို့ကိုပဲ သူတောက်လျှောက်ရှင်းပြတာမျိုး လုပ်တယ်။ ဦးလေးကတော့ သူက အိမ်မှာအလိမ်မာဆုံးသားဖြစ်လို့ တရားတဲ့အဖြေရချင်တယ်။ ဒါ့ကြောင့် မိသားစုနဲ့ တိုင်ပင်ပြီး ပြန်လာမယ်လို့ ပြောခဲ့တယ်။''
လက်ရှိမှာ ကိုတင်ထွဋ်ဟိန်း သေဆုံးမှုနဲ့ ပတ်သက်လို့ လှိုင်သာယာဆေးရုံကနေ မှုခင်းဆရာဝန်ကြီးရဲ့ မှတ်ချက်ရပြီဖြစ်သလို အမှုဖွင့်ခွင့်မရရင် ဆရာဝန်ကြီးရဲ့ အကြံပြုချက်အတိုင်း တရားရုံးကို ဦးတိုက်လျှောက်မယ်လို့ ကိုတင်ထွဋ်ဟိန်းရဲ့ ဈာပနာကို လိုက်လံကူညီနေတဲ့ တ-၁၅ ရပ်ကွက်ပေးဆပ်ခြင်းနှလုံးသားပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုခင်စိုးက ပြောပါတယ်။ ကိုတင်ထွဋ်ဟိန်းဟာ တပ်မတော်က အာဏာသိမ်းပြီးရက် ၂၀ အတွင်း အရေးပေါ်ကာလမှာ ရန်ကုန်မှာ ပထမဆုံး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူတစ်ဦး ဖြစ်ပါတယ်။ သေဆုံးသူ ကိုတင်ထွဋ်ဟိန်းက အသက် ၃၀ ရှိပြီး ဇနီးနဲ့ အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးဆပ်ခြင်းနှလုံးသားပရဟိတအဖွဲ့
ဖေ့စ်ဘွတ်ဟာ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ ဖြစ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ စာမျက်နှာကို ဒီတနင်္ဂနွေနေ့မှာ ဖယ်ရှားလိုက်ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာဟာ ဆူပူအကြမ်းဖက်မှုတွေကိုမလှုံ့ဆော်ဖို့ ဆိုတဲ့ ဖေ့စ်ဘွတ်ရဲ့စည်းကမ်းကို ချိုးဖောက်ခဲ့တယ်လို့ လည်း ရိုက်တာသတင်းကဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူအနည်းဆုံး နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးပြီးတဲ့နောက်တစ်ရက်မှာ ခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ ဖေ့စ်ဘွတ်ရဲ့ မူဝါဒထဲမှာ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တာမျိုးမလုပ်ဖို့တားမြစ်ထားပေမယ့် ဒါကိုအကြိမ်ကြိမ်ချိုးဖောက်တာကြောင့် တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ စာမျက်နှာကို ဖယ်ရှားလိုက်တာပါ" လို့ ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR / AFP

ဓာတ်ပုံ ရင်းမြစ်, STR / AFP

ဓာတ်ပုံ ရင်းမြစ်, STR / AFP
မနေ့ကဖေဖော်ဝါရီ ၂၁ရက်နေ့က မန္တလေးမြို့ရတနာပုံသင်္ဘောကျင်းကနေ သင်္ဘောမထွက်ရေး စုဝေးရောက်ရှိခဲ့တဲ့ လူအုပ်ကို ရဲနဲ့တပ်ပူးပေါင်းလုံခြုံရေးအဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့်လည်း ဆန္ဒပြပွဲတွေ ပိုမိုအားကောင်းနေဆဲဖြစ်တယ်လို့ မန္တလေး မြို့ခံတွေကပြောပါတယ်။
လူအနည်းဆုံးနှစ်ဦးသေဆုံးထားပြီး လူ ၃၀ ကျော် ဖမ်းဆီးခံထားရသလို ဖမ်းခံရသူတွေထဲမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေတဲ့ မနေ့က မန္တလေးရတနာပုံသင်္ဘောကျင်းမှာ ပစ်ခတ်လူစုခွဲမှုတွေဖြစ်ပွားထားပေမယ့် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေက အရှိန်မြင့်တက်နေဆဲဖြစ်ပါတယ်။


မနေ့ညက ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဖေနောင်းအောင်၊ ဇန်ထရမ်ဆိန်း၊ အောင်ဒီး အပါအဝင် လူငယ် ၉ ဦးကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဒေသခံ ဦးမင်ဆိုင်းက ဘီဘီစီကိုအတည်ပြုပါတယ်။ လူငယ်တွေဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း သပိတ်မှာ ပါဝင်ခဲ့ပေမဲ့ ခေါင်းဆောင်တွေမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ် ၂ ဂဏန်း ငါးလုံးဆုံတဲ့နေ့မှာ ဈေးဆိုင်အားလုံး ပိတ်ပြီး လူတွေလမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ကြဖို့ လူမှုကွန်ရက်မှာဆော်သြနေကြတာတွေရှိနေသလို စီးတီးမတ်၊ ဂမုန်းပွင့်စတဲ့ စူပါမားကတ်တွေကလည်း အဲဒီနေ့တစ်ရက်ကို ဆိုင်တွေအားလုံးယာယီပိတ်ထားမယ်လို့ အသီးသီးကြေညာထားကြပါတယ်။
တပ်မတော်ကအာဏာရယူပြီးနောက်ပိုင်း ရက် ၂၀ ကျော်ကြာလာချိန်မှာ နိုင်ငံနဲ့အဝှမ်း လူထုဆန္ဒပြပွဲတွေ၊ လူထုအာခံတဲ့ CDM လှုပ်ရှားမှုတွေကို ပိုမိုအရှိန်မြင့်လာပြီး မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ မန္တလေးမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ဆန္ဒပြလူထုကို ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူ ၂ဦးသေဆုံးပြီး အနည်းဆုံး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့တွေထံကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, bbc
မန္တလေး ရတနာပုံဆိပ်ကမ်းမှာမနေ့ညက ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ အနည်းဆုံး လူ နှစ်ဦး သေဆုံးပြီး လူ ၂၀ ဦးထက်မနည်း ဒဏ်ရာတွေရရှိခဲ့ကြတာ ဖော်ပြပြီးဖြစ်ပါတယ်။ ယခုမနက် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းတွေထံ ထပ်မံဆက်သွယ်မေးမြန်းချက်အရ သေဆုံးစာရင်းလောလောဆယ် ထပ်တိုးသိရတာမရှိသေးပေမယ့် လူစုကို ရဲက ဖြိုခွင်းစဉ်မှာ ရိုက်နှက်ပစ်ခတ်မှုကြားကနေ အချုပ်ကားပေါ်ဆွဲတင်ဖမ်းဆီးသွားသူတွေ ၃၀ ကျော်လောက်ရှိနေပြီး အဲဒီထဲမှာ ဒဏ်ရာအနာတရရထားသူတွေလည်းပါဝင်သလို အဲဒီလူတွေရဲ့ အခြေအနေကို မသိရသေးဘူးလို့ အခင်းဖြစ်ပွားချိန်မှာ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
"ကျွန်တော်တို့ ဖြစ်ဖြစ်ချင်းမှာ ကောက်နိုင်ခဲ့တာ အလောင်းနှစ်လောင်းပေါ့နော်။ မောင်ဝေယံထွန်းနဲ့ နောက်အမျိုးသားတစ်ဦးပေါ့။ ပစ်နေခတ်နေတုန်းမှာ အချုပ်ကားပေါ်ဆွဲတင်ဖမ်းသွားတဲ့ထဲမှာလည်းဒဏ်ရာရသူတွေထိခိုက်တာတွေရှိတာမြင်ရတယ်။ သူတို့အခြေအနေကို ကျွန်တော်တို့ မသိရဘူးဖြစ်နေတယ်။ ပစ်ခတ်နေတဲ့ကြားကကို မိတဲ့သူဆွဲတင်သွားတာ။ ဒဏ်ရာရ သူတွေ တော်တော်များများပါတယ်" လို့ မျက်မြင်အခြေအနေကို ပြောပါတယ်။ ညပိုင်းမှာ ကယ်ဆယ်လာသူတွေထဲကနေ အရေးပေါ်ခွဲစိတ်ဖို့လိုသူတွေကို ဗြဟ္မစိုရ်ဆေးခန်းကနေ မန္တလေးဆေးရုံကြီးကိုလွှဲပြောင်းပေးခဲ့ရတာ ၇ ဦးခန့်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မနေ့က မန္တလေးဖြစ်စဉ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား မွန်းလွဲ ၂ နာရီလောက်ကစပြီးတင်းမာမှုတွေရှိခဲ့ပြီး အဲဒီနောက်ပစ်ခတ်လူစုခွဲမှုတွေရှိခဲ့တာလို့ သူက အခင်းဖြစ်ပွားမှုကိုပြောပြပါတယ်။ "လူစုခွဲဖို့လည်း မကြေညာဘူး။ ဆန္ဒပြတဲ့ပြည်သူအင်အားကတော့တော်တော်များတယ်။ လမ်းပေါ်မှာ အပြည့်ပဲ။ ပြည်သူတွေဘက်က ငြိမ်းချမ်းစွာဆန္ဒပြနေကြတယ်။ တချို့ကလည်း ပြောဆိုအော်ဟစ်တာတွေရှိတာပေါ့။ ဒါပေမဲ့ သူတို့က ရေကားနှစ်စီးနဲ့ ရဲကား ၁၀ စီးအရင်ချထားတာကနေ ညနေပိုင်းမှာ အင်အားထပ်ရောက်လာတာ စစ်ကားတွေအများကြီးပဲ။ ပြီးတော့ သူတို့က လာတည်းက ဒေါနဲ့မောနဲ့ ကျွန်တော်တို့ ပရဟိတသမားတွေတောင် မနည်းပြေးရတယ်။ ရပ်ထားတဲ့ ပရဟိတအသင်းကားတစ်စီးလည်း ပစ်ခံထားရတယ်။ စဖြစ်တာက မွန်းလွဲ ၂ နာရီကျော်ကနေ ညနေ လေးနာရီခွဲ ငါးနာရီထိ ပစ်ခဲ့တာပါ ။မနေ့က အခြေအနေကတော့ တော်တော်ကို ဆိုးပါတယ်" လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ရင်းမြစ်, MPA
ဒီတစ်ပတ်မှာတော့ အာဏာသိမ်းပြီးသုံးပတ်အကြာမှာ နိုင်ငံတစ်ဝန်းဆန္ဒပြပွဲတွေကြီးထွားလာသလို ရုံးမတက်ရေး အာဏာဖီဆန်မှုတွေလည်းဆက်ရှိနေဆဲပါ။အာဏာမသိမ်းခင် NLD အစိုးရနဲ့ တပ်မတော်တို့ကြား ဆွေးနွေးမှုတွေကနေ တောင်းဆိုချက်တွေရှိခဲ့တယ်လို့လည်း နောက်ဆက်တွဲ သတင်းတွေ ထွက်လာနေပါတယ်။
ဒီတော့ နှစ်ဖက်ဆွေးနွေးမှုတွေရှိတဲ့ကြားက အာဏာသိမ်းတဲ့အခြေအနေထိ ဘာကြောင့်ဖြစ်လာခဲ့လဲ။ အစိုးရနဲ့တပ်မတော် ဘယ်လိုပုံစံ ၊ ဘယ်သူတွေနဲ့ ဆွေးနွေးခဲ့တာလဲ။ ဘာတွေ ရခဲ့သလဲ။ အကြောင်းစုံကို ကာယကံရှင်တွေ၊ကျွမ်းကျင်သူတို့ရဲ့ သုံးသပ်ချက်တွေနဲ့အတူ စုစည်းတင်ဆက်ပေးထားပါတယ်။
မမြသွဲ့သွဲ့ခိုင် ဈာပနကို ဒီနေ့ တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှာ စတင်ပြုလုပ်မှာဖြစ်ပါတယ်။ မနက် ၁၁ နာရီမှာ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကနေ စတင်ထွက်ခွာပြီး ပုဗ္ဗသီရိမြို့နယ် ကွေ့ကြီးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ နာရေးအစီအစဉ်မှာဖော်ပြထားပါတယ်။
မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဖြိုခွင်းစဉ်မှာ ဦးခေါင်းကိုသေနတ်ကျည်ဆန်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၁၀ ရက်အကြာမှာ ရရှိထားတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းက သေနတ်ကျည်ဟာ ကျည်ဆန်အစစ်ဖြစ်ကြောင်း ရင်ခွဲစစ်ဆေးချက်ရလဒ်ကို မိသားစုဝင်တစ်ဦးက ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလူမင်းကို ဒီကနေ့ညမှာပဲ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဇနီးဖြစ်သူ မခင်စပါယ်ဦးက ဖေ့စ်ဘုတ်ကနေ လိုက်ဖ်လွှင့်ပြီး ပြောခဲ့ပါတယ်။
ရဲတွေအများကြီး ကားနဲ့ရောက်လာပြီး တံခါးကို ချိုးဖျက်လို့ ဝင်ရောက်ပြီး ခေါ်သွားခဲ့ကြောင်း၊ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆိုကြကြောင်းနဲ့ ဘယ်ကို ခေါ်သွားမယ်ဆိုတာ မပြောဘဲ ခေါ်သွားတဲ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်နေရကြောင်းလည်း မခင်စပါယ်ဦးက ငိုယိုပြောဆိုနေတာ ကြားရပါတယ်။
လူမင်း အပါအဝင်အနုပညာရှင် ၆ ဦး ကို သူတို့ရဲ့ ကျော်ကြားမှု အရှိန်အဝါကိုသုံးပြီး ဝန်ထမ်းတွေ သပိတ်မှောက်ဆန္ဒပြကြအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ သရုပ်ဆောင် လူမင်းနဲ့အတူ ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ရွှေပြည်သာမြို့နယ် တ-၁၅ရပ်ကွက်က ရပ်ကွက်လုံခြုံရေး ကင်းစောင့်သူ တစ်ဦး ည ၁၁ နာရီ ဝန်းကျင်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီက ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ဖြတ်သွားတဲ့ ရဲကားကို တားဆီးရာက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။
ညပိုင်း ကင်းစောင့်နေတဲ့ အမျိုးသား သေနတ်နဲ့ သုံးချက် ပစ်ခတ်ခံရတတယ်လို့ ပြောဆိုတာကို ကြားရပြီး ကျည်ဆံခွံတွေကို ကောက်ယူရထားတာကိုလည်း အဲဒီထုတ်လွှင့်မှုထဲမှာ တွေ့ရပါတယ်။
လဲကျနေတဲ့ အမျိုးသား ခေါင်းမှာ ကျည်ဆန်ထိမှန် ထားတာကိုလည်း တွေ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ထပ်မံ သိရှိရတဲ့ သတင်းတွေကို ဆက်လက်ဖော်ပြပါမယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ရင်းမြစ်, Social Media
မြန်မာနိုင်ငံအတွင်းက စစ်အာဏာသိမ်းမှုနဲ့ လူထုတုံ့ပြန်မှု ပြဿနာတွေအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးခေါ်ယူဖို့တရုတ်အနေနဲ့ ထောက်ခံတယ်လို့ ပြောပါတယ်။
အဲဒီအစည်းအဝေးအတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဘရူနိုင်းနိုင်ငံကဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟက်ဂျီအယ်ဝန်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီတို့ရဲ့ ပြောကြားချက်ကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ထားတဲ့ အဲဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေ ရေရှည်ပြေလည်ရေးကို မြန်မာပြည်သူတွေကိုယ်တိုင် ရှာဖွေဖြေရှင်းကြဖို့ဆိုတဲ့ အာဆီယံရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒကိုလည်း တရုတ်နိုင်ငံက ထောက်ခံတဲ့အပြင်မြန်မာနိုင်ငံမှာ တင်းမာမှုတွေ လျော့ဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ အမြန်ဆုံးဆွေးနွေး ဆက်သွယ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလည်း အပြုသဘောကူညီပေးသွားမယ်လို့ မစ္စတာဝမ်ယီကပြောဆိုခဲ့ပါတယ်။
မစ္စတာဝမ်ယီဟာ မစ္စတာဟက်ဂျီအယ်ဝန်နဲ့ မစ္စရက်တနိုမာဆူဒီတို့ရဲ့ ဖုန်းဆက်စကားပြောဖို့ ကမ်းလှမ်းမှုကို လက်ခံပြီး ဖေဖော်ဝါရီလ၁၉ရက်ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
“ဆန့်ကျင်သွေဖယ်ခွင့်ကိုကျင့်သုံးခြင်းကြောင့်မည်သူတစ်ဦးတစ်ယောက်မျှထိခိုက်နစ်နာ၍ အန္တရာယ်မကျရောက်သင့်ပါ။ မြသွဲ့သွဲ့ခိုင် နေပြည်တော်တွင်သေဆုံးပြီးနောက်တစ်ရက်၌ မန္တလေးတွင်ဆန္ဒပြသူများအား အသက်သေအောင်ပစ်ခတ်မှုကြောင့် မိမိတို့ အလွန်အမင်းစိတ်သောက ဖြစ်မိပါသည်။ စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ်အကြမ်းဖက်ခြင်းအား ရပ်ကိုရပ်တန့်ရပါမည်။” လို့ သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာကို ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာအကြီးအကဲဂျိုးဇက်ဖော်ရဲဖွန်တဲက ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံက စစ်တပ်နဲ့တကွ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံး အရပ်သားများအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ဖေဖော်ဝါရီလ၂၂ရက်နေ့မှာ ကျင်းပမယ့် အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပြီး ဖြစ်ခဲ့တာတွေနဲ့ လျော်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချသွားမယ်လို့လည်း တွစ်တာမှာပြောဆိုခဲ့တာဖြစ်ပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
"ဖေဖော်ဝါရီလ ၂၀ ရက် မန္တလေးမြို့မှာ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှု သတင်းတွေ ကြားရတာကို မြန်မာနိုင်ငံ ယူကေသံရုံးက ဝမ်းနည်းမိပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်မှု အားလုံး ရပ်တန့်ရပါမယ်။ ယူကေနိုင်ငံက မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြောလိုပါတယ်" လို့ တွစ်တာမှာ ပြောကြားပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
မန္တလေးမြို့က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုမှာ လူနှစ်ဦး သေဆုံးတယ်လို့ အဲဒီမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေဆီက သိရပါတယ်။
သေဆုံးသူနှစ်ဦးဟာ မဟာအောင်မြေမြို့နယ် မြစ်ဆိပ်အနီးက အသက် ၂၀ နဲ့ ၃၀ အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ အမ် Rescue အဖွဲ့က တာဝန်ခံ ကိုအောင်ဘုက ပြောပါတယ်။
မန္တလေးမှာ သင်္ဘောတချို့ထွက်ခိုင်းမယ်ဆိုတဲ့သတင်းကြောင့် လူစုဝေးမှုတွေကို ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းမှာ ၄၁ လမ်းကနေ စတင်ဖြိုခွင်းမှုကနေ ညနေ ၅နာရီကျော်ကျော်မှာတော့ ၃၅ လမ်းအထိ တောက်လျှောက် ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရသူတွေလည်း တိုးလာတယ်လို့ အခင်းဖြစ်ရာ နေရာမှာရှိနေတဲ့ ပရဟိတ မင်းခေါင်လူမှုရေးအသင်းက ကိုသက်မျိုးဦးက ဘီဘီစီကို ပြောပါတယ်။
ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ ဦးထက် မနည်း ဒဏ်ရာရထားတယ်လို့လည်း သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေကို သုံးခဲ့တယ်လို့ အဲဒီနေရာမှာ ရောက်နေတဲ့ ဆရာဝန် တစ်ဦးက အတည်ပြုပါတယ်။
ဖမ်းဆီးခံထားရသူလည်း ၂၀ ဦးထက် မနည်း ရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ နဲ့ အစိုးရရုံးတွေ လည်ပတ်မှု လုံးဝနီးပါး ရပ်တန့်နေသလို ပြည်တွင်း စက်သုံးဆီလက်ကျန်က နှစ်လလောက် အတွင်း ကုန်သွားနိုင်ခြေရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး MK စက်သုံးဆီလုပ်ငန်းရဲ့ CEO ဦးမင်းအောင်ခန့်ကို မညိုလဲ့ရည်က ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ရှိကာလမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်ဆိုင်းထားမယ်လို့ အပစ်ရပ်သဘောတူလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေး ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ အချက် ၅ ချက် ပါဝင်ပြီး CDM လှုပ်ရှားမှုကို ထောက်ခံပြီး ပံ့ပိုးပေးမယ်၊ ဖမ်းဆီးထားသူတွေ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ် စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
အဲဒီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင်ပြီး အဖွဲ့ ခေါင်းဆောင်တွေ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မန္တလေးမှာ သင်္ဘောတချို့ထွက်ခိုင်းမယ်ဆိုတဲ့သတင်းကြောင့် လူထုက လာရောက်ဝန်းရံပြီး အခြေအနေစောင့်ကြည့်နေရာကနေ လူများလာတာကြောင့် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ရဲတွေက ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
မွန်းလွဲ ၁၂ နာရီကျော်ကျော်လောက်တုန်းကတော့ လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့နဲ့ ပြည်သူအချို့ ညှိနှိုင်းခဲ့တာရှိခဲ့ပါတယ်။ သင်္ဘောကျင်းက ဝန်ထမ်းတွေဟာ CDM မှာ ပါဝင်နေကြတာဖြစ်တယ်လို့ အဲဒီနေရာကိုရောက်နေတဲ့ ဒေသခံအချို့က ပြောပါတယ်။
သင်္ဘောကိုထွက်ခွာဖို့ အတင်းအကျပ်စေခိုင်းတယ်ဆိုပြီး မြစ်ထဲက သင်္ဘောကို ပစ္စည်းတွေနဲ့ မပစ်ဖို့နဲ့ အဲဒီလိုပစ်ရင် ရဲတွေက ပစ်ခတ်မယ်လို့ သင်္ဘောပေါ်ကနေ လူတစ်ဦးက အော်လံနဲ့ ပြောကြားနေတဲ့ ဗီဒီယိုဖိုင်တွေလည်း တက်နေတာတွေ့ရပါတယ်။
ခုတော့ ရဲတွေက လူစုခွဲဖြိုခွင်းလိုက်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတာကြောင့် လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ